မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။
ကျွန်တော်တို့ လူသားတွေ ဘဝကို ဖြတ်သန်းကြရာမှာ ခံယူချက်အမျိုးမျိုးဖြင့် ဖြတ်သန်းကြပါတယ်။ ဘယ်လိုခံယူချက်မျိုးဖြစ်စေ မိမိခံယူချက်ကို ကျေနပ်နှစ်သက်ဖို့ အရေးကြီးလှပါတယ်။ ဘဝဆိုတာတစ်ခါဘဲလျှောက်ရခွင့်ရတဲ့လမ်းလို နှစ်ခါလျှောက်ခွင့်မရပါဘူး။ မိမိခံယူချက်နဲ့ လျှောက်တဲ့ဘဝကို သူတစ်ပါးဘဝနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒါဟာ မဖြစ်သင့်ဆုံးအလုပ်ပါ။ သူတစ်ပါးဘဝမျိုးကိုလိုချင်လျင် အစောကတည်းက ကိုယ့်planထဲ ကိုယ့်ခံချက်ထဲထည့်ထားပါ။ ဒီဘက်လမ်းကို ရွေးချယ်ပြီးမှ ဟိုဘက်လမ်းရဲ့ ကောင်းကျိုးတွေကို တမ်းတနေမယ်ဆို မိမိကိုယ်ကိုဒုက္ခပေးတာပါဘဲ။
ဥပမာ အပျိုကြီး လူပျိုကြီးတွေဆိုပါတော့။ အိမ်ထောင်ပြုရမလား အပျိုကြီး လူပျိုကြီးလုပ်မလား။မဆုံးဖြတ်ခင် နှစ်ခုလုံးရဲ့ကောင်းကျိုးဆိုးကျိုးအပြင် မိမိရဲ့စိတ်ဆန္ဒမိမိရဲ့typeကို ဦးစားပေးထည့်စဉ်းစားရမှာပါ။ သူများတွေ အိမ်ထောင်ပြုတာကောင်းခြင်းမကောင်းခြင်း အပျိုကြီးလုပ်တာကောင်းခြင်းမကောင်းခြင်းဖြင့်တိုင်းတာဆုံးဖြတ်ရင်တော့ သင်နောင်တရဘို့ များနေပါပြီ။ သူတစ်ပါးနှစ်သိပ်မှုရတယ်ဆိုတာ အလကားပါ။ မိမိကိုယ်ကို နှစ်သိပ်နိုင်ဘို့ ကိုယ့်ခံယူချက်ကို အားပေဖို့ က အရေးကြီးပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်အတွက် ဒေါင်ကျကျ ပြားကျကျပေါ့။ လူတိုင်းလူတိုင်းရဲ့ဘဝအောင်မြင်မှုကို တိုင်းတာနိုင်ဘို့ ဆိုတာခက်ခဲပါတယ်။ သူ့ ဘဝရဲ့ ဘဝအောင်မြင်မှုကို သူသာအသိဆုံးပါ။ ကျွန်တော်တို့ က သူ့ ခံယူချက်မသိဘဲ ဘေးက ဆုံးဖြတ်တိုင်းတာပေးရင် မှန်သင့်သလောက်မှန်မယ်မထင်ပါဘူး။ ဒီလိုဘဲ ကိုယ့်ရဲ့အောင်မြင်တိုးတက်မှုကို မိမိသည်သာအသိဆုံးပါ။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်ရဲ့အိမ်သူသက်ထားတောင် မသိနိုင်ပါဘူး။ မသိလို့ ပူညံပူညံ လုပ်တတ်ကြတာပေါ့။
ရုရှားစာရေးဆရာကြီးတော်စတွိုင်းဟာ ဥပမာပေးလို့ အကောင်းဆုံးပါ။ သူဟာ သူ့ ဘဝကို သူခံယူချက်အတိုင်း ဘဝကိုကုန်ဆုံးစေခဲ့တယ်။ ဖြတ်သန်းခဲ့တယ်။ ဒါကို သူတစ်ပါးတွေက အမြင်အမျိုးမျိုးဖြင့် ဝေဖန်သုံးသပ်ကြတယ်။ စာနာသနားတဲ့သူတွေရှိသလို ချီးကျူးသူတွေလည်းရှိကြတယ်။ မှန်တယ်လို့ ပြောတဲ့သူရှိသလို မှားတယ်လို့ ပြောကြတဲ့သူတွေလည်း ရှိပါတယ်။ ဟုတ်ပြီ ဘဝအောင်မြင်မှုကို ဘာနဲ့ တိုင်းတာကြတာလဲ။ သူ့ ဘဝကို သူ့ ခံယူချက်နဲ့ တိုင်းတာ တာက အဖြစ်သင့်ဆုံးလို့ မြင်မိတယ်။ သူ့ ရဲ့ခံယူချက် သူ့ ရင်ထဲက စိတ်ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ က သိတာမှမဟုတ်ဘဲ။ သူ့ အောင်မြင်မှု ရှုံးနိမ့်မှုကို သူသာအသိဆုံးဖြစ်မှာပါ။ သေချာစေတာတစ်ခုကတော့ သူ နေထိုင်မှုပုံစံကို လုံးဝပြောင်းလဲလိုက်တာ ဟာ သူနေချင်တဲ့ဘဝကို ရအောင်နေသွားတယ်လို့ တော့ ပြောလို့ ရတယ်။ ဘဝကိုအရိုးဆုံးပုံစံဖြင့် နေထိုင်သွားတယ်။ ကျော်ကြားမှုတွေ ပါတီပွဲတွေရှောင်တယ် ဖျဉ်ကြမ်းအကျီ င်္ဝတ်တယ် ပန်းကန်ခွက်ယောက်တွေကို သစ်သားခွက်ဖြင့် အသုံးပြုတယ်။ စာမူတွေကို အလကားပေးပြစ်တယ်။ ငွေကြေး ကျော်ကြားမှု အခြွေအရံလိုချင်တဲ့ သူ့ မိန်းမနဲ့  ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သွားတာပေါ့။ သူ့ မိန်းမလိုချင်တဲ့ အောင်မြင်မှု ပုံစံနဲ့  သူလိုချင်တဲ့အောင်မြင်မှုပုံစံ မတူကြဘူးလေ။ သူ့ ရဲ့ခံယူချက်ကို သူ့ မိန်းမတောင်မသိတာ သူတစ်ပါးတွေက ဝေဖန်အကဲဖြတ်ရင် မှန်နိုင်ပါ့မလားဗျာ။
ကိုယ်ခံယူချက်ကိုလေးစားရင် ဘဝမှာ ပျော်စရာအတိပါ။ သူတစ်ပါးနဲ့ နှိုင်းရင် ရိုင်းချင် ရိုင်းသွားနိုင်ပါတယ်။ မှားသွားနိုင်ပါတယ်။ ဆိုလိုချင်တာက ကိုယ့်ခံယူချက် ပြတ်သားဘို့ လိုတယ်။ နောက်တစ်ခါ ထပ်ပြောပါ့မယ်။ ကိုယ်လုပ်ချင်တာ ပြတ်သားဘို့ လိုတယ်။ ကိုယ့်အောင်မြင်မှုကို ကိုယ်ဘဲ သတ်မှတ်လို့ ရတာပါ။ မိမိအောင်မြင်မှုဟာ မိမိလက်ထဲတွင်သာရှိတယ်ဆိုတာ ဒါကိုပြောခြင်းပါ။ ကိုယ့်ရဲ့အောင်မြင်မှုဟာ ငွေကြေးလား ပညာရေလား ဝါသနာလား ကျော်ကြားမှုလား ဝါသနာလား ဘာသာရေးလား ပရဟိတလား စိတ်ချမ်းသာမှုလား စသဖြင့် ဘယ်လိုဘဲရှိရှိ ကိုယ့်ခံယူချက် ပြတ်သားဘို့ အရေးကြီးပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
ဆုံးဖြတ်ချက်ရဲရဲချဖို့ လိုတယ်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်ညီမ။ ကျေးဇူးပါနော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခံယူချက်ပြတ်သားဖို့လိုတာပေါ့နော့....ကောင်းသောပိုစ့်ပါ....
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါညီမ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့ဗျာ ခံယူချက်ဝိုးတဝါးဆိုရင် ကမ်းမမြင်ရတဲ့ရေကူးသမားလိုပါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဦးယု။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြတ်သားရမယ် ကိုယ့်စိတ်ကူးအတိုင်းနေထိုင်မယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
That right.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 6.71 % upvote from @boomerang.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ်အစ်ကို ခံယူချက်ပြတ်သားဖို့ အရေးကြီးပါတယ်။အဲဒါမှ မိမိဘဝကို မိမိလိုချင်တဲ့ပုံစံမျိုးလေးရောက်အောင် ဖန်တီးဆောင်ရွက်သွားနိုင်တော့မှာပေါ့။ဥပမာပေးထားတာလည်း ကောင်းမွန်လှပါတယ်။ကောင်းမွန်သော post လေးပါခင်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ှေခးအမြင် ဥဥကိုပြောကြည့်မယ်နော် အောင်မြင်မှု တစ်ရဖို့ဆွာ..... ငွေ ကြေး က. . စကားပြောတာ.. 😩😩ငွေကြေး မရှိရင် ဘာလုပ်လုပ်.. ဘာအလုပ်မှ. ပြတ်သားနိုင်မှုမရှိ လူတွေကိုစိတ်ဒုက္ခပေးနိုင်ဆုးံအရာက အဲဒီငွေေ.ကြး ဆိုတဲ့ အသပြာ 😢😢😢
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @mahaw! You received a personal award!
Happy Birthday! - You are on the Steem blockchain for 1 year!
Click here to view your Board
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit