မမေ့ လိုက် နဲ့...
အချို့သော လူ တွေက တိမ်တွေ နဲ့ တူပါတယ်..
သူတို့မရှိတော့မှ နေရောင်ကိုကောင်းကောင်းမြင်ရ တတ် လို့ ပါ....
သင့်ရဲ့တုန့်ပြန်မှုနဲ့ မထိုက်တန်တဲ့လူတွေကို
စကားပြန်ပြောမနေပါနဲ့ ပင်ပန်းပါတယ်..
တစ်ခါတစ်လေ အားအကြီးဆုံးတုန့်ပြန်မှုက
ဆိတ်ဆိတ်နေခြင်း သာဖြစ်ပါတယ်...
တန်ဘိုးမထားတတ်တဲ့လူတစ်ယောက်ကိုတန်ဘိုးသွားထားမိရင်
ရလာမယ့်အဖြေက သင့်တန်ဘိုးလျော့နည်းသွားခြင်းပါပဲ..
ကိုယ့် တန်ဘိုးကို နားမလည်တဲ့လူတွေကြား
ကြာကြာမနေပါနဲ့ ကြာရင် သင့်အတွက်ဆိုးကျိုးတွေ နဲ့ သာ ကြုံတွေ့ ရမှာ ဖြစ်ပါတယ်.
လူတွေနဲ့ သဟဇာတဖြစ်အောင်ဆိုပြီးလည်း
ဘာပြောပြော နားမယောင်မိပါစေနဲ့ ..
တစ်ခါတစ်လေ သင်လဲကျသွားတာကိုမြင်ချင်ပြီး..
သင့်ဒဏ်ရာကို ဆားနဲ့ပက်မယ့်လူတွေ
ဒုတ် နဲ့ ထိုး မဲ့ သူတေ ဒု နဲ့ ဒေး ရှိနေတတ် ပါတယ်..
အဆင်မပြေတိုင်းလည်း စိတ်ဓာတ်ကျမနေပါနဲ့... အချိန် ကုန်ပါတယ်..
ဘဝကအဆင်မပြေတဲ့ ကြား ကိုယ်တိုင်ကပါ စိတ်ဓာတ်ကျနေဦးမယ်ဆိုရင် ဘဝမှာ ဘာရစရာရှိဦးမှာလဲ စိတ်ဓာတ်မကျနဲ့ ဘဝဆိုတာ ဒီအတိုင်းမနေပါဘူး တစ်ချိန်မဟုတ် တစ်ချိန် တစ်နေ့မဟုတ် တစ်နေ့ ကျိန်းသေ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်...
ဆုပ်ကိုင်ထားနိုင်မှ မြဲတယ်လို့ထင်ရပေမယ့်..
တစ်ချို့ အရူး ဇာတ် လမ်းတေက ဘောင်မဝင် တာတွေ ရှိနေတတ်ပါတယ်..
တစ်ချို့တစ်ချို့သောအရာတွေက..
စွန့်လွှတ်သင့်ရင် စွန့်လွှတ်နိုင်မှ လွတ်လပ်ပေါ့ပါးသွားသလို ကိုယ့် ကိုယ် ကိုလည်း ပိုလို့ ရင့်ကျက်သန်မာစေ မှာ ဖြစ်ပါတယ်..
အဖြေတစ်ခုကို ဘဝနဲ့ရင်းပြီး သင်သိသွားတဲ့အခါ
ပြုံးနိုင်ဖို့ ကြိုးစားလိုက်စမ်းပါ ...
လက်စားချေခြင်းဆိုတာ လူညံ့တွေရဲ့အလုပ်
သင်္ခန်းစာယူတတ်ခြင်းဆိုတာ လူတော်တွေရဲ့အလုပ် ပါ....
ဘဝဆိုတာ ဖြစ်ချင် တာနဲ့ ဖြစ်သင့်တာ
ထပ်တူကျချင်မှ ထပ်တူကျမယ် လူပီသဖို့အတွက်တော့...
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုလို့ဦးစားပေးရမှာပဲလေ ...
ဘွဲ့တွေဘယ်လောက်ရရ ရာထူးတွေ.....
ဘယ်လောက်ကြီးကြီး...
အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို
ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့အခါ..
ပညာတတ်လူမိုက်ပဲ ဖြစ်နေမှာ သေချာပါတယ်..
အနားမှာ လူတွေအများကြီးရှိချင်ရှိနေမယ်
ဒါပေမယ့် ကိုယ့် ရဲ့အပေါ်တကယ့်စိတ်ရင်းနဲ့
ဆက်ဆံပေးတဲ့လူဆိုတာ အများကြီးမရှိနိုင်ဘူး..
သင့်ခံစားချက်တွေကို သိတဲ့လူတွေ
အများကြီး ရှိချင်ရှိနေလိမ့်မယ် ..
ကိုယ့် အစား ဝင် ခံစား ပေး မဲ့သူ
ကိုယ့်အစား သူတို့ ရင်ဘတ် နဲ့ခံစားနားလည်ပေးနိုင် မဲ့...လူ
ဆိုတာ ရှိချင်မှလည်း ရှိလိမ့်မယ် ...
ဒါကြောင့်လည်း သင်အနာဂါတ် ကိုသင်ကိုယ်တိုင် အားကိုးပါ ...
သင့်ကိုယ်သင် ယုံကြည် ပါ သင့်ခြေပေါ် သင်ရပ်ပါ ..
အရာရာ စွမ်းဆောင် နိင်ဖို့ လောကကြီး က လက်ဆောင်အဖြင့် သင် ဆီ မှာအပိုင်ရထားတဲ့..
စိတ် ခွန်အား တွေ ရှိ နေ သေးတယ် ဆိုတာ မမေ့ လိုက်ပါနဲ့.....