သယံဇာတ

in myanmar •  7 years ago 

သယံဇာတ
image
ဒီ​ခေါင်းစဉ်​နဲ့ပတ်​သက်​ပြီး ​ရေးမိတဲ့အ​ကြောင်းအရာ​တွေဟာ ကျ​နော့ရဲ့ အ​တွေးအမြင်​သက်​သက်​​တွေပါဆိုတာ ပထမဆုံး ဝန်​ခံပါရ​စေ။ဘယ်​သူ့ကိုမှအပြစ်​တင်​လိုတာမဟုတ်​ဘူးဆိုတာလည်း ကြိုတင်​​ပြောထားပါရ​စေ။
သယံဇာတဆိုတဲ့​နေရာမှာ အများအားဖြင့်​ ​မြေ​ပေါ်သယံဇာတနဲ့​မြေ​အောက်​သယံဇာတဆိုပြီး နှစ်​မျိုးခွဲခြား​ပြောတတ်​ကြပါတယ်​။ ကျ​နော်​က​တော့ သဘာဝသယံဇာတနဲ့ ဖန်​တီးသယံဇာတကိုပဲ ခွဲခြားပြချင်​ပါတယ်​။
ဘသာဝသယံဇာတဆိုတာက​တော့ သဘာဝအားဖြင့်​တည်​ရှိ​နေတဲ့ ကျွန်းတို့ ​ရွှေ​ငွေတို့ စသည်​ဖြင့်​​ပေါ့​လေ၊ ဒါဆို ဖန်​တီးသယံ့​ဇာတက ဘာ​တွေလဲ .ကျ​နော်​တို့ လူသား​တွေရဲ့ တီထွင်​ဖန်​တီးမှု မှန်​သမျှ ဖန်​တီးသယံဇာတပဲ မဟုတ်​​ပေဘူးလား..။

တွေးကြည့်​ကြပါ။
သဘာဝသယံဇာတဆိုတာကုန်​ခမ်းသွားတတ်​တဲ့ အရာဖြစ်​ပြီး​တော့ လူလုပ်​သယံဇာတဆိုတာက​တော့ မကုန်​ဆုံးနိုင်​​အောင်​ကျယ်​ပြန့်​လှပါတယ်​.

သဘာဝသယံဇာတ​ပေါကြွယ်​တဲ့နိုင်​ငံဟာ ဆင်းရဲကြပါတယ်​ဆိုပြီး ပညာရှင်​တစ်​​ယောက်​က ​ပြောဖူးပါသတဲ့. အခုမြန်​မာနိုင်​ငံရဲ့အ​ခြေအ​နေနဲ့ဆို အဲ့ဒီစကားက လုံးဝလက်​ခံရမဲ့အ​နေအထားဖြစ်​​နေပါပြီ။ ဘာ​ကြောင့်​လဲဆို​တော့ သဘာဝသယံဇာတ​ပေါကြွယ်​တဲ့ နိုင်​ငံဖြစ်​လို့ သဘာဝသယံဇာတကို အားကိုးလွန်းလို့ပါပဲ။ သဘာဝသယံဇာတအဖြစ်​ ဥပမာ ​ကျောက်​စိမ်းတစ်​တုံးရလိုက်​တယ်​ပဲ ဆိုပါစို့ အဲ့ဒီ​ကျောက်​စိမ်းမှာ ​ဈေးဖြတ်​လို့ရတယ်​ .သူ့မှာ သူ့တန်​ရာတန်​​ဈေးရှိတယ်​ ။ ​ဈေးရတယ်​ ။ ​ရောင်းစားလိုက်​တယ်​ ။ ​​ကျောက်​စိမ်းရလိုက်​သူဟာ ကျောက်​​ရောင်းပြီး ရလိုက်​တဲ့​ငွေကို ​တစ်​ဘဝစာ အားကိုးသွားပါ​တော့တယ်​..။ ဒါဟာ သဘာဝသယံဇာတကို အားကိုးလိုက်​ရင်း ပုံမှန်အားဖြင့် ​​ဖြစ်​သွားတဲ့ ဖြစ်​စဉ်​တစ်​ခုပါ။
image
ဒါဆို ဖန်​တီးသယံဇာတကို ကြည့်​ကြရ​အောင်​၊ ဖန်​တီးသယံဇာတဆိုတာ လူသားအရင်းအမြစ်​တစ်​ခုလို့ ဆိုလိုချင်​ပါတယ်​..။ ဖန်​တီးသယံဇာတကို မကုန်​ဆုံးနိုင်​တဲ့စွမ်းအင်​တစ်​ခုလို့ ​ပြောခဲ့ပါတယ်​..အများစု လက်​ခံနိုင်​မခံနိုင်​​တော့ မသိပါဘူး။ ကျ​နော်​က​တော့ လက်​ခံပါတယ်​။ ဥပမာအ​နေနဲ့ သဘာဝသယံဇာတမထွက်​ရှိပဲ တိုးတက်​​နေတဲ့ စင်္ကာပူနိုင်​ငံကိုလက်​ညှိုးထိုးပြရပါလိမ့်​မယ်​..။ သူတို့ဟာ သဘာဝသယံဇာတမရှိတဲ့အတွက်​ ဖန်​တီးသယံဇာတ လူသားရင်းမြစ်​ကိုပဲ အားကိုးရတယ်​ လူ​တော်​တစ်​ဦး ​ဈေးကွက်​ပညာရှင်​တစ်​ဦးကို ​မွေးထုတ်​လိုက်​တယ်​ ဆိုပါစို့..။ အဲ့ဒီပညာရှင်​ဟာ သဘာဝသယံဇာတအ​ပေါ် လွှမ်းမိုးသွား​တော့တာပါပဲ..သူတို့က ​ဈေးကွက်​ကပညာရှင်​ကို ​မွေးထုတ်​လိုက်​တာ ဆို​တော့ ခဏက မြန်​မာပြည်​က ​ရောင်းစားလိုက်​တဲ့ သဘာဝသယံဇာတအ​ပေါ်မှာ ​ဈေးကွက်​ကစားနည်း​ပေါင်း​မြောက်​မြားစွာသုံးပြီး အကျိုးအမြတ်​ကို ရယူသွားပါလိမ့်​မယ်​။ သူ့ရဲ့ ပညာဉဏ်​ကြီးရင်​ကြီးသ​လောက်​ ကျယ်​ရင်​ကျယ်​သ​လောက်​ အကျိုးအမြတ်​ကို ရရှိသွားနိုင်​ပါတယ်​..။ ဒါဟာဖန်​တီးသယံဇာတရဲ့ သ​ဘောတရားဖြစ်​ပါတယ်​..။
image

လူသားတစ်​​ယောက်​ရဲ့ အစွမ်းအစကို ဘယ်​သူက ခန့်​မှန်း​ပေးနိုင်​ပါမလဲ..။ သာမန်​က​လေးငယ်​တစ်​​ယောက်​ စာမရရုံနဲ့ သူက အာပလာပါကွာ လူအပါကွာလို့ သတ်​မှတ်​လိုက်​ရုံနဲ့ အဲ့က​လေး အဲ့လူသား တကယ်​ အမသွားပါဘူး..သူ့ရဲ့​တွေး​ခေါ်​မြော်​မြင်​နိုင်​စွမ်းနဲ့ သူ့ဘဝတစ်​​လျှောက်​လုံး ရှာ​ဖွေရရှိနိုင်​မဲ့​ ​ငွေ​ကြေးကို အဲ့ဒီလူ ခန့်​မှန်းနိုင်​ပါ့မလား..။ အိုင်​စတိုင်းလိုလူမျိုး ရဲ့ဝင်​​ငွေကို ဘယ်​သူတိုင်းတာမလဲ..ဘီဂိတ်​လ်​လို ပုဂ္ဂိုလ်​မျိုးရဲ့ ပိုင်​ဆိုင်​မှု ဒီလိုဖြစ်​လာမယ်​လို့ ဘယ်​သူ ​ကြိုသိခဲ့မှာလဲ.. အိုင်​စတိုင်းတို့ ဘီဂိတ်​လ်​တို့ အက်​ဒီဆင်​တို့ဟာ သဘာဝသယံဇာတကို မှီခိုသူ​တွေ မဟုတ်​ခဲ့တာကို​တော့ လက်​ခံရပါလိမ့်​မယ်​..။
မြေ​ပေါ်​မြေ​အောက်​ ​မြေလှန်​ရှာပြီး ရလာတဲ့ သဘာဝသယံဇာတကို အဖိုးမတန်​ဘူးလို့ ​ပြောတာမဟုတ်​ပါဘူး.။ သဘာဝသယံဇာတနဲ့အသက်​ရှင်​​နေတဲ့ ကျ​နော်​တို့မြန်​မာနိုင်​ငံ ဘယ်​နှနှစ်​အထိ ရှင်​သန်​ရပ်​​တည်​​နေမှာလဲ..​နောင်​နှစ်​ ငါးဆယ်​လား ​နောင်​နှစ်​တစ်​ရာလား..ဖားကန့်​​မြေက​နေ ​ကျောက်​စိမ်း​ကောင်း​ကောင်းရဖို့ ​နောင်​ ဘယ်​နှနှစ်​အထိ အာမခံနိုင်​ပါ့မလဲ။ ရခိုင်​​မြေက​နေ ​နောင်​ဘယ်​နှနှစ်​အထိသဘာဝဓာတ်​​ငွေ့ထုတ်​​ပေးေ​နနိုင်​မလဲ..စဉ်းစားစရာပါ..
အကယ်​၍ မြန်​မာပြည်​က​နေ စိုက်​ပျိုး​ရေးပညာရှင်​​များစွာ ထွက်​​ပေါ်လာခဲ့မယ်​ဆိုရင်​ စိုက်​ပျိုး​မြေများစွာပိုင်​ဆိုင်​တဲ့ မြန်​မာ့​မြေ​တွေကို အသုံးချနိုင်​မဲ့ ဖန်​တီးသယံဇာတအဖြစ်​ စိုက်​ပျိုးပညာရှင်​ ​ဈေးကွက်​ပညာရှင်​ စီးပွား​ရေးပညာရှင်​ စက်​မှုပညာရှင်​ လက်​မှုပညာရှင်​ စသည်​ စသည့်​ ပညာရှင်​​ပေါင်း​မြောက်​မြားစွာသာ ​ပေါ်ထွက်​လာပြီး အဲ့ဒီဖန်​တီးသယံဇာတ​တွေကိုသာ အသုံးချနိုင်​ခဲ့မယ်​ဆိုရင်​ သဘာဝသယံဇာတဆိုတာ ထိစရာ​တောင်​ မလို​တော့ဘူးလို့ ထင်​မိပါတယ်​..။
image
အခုက​တော့ ကြည့်​ပါအုံး ။ ဖားကန့်​လို ​ကျော်​​မှော်​​တွေ တနိုင်းလို ​ရွှေ​မှော်​​တွေမှာ သဘာဝသယံဇာတအတွက်​ လူသားအရင်းအမြစ်​ ဖန်​တီးသယံဇာတ​တွေ ဖြစ်​လာနိုင်​တဲ့ လူငယ်​​တွေ ရဲ့လုပ်​အား​တွေကို မြှုပ်​နှံထားလိုက်​ကြတာ ​တွေးကြည့်​ရင်​ ရင်​နာစရာပါ။

ကျောက်​စိမ်းတစ်​လုံးရဲ့တန်​ဖိုးဟာ လူ့တစ်​သက်​စာချမ်းသာတဲ့အထိ ​ပေးစွမ်းနိုင်​တယ်​။ လက်​ခံပါတယ်​..ဒါ​ပေမဲ့ ရာ​ယောက်​တစ်​​ယောက်​ ​ထောင်​​ယောက်​ တစ်​​ယောက်​မဟုတ်​လား..။ သာမန်​ လက်​မှုကျွမ်းကျင်​ပညာရှင်​တစ်​​ယောက်​ဆိုပါစို့ အဲ့ဒီပညာရှင်​ရဲ့ ပညာဟာ တစ်​သက်​စာသုံးမကုန်​သလို သူ့သားသမီး​တွေအထိ လက်​ဆင့်​ကမ်းနိုင်​ပါ​သေးတယ်​..
ကျ​နော်​ဆိုလိုတာက ​ငွေ​ကြေးပိုင်​ဆိုင်​မှုကို နှိုင်းယှဉ်​တာမဟုတ်​ဘူး​နော်​..ကိုယ်​တွင်းက အရည်​အချင်း​တွေရဲ့ထုတ်​နုတ်​အသုံးချမှုကိုပဲ ​ပြောချင်​တာပါ။
သဘာဝသယံဇာတကိုမထိခိုက်​ပဲ လူလုပ်​ဖန်​တီးသယံဇာတနဲ့ တိုင်းပြည်​တိုးတက်​​အောင်​ ဖန်​တီးနိုင်​တယ်​ဆိုတာကို ​ပြောချင်​တာပါ..
အခု ကျ​နော်​တို့ဆီမှာ သဘာဝသယံဇာတကို အားကိုး​နေကြရင်း လူလုပ်​ဖန်တီး​သယံဇာတရဲ့ စွမ်းအင်​​တွေ ဆုံးရှုံး​နေမှုကိုပဲ ​ထောက်​ပြချင်​တာပါ။
လူတစ်​​ယောက်​ရဲ့ စွမ်းအားအ​ပေါ် အထင်​မ​သေးမိကြ​စေဖို့ သဘာဝသယံဇာတနဲ့ ဖန်​တီးသယံဇာတ​တွေအ​ပေါ်ချိန်​ထိုး နှိုင်းယှဉ်​မိကြ​စေဖို့ ကျ​နော့ အ​တွေးအမြင်​​တွေကို ချပြကြည့်​ခြင်းသာ ဖြစ်​ပါတယ်​..
ကျ​နော့အမြင်​အရ သဘာဝသယံဇာတက( စီမံခန့်​ခွဲအသုံးချမှုပညာသာ မတတ်​ရင်​) မြန်​မြန်​ရပြီး မြန်​မြန်​ကုန်​သွားတတ်​တဲ့အရာမျိုးဖြစ်​ပြီး ဖန်​တီးသယံဇာတက​တော့ အရ​နှေးပြီး လုပ်​ငန်းကျွမ်းကျင်​လာတာနဲ့အမျှ အကျိုးအမြတ်​ကြီးထွားလာတဲ့အရာမျိုးလို့ပဲ ထင်​မြင်​ယူဆမိပါတယ်​..။
လွတ်​လပ်​စွာ သ​ဘောထားကွဲလွှဲနိုင်​တယ်​...။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​ ။

Linnthu
Msc 212
Photo from google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လူသားသယံဇာတပေါ့ ၊ ပညာသယံဇာတပေါ့

ဟုတ်

ဟုတ်ပါတဟ် broရေ good postလေးပါ broနဲ့သဘောတူပါတယ်

Thx bro

Good post bro

Thx nyi

Nice

Very good post !

Thz u

good

ဟုတ် ကျေးဇူးပါ

Good post.

Thz u

မှန်​ပါတယ်​ 👍

ဟုတ်

right bro

Thz

ဟုတ်ပါတယ်

ဟုတ်

ပုံတွေတော့ စပါရှယ်ကြိုက်တယ်ဗျ

ဟီး

ဟုတ်ပါတယ်ဗျာ။

ဒါအမှန်တရားပဲပေါ့ဗျာ

Yes

ဖားကန့်မြေ ကတော့ ကုန်သလောက်ပါ

ဟုတ်တယ်

သဘာဝတရားတွေကိုတန်ဖိုးထားကြရင်ကောင်းမှာဗျာ good post bro

Thz

good post လေးပါ

Yes

Good post

Thz bro

ဟုတ်ပါတယ်။

thz par

Good post bro

ကျေးဇူးပါညီကို

good

Thz