မြန်မာ့ရိုးရာအစီအရင်တစ်ခုလည်း ဖော်ပြပေးလိုက်ပါရစေ။ ရောဂါဝေဒနာများပျောက်ကင်းစေသည့် အစီအရင်ပါ။
ရိုးရိုး အုန်းတံမျက်စည်း တစ်ချောင်း ၀ယ်လိုက်ပါ။ အရိုးက ၀ါးနဲ့နော်။ အဲဒီ အရိုးက ၀ါးလုံးမှာ အပေါက်ပေါ်အောင် ဖြတ်ပြီး အဲဒီ အပေါက်ကို သစ်သားစို့လေးနဲ့ ရိုက်ပိတ်ထားလိုက်ရုံ ပါပဲ။ ပြီးရင် အရိုးကို ၀ါ စိမ်း နီ ကာလာ ဆေးသုတ်ပြီး ခေါင်းရင်းဘက်မှာ သိမ်းထားလိုက်ပါ။ နိမ့်ကျတဲ့ နေရာတွေမှာတော့ မထားပါနဲ့။
အဲဒီ မှော်တံမျက်စည်းကို ဘယ်နေရာတွေမှာ အသုံးချသလဲဆိုတော့ ရောဂါ ကုသတဲ့နေရာတွေ ၊ နှင်ထုပ်တဲ့ နေရာတွေမှာ အသုံးပြုပါသည်။ ရောဂါတော်တော် ကြမ်းနေသည်။ ကုသပျောက်ကင်းဖို့ အ၇မ်းခက်ခဲနေတယ်ဆိုရင် အဲဒီ လူနာကို ပက်လက်အိပ်ခိုင်းပြီး သူ့အပေါ်က ပိတ်ဖြူ အုပ်လိုက်ပါ။ တစ်ကိုယ်လုံးနော်။ ပြီးရင် ကိုယ့်ရဲ့ မှော်တံမျက်စည်းနဲ့ ခေါင်းကနေ ခြေထောက်အထိ လှည်းချပြီး ရောဂါတွေကို နှင်ထုပ်ဖို့ အသုံးပြုပါသည်။
နောက် လူတစ်ယောက်ကို ကိုယ့်အိမ် မလာစေချင်ဘူး။ သူလာရင် ဒုက္ခတွေ တစ်လှေကြီး ပါလာသည်။ ဒါကြောင့် သူ့ကို လုံးဝ မလာစေချင်ဘူး။ အိမ်ကနေ သူ့မျက်နှာကို အာရုံပြုပြီး သူ့အမည်ကို ခေါ်ပြီး ကိုယ့်ရဲ့ တံမျက်စည်းနဲ့ လုံးဝ မလာစေနဲ့ ဆိုပြီး လေထဲမှာ လက်ပြန် လှည်းထုပ်လိုက်လို့လည်း ရပါသည်။ အဲဒီလူ ကိုယ့်အိမ်ကို နောက် ဘယ်တော့မှ မလာတော့ပါဘူး။
#လင်းညို့တာရာ