နိုင်​ငံတိုင်း သတိထား သင့်​​သော ဟိုက်​ပါအင်​ဖ​လေးရှင်း

in myanmar •  6 years ago 

နိုင်​ငံတိုင်း သတိထား သင့်​​သော ဟိုက်​ပါအင်​ဖ​လေးရှင်း


တချို့လည်း​ပြောကြတယ်​။ ကျပ်​​ငွေတန်​ဖိုး ကျ​နေတာက
ဈေးကွက်​ သ​ဘောတရား အရ သူ့ အလိုလို ၊၀ယ်​လို
အား၊​ရောင်းလိုအား အ​ခြေအ​နေအ​ပေါ်မူတည်​ပြီး
Balance ဖြစ်​သွားမှာပါလို့ ဆိုကြသူများရှိကြသည်​။
သတိ​တော့ ထားကြပါ။ ဗင်​နီဇွဲလား နိုင်​ငံ၌ လမ်း​ဘေး
ကော်​ဖီ ​သောက်​သူများတို့၏ အဆိုအရ​တော့
ကော်​ဖီတခွက်​​ဈေးနူန်းသည်​ ရက်​သတ္တပတ်​ အနည်း
ငယ်​အတွင်းမှာ နှစ်​ဆ တက်​​နေသည်​လို့ ဆိုကြသည်​။
IMF ၏ ခန့်​မှန်းချက်​ အရ​တော့ နှစ်​အကုန်​၌ ဗင်​နီ
ဇွဲလား၏ ​ငွေ​ကြေး​ဖောင်းပွမှူ့ သည်​ ၁သန်းရာခိုင်​နှူန်း
အထိ မြင့်​တက်​နိုင်​ဟု ဆိုထားသည်​။

အစိုးရ ​ပေါ်လစီ မှားယွင်းမှူ့ ၊အစိုးရ အရာရှိများတို့၏
အကျင့်​ပျက်​ချစားမှူ့ ၊ တို့နှင့်​ လူမှူ့​ရေး အ​မှောင့်​ပ​ရော
ဂ များတို့​ကြောင့်​ အခုလို အဖြစ်​ဆိုးမျိုး နှင့်​ကြုံရ
ခြင်းလို့ ပြည်​တွင်းပညာရှင်​ အများစုတို့က သုံးသပ်
ယူဆ ထားကြသည်​။ဗင်​နီဇွဲလားသည်​ ကမ္ဘာ ​ပေါ်
၌ ​ရေနံ ပိုလျှံ ထားရှိနိုင်​မှူ့ အဆင့်​ ၊ အမြင့်​ဆုံးနိုင်​ငံ
အဖြစ်​ ရပ်​တည်​​နေပါသည်​။ရေနံ ​ရောင်းရ ၀င်​​ငွေ
သည်​ တိုင်းပြည်​ ၏ အဓိ က ၀င်​​ငွေ ဖြစ်​သည်​။
၁၉၉၈ခုနစ်​ တွင်​ သမ္မတ ဟူဂို ချက်​ဗက်​ အာဏာ
ရလာခဲ့ပြီး၊ ​ရေနံ အရန်​ထားရှိ မှူ့ ပမာဏ များစွာ
ကို ​ရောင်းချပြီး နိုင်​ငံသားတို့အ​ပေါ် အ​ထောက်​အကူ
ပြု​စေမယ့်​ လုပ်​ငန်းများစွာတို့ကို ဖန်​တီး​ပေးခဲ့သည်​။
ဒီလိုနဲ့ သမ္မတ ချက်​ဗက်​ လက်​ထက်​၌ အစ​ကောင်း
ခဲ့တဲ့ တိုင်းပြည်​ကံကြမ္မာသည်​၂၀၀၃ခုနှစ်​​ရောက်​​တော့
အဆိုးဘက်​​ရောက်​ခဲ့ရပြီး၊ ၎င်းနှစ်​ထဲ၌ ၄လအတွင်း
တိုင်းပြည်​ ဂျီဒီပီ သည်​ ၂၇%အထိ ထိုးကျ ခဲ့သည်​။
ဈေးကွက်​၌လည်း မတည်​ငြိမ်​မှူ့ ​တွေ တိုးလာခဲ့ပြီး
ငွေ​ကြေး ​ဈေးကစားသူများတို့က ဗင်​နီဇွဲလား​ငွေ​ကြေး
ဘိုလီဗာ (Boilvar)ကို ​ဈေးကစားမှူ့ များစွာ လုပ်​ခဲ့
ကြသည်​။သမ္မတ ချက်​ဗက်​ လည်း စက်​မှူ့ လုပ်​ငန်း
အများစုတို့အား ပြည်​သူပိုင်​ သိမ်းခြင်း လုပ်​ငန်းစဉ်
ကို အ​ကောင်​အထည်​​ဖော်​ခဲ့ပြှီး၊ ​ဈေးနှူန်းထိန်းချုပ်
ရေး မူ​ဘောင်​ကို ချမှတ်​လုပ်​​ဆောင်​ခဲ့သည်​။

၂၀၁၄ ခုနှစ်​​အ​ရောက်​မှာ ​ရေနံ​ဈေး​တွေ ထိုးကျ​တော့
ဗင်​နီဇွဲလားနိုင်​ငံ စီးပွား​ရေး ၃၀%အထိ ထိုးကျခဲ့
လေသည်​။ရေနံ ပိုလျှံ ပမာဏ သည်​လည်း တတိတိ
နှင့်​ လုံးပါး ပါးခဲ့ပါသည်​။ပြည်​တွင်းသွင်းကုန်​​တွေအတွက်
လည်း ​ငွေ​ကြေးတန်​ဖိုးကျ​တော့ ​ဈေးကြီး ​ပေးရသလို
ဖြစ်​ပြီးပြည်​တွင်းစတိုးဆိုင်​တို့သည်​လည်း ဟာလာ
ဟင်းလင်းဖြစ်​တဲ့အထိ အ​ခြေအ​နေ ဆိုးလာခဲ့သည်​။

အဲဒိ စီးပွား​ရေး ယိုင်​နဲ့ လာသည့်​ အ​ခြေအ​နေကို
တည့်​မတ်​ဖို့အတွက်​ ဗင်​နီဇွဲလား အစိုးရ က
ငွေစက္ကူ များကို အ​ရေအတွက်​ ၊ပမာဏများစွာ
ရိုတ်​ထုတ်​ ခဲ့သည်​။တပွဲထိုး နည်းဗျူဟာ ကို
အသုံးပြုခဲ့​ပေမယ့်​ မ​အောင်​မြင်​ခဲ့​ပေ။ ​စီးပွား​ရေး
၌ ​ငွေ​ကြေးအ​ရေအတွက်​ ၊များလာ​လေ​လေ
ငွေ​ကြေးတန်​ဖိုးကျဆင်းလာ​လေ​လေ ဖြစ်​သည့်
သီအိုရီ အတိုင့်း​​သွေဖယ်​သွား ခြင်းမျိုး​တော့
မရှိခဲ့​ပေ။၎င်း ​နောက်​ ​ကော်​ဖီ တခွက်​ တန်​ဖိုး
သည်​ ဘိုလီဗာ ​ငွေ​ကြေး 140,000 ​ပေးရ
တာ က​နေ ရက်​သတ္တပတ်​ အတွင်း၌
ဘိုလီဗာ ​ငွေ​ကြေး 2 သန်းအထိ ​ဈေးတက်
လာခဲ့သည်​။ သမ္မတ Maduroအစိုးရ က
ဒီနှစ်​ထဲ မှာ ​၀န်​ထမ်းလစာ ကို ၄ကြိမ်​အထိ တိုး
ပေးခဲ့​မေယ့်​ ​ငွေ​ကြေးတန်​ဖိုးကျဆင်း​နေ​တော့
ငွေ​ကြေး၏ ၀ယ်​နိုင်​စွမ်းအား သည်​ ​ကျဆင်းမှူ့ 
နှင့်​အတူ အရာ မထင်​ခဲ့​ပေ။

ဗင်​နီဇွဲလား နိုင်​ငံသားတို့သည်​ အစားအ​သောက်
သွင်းကုန်​များကို တင်​သွင်းန်ူင်​မှူ့ ​လျော့ပါးလာ
သော​ကြောင့်​ အစာ​ရေဆာ ငတ်​ပြတ်​မှူ့ အဆင့်​ထိ
တောင်​ တချို့လည်းကြုံ​တွေ့​နေကြရသည်​။အခုလို
တိုင်းပြည်​ ​ချောက်​ထဲ ​ရောက်​​အောင်​ တွနိးချတဲ့
အ​ကြောင်းအရင်း၊အ​ခြေခံသည်​ ​ပေါ်လစီမှားမှူ့ ၊
ဝန်​ထမ်းများတို့၏ အကျင့်​ပျက်​ချစားမှူ့ တို့နှင့်
စက်​မှူ့ လုပ်​ငန်းအများစုတို့ကို ပြည်​သူပိုင်​သိမ်း
ခြင်းတို့သည်​က လက်​သည်​တရားခံ အ​ကြောင်း
အရင်းမြစ်​များပင်​ဖြစ်​ပါ​ကြောင်းထပ်​​လောင်း၍
ပြောဆိုအပ်​သည်​။

ဗင်​နီဇွဲလား နိုင်​ငံတင်​ အင်​ဖ​လေးရှင်း မြင့်​တက်​သည့်
ဒုက္ခ နှင့်​ ကြုံ​တွေ့​နေ​ရသည်​မဟုတ်​။ အီရန်​လည်း
ထိုနည်း၎င်း။ ပြီးခဲ့တဲ့ ရက်​ပိုင်းက အီရန်​​ငွေ​ကြေး
Rial (ရီယားလ်​)သည်​ USDနှင့်​ ယှဉ်​ရာ၌တ​နေ့ထဲကို ၁၂.၅%အထိ အကျ ရှိခဲ့သည်​။ မ​နေ့ကလည်း
တ ​ဒေါ်လာ ကို ဗဟိုဘဏ်​ ရည်​ညွှန်း ​ဈေး
၄၄၀၃၀ ရီးယားလ်​ အထိ ရှိခဲ့သည်​။သို့​သော်​ပြင်​ပ
မှောင်​ခို ​ပေါက်​​ဈေးသည်​ တ​ဒေါ်လာကို
၁၁၂၀၀၀ ရီးယားလ်​ အထိ ​ဈေး​ပေါက်​ခဲ့သည်​။
ဗဟိုဘဏ်​ သတ်​မှတ်​​ဈေး ရဲ့ ၁၅၄% ​လောက်
များ​နေပါသည်​။

Cato အင်​စတီကျု့ မှ ပါ​မောက္ခ Steve Hanke
က​တော့ လက်​ရှိ အီရန်​ ရဲ့ အင်​ဖ​လေးရှင်း ပြဿနာ
ကို ဘူ​ဂေးရီးယားနိုင်​ငံ၏ ဟိုက်​ပါ အင်​ဖ​လေးရှင်း
၌ ဘူ​ဂေးရီးယား သမ္မတ Peter Stoyanov
ကို အကြံ​ပေးခဲ့သည့်​ ပုံစံအတိုင်း အခု အီရန်
အင်​ဖ​လေးရှင်းပြဿနာကို ​ဖြေရှင်းရန်​ အကြံ
ပြုထားသည်​။ဘူး​ဂေးရီးယား အင်​ဖ​လေးရှင်း
ပြဿနာ တုန်းက ဘူး​ဂေးရီးယား ​ငွေ​ကြေး
Lev(လက်​ဗ်​)ကို ဂျာမာန်​​ငွေ​ကြေးMark
(မတ်​)နှင့်​ ချိတ်​တွယ်​ထားပြီး၊ အကျ ကိုထိန်း
မတ်​ထားနိုင်​ခဲ့သည်​။ အဲဒိ ပုံစံက တကယ်​အလုပ်
ဖြစ်​ခဲ့တယ်​လို့ဆိုရမည်​။ဘူ​ဂေးရီးယား အင်​ဖ​လေး
ရှင်းကို တန့်​ရပ်​သွားပြီး၊ ​​ငွေစက္ကူ အဆက်​မပြတ်
အတိုင်းအဆမဲ့ ရိုတ်​ထုတ်​ရမှူ့ လုပ်​ငန်းလည်း
လုပ်​စရာမလို​တော့​ပေ။

အဲဒိ အတိုင်းဘဲ လက်​ရှိအီရန်​ အင်​ဖ​လေးရှင်းကို
ထိန်းဖို့ ပါ​မောက္ခ Hanke က အီရန်​​ငွေ​ကြေး
ကို ​ကျောက်​ဆူးချ ချိတ်​တွယ်​လို့ရမည့်​ ​ငွေ​ကြေး
တခုခုနှင့်​ ချိတ်​တွယ်​ထားရန်​ အကြံပြုခဲ့ပြီး၊
ဒီတကြိမ်​မှာ​တော့ အစိုးရတရပ်​၏ ​ငွေ​ကြေးအစား
ရွှေ ´ ကို "anchor currency "အဖြစ်​ ထား ရန်​ အကြံပြု​လေသည်​။ရွှေ´ ဆိုတာက အစိုးရ
ကိုင်​တွယ်​စီမံ လို့ရသည့်​ ​ငွေ​ကြေးမျိုး မဟုတ်​သည့်
အတွက်​ အမှန်​ ​ဈေးကွက်​၀ယ်​လိုအား၊​ရောင်းလိုအား
အတိုင်းသာ ​ဈေးနှူန်းအတက်​အကျ ရှိ​စေ​သော​ကြောင့်
ဖြစ်​သည်​။

၂၀၁၇၌ ဇင်​ဘာ​ဘွေ နိုင်​ငံ သည်​လည်း အထက်​က
နိုင်​ငံများလို အဖြစ်​ဆိုးမျိုးကြုံဖူးခဲ့သည်​။နေ့စဉ်
ငွေ​ကြေး ​ဖောင်းပွမှူ့ နှူန်းသည်​ ၉၈%အထိ ရှိခဲ့သည်​။
တနှစ်တါငွေ​ကြေး​ဖောင်းပွ မှူ့နှူန်းက​တော့ ၇၉,၆၀၀,၀၀၀,
၀၀၀ %အထိ ရှိခဲ့သည်​။အလုပ်​လက်​မဲ့နှူန်းသည်​လည်း
၈၀%အထိမြင့်​တက်​ လာခဲ့သည်​။တိုင်းပြည်​စီးပွား​ရေး
ထိုးစိုက်​ကျ​နေခဲ့သည်​။ဆိုရှယ်​လစ်​နိုင်​ငံများနည်းတူ
ဇင်​ဘာ​ဘွေ နိုင်​ငံသည်​ ​ငွေစက္ကူ များကို စီးပွား​ရေး
အကျ ရှိတိုင်းရိုတ်​ထုတ်​ခဲ့သည်​။ငွေစက္ကူ အ​ရေအတွက်
က ကြာ​လေများလာဖြစ်​ပြီးစီးပွား​ရေးက နာလန်​မထူ
ဖြစ်​လာရတာက​နေ အဆိုးဆုံးအဆင့်​ ထိ ​ရောက်​လာ
ခဲ့သည်​။ကုန်​စည်​ အ​ရေအတွက်​က နည်းပြီး၊ ​ငွေစက္ကူ
အ​ရေအတွက်​က များ​နေသည့်​အခါ ​ဈေးနှူန်းများ
ထောင်​တက်​တာက​နေ အင်​ဖ​လေးရှင်းက​နေ
ဟိုက်​ပါအင်​ဖ​လေးရှင်း ဘက်​ ကူးခဲ့သည်​။သမ္မတ
မူဂါဘီ က​တော့ ထုတ်​လုပ်​သူများတို့၏ ထုတ်​ကုန်
ဈေးနှူန်းမြှင့်​ ခြင်းကို အပြစ်​တင်​ လက်​ညှိုးထိုး ခဲ့
ပေမယ့်​ မိမိအစိုးရ ကိုယ်​တိုင်​က ​ငွေစက္ကူ အ​ရေ
အတွက်​ ကို အတိုင်းအဆမရှိ ရိုတ်​ထုတ်​ခဲ့တာ​တော့
အပြစ်​မမြင်​ခဲ့​ပေ။

ဇငိဘာ​ဘွေ ပြည်​တွင်းလုပ်​ငန်းစုများတို့က​ထုတ်​လုပ်​မှူ့ ကုန်​ကျစရိတ်​ က မြင့်​တက်
လာ​တော့ ထုတ်​လုပ်​မှူ့ ကို ​လျှော့ချလာကြသည်​။
ထုတ်​လုပ်​မှူ့ ကျ​တော့၊ထုတ်​ကုန်​အ​ရေအတွက်​ကျလာ
ပြီး ​ဈေးနှုန်းများက အဆမတန်​ မြင့်​တက်​လာ
ရာက​နေ အဆိုး​ကြော့သံသရာ လည်​ပါ​တော့သည်​။

ထို့​ကြောင့်​ ဟိုက်​ပါအင်​ဖ​လေးရှင်း သည်​ အတိတ်
တုန်းက လည်းရှိခဲ့သည့်​တိုင်​ မျက်​​မှောက်​​ခေတ်
အစိုးရတို့သည်​က တပွဲထိုး နည်းဗျူဟာ များကို
မြွေမ​ကြောက်​ ကင်းမ​ကြောက်​ အသုံးပြု​နေကြ
ဆဲဖြစ်​သည်​ကို သတိပြုမိကြရန်​နှင့်​မြန်​မာ့အစိုး
ရ ဗဟိုဘဏ်​ အရာရှိတို့ကိုလည်း အထက်​ပါ
အစိုးရများနည်းတူ တပွဲထိုးနည်းဗျူဟာကို
သုံးခဲ့မယ်​ဆိုပါက ၀ိုင်းဝန်းဖိအား​ပေးခြင်းဖြင့်
မိမိတို့ လက်​ထဲရှိ​ငွေ​ကြေးများတို့ကို တန်​ဖိုးမဲ့
အဖြစ်​မ​ရောက်​ရ​အောင်​ ထိန်းသိန်းကြပါလို့
တိုက်​တွန်းရင်း နိဂုံးချုပ်​လိုက်​ရသည်​။
Author -Ko Nay Nay

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @magway-minbu! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

SteemitBoard - Witness Update
Vote for @Steemitboard as a witness to get one more award and increased upvotes!