မယ်ကြည်နှင့် promotion exam

in myanmar •  7 years ago  (edited)

IMG_20180307_214015.jpg

စနေနေ့ (7.4.18)ရက်နေ့ ကြည် ရာထူးတိုး စာမွဲ 😋အဲလေ (စာမေးပွဲ) ရှိပါသတတ်။ ကိုယ့်ကိုတောင် စာကျက်ဖို့ မှတ်ဖို့ ပျင်းလို့ PSC တောင် ဝင်မဖြေခဲ့ဘူးရယ် ။ ပထမတစ်ခါ ဖြေပီးသားရယ် အာ့တုံးက ဘယ်သူမှ ရာထူးတိုးတယ်မကြားဘူး..။ 😂😂ဟိ စာသာမဖတ်ချင်တာ ရာထူးတော့ တိုးချင်သား လစာပိုရတာထက် ပြန်တမ်းဝင်အရာရှိဆိုတာ ဖြစ်ချင်မိတာ။ စက်မူ့ ဝန်ကြီးဌာနကနေ စက်ရုံတွေဖြတ်လို့ ကြည်တို့တွေကို တခြားဝန်ကြီးဌာနတွေ ရွေ့ပြောင်းစေရင် ဂုဏ်လေးတော့ 😉ရှိချင်မိတာပ။

stock-vector-business-concept-hand-offers-promotion-to-businessman-and-business-woman-vector-illustration-393193330.jpg
Crd-org-source

လက်ရှိရာထူးက တောင်မရောက် မြောက်မရောက်ဆိုတော့ ခက်သား။ စာမေးပွဲ မဖြေရ ရာထူးမတတ်ဘူးဆိုလဲ ရပါတယ်လေ။ ခုက စာမေးပွဲ ဆိုတာနဲ့တင် စိတ်ကဖိစီးနေရော။ ဥာဏ်က တစ်နပ်စားဥာဏ်၊ ကောက်ရိုးမီးဆိုတော့ ပထမတစ်ခါ ဖြေတုံးက ဖတ်ဖူးတာတွေ မေ့နေပြီလေ။ ခုလဲ စာက ထွက်လာပြီ စက်ရုံတွင်းမှ စုမှူး နှင့်အထက်တွေ 😖😖ဖြေရမည်တဲ့ ။ မယ်ကြည်လား စာမကြည့်ပါဘူး..။ တခြား အတူဖြေမဲ့ သူငယ်ချင်းတွေ မေးတော့ သူတို့လဲ စာမကြည့်ဘူးတဲ့။ ပြောကြတာပဲ။

crop.jpeg
Crd-org-source

ပထမတစ်ခါ ဖြေတုံးက လူကြီးတွေပေသိ ခိုးချကြတယ်ဗျ ။ ရှက်စရာကြီးဗျာ မယ်ကြည် ရှေ့နောက် သူငယ်ချင်းတွေသာ မေးမယ် ကူးမချခဲ့ဘူး။ TU တက်တုံးက စာမေးပွဲ ခန်းမှာ ကူးချရင် တခါထဲ တန်းထုတ်မှင်နီ ခြစ်ခံရတာတွေ မြင်ဖူးတော့ လုံးဝ ကူးမချရဲဖူး။ အဲ့ဒီအကြောင်းက ခုထိ အရိုးစွဲပါလာတယ်။ ခုလဲ ပထမတစ်ခါ ဖြေတုံးကလို တူတူပဲ ဆို မသိရင် သူငယ်ချင်းတွေ 😌မေးယုံပဲ ။အာ့လို စဉ်းစားထားတယ်။

38372779-confused-teenage-girls-preparing-for-exam-while-studying-with-laptop-and-textbooks.jpg
Crd-org-source

အိမ်း ဒါပေသိ ဟန်ကိုယ့်ဖို့ ကရှိရအုံးမယ်မလား။ ကိုယ်ကချည့် မေးနေလို့ မဖြစ်သေးတော့ ကနေ့ စာကြည့်မယ် တွေးနေမိတယ် ။ ကိုယ်စာမေးပွဲဖြေမယ်ဆိုမှ ဖြစ်ရပုံက ပိတ်စိမ်းတွေ ရောက်တယ်၊ ပြီး အထက်ဆင်ပိတ်တွေ ရောက်တာနဲ့ပဲ အလုပ်က လုပ်ရသေးတာဆိုတော့ စာမလုပ်ချင်နေတာနဲ့ 🙃🙃ကိုက်နေတာပဲရယ် ။ ဒါပေမဲ့ ကြည် စာကြည့်နေပါပြီ။

images (11).jpeg
Crd-org-source

internet လေးဖွင့် steemit လေးဖွင့် G3 pro ကြိုတင်ဖို့ daily တွေကလဲ v&m လုပ်ရသေးတာကို 😇မအားဘူးလေ ။ စာက ကြည့်မယ်ဆိုတော့ ကိုယ့်အဖြစ်က ဝန်ကြီးဌာန ၂၂ခု ကို ခုမှ ပြန်ရှာ ပြီး၂ခု ထက်တိုးသေးတယ်ဆိုလား ပြန်ရှာ...။ ရှာတာကလဲ fb မှာ သူများတွေ တင်ထားတာ save စရာရှိတာ save၊ မှတ်စရာရှိတာမှတ်ပေါ့လေ။ အာ့တွေ လုပ်နေတုံး တကယ် မမှတ်ရသေးဘူး..။ တကယ်က စောစောကြိုကြည့်ရင် မေ့သွားမှာစိုးလို့။ မေးမှာက မြန်မာစာ အထွေထွေဗဟုသုတ အင်္ဂလိပ်စာ ဒါပါပဲ။ဖြေဆိုချိန်က ဘယ်နှနာရီလဲတောင် 🤗🤗မမှတ်မိတော့ဘူး ။

12834936354399.jpg
Crd-org-source

ဒီတစ်ခါလဲ ကူးချကြဦးမလား တွေးမိတယ်။ ဝန်ကြီးဌာန နာမည်တွေ English လိုကလဲ ပြန်ကြည့်ရဦးမယ် ။ အထွေထွေ ဗဟုသုတဆိုတော့ စက်မူ့ ဂျာနယ်တောင် မလှန်ဖြစ်ဘူး။ ဒီအတောတွင်း ကိုယ့်ဝန်ကြီး ဘယ်တွေသွား ဘာတွေလုပ်တယ် 😇😇ကြည့်ရမှာလား ။ဒုက္ခပဲ။ ပြီး မြန်မာစာ က သတ်ပုံအမှန် ဝါကျဖွဲ့ အကျဉ်းချုပ်....တွေးကြည့်တော့ မလွယ်ပါ့လား။ တကယ်ကဗျာ တွေးကြည့်တော့ စာမေးပွဲ အပြည့်ဖြေနိုင်ရင် ရာထူးတိုးမှာ သေချာသလား။ သတင်းသဲ့သဲ့ က (တကယ်က ပထမတစ်ခါ ဖြေထဲ က ကြားပြီးသားပါ) ပေးမဲ့လူတွေက စီပြီးသားတဲ့။ အံ့သြဘနော့ သူတို့ ပေးချင်သူအတွက် ကိုယ်တွေက အဖြည့်ခံ ဖြေပေးနေရတာ မကြဘူးလား။ ပြောင်းလဲချိန်တန်ပြီမှာ အာ့ဒါတွေက ခုထိ ရှိနေသေးတယ်။ မယ်ကြည်တို့ စုမှူးတွေ လူ၅၀လောက် ဖြေကြရမာပါ။ ကိုယ့်စီထားတဲ့ နံပတ်တောင် သိသေးတယ်။ နံပါတ် (၅) တဲ့လေ။ ကိုယ့်အဖြစ်က ကျောင်းပြီးပြီးချင်း ဝန်ထမ်းလုပ်မိတာ ပထမအမှား။ ပြီး အထည်အလိပ်မှာ ဝန်ထမ်းလုပ်မဲ့အတူတူ Major ကို Textile ရွေးတက်ခဲ့ရမှာ သူ့major နဲ့ မဆိုင်သူတွေ ချောင်ထိုးခံရရော။ BE ဆင်းချင်းတူတူ Textile သမားတွေ နိုင်ငံခြား သွားရချိန် ဘာမှ အဖြစ်မရှိသူ BE တခြား major သမားလေးတွေက စက်ရုံ မှာ ကုန်းရုန်းလုပ်ရင်း ကျန်ခဲ့ရတာ။ ကိုယ်တွေ မသွားရလို့ သူများကိုမနာလိုတယ်ဖြစ်အုံးမယ်။ တကယ်က ဝန်ကြီးဌာနက Textile မှ ဦးစားပေးချင်တယ်ဆိုရင် တခြား Major သမားတွေကို အစထဲက အလုပ်မခန့်သင့်ပါဘူးလေ။
you_can__t_rub_out_mistakes_by_ragdollriot-d3bfblt.jpg
Crd-org-source

စိတ်မကောင်းပေမဲ့ ခုဆို အလုပ်မှာ ၈နှစ်ကျော်လာခဲ့ပြီ ။ ကိုယ်တာဝန်ယူထားရတဲ့ ဌာနမှာလဲ နေသားကြ ပျော်နေပြီပဲ ။ ဟုတ်ကဲ့ ပြောချင်တာတွေ ရေးချရရင်လဲ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရာက ကျနေအုံးမယ်။ ထားပါတော့လေ ခု မယ်ကြည် စာဖတ်လိုက်ပါအုံးမယ်လေ..။ ကံကောင်းလို့ ရာထူးတိုးခဲ့ရင် သူငယ်ချင်း တွေ မမေ့ဘူး 😍မုန့်ဝယ်ကျွေးပါ့မယ်လို့။

graphicstock-step-up-to-next-level-in-3d-words-on-gears-as-people-rise-to-achieve-success-through-several-important-milestones_HpPPml_J-_SB_PM.jpg
Crd-org-source

ဟုတ်ကဲ့ မယ်ကြည်ပါရှင့် စက်မူ့ဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မူ့လုပ်ငန်း လက်အောက်က ဆားလင်းကြီး စက်ရုံခွဲလေးမှ လက်ရှိ အလုပ်ရုံစုမှူး ရာထူးလေး ထမ်းဆောင်နေရသူလေးပါရှင့်။ steemitက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ စာဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ် လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်ရှင့်..😍😍။

received_1812282122405096.gif

Author @kyi
MSC 050

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အယ်လယ် ကံကောင်းလို့ရာထူးတိုးခဲ့ရင်မမေ့ဘူးဆိုပီး
မုန့်ဝယ်ကျွေးထါနီးမှ မေ့နေလို့ကတော့ ဟွန်းးးးးးမယ်ကြည်နဲ့သာအေးတွေ့ပီပေါ့ကွယ် ဟားးးးးးးးး

ခ်ခ် မေ့စရာလားအေ this man နဲ့ this man ဘယ်တော့မ မေ့ဝူး..😋😋အဟိ

အယ်ကြည် မန့်တာမှားနေတယ်နော် this man နဲ့ this girl ဖြစ်ရမှာလေကွယ် ဟားးးးးးးးးးးးးး

မမ အမြန်ရာထူးတိုးပါစေနော်

အော် မယ်ကြည်ရယ် ကွီးကတော့ မယ်ကြည်ကို ဇာတ်လိုက်နေရာကနေ စွာစိမယ်ကြည်ဆိုပီး နာမည်ပေးထားတာ ၊ အခုတော့ အလုပ်ထဲမှာ မစွာနိုင်သေးပါလားကွာ။

စမိ steemit ရွာမှာပဲ စွာနိုင်သူလေးပါ သနားစရာလေးနော့ေ့ကြးအိုးဝယ်ကျွေးပါလားဟင် အဟီး😊

မကြည် စာကြည့်လေဗျာ

ကြည့်ပု😏😖😖ပင်းတေ ဘာစာမကြည့်ချင်ဝူး စာမေးပွဲ အကုန်ဖြေနိုင်လဲ ကိုယ့်ပေးမာကျလို့ကြည့်ပု😭😭

မမရေ စားမေးပွဲဆိုစိတ်ဝင်စားတယ်။မမ သတင်းစာလေးတွေ ဗဟုသုတလေးတွေ လိုက်ဖတ်ပါ။အားပေးတယ်မမ။Fighting!။ရာထူးတိုးအောင်မြင်ပါစေလို့ဆုတောင်းပေးနေပါမယ်မမ။

စိတ်မဝင်စားတော့ဘူး နေပြည်တော်သွား မဖြေရတာပဲ ကျေးဇူးတင်မိတယ် နောက်မို့ စရိတ်ကုန် ဇလုံပွန်း ဖြစ်နေမှာ😋

မမ စာမေးပွဲဖြေနိုင်ပါစေ တန်းစီထားတဲ့ လူစာရင်းမှာလည်း ပါပြီးသားဖြစ်ပါစေဗျာ

မမတို့ နောက်ဆုံးကပါ ခွယ် မမျှော်လင့်ရဲပါဘူးခွယ် ခ်ခ် မင်းကံကောင်းပါစီ လို့ မေဆွိလိုဖဲ အော်လတ်ရမား ဟင်😇

ရာထူးတိုးပါ​စေ@kyi😍😘မုန့်​လည်း​ကျွေးမယ်​တဲ့.....😜5ting​အောင်​မြင်​ပါ​စေလို့😊

ယွန်း အားပေးတော့ နက်ဖန်က စပြီးကြည့်မယ်လေ မှီသလောက်ပေါ့ နော့ 😁😁

မု့စားချင့်တော့ ဟုတ်ဘူး ကံကောင်းမှဟုတ်ပါဘူး ကံမကောင်းလည်း ရာထူးမြန်မြန်တိုးပါစေဗျာ😊😊☺

ခ်ခ် မတိုးလဲ မမ ကျေနပ်ပါတယ် ဒါ့ထက် သူတို့ ပေးချင်သူ ထွက်ပေးလိုပြီး စာမေးပွဲ မဖြေခိုင်းရင် ပိုကြိုက်တယ်လိုစ့်😁

အော်
Steemit ပေါ်မှာ စာကြည့်နေတာပဲ
😂

ခ်ခ် စာကြည့်ချင်ဘူးလေ စာကြည့်မယ်ဆိုာအိပ်ချင်ရော စာဟာ ကိုယ့်အတွက် ဘာမီတွန်ပါဘဲ😋

ဝင်​ခွင့်​​တွေ​ဖြေချင်​​သော်​လည်း အ​ထွေ​ထွေ ​ကြောင့်
စိတ်​ကုန်​မိတယ်​ မမကြည်​​ရေ

ဟုပါ့ ခေးရေ..မမ စိတ်လေ စာကြည့်ချင်ဝူး..ပင်းတေ
ဒါမဲ့ နဲနဲပဲကြည့်မယ် 😁😁

ဟားးးး
စာခိုးချတာ ခုမှ​ပေါ်​တော့တယ်

ငှယ် နာက ခိုးချစရာလားဟမ် ဟိ😁😁ရှေ့ကြည့် နောက်လှည့်ကြည့်နဲ့ ပဲ ဖြေခဲ့ မာ ခ်ခ်😁

ရာထူးလား။ ရာထူး အ ‌ကြောင်းေ ပြာရင်‌ အသည်းနာ လွန်းလို့။ ကျွန်‌‌တော်‌ စကှ်ု ၂ မှာ ၅ နှစ်‌လုပ်‌ဖူးတယ်‌။ရာထူး တိုးပါ‌စေ။

အင်း😁😁ကိုယ်တေ မထိုက်တန်လို့ဖဲ သတ်မှတ်ရမလား အသုံးမကျလို့ လို့ဖဲ သတ်မှတ်ရမလား ခ်ခ် 😋

ကဲမယ်ကြည်ရေ စာဖတ်တာနဲ့တင် မောလာပြီး။ခုချိန်မှာ ပထမ ဦးစားပေးက ဘာလဲအရင်စဉ်းစားပြီး လုပ်ပါလို့ပြောပါရစေ

ဟုခက် ကိုအေးရေ..😌😌ခုညနေကစပြီး စာကြည့်မှာပါလို့ ဟိ😁😁အားပေးပါအုံး

ကြည်ပြာ ပြောသလိုဘဲ .. စာက ဘာမီတွန် ..
စာကြည့်ရင် မျက်တောင်စင်းလာပြီ ..

ဟုတယ်ဆို တီတီရယ် စိတ်ပါစွာ ဖတ်လဲ ခနပဲ အသက်တေကကြီးလာပြီဆိုတော့ မှတ်ရတာတေ မလုပ်ချင်တော့ဘူး.ဟိ😁

အချစ် နဲ့ စာမေးပွဲဆိုတာ ဘဝမှာ ကြုံတွေ့ ရမယ့်
နိယာမ တွေပါ မမ

ဟီး

စိတ်လေ ခုထိ တစ်လုံးမှ မကြည့်ရသေးကြည့်လဲ ကြည့်ချင်ပုအေ ခိုးချလတ်ရမား ဟိ😋😋

ဖိုက်​တင်းမမ၊ ရာထူးတိုးရင်​ မုန့်​​ကြွေးရ​​မေ​နော်​။

စိတ်ချ မမသားကို မေ့ထားခက်လို့ ဘယ်ဖိမလဲနော့ မမ စာမေးပွဲ ဖြေနိုင်ပါစေလို့ ဆုတောင်းပေး😋

စုံနေတာဘဲ ပုံလေးတွေရော good တယ်မမရေ

ခ်ခ် ဒီလိုဖဲ ရှာရ ဖွေရကြံရတာ😁😁သက်လေးရေ...
ပုံတွေ crd ပေးတတ်ပီလား သက်ရေ

ရာထူးတိုးပါ​စေ မမကြည်​😁😁

ကျေးဇူးပါကွယ် စာမေးပွဲ ကတော့ ဖြေရတော့မယ် စာပဲ မကျက်ဖြစ်တာရယ်😋

ရာထူးတိုးပါစေဗျာ

ကျေးဇူးပါကွယ်လို့ တိုးရင် မမေ့ပုလို့. စာတော့ ကျက်ပုလို့😁

ရာထူးတိုးပါ​စေဗျာ

ကျွန်​​တော်​က ဆရာမထင်​​နေတာ မကြည်​​ရေ

ရာထူးတိုးပါ​စေ

အောင်​မြင်​ပါ​စေ

ရာထူးတိုးပါစေမမ ဆုတောင်းပေးပါတယ်။

စိတ်ထားကောင်းတဲ့ မမ အောင်မြင်ပါစေနော်

မမကြည်​အ​ကြောင်းတ​စေ့တ​စောင်း

တစ်စေ့တစ်စောင်းပါ ညီမလေးရေ..တကယ်က အကုန်စောင်းနေတာရယ် ဖတ်ပေးလို့ ကျေးဇူးပါနော်😍

Steemit အကြောင်းဖြေ ထည့် မမ😂😂😂

ရာထူးတွေ အဆင့်ဆင့် တိုးတက်အောင်မြင်ပါစေ
မမကြည်ရေ....good luck..

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.