မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
အတ္တကိုဗဟိုပြုသောအတွေးနဲ့ ပက်သက်ပြီး အနည်းငယ်တင်ပြပါရစေ။ တစ်ချို့ လူတွေရဲ့ လုပ်ရပ်တွေဟာ မလုပ်သင့်မလုပ်ထိုက်တာကို မစဉ်းစားတော့ဘဲ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမယ်ဆို လုပ်နေကြတာ မြင်တွေ့ နေရတယ်။ စည်းဆိုတာလည်း သူတို့ ခေါင်းထဲမဝင်တော့ဘူး။ အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစား ခေတ်ဖြစ်နေပြီ။ ကိုယ့်ရဲ့လုပ်ရပ်ဟာ အားနာသင့်လားလည်းမသိ စော်ကားမိလားလည်းမသိ ။ တစ်ချို့ ကြတောလည်း သိသိကြီးနဲ့  မျက်နှာပြောင်တိုက် လုပ်နေကြတယ်။
အတ္တကိုဗဟိုပြုတဲ့ လုပ်ရပ်တွေဟာ တစ်ဖြည်းဖြည်းများပြားလာကြတယ်။
[crd.org.source](
။မြန်မာလူမျိုးတွေ အားနာတတ်တာကို ချို့ ယွင်းချက်တစ်ခုလို အားနည်းချက်တစ်ခုလို ပြောဆိုသံတွေကြားတော့ ပြုံးမိပါတယ်။ တစ်ဘက်သားကို အားနာတယ်ဆိုတာ သူတစ်ပါးကို အလေးထားတာပါ။ သူတစ်ပါးကိုတန်ဘိုးမထားတဲ့သူက အားနာတယ်ဆိုတဲ့ စကားလုံးကို နားလည်မှာတောင် မဟုတ်ပါဘူး။ ဘာတဲ့ အားနာရင် ခါးပါတတ်တယ်တဲ့။ ဘယ်အရာမဆို သူ့ အပိုင်းနဲ့ သူတော့ ရှိတာပေါ့။ ပြောသင့်ရင် ပြောရမှာဖြစ်သလို လုပ်သင့်ရင် လုပ်ရမှာပါ။ ဆိုလိုတာကစည်းကမ်းကစည်းကမ်းပါ။ လူမှုရေးက လူမှုရေးပါ။ သွားရောလို့ တော့့ ဘယ်ရမလဲ။ အားနာတတ်တာမကောင်းဘူးဆိုတာကတော့ အတ္တဆန်ပါတယ်။ အရာရာကို ကိုယ့်အကျိုးမြတ်တစ်ခုတည်းအမြင်ဖြင့် ကြည့်ရင်တော့ ထိုစကားမျိုးတွေ မှန်ချင်မှန်မှာပေါ့။
မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ စိတ်တူကိုယ်တူ ပေါင်းဖက်နိုင်တဲ့သူ တွေ့ ဖို့ ဆိုတာ မလွယ်ပါဘူး။ အပေါင်းအသင်း ထားတာတောင် အတ္တလေးကိုဗဟိုပြုတွေးကြတာဟာ စိတ်ပျက်စရာကောင်းလှပါတယ်။ ငါ သူနဲ့ ပေါင်းရင် ဘာအကျိုးရှိမလဲ ဘာအကျိုးရမလဲ တွေးတောပြီးဆက်ဆံကြရင် စစ်မှန်တဲ့ အပေါင်းအသင်း ဖြစ်ပါဦးမလား။ သာမှပေါင်းလို့ သာပေါင်းတွေ တွေ့ ဖူးပါတယ်။
အတ္တဟာ လူ့ သဘာဝလို့ ဆိုပေမယ့် ဖြစ်သင့်တဲ့ အတိုင်းအတာကျော်ရင်တော့ မကောင်းဘူးပေါ့။ တစ်ချို့ က အတ္တရှိတာလေးကို ဖုံးဖိထားနိုင်ပေမယ့် တစ်ချို့ က မဖုံးနိုင် မဖိနိုင် ကြဘူး။သူစိမ်းတရံမပြောနဲ့ ကိုယ့်ညီအစ်ကိုမောင်နှမချင်း သားသမီးနဲ့မိဘကြားမှာတောင် အတ္တလုပ်ရပ်ကလေးတွေဟာ ဖြစ်ပေါ်တတ်ကြပါတယ်။ အခြေခံအသိစိတ်ရှိဖို့ လိုသလို အတ္တနည်းအောင် လေ့ကျင့်နေထိုင်တတ်ဘို့ လည်းလိုပါတယ်။ သည်းခံနိုင်ခြင်း စွန့် လွှတ်နိုင်ခြင်းဟာ လူတစ်ယောက်ရဲ့  အနှစ်သာရထဲမှာတစ်ခုအပါအဝင်ပါ။ စွန့် ကြဲပေးကမ်းခြင်းသည် လူတွေချစ်စေတယ်ဆိုတာ အမှန်ပါ။ ငွေကြေး အရာဝတ္ထုတင်မဟုတ်ဘဲ မေတ္တာတရား စာနာမှူ ကရုဏာတရား စတဲ့အရာတွေပေးကမ်းခြင်းဟာလည်း ချစ်ခင်စေပါတယ်။ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ အတ္တများတဲ့သူက မျှော်လင့်ချက်နဲ့ လုပ်ကြတယ်။ စိတ်သဘေားထား ကောင်းတဲ့သူတွေက ပေးကမ်းခြင်း အမြင်ဖြင့် လုပ်ကြပါတယ်။ ရိုးရှင်းပေမယ့် ရလာဒ်ကတော့ အများကြီးကွာခြားပါတယ်။ အမြင်မတူရင် အဖြေမတူနိုင်ပါဘူး။ လူတစ်ယောက်ရဲ့တန်ဘိုးဟာ သူ့ ခံယူတဲ့သဘောထားအပေါ် မူတည်ပါတယ်။ခံယူချက်ကောင်းရင် တန်ဘိုးမြင့်လာနိုင်ပြီး ခံယူချက်နိမ့်ပါးရင်တော့ သူ့ တန်ဘိုးလည်း နိမ့်ပါးမှာပါဘဲ။ စိတ်ထားကောင်းဘို့ ဆိုတာ လူတိုင်းလုပ်နိုင်သောအရာမဟုတ်ပါဘူး။ လူနည်းစုတာလုပ်နိုင်သော ထိုအရည်အချင်းကို ပိုင်ဆိုင်ဖို့ ကြိုးစားကြပါစို့ လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
အတ္တကို ချိုးနှိမ်ဖို့ကြိုးစားနေရတုန်းပဲ
တခါတလေ အတ္တတွေပြိုင်မိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဦးထွေးရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတ္တာဟိ အတ္တနော နာထော
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတ္တက သူ့ နေရာနဲ့ သူဘဲကာင်းပါတယ်။ ရှေ့တန်းတင်လွန်းရင် အဆင်မပြေဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်တော်များများအတ္တနှင့်မကင်းကြပါ....စိတ်ထားပြည့်ဝကောင်းမွန်တာလူနည်းစုပါ....ကောင်းသောပိုစ့်ပါ....
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ညီမ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာသာရေးကတော့ လုပ်နိုင်လေ ကောင်းလေပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဦးယု။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit