" ကြက်ဟင်းခါးသီး၏ ဆေးအစွမ်း (လင်းညို့တာရာ) "

in myanmar •  7 years ago 

image

ကြက်ဟင်းခါးသီး၏ ရုက္ခဗေဒအမည်မှာ မိုမိုဒီကာ ကာရန်တီးယား (Momordica charantia) ဖြစ်ပြီး ကျူကာဘိုက်တွေစီယေး (Cucurbitaceae) မျိုးရင်းတွင် ပါဝင်သည်။ အခါးအရသာရှိသော အသီးများထဲတွင် အခါးဆုံးဖြစ်ပြီး နွယ်ပင်တစ်မျိုးဖြစ်သည်။ အင်္ဂလိပ်ဘာသာအမည်အားဖြင့် bitter melon, bitter gourd ဟုခေါ်ဆိုသည်။ ၎င်း၏ ဇာတိဒေသကို အတိအကျမသိရပေ။ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။ အိန္ဒိယ၊ နီပေါ၊ အရှေ့တောင်အာရှ၊ တရုတ်၊ အာဖရိကနှင့်တနှစ်ခံ ချုံယောင် နွယ်ပင်မျိုးပင်ဖြစ်သည်။

အကိုင်းအခက်များသည်။ ပင်စည်ရိုးတန် စိမ်းဖြော့ရောင်ရှိပြီး လေးထောင့်ဖြစ်သည်။ ပင်စည်တွင် အမွှေးနုများဖြင့် ဖုံးလွှမ်းနေ၍ နွယ်နှာမောင်းများရှိသည်။ရွက်လွှဲထွက်သည်။ အဝိုက် ၅-၇ ခုရှိ၍ အလွန်ဟိုက်ပြီး လက်ဝါးရွက်ပေါင်းကဲ့သို့ ဖြစ်နေသည်။ ရွက်နားပတ်လည် အတွန့်များရှိ၏။ ရွက်ရင်းမှစ၍ ရွက်ကြောဖြာသည်။ အောက်မျက်နှာပြင်၌ အမွှေးနုမလေးများ ရှိသည်။ ရွက်ညှာရှည်သည်။ အပွင့်သည် အဝါရောင်ရှိပြီး တလက်မခန့်ရှည်သည်။ ပွင့်ဖတ် ၅ ခုရှိသည်။ အဖိုပွင့် အမပွင့်ရှိ၍ အဖိုပွင့်၏ ပွင့်ညှာတံ ပိုရှည်သည်။ အမပွင့်တွင် မျိုးအိမ်ထင်ရှား၏။ အပင်ဖြစ်ပြီး ၂ လ၊ ၃ လ ကြာလျှင် ပွင့်၏။ အသီးသည် နုသောအခါ စိမ်း၍ ရင့်သောအခါ လိမ္မော်ရောင် ဖြစ်လာသည်။ အသီး အရင်း အဖျားသွယ်၍ မျက်နှာပြင် မညီမညွှတ် အဖုကလေးများရှိသည်။ အမြှောင်းငါးခုပါသည်။ အစေ့များသည်။ ကရစ်ဘီယံဒေသတို့တွင် ပေါက်ရောက်သည်။

မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာဝ အလျောက် ပေါက်ရောက်သော ကြက်ဟင်းခါးငယ်မျိုးလည်း ရှိသည်။ စိုက်ပျိုးပင် ဖြစ်သည်။အစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ချိန်မှာ မိုးဦးတွင် တန်ခူးမှ နယုန် ၊ မိုးနှောင်းတွင် သီတင်းကျွတ်မှ တန်ဆောင်မုန်းဖြစ်သည်။

ကြက်ဟင်းခါးသီးမှာ မျိုး⁠သေချာစွာ ခွဲ⁠ခြားထား⁠ခြင်း မရှိ⁠သေးပါ။ အ⁠ကြမ်းအား⁠ဖြင့် အသီး၏ အရွယ်အစားကို လိုက်⁠ပြီး အပုမျိုး၊ အရှည်မျိုး⁠နှင့် အလုံးမျိုးဟုသာ ⁠ခေါ်ဝေါ်⁠ကြသည်။ အပုမျိုးသည် (၇) စင်တီမီတာမှ (၁၀) စင်တီမီတာရှိ⁠ပြီး အရှည်မျိုး သည် (၁၅) စင်တီမီတာမှ (၁၈) စင်တီမီတာအထိ ရှည်ပါသည်။ အလုံးမျိုးမှာမူ ⁠ကြက်ဟင်းခါးအရိုင်းမှ သီး⁠သောအမျိုး⁠ ဖြစ်⁠ပြီး ⁠လေး⁠သော အရသာရှိသ⁠ဖြင့် အချို့တောင်သူ များက အထူး⁠ကြိုက်⁠နှစ်သက်⁠ကြပါသည်။ အသီးအ⁠ရောင်မှာ အ⁠ဖြူ⁠ရောင်၊ အစိမ်း⁠ရောင် ရှိ⁠နိုင်သည်။ ⁠ကြက်ဟင်းခါးပင်သည် ပူေ⁠နွး⁠သော ရာသီဥတုကို ⁠ကြိုက်⁠နှစ်သက်သည်။ ⁠တောင်⁠ပေါ်⁠အေး⁠သော အရပ်များတွင်မူ စိုက်ပျိုး⁠ဖြစ်ထွန်း⁠နိုင် သည်။

⁠ကြက်ဟင်းခါးပင်သည် ⁠ရေစီး⁠ရေလာ⁠ကောင်း⁠ပြီးေ⁠မြ⁠သြဇာဓာတ်အသင့်အတင့်ရှိ⁠သော ⁠နေရာများတွင် စိုက်ပျိုး⁠ဖြစ်ထွန်း⁠နိုင်သည်။ သဲနုန်းေ⁠မြ၊ ⁠နုန်းစနယ်ေ⁠မြ၊ ⁠နုန်းေ⁠မြများတွင်လည်း များစွာ⁠ဖြစ်ထွန်းပါသည်။ ⁠ကြက်ဟင်းခါးကို စီးပွား⁠ဖြစ်စိုက်ရန် အတွက် ထယ်တစ်စပ်ထိုး⁠ပြီး ထွန်(၆) စပ်မှ (၉၈) စပ်အထိထယ်⁠ရေး⁠ကောင်းသည့်တိုင်ထွန်ယက်⁠ပြီးနောက် ⁠ကြမ်းတုံးရိုက်ရမည်။ ထို့⁠နောက် ⁠လေးကွက် ⁠ကြားစိုက် ⁠နိုင်ရန် တစ်တန်း⁠နှင့်တစ်တန်း (၉၅) ⁠ပေ၊ တစ်ပင်⁠နှင့်တစ်ပင် (၃)⁠ပေ ရ⁠စေရန် ထွန်⁠ဖြင့်ေ⁠ကြာင်းဆွဲ⁠ပေးရမည်။ စင်တင်စိုက်ရန် စိုက်⁠ဘောင်များ ⁠ပြုလုပ်⁠ပေးရမည်။ အလျား⁠ပေ (၉၂၀)၊ အနံ (၃) ⁠ပေရှိသောေ⁠မြကွက်ကို ⁠ပေါက်တူး⁠ဖြင့် တူးဆ၍ေ⁠မြ⁠ဆွေး⁠ဖြင့် ဆတူ⁠ရောစပ်⁠ပြီး အ⁠မြင့်(၁) ⁠ပေ၊ (၁) ⁠ပေခွဲခန့် စိုက်⁠ဘောင်⁠ပြုလုပ်⁠ပေးရ⁠ပေမည်။ သို့မဟုတ် စိုက်ကျင်း⁠ပြုလုပ်၍ လည်း စိုက်⁠နိုင်ပါသည်။

⁠နွား⁠ချေးေ⁠မြ⁠သြဇာကို တစ်ဧကလျှင် (၁၀) တန်မှ (၁၅) တန်အထိထည့်⁠ပေးရန် လိုအပ်⁠ပြီး ယူရီးယားဓာတ်ေ⁠မြ⁠သြဇာ (၂၂၄) ⁠ပေါင်⁠နှုန်း ထည့်⁠ပေးရန် လိုအပ်သည်။ ဓာတ်ေ⁠မြ⁠သြဇာကို ထည့်ရာတွင်ေ⁠မြ⁠ကြီး⁠နှင့်သမသည့်တိုင် ⁠ရော⁠မွှေထွန်ယက်⁠ပေးရန် အ⁠ရေး⁠ကြီးပါသည်။ တီစူပါဓာတ်ေ⁠မြ⁠သြဇာ တစ်ဧကလျှင် (၁၁၂) ⁠ပေါင်⁠နှုန်း ထည့်⁠ပေးရန် လိုအပ်ပါသည်။ရင့်မှည့်၍ ⁠ရောဂါကင်း⁠သောအသီး အ⁠စေ့များ⁠ဖြင့် မျိုးပွား⁠နိုင်သည်။

⁠ကြက်ဟင်းခါးကို အ⁠စေ့မှ တိုက်ရိုက်စိုက်⁠သော နည်းကို သုံး⁠နိုင်သည်။ မိုးရာသီစိုက်မှာ ⁠မေလ⁠နှင့်ဇွန်လများတွင် စိုက်ပျိုး⁠ပြီး ⁠ဆောင်းရာသီစိုက်မှာ ⁠အောက်တိုဘာ⁠နှင့် ⁠နိုဝင်ဘာလများတွင် စိုက်ပျိုးပါသည်။ စင်တင်စိုက်ပျိုးနည်းတွင် စိုက်⁠ဘောင်(သို့မဟုတ်) စိုက်ကျင်းတွင် တစ်ပင်⁠နှင့်တစ်ပင် (၂) ⁠ပေခွာ⁠ပြီး မျိုး⁠စေ့တစ်ကျင်းလျှင် (၃) ⁠စေ့ချစိုက်ရ ပါမည်။ အသန်စွမ်းဆုံးအပင်တစ်ပင်ကိုသာ ချန်⁠ပြီး အပင်က⁠လေးများ စင်⁠ပေါ်တွယ်တက်⁠နိုင်ရန် ၀ါး⁠ခြမ်းကို ⁠ထောင်⁠ပေးရပါမည်။ အညွန့်များ စင်⁠ပေါ်⁠ရောက်လျှင် အညွန့်ကို လက်⁠ဖြင့်ဆိတ်⁠ပေးရပါမည်။ သို့မှသာ အည့န့်များ⁠ဖြာထွက်⁠ပြီး စင်⁠ပေါ်တက်⁠ပေးမည်။

စီးပွား⁠ဖြစ် စိုက်မည်ပါက တစ်တန်း⁠နှင့်တစ်တန်း (၅) ⁠ပေခွာ⁠ပြီး တစ်ပင်⁠နှင့်တစ်ပင် (၃) ⁠ပေခွာ၍ စိုက်ပျိုးရန် လိုအပ်ပါသည်။ အချို့တောင်သူ များသည် မိမိ⁠ခြံစည်ရိုး⁠ဘေးတွင် အ⁠စေ့များ⁠ကြဲပက်ထား⁠ပြီး အပင်များကို ⁠ခြံစည်းရိုး⁠ပေါ်တွင် သီး⁠စေသည်။ တစ်ဧကလျှင် မျိုး⁠စေ့(၂-၃) ကီလိုဂရမ် လိုအပ်၏ ⁠က်ြဟင်းခါး⁠စေ့ (၁၀၀) ဂရမ်လျှင် ⁠စေ့⁠ပေါင်း (၇၀၀) ပါသည်။ ⁠မြန်မာ⁠ပြည်အလယ်ပိုင်းတွင် မိုးရာသီစိုက် ⁠ကြက်ဟင်းခါးကို အထူး⁠ရေသွင်း⁠ပေးရန် မလိုပါ။ ⁠ဆောင်းရာသီစိုက် ⁠ကြက်ဟင်းခါးတွင်မူေ⁠မြအ⁠နေအထားအရ (၁၀) ရက်မှ (၁၅) ရက်⁠ကြာ⁠ရေ⁠ပေးရန် လိုအပ်သည်။

စီးပွား⁠ဖြစ်စိုက်⁠သောအကွက်များတွင် အပင်က⁠လေးများ ငယ်စဉ်⁠ကြားထွန်လိုက်⁠ပေးရန် လိုသည်။ အပင်များေ⁠မြတွင် ⁠ဖြာလာလျှင် ⁠ကြားထွန် မလိုက်သင့်⁠တော့⁠ပေ။ အ⁠မြစ်⁠နှင့်အညွန့်များ ထိခိုက်ပါက အထွက်ထိခိုက်⁠နိုင်။ အပင်ေ⁠ခြရင်းပေါင်းများကိုမူ လက်⁠ပေါင်းလိုက်⁠ပေးသင့် သည်။ ⁠ကြက်ဟင်းခါးပင်မျ ပန်းစပွင့်လျှင် အညွန့်များ⁠ဖြတ်⁠ပေးသင့်သည်။ သို့မှသာ အညွန့်ပိုင်းပိုမို⁠ဝေဆာ⁠ပြီး အသီးပိုမိသီးမည်⁠ဖြစ်သည်။ ⁠ကြက်ဟင်းခါးသီးကို အပင်သက် (၇၅) ရက်မှ (၉၂) ရက်⁠ကြာလျှင် ဆွတ်ခူး⁠နိုင်သည်။ မရင့်မှည့်မီတွင် ဆွတ်ခူးသင့်သည်။ ရင့်မှည့်⁠သော အသီးမှ အ⁠စေ့များရင့်မာသွားလျှင် စားသုံးရန်⁠ကောင်း⁠ချေ။ အသီးများကို မရင့်မည့်မီ တစ်ရက်⁠ခြား တစ်⁠ကြိမ် ဆွတ်ခူးသင့်သည်။

အပင်အ⁠ပြုစု⁠ကောင်း⁠ပြီးေ⁠မြ⁠ကောင်းတွင် စိုက်ပါက ပိုမိုအထွက်⁠ ကောင်းပါသည်။တစ်ဧကလျှင် ⁠ကြက်ဟင်းခါးသီးလုံး⁠ရေ (၂၇၀၀၀) မှ (၃၀၀၀၀) ကီလိုဂရမ် ထွက်⁠နိုင်ပါသည်။
ရင့်မည့်၍ ၀င်းဝါ⁠နေ⁠သော ⁠ကြက်ဟင်းခါးသီးများကို ဆွတ်ခူး⁠ပြီး အ⁠စေ့များကို ထုတ်ယူပါ။ ထို့⁠နောက် ⁠ရေ⁠ဖြင့် အချွဲများ စင်⁠အောင်⁠ဆေး⁠ပြီး ⁠နေ(၃) ⁠နေလှန်း၍ ⁠လေလုံဘူးတွင် သို⁠လှောင်ထား⁠နိုင်ပါသည်။ ⁠ကြက်ဟင်းခါးသီးများကို ဆွတ်ခူး⁠ပြီး⁠နောက် ⁠ကြာရှည်စွာ သို⁠လှောင်၍ မရပါ။ ဆွတ်ခူး⁠ပြီး အသီးများကို ⁠ဈေးသို့အ⁠မြန်ပို့၍ ⁠ရောင်းချ/⁠ပေမည်။ အ⁠အေးဓာတ်ရှိ⁠ပြီး ⁠လေ၀င်⁠လေထွက်⁠ကောင်း⁠သော⁠နေရာများတွင် အသင့်⁠တော်ဆုံး သို⁠လှောင်ထား⁠နိုင်⁠ပေသည်။

⁠ကြက်ဟင်းခါးစိုက်ရာတွင် ⁠အောက်ပါအချက်များကို အထူးဂရုစိုက်သင့်သည်။ ⁠ကြက်ဟင်းခါး၊ ဘူး၊ ဖရုံ အမျိုးအ⁠နွယ်⁠ဖြစ်သ⁠ဖြင့် ⁠ဆေးဖျန်းရာတွင် ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်း⁠ဆေးများ မပက်ဖျန်းရပါ။ ⁠ကြက်ဟင်းခါးပင် က⁠လေးများ ⁠ကြီးလာ⁠ပြီး အညွန့်စင်⁠ပေးတက်လျှင် အညွန့်ကို ⁠ဖြတ်⁠တောက်⁠ပေးပါ။ သို့မှသာ အညွန့်ခွ⁠ပြီး ပိုမိုသီးပါ သည်။ ⁠ကြက်ဟင်းခါးပင်ကို ⁠ရေ⁠လောင်းရာတွင် ⁠ရေ⁠ပေးမလွန်ရန် အ⁠ရေး⁠ကြီးပါသည်။ ⁠ရေ⁠ပေးလွန်က အ⁠မြစ်ပုပ်⁠ပြီး အပင်⁠သေ⁠နိုင်ပါသည်။

ကြက်ဟင်းခါးအပင်ဖြင့် ပတ်သက်သည့် ဆေးနည်းပေါင်းများစွာလည်းရှိပါသည်။ မြန်မာ ဆေးကျမ်းများ အလိုအရ ခါး၏။ စပ်ရှားရှားရှိ၏။ အေး၏။ ကြေကျက်လွယ်၏။ ဝမ်းကို သက်စေ၏။ ပိုးကိုနိုင်၏။ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏။ သည်းခြေသလိပ် ကိုနိုင်၏။ မျက်စိရောဂါ၊ ယောနိ၌ ဖြစ်သော ရောဂါများ၊ သွေးအားနည်းခြင်း၊ ဆီးနှင့်စပ်သော ရောဂါများကို ပျောက်စေသည်။

ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တခွက်တင် ကျိုသောက် တုံဖျား၊ ချမ်းဖျား ပျောက်သည်။ အရွက် ကြိတ်ညှစ်ရည်ကိုသောက်လျှင် အူတွင်းရှိ ရောဂါပိုးများ သေကြေပျက်စီးသည်။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသဲရောင်၍ အသားဝါသော ရောဂါပျောက်ကင်းသည်။ မူးမော်ခြင်း ပျောက်ရန်၎င်း၊ ညှော်ခံ ဆေးအဖြစ်၎င်း ကြက်ဟင်းခါးရွက်ကို ချေ၍ ရှူပေးရသည်။
အဖျားကို နိုင်သောသတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသောအရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုတ်ကွေးရောဂါ ပျောက်သည်။ ခွေးရူးကိုက်သော နေရာတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်းသည်။

ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပြင်တွင် သွေးလူးသော် လည်ချောင်းရောင်သော ရောဂါ ပျောက်ကင်းသည်။ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်းသည်။ ၎င်းအရည်တွင် ပျားရည်အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်းသည်။ အသီးနုအရည်ကို မီးပေါ်၌ နွှေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါပျောက်သည်။

ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါသည်။ လတ်ဆတ်သည့် ကြက်ဟင်းခါးသီး အရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် (၄-၆)လ အကြာမှာ သိသာသည့် တိုးတက်မှုကို တွေ့ရပါသည်။ ကာလဝမ်းရောဂါအစောပိုင်း အဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါသည်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်းအင်ဆူလင် အဆင့်ကို တိုးစေတာမျိုး မရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါသည်။ယကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါသည်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါသည်။

ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါသည်။ူကြက်ဟင်းခါးသီးအရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါသည်။ယအရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့်စင်စေပါသည်။ယကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါသည်။

ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွားပါလိမ့်မည် လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာပျောက်ကင်းစေမှာပါ။ လတ်ဆတ်သည့် ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါသည်။

ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါသည်။ လတ်ဆတ်သော ကြက်ဟင်းခါးသီး အရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါသည်။ ကာလဝမ်းရောဂါ အစောပိုင်းအဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါးရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေးပါ။

ကြက်ဟင်းခါးသီးမှာ ပါသော အပင်ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုးကျေးဇူး ရှိပါသည်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင် အဆင့်ကို တိုးစေတာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါသည်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်လှပါသည်။ ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါသည်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါသည်။

ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရိုတင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါသည်။ကြက်ဟင်းခါးသီး အရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါသည်။ အရက်သောက် တာကြောင့်ဖြစ်သော အသည်းဝေဒနာတွေကို ပြုပြင်ပေးပြီး အသည်းကို သန့်စင်စေပါသည်။

ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါသည်။ ကြက်ဟင်းခါးရွက် ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွားပါလိမ့်မည်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါသည်။

လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါသည်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါသည်။

@လင်းညို့တာရာ
@linnhyotaryar
MSC - 226

မှီငြမ်း ။ ။
(က) မြန်မာ့ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး
(ခ) ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်
(ဂ) ရှုတော်မူဆေးကြမ်း
(ဃ) ရခိုင်သဒ္ဒါနှင့်အလင်္ကာ
(င) မြန်မာ့ဆေးဖက်ဝင်အပင်များ
(စ) အခြားဆေးမှတ်တမ်းများ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for sharing ..

HOTE ဗျ

ဗဟုသုတ ရပါတယ်​ဗျ

ဟုတ်ကဲ့

ဗဟုသုတဖြစ်စေလို့ ကျေးဇူးပါ ကြက်ဟင်းခါးသီးလေးကို ပုဇွန်ခြောက်လေးနဲ့ ဆီ အိအိလေး ကြော်စားရင် အင်မတန် ထမင်းမြိန်စေပါတယ်

လာပြန်ဘီ အစားတလိုင်း :D

စားတောင်စားချင်လာပြီ

Nice post

ဟုတ်ကဲ့

Good post bro..

ကျေးဇူး

ကျန်မာရေး ဗဟုသုတ ရပါတယ် ကျေးဇူပါ

ဟုတ်ကဲ့ဗျာ

pro လဲပြောသေး replybမပြန်တော့လိုလုပ်ရပါ့

ရလာမှာပေါ့ဗျာ

အဟမ်းအဟမ်း

အဟွတ် အဟွတ်

Good

ဟုတ်ကဲ့ဗျ

ကျေးဇူးပါခမျ…ကိုယ်တွေအကြိုက်လည်းဖြစ်တော့…ပျော်ပီလေ…

ဟုတ်ကဲ့ပါဗျ

အစာလည်းဆေး
ဆေးလည်းအစာ

ဟုပဗျာ

Good tal