မင်္ဂလာပါ မိတ်ဆွေတို့ ။
တစ်နေ့ က ငယ်သူငယ်ချင်းဆီဖုန်းဆက်ဖြစ်တယ်။ မတွေ့ တာအ်ေကြာပါပြီ။ ငယ်သူငယ်ချင်းတွေဖြစ်သလို စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ချစ်သူငယ်ချင်း ပါ။ သူက ကျွန်တော့်ဇာတိ ရေနံချောင်းမှာပါဘဲ။ ဖုန်းဆက်တော့ သူ့ အမျိုးသမီးဖုန်းကိုင်တယ်။ ဘာပြောလဲဆိုတော့ ဘုရားရှိခိုးနေတယ်တဲ့။ ကျွန်တော်ကပြောလိုက်ပါတယ် သူဘုရားရှိခိုးပြီးမှ ဖုန်းဆက်ကြောင်းပြောပေးပါလို့ ပြောပြီး ဖုန်းချလိုက်ပါတယ်။
ကျွန်တော်ဖုန်းဆက်တဲ့အချိန်က ညနေ ၆း၀၀ ကျော်လောက်တော့ ရှိမယ်။ ကျွန်တော်လည်း ဖုန်းအသုံးပြုရင်း သူငယ်ချင်းဆီက ဖုန်းကိုစောင့်နေပါတယ်။ ဖုန်းက 7း00နာရီလည်းမလာ 8း00လည်းမလာ ဆိုတော့ သူ့ အမျိုးသမီးများ ပြောဖို့ မေ့သွားသလားလို့ တောင်ထင်မိပါတယ်။ 8နာရီခွဲခါနီးတော့ သူငယ်ချင်းဆီက ဖုန်းလာ ပါတယ်။ သယ်ရင်း ဘုရားရှိခိုးတာ အခုမှပြီးတာလားဆိုတော့ ဟုတ်တယ်တဲ့။ ထိုစကားကြားတော့ ရင်ထဲကြည်နူးမှုဖြစ်ရပါတယ်။ ဘယ်ဆိုးလို့ လဲ ကြာတာဘဲပြောတော့ တရားထိုင်တာကတော့ တစ်နာရီဝန်းကျင်ပါဘဲ ကျန်တာက ပရိတ် ပဌာန်း ရွတ်နေလို့ ပါတဲ့။ နေ့ တိုင်းလုပ်ဖြစ်လားဆိုတော့ နေ့ တိုင်းလုပ်နေပါတယ်တဲ့။ ငါကတော့ လုပ်လိုက် မလုပ်လိုက်ဘဲသူငယ်ချင်းရေလို့ ပြောတော့ ပြန်ပြောတယ်ထင်လဲ။ Fb မှာ မင်းpostတွေ မြင်တော့ ငါ့သူငယ်ချင်းကြီး တော်တော်လုပ်နေပြီထင်နေတာတဲ့။ ထိထိမိမိ မလုပ်ဖြစ်သေးကြောင်း မင်းအခုလို ပုံမှန်လုပ်ဖြစ်တာ ကောင်းတဲ့အကြောင်း ပြောမိပါတယ်။ သူတစ်ပါးကို လုပ်ပါလုပ်ပါလို့ ပြောပြီး ကိုယ်တိုင်က လုပ်ဖို့ အားနည်းရင် ရှက်စရာလို့ မြင်မိတယ်။ ကိုယ်လည်း planလေးတော့ဆွဲထားမှလို့ တွေးမိလိုက်တယ်။
[crd.org.source](
ပွင့်ပွင့်လင်းလင်း ပြောရရင် မိတ်ဆွေတို့ ကို ဟိုနေ့ ကpostကတည်းက လုပ်စေချင်တာတစ်ခုရှိတယ်။ မိမိကိုယ်ကိုယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ ဆောင်းပါးတုန်းကတိုင် ရေးချင်တာပါ။ ဒဲ့ရေးရင် ဘာသာရေးသီးသန့် ပုံစံလို့ ထင်မှာစိုး၍ မရေးခဲ့ပါဘူး။ အခုတော့ ရေးပါရစေဗျာ။ ဘာလဲဆိုတော့ မိတ်ဆွေ တို့ အားလပ်တဲ့အချိန် အလုပ်လုပ်နေတဲ့အချိန်မျိုးမှာ ဂုဏ်တော်လေးပွားစေချင်တယ်။ ကိုယ်နှစ်သက်ရာကို စိတ်ထဲကရွတ်နေစေချင်တယ်။
လောလောဆယ်ကျွန်တော်ဟာ သီးသန့် ကြီး ဘုရားခန်းမှာ ပုတီးထိုင်မစိပ်ဖြစ်ပေမယ့် သတိရတဲ့အချိန်တိုင်း စိတ်ထဲကတော့ ဂုဏ်တော်ကိုရွတ်မိတဲ့အကျင့်တော့ ဖြစ်မိတယ်။ ဒီအကြောင်းတွေဟာ ကြွားစရာမဟုတ်ပါဘူး။ ဘာသာရေးန့ဲပက်သက်ရင် နည်းနည်းချင်းကစလုပ်ပြီး အလေ့အကျင့်ဖြစ်သွားအောင် လုပ်စေချင်လို့ ကျွန်တော်အနေန့ဲတင်ပြရေးသားခြင်းသာဖြစ်ပါတယ်။ လူငယ်တော်တော်များများက ဘုရားခန်း မဝင်မိသလို ဝင်လေထွက်လေ သတိကပ်ပြီးနေဘို့ ကိုလည်း အားမသန်ကြဘူးလေ။ လူတိုင်းနီးပါးရတဲ့ ဘုရားဂုဏ်တော်ကို စိတ်ထဲကရွတ်တဲ့အလေ့အကျင့်ကောင်းလေး ဖြစ်စေခြင်တာပါ။ ဘာကောင်းတယ်ညာကောင်းတယ်လို့ မရေးချင်ပါဘူး။ ဘုရားကို ကြည်ညိုတဲ့စိတ်နဲ့ ဘဲ ရွတ်ဆိုပွားများနေပါ။ အချိန်တစ်ခုတည်းမှာ အလုပ်နှစ်ခုပြီးသလို မိမိကိုယ်ကို အကောင်းဆုံးတည်ဆောက်နေခြင်းလည်းဖြစ်ပါတယ်။ အလေ့အကျင့်ထုံလာရင် တန်ဖိုးဟာ မြင့်သထက်မြင့်လာပါတယ်။ ကျွန်တော်ကတော့ ဘာသာရေးကို ရေးလက်စနဲ့  ရေးပြီဗျာ။ မကြိုက်ရင် ကျော်သွားပေးပါ။ တစ်ခုတော့ ကျွန်တော်သစ္စာဆိုရဲပါတယ်။ မိတ်ဆွေတို့ ကိုကောင်းစေချင်လို့  ဟင်းကောင်းတစ်ခွက်ကို သုံးဆောင်စေချင်လို့ ရေးနေတာပါ။ တကယ်တန်ဘိုးရှိသော လုပ်သင့်သောအလုပ်မလို့ ပါ။ ကျွန်ေ်အများကြီးမပြောတတ်ပေမယ့် သိသလောက်လေးနဲ့  တိုက်တွန်းနိုးဆော်နေခြင်း ဖြစ်ပါကြောင်းပြေကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
အကျင့်ကောင်းတွေက ဘဝကောင်းစေမှာပဲ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါကိုဟိန်း။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပ္ပမာဒေန သမ္ပာဒေထ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သာဓုပါဗျာ။ကျေးဇူးလည်းတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ရေးပါဥဥ ဥဥရေးတဲ့ပိုစ်အမှန်သမျှ ဒီနေကအစ စောင်ဖတ်နေပါမယ်ဥဥရ😃😃😃😃
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အယ်လဲ့ တကယ်ကြီးလား။ကျေးဇူးပါခေး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 4.59 % upvote from @boomerang.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you for support.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့...တစ်ချိန်တည်းအလုပ်နှစ်ခုပြီးမြောက်ပြီးအခြားအတွေးလည်းမ၀င်တော့ပါဘူး....
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မယွန်းရေ ကျေးဇူးအထူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သတိရတဲ့အချိန်တိုင်း ဗုဒ္ဓ ဓမ္မ သံဃံ ဂစ္ဆာမိရွတ်နေမိပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ကောင်းတဲ့အတွေးပါဗျာ။ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆရာ့ ရဲ့ဓာပ်ပုံလင့်ကလည်း အရုည်ကြီး ☺ ☺ ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
postရှည်တယ်လို့ ထင်ရအောင် မပြင်တော့တာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit