သိသင့် သိထိုက် မှတ်သင့် မှတ်ထိုက်

in myanmar •  7 years ago  (edited)

image
ကန်တော့ခြင်းအဓိပ္ပါယ် =
အပြစ်ရှိက ခွင့်လွတ်တော်မှုပါဟု ဝန်ချတောင်းပန်ခြင်းကို
ကန်တော့သည်ဟုခေါ်သည်။ အပြစ်ရှိ၍ ကန်တော့တောင်းပန်ခြင်း၊
ကုသိုလ်ရလို၍ တောင်းပန်ခြင်းဟု ၂ မျိုးသည်မှတ်။

အပါယ် ၄ ပါး=
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသော
အရပ်ကို အပါယ်ဟုခေါ်သည်။ ( ငရ၊ဲ တိရစ္ဆာန် ၊ပိတ္တာ၊ အသူရကာယ် )

ကပ် ၃ ပါး=
ငတ်မွတ်ဘေး (ဒုဗ္ဘိက္ခန္တရကပ်) ၊
လက်နက်ဘေး(သတ္ထန္တရကပ်)၊
ရောဂါဘေး(ရောဂန္တရကပ်)တို့ကြောင့်
ပျက်စီးခြင်းကိုကပ်ဟုခေါ်သည်။

ရပ်ပြစ် ၈ ပါး=
မဂ်ဖိုလ်နိဗ္ဗာန် ကိုမရနိုင်ကိုစွဲ၍ မကောင်းသောအရပ်
မနေအပ်သောအရပ်ကို အပြစ်ရှိသောအရပ်(ရပ်ပြစ်)ဟုခေါ်သည်

ဘုရားပွင့်ဆဲအခါ၌
(၁)ငရဲ (၂)တိရိစ္ဆာန်(၃)ပြိတ္တာ (၄)အသူရကာယ်
(၄) ရုပ်သာရှိ၍ နာမ်မရှိသော (အသညသတ်)ဗြဟ္မာ ၊နာမ်သာရှိ၍
ရုပ်မရှိသော(အရူပဗြဟ္မာ)များဖြစ်ရခြင်း
(၅) ပစ္စန္တရာဇ်ရပ်တိုင်းစွန်နယ်ဖျားဇနပုဒ်၌ဖြစ်ရခြင်း၊
(၆)မိစ္ဆာ ဒိဋ္ဌိအယူအဆမှားယွင်းသူဖြစ်နေခြင်း၊
(၇)တရားတော်ကို နားလည်နိုင်သော ဥာဏ်မရှိသူဖြစ်ရခြင်း၊
(၈) ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း တို့ကို ရပ်ပြစ် ၈ ပါးခေါ်သည်

ရန်သူမျိုး ၅ ပါး=
ရေ မီး မင်း(မင်းဆိုးမင်းယုတ်)ခိုးသူ၊ အမွေခံ
သားဆိုးသမီးဆိုး။

ဝိပ္ပတ္တိ ၄ ပါး= ဖောက်ပြန် ချွတ်ယွင်းခြင်းကို
ဝိပ္ပတ္တိဟုခေါ်သည်။
(၁) ဂတိ ဝိပ္ပတ္တိ
(၂) ဥပဓိ ဝိပ္ပတ္တိ
(၃) ကာလ ဝိပ္ပတ္တိ
(၄) ပယောဂ ဝိပ္ပတ္တိ

@letwethondara
photo from google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!