အသိ

in myanmar •  6 years ago 

FB_IMG_1524973561560.jpg

မင်္ဂလာပါ ပရိတ်‌သတ်‌ကြီး။ ကျွန်‌‌တော့်‌စိ‌တ်‌ထဲဘဝမကျတာ‌လေး နည်းနည်းတင်‌ပြပါရ‌စေဗျာ။ ကျွန်‌‌တော်‌‌ပြောချင်‌တဲ့အ‌ကြောင်းက တိုက်‌ရိုက်‌‌ရေးလို့ မသင့်‌လို့ သွယ်‌ဝိုက်‌ဘဲ‌ရေးပါ‌စေ။ ယခု‌ခေတ်‌ဟာ ပညာ‌ခေတ်‌လို့ ‌ပြောရ‌လောက်‌‌အောင်‌ အရမ်းတိုးတက်‌‌နေတဲ့‌ အချိန်‌အခါဆိုတာ လူတိုင်းနီးပါး လက်‌ခံကြပါတယ်‌။ အမြင်‌‌တွေလည်းကျယ်‌သလို စဉ်းစားပုံစဉ်းစားနည်း‌တွေကလည်း အဆင့်‌အတန်းမြင့်‌လာပါတယ်‌။ အ‌ကြောင်းအရာတစ်‌ခု အဖြစ်‌အပျက်‌တစ်‌ခုကို ‌ဝေဖန်‌သုံးသပ်‌တဲ့‌နေရာမှာ အဆင့်‌အတန်း‌တွေတဖြည်းဖြည်းမြင့်‌လာပြီ ပညာတတ်‌ဆန်‌လာတယ်‌။ ဆိုလိုချင်‌တာက ‌ခေတ်‌ပညာတတ်‌တစ်‌‌ယောက်‌အမြင်‌လိုမျိုး သမာသမတ်‌ကျပြီး ‌တွေး‌ခေါ်ပုံ‌တွေဟာ အဆင့်‌မြင်‌တယ်‌‌ပေါ့။

education.jpg
crd.org.source

‌ရှေး‌ခေတ်‌တုန်းက ယစ်‌ပူ‌ဇော်‌တာ‌တွေ ၊‌နေကိုးကွယ်‌ ၊လ ကိုးကွယ်‌ ကြတာ‌တွေရှိခဲ့ကြပါတယ်‌။ ကိုယ်‌သိတဲ့ပမာဏနဲ့ အ‌ကောင်းဆုံးကို လုပ်‌‌ဆောင်‌ခဲ့ကြပါတယ်‌။ လူသား‌တွေရဲ့ အသိဉာဏ်‌ဟာ တဖြည်းဖြည်းတိုးတက်‌လာခဲ့ကြပါတယ်‌။ တိုးတက်‌လာတာနဲ့အမျှ ဤဟာ‌ကောင်း၏ ၊မ‌ကောင်း၏၊ ထိုဟာမှန်‌၏ မမှန်‌၏ကို ခွဲခြားသုံးသပ်‌လာနိုင်‌ကြပါတယ်‌။ ဒီ‌နေရာမှာ ဘာကအဟန့်‌အတားဖြစ်‌‌စေလဲဆို‌တော့ ရိုးရာဓ‌လေ့ထုံးစံ ၊ မိရိုးဖလာဆိုတာ‌တွေ ပါဘဲ။ ကျွန်‌‌တော်‌ ဘယ်‌ရိုးရာ ဘယ်‌ဓ‌လေ့လို့ မ‌ပြောသလို မိရိုးဖလာကို မ‌ကောင်းဘူးလို့ဆိုလိုချင်‌တာမဟုတ်‌ပါဘူး။ အဓိကဆိုလိုချင်‌တာက တစ်‌ခုခုကို ကိုယ်‌ယုံကြည်‌ရာ၊ကိုယ်‌မှန်‌တယ်‌ထင်‌‌တဲ့ အရာ‌တွေကို လုပ်‌‌ဆောင်‌ဘို့ အဟန့်‌အတား ဖြစ်‌‌စေတယ်‌လို့ဘဲ ‌ပြောချင်‌တာပါ။ ရခဲလှတဲ့ လူ့ဘဝ‌လေးမှာ ကိုယ်‌ရပ်‌တည်‌‌နေတာ မှားလား မှန်‌လား သိဘို့ အ‌ရေးကြီးသလို ထိုသိတဲ့ အမှန်‌တရားအတိုင်း လုပ်‌‌ဆောင်‌ဖြစ်‌ဖို့လည်း လိုအပ်‌လှပါတယ်‌။

images (4).jpeg

crd.org.source

ပညာဆိုတဲ့အရာမှာ အသိပညာနဲ့အတက်‌ပညာ ဆိုပြီးရှိပါတယ်‌။ အတက်‌ပညာပိုင်း ကိုကျွန်‌‌တော်‌မ‌ဆွေး‌နွေးလိုပါဘူး။ အသိပညာပိုင်းကို‌တော့ နည်းနည်း ‌ပြောချင်‌တယ်‌။ အသိပညာကြွယ်‌ဝတဲ့ ပုဂ္ဂိုလ်‌‌တွေဟာ သာမန်‌လူ‌တွေထက်‌ အမှား အမှန်‌ကို ပိုခွဲခြားဆုံးဖြတ်‌နိုင်‌မယ်‌ဆိုတာ အထူးတလည်‌‌ပြောစရာမလိုပါဘူး။ သူတို့ရဲ့သမိုင်း သူတို့ရဲ့ ‌နေဝင်‌ချိန်‌‌တွေကို ဖတ်‌ရ‌တော့ အ‌တွေးတစ်‌ခု‌တော့ ဝင်‌မိတယ်‌ဗျ။ သူတို့‌တွေဟာ သူတို့သိတဲ့အတိုင်းလက်‌ခံသွားကြပါသလား လို့။
မိတ်‌‌ဆွေဆိုရင်‌‌ကော......

MSC-228
@mahaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အသိပညာသည်​သာအဓိကပါ

မှန်‌ပါတယ်‌မအိ။‌ကျေးဇူးပါ‌နော်‌။

အသိပညာပိုင်းကြွယ်ဝမှသာ အမှား အမှန်ကို ကောင်းစွာခွဲခြားနိုင်မယ်ပြောပြီး အသိပညာကြွယ်ဝတဲ့သူတွေဟာ သူတို့သိတဲ့အရာတိုင်း သိရှိမှတ်သားပြီး သူတို့၏ညဏ်နဲ့ ခွဲခြားဆုံးဖြတ်ခြင်းဖြစ်တဲ့အတွက် များသောအားဖြင့် သိတဲ့အတိုင်း လက်ခံသွားကြမည်ဖြစ်သော်လည်း မိတ်ဆွေတို့အနေနဲ့ဆိုရင်တော့ ညဏ်အားနည်း၍ လက်ခံမည်ဖြစ်ပါသည်။

အသိဉာဏ်‌ကြွယ်‌ဝပြီး အ‌ကောင်းဆုံးမလုပ်‌‌ဆောင်‌နိုင်‌တာ‌တွေ မဖြစ်‌‌စေချင်‌လို့ပါ ကိုသန့်‌။

You got a 4.27% upvote from @emperorofnaps courtesy of @mahaw!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

  ·  6 years ago Reveal Comment

အမှန်တရားက အမှားတရန်လည်း ဖြစ်သွားနိုင်တာကိုး...

အဲ့‌တော့ ....။စစ်‌မှန်‌တဲ့အမှန်‌တရားရှာရမှာ‌ပေါ့ ကိုဟိန်း‌ရေ။

အသိပညာတိုးဖို့ စာများများ ဖတ်ပါ့မယ်

သိပ်‌‌ကောင်းတဲ့ အ‌တွေးပါ။‌ကျေးဇူးပါမတ်‌မတ်‌ကြည်‌။

သံသရာ ဘယ်ကစ မသိတာက စ။
သံသရာဘယ်မှာဆုံး အသိတစ်လုံးမှာဆုံး။

သူတို့ ​ကျော်​ဖြတ်​ခဲ့တဲ့ ​နေဝင်​ချိန်​​တွေဖတ်​ကြည့်​ရင်း အသိတရား​လေး​တွေ​တော့ ရမိပါတယ်​ဗျာ 😊😊

ဟုတ်‌ကဲ့ပါ ကိုလွမ်း။

လူတွေဟာ သိတဲ့အတိုင်း လက်ခံလိုက်တာများပါတယ်

သိတဲ့အတိုင်း လိုက်‌မလုပ်‌နိုင်‌တာ များသလားလို့။

အတတ်ပညာဆိုတာ လူကို ပြန်ပြီး အန္တရာယ်ပေးတတ်တယ် အသိပညာမှာလည်း မပြည့်မစုံတဲ့ အသိပညာ မှားယွင်းတဲ့အသိပညာတွေကလည်း လူကို ပြန်ပြီး အန္တရာယ်ပေးတတ်တယ် ကိုမဟော်ရေ အသိပညာပြည့်စုံတဲ့ ဘ၀မရနိုင်သေးဘူးဗျို့ ဝေးနေဆဲပဲ

မှန်‌တယ်‌ဦးစို‌ရေ၊‌ပြောချင်‌တာတိုက်‌ရိုက်‌‌ပြောမရလို့ လှည့်‌‌မေးကြည့်‌တဲ့သ‌ဘောပါ။

အဓိက က​တော့ အသိပညာကြွယ်​မှ အမှားအမှန်​ဆုံးဖြတ်​နိုင်​မှာ

မှန်‌ပါတယ်‌ဦးယု။‌ကျေးဇူးပါ။

အမှန်နှင့်အမှားကိုခွဲခြားသိမြင်နိုင်မှ
အသိပညာရှိတယ်လို့ခေါ်နိုင်ပါတယ်

ခွဲ ခြားနိုင်‌ပြီး မလုပ်‌‌ဆောင်‌နိုင်‌တာကို သွယ်‌ဝိုက်‌ပြီး ပြ ချင်‌လို့။

တစ်ခါတစ်ရံမှာတော့ လူသားတွေဟာ ကိုယ်သိတဲ့အသိတရားအတိုင်း မလုပ်ဆောင်တတ်ကြပါဘူး။

ကျွန်‌‌တော်‌‌ပေးချင်‌တဲ့ massageက ဒါပါဘဲဗျာ ။ ထိုcmမျိုး‌မျှော်‌‌နေတာ။‌ကျေးဇူးအထူးတင်‌ပါတယ်‌။

အသိပညာသည် အတက်ပညာထက် ပို၍သာလွန်ပါ
သည်လေ

ဟုတ်‌ပါတယ်‌ညီ။‌ကျေးဇူး။

လူဆိုတာထက် အသိပညာလိုက်စားတဲ့လူဆိုတာ ပထမသိထားတာတွေတောင် နောက်မမှန်တော့ဘူးလို့နားလည်နိုင်သူတွေပါ