လက္ဘက်ရည်ဆိုင်

in myanmar •  7 years ago  (edited)

IMG20180204120628.jpgဟိုအရင်ကတော့လက္ဘက်ရည်ဆိုင်ထိုင်ဖို့အတွေးမရှိခဲ့ပါဘူး။ဒါပေမယ့်လည်းလက္ဘက်ရည်ဆိုင်ထိုင်ဖို့ရှောင်လွဲမရတဲ့အခြေအနေဖြစ်လာတော့လည်းလက္ဘက်ရည်ဆိုင်ကို ချစ်တတ်လာခဲ့တယ်။ကိုယ်ချစ်ခဲ့တဲ့သူက လက္ဘက်ရည်အရမ်းကြိုက်ခဲ့သူပေါ့။

ကိုယ်တို့ကျူရှင်တတ်တဲ့ဆရာမအိမ်ကိုသွားတဲ့လမ်းမှာရှိတဲ့ လက္ဘက်ရည်ဆိုင်ထဲမှာ ထိုင်တတ်တဲ့သူ့ကို မနက်အစောကြီးကျူရှင်မှီအောင်သွားရတဲ့ကိုယ်တို့သတိထားမိခဲ့တယ်။လက္ဘက်ရည်ဆိုင်ထဲမှာ တစ်ခုခုကိုတွေးပီးအေးအေးဆေးဆေးထိုင်နေတတ်တဲ့သူက ကိုယ်တို့ရဲ့ကဗျာလေးလေးတစ်ပုဒ်ပေါ့။မနက်တိုင်းလက္ဘက်ရည်ဆိုင်ဘက်ကိုချောင်းကြည့်ရတဲ့အလုပ်တစ်ခုကို ကိုယ်တို့မပျက်မကွက်လုပ်ခဲ့ကြတယ်။ဘာရယ်မဟုတ်ဘဲ လုပ်ခဲ့တဲ့ကိုယ်တို့ရဲ့အလုပ်က အကျင့်တစ်ခုလိုဖြစ်လာတဲ့အချိန်မှာ မနက်တိုင်းကျူရှင်သွားတတ်တဲ့ကိုယ်တို့ကိုသူလည်းသတိထားမိလာခဲ့တယ်လေ။

လက္ဘက်ရည်ဆိုင်ထိုင်တတ်တဲ့သူနဲ့ လက္ဘက်ရည်ဆိုင်ရှေ့ကဖြတ်ပီးကျူရှင်သွားရတဲ့ကိုယ်တို့ရင်းနှီးခဲ့ကြတယ်။မနက်တိုင်းပြုံးပြတတ်တဲ့သူ့ရဲ့အပြုံးတွေကို ဆယ်ကျော်သက်ကိုယ်တို့ စွဲလမ်းခဲ့ကြတယ်။သူငယ်ချင်းတစ်ယောက်ကကြားခဲ့တဲ့စကားတစ်ခွန်းက ကိုယ်တို့ရဲ့ငယ်ရွယ်တဲ့နှလုံးသားမှာ စာနာသနားခြင်းဆိုတဲ့စိတ်တွေပိုပီးဖြစ်လာစေခဲ့တယ်လေ။

ကိုယ်တို့မြို့ကိုအလည်လာခဲ့တဲ့သူတစ်ယောက်ဆိုတာကလွဲပီးမသိခဲ့တဲ့သူ့ကို အသည်းကွဲနေတဲ့သူတစ်ယောက်ဆိုတာသိလိုက်ရတဲ့အချိန်မှာ ဘယ်ဆီမှာမှန်းမသိတဲ့သူ့ရဲ့ရည်းစားကို ကိုယ်တို့မုန်းမိခဲ့ကြတယ်။ကိုယ့်ကိုကိုယ်သူရဲကောင်းထင်မိတဲ့ကိုယ်က သူ့ကိုနှစ်သိမ့်ပေးခဲ့မိတယ်။ကိုယ့်ရဲ့နှစ်သိမ့်မှုတွေကသူ့အတွက်နည်းနည်းပဲဖြစ်ဖြစ်အထောက်အပံ့ဖြစ်စေချင်ခဲ့မိတယ်လေ။

သူငယ်ချင်းတွေကတားခဲ့ကြပေမယ့် ကိုယ်ရှေ့ဆက်ဖို့ကြိုးစားခဲ့မိတယ်။ကိုယ်စခဲ့တဲ့ဇာတ်လမ်းကို ကိုယ်တိုင်အဆုံးသတ်ချင်ခဲ့ပေမယ့်ဇာတ်လမ်းရဲ့အဆုံးသတ်ကိုတော့သူကပဲဦးဆောင်ခဲ့တယ်။ငယ်ရွယ်တဲ့အချိန်မှာရည်းစားမထားရဘူးနော် လိမ်လိမ်မာမာနဲ့စာကြိုးစားရမယ်ဆိုတဲ့သူ့စကားအဆုံးမှာကိုယ်ငိုချင်ခဲ့မိတယ်။

မိုးရွာတဲ့နေ့တွေဆို သီချင်းအေးအေးလေတွေနားထောင်ရတာကြိုက်တဲ့ကိုယ်ကို လက္ဘက်ရည်ဆိုင်မှာနားထောင်ရတာပိုအရသာရှိတယ်ဆိုတာသင်ပေးခဲ့ဘူးတဲ့ဘူးသူက မိုးတွေရွာတဲ့နေ့တစ်နေ့မှာ ကိုယ်ချစ်တဲ့လက္ဘက်ရည်ဆိုင်လေးထဲမှာ ကိုယ့်ကိုထားခဲ့လေရဲ့။

ကိုယ်အရွယ်ရောက်လာတဲ့အချိန်မှာသူ့ကို တစ်ခါလောက်တော့တွေ့ချင်မိတယ်။ငယ်ရွယ်တဲ့အသက်အပိုင်းအခြားတစ်ခုမှာ စိတ်ကစားမိခဲ့တဲ့ကိုယ့်အပေါ်မှာ အခွင့်အရေးမယူတတ်ခဲ့တဲ့ သူရဲ့ဖြူစင်တဲ့စိတ်ကြောင့်ခုဆို ကိုယ်ပညာတတ်တစ်ယောက်ဖြစ်နေခဲ့ပီလေ။

Author @leeshang
MSC 230

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

wow good တယ် အားပေးနေတယ်နော်

ဖတ်လို့ကောင်းပါတယ်။အားပေးနေမယ်

ကျေးဇူးပါ

မိုးအေးအေးနဲ့ လက်ဘက်ရည်ဆိုင်မှာ သီချင်းလေးနဲ့feel ရတာလည်း အရသာတစ်မျိုးပဲဗျ။

so so good ပေါ့

ဟိုက်‌ရှား ပါး။ပလီပလာ တီတီတာ

ရို့ရို့