မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
လူဆိုတာ ကိုယ့်ရွေးချယ်မှု တန်ဘိုးအတိုင်း ဘဝကိုဖြတ်သန်းခွင့်ရတယ်။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ချမ်းသာခြင်း မချမ်းသားခြင်း တန်ဘိုးရှိခြင်း မရှိခြင်း က တစ်ပိုင်းပါ။ ကိုယ့်အယူအဆန့ဲကို အမျိုးမျိုးသတ်မှတ်ကြပါတယ်။ ဘဝကို ငွေကြေးတစ်ခုတည်းနဲ့ တိုင်းတာရင်တော့ ပြည့်စုံတဲ့မှန်ကန်မှု ဖြစ်ပေါ်မှာမဟုတ်ပါဘူး။ ဘဝမှာ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို သတ်မှတ်ဘို့ တစ်ခုတည်းသော စံသတ်မှတ်ချက်ထားဘို့ ဆိုတာ မလွယ်ပါဘူး။ ဘဝကို ငွေကြေးနဲ့ တိုင်းတာမှာလား ကျော်ကြားမှုနဲ့တိုင်းတာမှာလား။ကုသိုလ်ရမှုနဲ့တိုင်းတာမလား စိတ်ချမ်းသာမှုနဲ့ တိုင်းတာမလား။ သေချာတာကတော့ ရှူထောင့်မတူရင် အဖြေမတူနိုင်ဘူး။ အဝိုင်းနဲ့ လေးထောင့်ကို နှိုင်းယှဉ်လို့ မရသလိုပေါ့။ကိုယ့်အယူအဆနဲ့ ကိုယ် ကိုယ့်သဘောထားနဲ့ကိုယ် သတ်မှတ်ကြမှာဘဲ။ ဒါကြောင့် ကိုယ့်ရဲ့ဘဝရပ်တည်မှုကို သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့ ။
အောင်မြင်မှုကို တိုင်းတာချင်ရင် အတိတ်က ကိုယ်နဲ့  ယခု ကိုယ် ပြန်သုံးသပ်ပါ။ တကယ်တမ်းပြောရရင် မိမိတစ်ယောက်တည်းမှာတောင် နယ်ပယ်တွေက အများကြီး။ စီးပွားရေးပိုင်း လူမှုရေးပိုင်း ပညာရေးပိုင်း ဘာသာရေးပိုင်း ဝါသနာပိုင်း စိတ်ချမ်းသာမှုပိုင်း စသဖြင့် နယ်ပယ်တွေ အများကြီးပါ။ မိမိတစ်ယောက်တည်းတောင် စီးပွားရေးပိုင်း အားကောင်းပြီး ကျန်တဲ့အပိုင်းတွေ အားနည်းတာ ရှိချင်ရှိလိမ့်မယ်။ပညာရေးပိုင်း အောင်မြင်ပြီး စီးပွားရေးပိုင်း ကျရှုံးတာဖြစ်ချင်ဖြစ်မယ်။ နောက်ပြီး ကိုယ်တစ်ယောက်တည်း သုံးသပ်ကြည့်တာတောင် တစ်နှစ်နဲ့ တစ်နှစ် မတူနိုင်ပါဘူး။ တစ်ခုအားကောင်းရင် တစ်ခုအားနည်းမှာဘဲလေ။ ဆိုလိုချင်တာက မိမိကိုယ်နဲ့ဘဲ သုံးသပ်ပါ။ သူတစ်ပါးနဲ့ မနှိုင်ယှဉ်မသုံးသပ်ပါနဲ့ ။ ကိုယ့်ထက်ဝင်ငွေကောင်းတာတစ်ခုတည်းနဲ့  ကိုယ့်ထက်သာတယ်လို့ သတ်မှတ်ရင် မှားသွားလိမ့်မယ်။ ကိုယ့်မှာ အပိုင်းဏ္ဍတွေအများကြီး ရှိသလို သူ့ မှာလည်းအများကြီးပါ။ ကိုယ့် ထက်သာတဲ့ အပိုင်းလေးတစ်ခုတည်းကြည့်ပြီး အားလုံးကို ဆုံးဖြတ်လို့ မရပါဘူး။ နောက်ပြီးအပေါ်ယံအမြင်လေးနဲ့  မှန်ကန်စွာ မသုံးသပ်နိုင်ပါဘူး။ တစ်ချိန်တုန်းက ကိုယ်နဲ့ခင်ခဲ့တဲ့ညီတော်မောင် တစ်ယောက် တစ်နေ့ က တွေ့ဖြစ်တယ်။ ပြောရမယ်ဆိုရင် ယခင်အခြေအနေထက် ငွေကြေးအင်းအားကောင်းသလို ဝင်ငွေကောင်းနေတယ်။ နှစ်ယောက်တည်းတွေ့ တော့မှ အစ်ကိုတစ်ယောက်လို ရင်ဖွင့်တယ်။ အိမ်ထောင်ရေးပိုင်း မကောင်း။ မိသားစုပြဿနာတွေ ရှိနေတယ်။သူဝင်ငွေကောင်းပေမယ့် စိတ်မချမ်းသာဘူးတဲ့။ ကိုယ့်ရင်ထဲမကောင်းလိုက်တာ ။ကိုယ်ထင်ထားတာက သူအဆင်ပြေနေတယ်လို့ ဘဲမြင်နေတာပေါ့။ နောက်နိုင်ငံခြားမှာသွားလုပ်နေတဲ့ ငွေကြေးအဆင်ပြေသော သူငယ်ချင်းတွေလည်း ပြဿနာတစ်ခုမဟုတ်တစ်ခုရှိတာတွေ့ရတယ်။ ကိုယ်သိတာက သူတို့ ရင်ဖွင့်လို့ ပါ။ ကိုယ်ကအားကျနေတာ သူတို့ က မင်းထင်သလို မဟုတ်ဘူးတဲ့။ သူတို့ မှာလည်း သူတို့ ပြဿနာ သူတို့ အခက်အခဲတွေနဲ့ ။ ဒါကြောင့်ဘဝအောင်မြင်မှုကို ပြောဆိုရာမှာ နယ်ပယ်ကျယ်ဝန်းပါတယ်။
စီးပွားရေးသမားက စီးပွားရေးနဲ့အကဲဖြတ်သလို ပညာရေးသမားက ပညာရေးန့ဲ သုံးသပ်ကြမှာပါ။ ဘာသာရေးသမားက သူ့အမြင်န့ဲသူ ဆုံးဖြတ်နိုင်သလို ပရဟိတသမားကလည်း သူလုပ်ခဲ့စွမ်းဆောင်ချက်နဲ့ နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။ဘဝ အောင်မြင်မှုကို ကိုယ်အားသန်ရာနဲ့ တင်ပြကြမှာပါ။ အဓိကပြောချင်တာက သူ့ အပိုင်းန့ဲသူပါ။ ကိုယ့်အယူအဆနဲ့ ကိုယ်ပါ။ စီးပွားရေးသမားက ဘာသာရေးသမားကို အထင်သေးနိုင်သလို ဘာသာရေးသမားကလည်း စီးပွားရေးသမားကို သနားနေနိုင်ပါတယ်။ အထက်မှာပြောခဲ့သလို ရှူထောင့်မတူရင်အဖြေမတူနိုင်ဘူးလေ။ မိမိတစ်ယောက်တည်းတောင် ပညာရေးအာသာတဲ့နှစ်ရှိသလို စီးပွားရေးအားသာတဲ့နှစ်ရှိပါတယ်။ မိမိကိုယ်သာ မိမိန့ဲယှဉ်ပြိုင်ပါ။ တိုးတက်မှုရှိ မရှိသုံးသပ်ပါ။သေချာစေတာကတော့ အောင်မြင်ခြင်းမှာ စိတ်ချမ်းသာမှု ၉၀% လောက် ပါသင့်ပါတယ်။ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ့်အပေါ်စိတ်ချမ်းသာမှု ဘယ်လောက်ရသလဲ ဆိုတာန့ဲ ချိန်ထိုးရမှာပါ။ သူတစ်ပါးန့ဲနှိုင်ယှဉ်လို့ မရပါဘူး။ မိမိမှာရှိတဲ့ အပိုင်းဏ္ဍစုံကို ဘက်စုံအောင်မြင်အောင် မိမိနဲ့သာ အောင်မြင်မှုကို အကဲဖြတ်ပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
ချမ်းသာခြင်းအစစ်အမှန်ကို ရှာတပ်မှရမှာပါ ဆရာဟော်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ဦးရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူတိုင်းမှာ သူ့ပြဿနာနဲ့သူပါ ကိုယ်တစ်ယောက်ထဲမှမဟုတ်ပါဘူး နေတတ်သွားရင် အေးချမ်းသွားတာပ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ဦးထွေး ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘဝမှာ အောင်မြင်မှု စိတ်ချမ်းသာမှု ဝင်ငွေရော မျှတချင်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြုးစားလေဖြစ်လာမှာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြည့်စေဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြည့်ရပါလို ၏ ဗျာ
ဆရာမောင်လတ် အကို မဟော် ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
control our mind yes or no
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်မှုကို တိုင်းတာတဲ့နေရာမှာ နယ်ပယ်အရမ်းကျယ်ဝန်းတဲ့အတွက် သူ့အပိုင်းနဲ့သူ ယူဆနေကြမယ်လို့ ရေးသားပြထားတာ အရမ်းနှစ်သက်စရာကောင်းတဲ့ အရေးအသားဖြစ်ပါတယ်။ကျွန်တော်တို့ အစ်ကိုတို့လို အသက်အရွယ်အပိုင်းအခြားတွေမှာ ဒီခံစားချက်မျိုးရှိနေတာဖြစ်တဲ့အတွက် ဒီအချိန်ဖတ်ရတာ ပိုမိုထိမိပြီး စိတ်ကိုအားဖြစ်စေပါတယ်အစ်ကို။စီးပွားရေးသမား ဘာသာရေးသမားစသည်ဖြင့် ခိုင်းနိုင်းပြထားတာ တိကျပြီး လိုချင်တဲ့ ပေးချင်တဲ့ Massage ကို တိကျပေါ်လွင်စေပါတယ်အစ်ကို။
မိမိကိုယ်ကို နိုင်းယှဉ်ပြီး စိတ်ချမ်းသာမှုကို အဓိကထားပြီး ချိန်ထိုးပြထားတာဟာ တန်ဖိုးရှိသော အရေးအသား post လေးပဲ ဖြစ်ပါတယ်အစ်ကိုမဟော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်လိုပြန်ပြောရမလဲမသိလောက်အောင် ပါဘဲ။ကိုသန့်  cm ဖတ်ရတာနဲ့ တင် ရေးရကျိုးနပ်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျင်လည်နေသရွေ့ ပြသနာတွေနဲ့  နပမ်းလုံးနေရမှာပါပဲဗျ။ attitude က ပဲစကားပြောပါလိမ့်မယ်လို့  ထင်ပါတယ် Bro
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းလွန်းလို့ ဘယ်လိုမန့်ရမှန်းတောင်မသိဘူး။
ရင်ထဲရောက်ပြီး တစ်စိမ့်စိမ့်တွေးရစေတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြောတတ်ပါ့။ကျေးဇူးပါညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit