လမင်း..💞💞သို့

in myanmar •  7 years ago  (edited)

image

လမင်းရေ..💕💞
မင်းက ကိုယ့်တွက်သာတာ
မဟုတ်ဘူး ဆိုမှပဲ
မင်းကိုမြင်တိုင်း ငါ့ရင်ထဲ
နွေးထွေးတယ်..။
ကိုယ့်ဖက်က အချစ်စစ်မှန်တိုင်း
လွဲနေဆဲ..မလို့
အချစ်စစ်ဆိုတာ ကိုယ့်တွက်တော့
ကျိန်စာတစ်ခုအလားပါပဲ..။
လမင်းရေ...💔💔
ကိုယ် ဒီရေဖြစ်ခွင့်ရချင်တယ်
အလွမ်းဆိုတာ ခါးသီးလွန်းလို့
မင်းနဲ့ အနီးဆုံးကိုလာပါရစေ..။
အချစ်ဆိုတာ..
တစ်ဖတ်သက်ပဲဖြစ်ဖြစ်
နှစ်ဦးနှစ်ဖက်ပဲ ချစ်ချစ်
ချစ်နေကြဖို့ပဲ အရေးကြီးတာပဲ
မဟုတ်လား....။
လမင်း..ရေ💞💕
ရင်ထဲ က သတိရခြင်းတွေ
မှောင်မိုက်လာချိန် မင်းကို
မြင်လိုက်ရရုံနဲ့
ဒီရေလို အချစ်တွေ
တရိပ်ရိပ်တက်လာနေခဲ့ပြီ...။
သိပ်ခက်တယ် လမင်းရယ်
ချစ်မိပြီးမှတော့
ကိုယ့်ပျော်ရွှင်မူ့ထက်
မင်းပျော်ရွှင်စေဖို့က
အဓိက ဖြစ်လာခဲ့ပြီ..။
ရှိပါစေတော့ လမင်းရေ..
အချစ်နဲ့ပတ်သတ်လာရင်
ကိုယ်ဆိုတာ ဘယ်တုံးကမှ
ဆုတောင်းတွေ ပြည့်ခဲ့ဖူးသူ
မဟုတ်ခဲ့ဘူးလေ....။
လမင်းရေ....💝💝💞
ဝေးကွာသွားရတဲ့ အချိန်တိုင်း
ကိုယ်ရပ်စောင့်ပါရစေ
ကိုယ့်ကံကိုက မင်းအလင်းမြင်ရမှ
မင်းအနား အနီးဆုံး
လာနိုင်မဲ့ ဘဝမလို့
ဘယ်တော့မှ မိုးမလင်းချင်ဘူး
လမင်းရေ...💞💞💞။

(လမင်း သည် နာမ်စားတစ်ခုဖြစ်ပြီး ၄င်းသည် ကောင်ကလေး တစ်ယောက်အား ရည်ရွယ်ပါသည်)

Author @kyi
Msc no 050
Photo by facebook

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လမင်းလည်းနားငြီး​လောက်​ပြီမမ...😍😍

ဟိ နဲနဲ အာ့သကောင့်သား လမင်းလေ
ခေါ်မကြား အော်မကြား😂😂

သူ့ဘာသာ​နေတဲ့လမင်းကို​တောင်​ရန်​ရှာ​နေ​သေးတယ်​😁😁😁

အိမ်း 😂😂နဲနဲတော့ ရှာပါရစေ😋😋

ရှယ်မိုက်
ရှယ်မိုက်
ဒီရေတော့ မဖြစ်ချင်ပါနဲ့ လေ
လဆွဲအားကြောင့် ရေကြီးမယ်။
😊

ပင်လယ်ဟာကိုယ်ပါ အမှောင်တွေလာရင်...🎤🎤🎼🎼🎷🎷ချင်းဆိုပြတာ😁😁

မမ က😢😢😢

ငမ့် ဘာဖိ

မမက မမက
ကောင်လေးကိုရည်ညွှန်းတယ်တဲ့ 😭😭😭😭😭

အော်...လမင်းရယ်..

😌😌တိတ်တိတ်လေး ဖီးနာ

feel postလား
ကဗျာ postလားတော့မသိ
ဖတ်လို့တော့ကောင်းပါတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.