တာဝန် ကိုယ်စီ ရှိကြသည် (လူ ပီသတဲ့ လူ )

in myanmar •  7 years ago 

ကျွန်တော်တို့ အားလုံးဟာ လူသားတွေဖြစ်ကြပါတယ်။ဒါကြောင့် ကျွန်တော်တို့ဟာ ပျော်စရာရှိရင် ပျော်လိုက်ကြပါတယ်။ ရယ်စရာရှိရင်လည်း ရယ်လိုက် ကြတယ်။ ဝမ်းနည်းစရာ ကြုံလို့ ငိုရမယ်ဆိုလည်း ငို လိုက်ကြတာပဲလေ။
ဒါတွေဟာ လူသားတွေပဲ ခံစား သရုပ်ဖော်လို့ ရတဲ့ အနုပညာတစ်ခု ဖြစ်ပါတော့တယ်။
တစ်ကယ်လို့သာ ကျွန်တော်တို့ဟာ တိရတ္ဆန် တစ်ကောင်သာ ဖြစ်ခဲ့ရင် လူသား တစ်ယောက်လို ပြုံးနိုင် ရယ်နိုင် မှာ မဟုတ်ဘူးလေ။
ကျွန်တော်တို့ ရှေ့မှာ ဒုက္ခ ရောက်ပြီး အကူအညီမဲ့ နေတဲ့ လူတစ်ယောက်ကို သနားကြင်နာတဲ့ စိတ်နဲ့ အကူ အညီပေး ကြတာဟာ လူပီသတာ လို့ပဲ ကျွန်တော် ယုံကြည်မိပါတယ်ဗျာ။
image

ဒီတော့ ကိုယ်ကူညီ ပေးခဲ့တဲ့သူက ကိုယ်အဆင်မပြေတဲ့ အချိန်မှာ ပြန်မကူညီပေးခဲ့ဘူးဆိုရင် စိတ်တိုဒေါသ ထွက်မနေပါနဲ့ဗျာ။
ကိုယ် အကောင်းဆုံး ကူညီပေးနိုင် သလောက်ကို အများကို အကောင်းဆုံး ကူညီပေးပါ။ ကျွန်တော် ကတော့ ကိုယ်တတ်နိုင်သလောက် အကူအညီလိုတဲ့ သူတွေကို ကူညီဖြစ်ပါတယ်။ ကိုယ် ကူညီပေး ကတည်းက သူတို့ဆီက ဘာမှ မမျှော်လင့်ပဲ စေတနာ သန့်သန့်နဲ့ ကူညီပေးတာ အကောင်းဆုံးပါပဲဗျာ။
ဒါမှ နောက်တခါ ကိုယ်အဆင်မပြေလို့ သူတို့ မကူညီခဲ့ရင်တောင် စိတ်ချမ်းသာစွာနဲ့ နေနိုင်ပါလိမ့်မယ်။ မျှော်လင့်ချက်နဲ့သာ ကူညီပေးခဲ့မယ် ဆိုရင် သူကိုယ့်ကို ပြန်မကူညီရကောင်းလား ဆိုပြီး စိတ်ဆင်းရဲ နေရပါလိမ့်မယ်။
သူတို့ကလည်း ကိုယ့်ကို ပြန် ကူညီပေးပါမယ် လို့ ကတိပေးခဲ့ကြတာမှ မဟုတ်တာဗျာ ။
image

ဒါကြောင့် ကျွန်တော်တို့ ခုအချိန်မှာ လူပီသဖို့ လိုအပ်တာပေါ့ဗျာ။ခု ဆို ပရဟိတ အသင်းတွေ လူမှု ကူညီရေး အဖွဲ့ အစည်းတွေ နာရေး ကူညီမှု အသင်းအဖွဲ့တွေကို ကျွန်တော်တို့ နိုင်ငံ နေရာ တော်တော်များများမှာ ပေါ်ပေါက်လာတာကို တွေ့မြင်နေရပါတယ်။ သူတို့ ရဲ့ စိတ်ထဲမှာ အကူ အညီပေးဖို့ အတွက်ပဲ ရှိတဲ့ အတွက် စိတ်ချမ်းသာစွာနဲ့ပဲ အလုပ်လုပ်နိုင်ကြပါတယ်။

image

တစ်ကယ်တော့ ကိုယ့်ကို အကူအညီပေးနိုင်တာဆိုလို့ မိမိတို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲတွေ
တွေ့ ကြုံနေပါစေ စိတ်ဓတ် မကျဖို့ပဲ အရေးကြီးပါတယ်။
မိမိ ကိုယ်တိုင် ကောင်းအောင်လုပ် ပြီးရင် အများကောင်း အောင်ကြိုးစားရမယ်။

image

ဒါကြောင့် ကျွန်တော့် မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ကျွန်တော် ကောင်းအောင်နေတယ် အောင်မြင်အောင်ကြိုးစားတယ်။ ကျွန်တော် အဆင်ပြေရင် မိသားစု အသိုင်းအဝိုင်းကို ကူညီထောက်ပံ့ ပေးမယ်။ ပြီးရင် ကိုယ်ရပ်ရွာ ကို တိုးတက်အောင်လုပ်မယ်။ ပြီးရင် ကိုယ့် မြို့နယ်ကို ကောင်းအောင်လုပ်မယ်။ ပြီးရင် ကိုယ့် တိုင်း ပြည်နယ်ကို ကောင်းအောင်လုပ်မယ်။ ပြီးရင် ကိုယ့် နိုင်ငံတော် ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။
ကျွန်တော် တစ်ယောက်ထဲ ကောင်းအောင် မလုပ်နိုင်ပါဘူး။ လူတိုင်း လုပ်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။

image
ကျွန်တော်ဟာ လူတစ်ယောက်လေ အများကို ကူညီရင်း လူသားပီသတဲ့ လူတစ်ယောက်တော့ ဖြစ်ချင်တာပေါ့ဗျာ။
အားလုံးပဲ စာကို ဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။
@lwanwai
Photo:FB image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good Post!

Nice poste

Thanks bro

သာဓု၃ခါခေါ်ပါသည်

ကျေးဇူးတင်ပါတယ်ဗျာ

တယောက်နဲ့တယောက်အပြန်အလှန်ကူညီရင်း တိုးတက်အောင်ကြိုးစားကြရမှာပါ...အလွန်ကောင်းပါတယ်..bro..

Good post bro!

ရည်​မှန်းချက်​ ပန်းတိုင်​ကို ​ရောက်​​အောင်​သွားနိုင်​ပါ​စေ။

အရမ်းကောငါးတယ်ဗျာ ကျွန်တော်လည်း

ဟုတ် ကျေးဇူးပါဗျာ

Good post

ကျေးဇူးပါဗျာ

ကောင်းပါတယ်

ဟုတ် ကျေးဇူးပါခင်ဗျာ

လူပီသတဲ့လူဖြစ်​ဖို့ကြိုးစား​နေပါတယ်

ဟုတ် ကောင်းတယ် bro

လူ့ ဘဝမှာ လူပီသမှ လူဖြစ်ကြိုးနပ်

ဟုတ်တယ် အကိုရေ

တစ်ယောက်သောသူရဲ့စိတ်ဓါတ်ဟာအားလုံးမှာရှိခဲ့မယ်ဆိုရင်ကောင်းပါတယ်ခင်ဗျာ

Thanks

great post!

Thanks.