မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ မင်းရဲကျော်စွာ ဟာ စစ်တိုက်တော်ရုံတင်မကဘူး သူရဲကောင်းတွေကိုလည်း ချစ်တတ်တယ်။ ရန်သူ့ဘက်ကသူရဲကောင်းတွေတောင် ခေါ်ယူတွေ့ဆုံပြီး ချီးမြှောက်လေ့ရှိတယ်။ ထိုခေတ်ကဘုရင်တွေဟာ လေးစားစရာကောင်းတယ်။ တိုက်ပွဲမှာ သူသေကိုယ်သေတိုက်ကြပေမယ့် နားတဲ့အချိန်တွေမှာတစ်ဖက် သူရဲကောင်းတွေကို ခေါ်ယူချီးမြှင်ကြတယ်။ ရာဇာဓိရာဇ်ဘက်ကသူရဲကောင်းတော်တော်များများကို မင်းရဲကျော်စွာချီးမြှင့်ဖူးတယ်။ လဂွန်းအိန်တောင် ဆေးကုဘို့ ဘယ်လိုချော့ပြောပြောမရလို့ လက်လွှတ်လိုက်ရတာ။ သူကိုယ်တိုင် သူစားတဲ့ရွှေကွမ်းအစ်ထဲက ယာပြီး လဂွန်းအိန်ကိုကျွေးတာ။ မင်းရဲကျော်စွာဆို ရာဇာဓိရာဇ်နဲ့ ဟံသာဝတီသားတို့ကလည်း ရှိန်တယ်။ သူတို့မှာ သမိုင်းကြောင်းရှိသလို ယုံလည်းယုံကြည်ထားကြတာကို။ ထိုခေတ်က ဟူရာပုဏ္ဏားတို့ရဲ့စကားကို ဘုရင်တောင်အလေးထားတဲ့ခေတ်၊ ယုံကြည်တဲ့ခေတ်လေ။ အခုလည်းကြည့်ဦး မင်းရဲကျော်စွာနဲ့တွေ့မှဘဲ စစ်ပွဲတောက်လျှောက်ရှုးံနေသလို အားထားရတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက်ကျဆုံးနေရတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရာဇာဓိရာဇ်တို့ ဟံသာဝတီသားတွေ တပန်းရှုံးနေတာလည်း ပါတာနေမှာပေါ့။ ဒီနေရာမှာ ကျွန်တော်တစ်ခုအံ့သြတာလေး ပြောပါရစေ။ ရာဇာဓိရာဇ်တပ်ဆုတ်ထွက်ပြေးသွားတော့ မင်းရဲကျော်စွာက သူ့ဖခင် ဘုရင်မင်းခေါင်ကို ပြောတယ်။ လိုက်ပြီး ပဲခူးကိုသိမ်းဘို့၊ ရာဇာဓိရာဇ်ကို အပြုတ်ချဖို့ တိုက်တွန်းတယ်။ ရာဇာဓိရာဇ်မှာ စစ်သေနာပတိတွေလည်းမရှိတော့ဘူး၊ နောက်သူရဲကောင်းသမိန်ဗရမ်းလည်း ဖမ်းထားပြီးပြီ။ အစွယ်ကျိုးနေတဲ့ဆင်ကို အလွယ်တကူတိုက်လို့ရကြောင်း ပြောပေမယ့် ဘုရင်မင်းခေါင်က လက်မခံဘူးဗျ။ အံ့သြစရာ။ မိုးလေကျပြီ အင်းဝကို ပြန်မယ်တဲ့။ မင်းရဲကျော်စွာ ထပ်တောင်းဆိုလွန်းလို့ သားနေချင်နေခဲ့ အဖေကတော့သမိန်ဗရမ်းကိုခေါ်ပြီး အင်းဝကို ပြန်မယ်တဲ့ဗျာ။ ဘုရင်မင်းခေါင်လည်း ရာဇာဓိရာဇ်ကို ရန်သူဆိုပေမယ့် နှစ်ပေါင်းများစွာစစ်တိုက်ဖက်ဆိုတော့ သံယောဇဉ်လည်းအနည်းငယ်ရှိချင်ရှိမှာပေါ့နော်။ ကျွန်တော့်အမြင်ပြောကြည့်တာပါ။ ထိုအချိန်မှာ သူတို့အသက်တွေကလည်း ကြီးနေပြီလေ။ တကယ်တမ်း ဘုရင်မင်းခေါင်ကြည်းတပ်နဲ့ မင်းရဲကျော်စွာရေတပ်ပေါင်းပြီး ပဲခူးကိုသိမ်းပိုက်လိုက်ရင် သမိုင်းဟာ တစ်မျိုးတဖုံ ပြောင်းသွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာဇာဓိရာဇ်က ပဲခူးတောင်မနေရဲတော့လို့ သူ့သားကိုနန်းစောင့်ထားပြီး မုတ္တမထိ ပြေးတာ။ မိဖုရားတွေ သမီးတော်တွေကောခေါ်ဆောင်သွားတာ။ ထိုအချိန်ကရှင်စောပုဘုရင်မကြီးလောင်းလျာ ရှင်ဖြူလေးတောင် မုတ္တမဘက်တိမ်းရှောင်တုန်းကပါသေးတယ်။
မင်းရဲကျော်စွာလည်း မိုးတွင်းသုံးလပတ်လုံး ရာဇာဓိရာဇ်ပိုင်တဲ့မြို့တွေကို တစ်မြို့ပြီးတစ်မြို့ လိုက်သိမ်းတော့တာဘဲ။သန်လျင်ကိုမတိုက်တော့ဘဲ နောက်ဆုံးပဲခူးကို တိုက်ပါလေရော။ သန်လျင်ကို ချန်ခဲ့တာ သူ့အတွက် မကောင်းဘူးဆိုတာ သတိမထားမိခဲ့ဘူး။ ပဲခူးကို တိုက် ပေမယ့်မသိမ်းနိုင်ဘူးဖြစ်နေတယ်။ ဝိုင်းဘဲဝိုင်းထားနိုင်တယ်။ တကယ်တမ်းမင်းရဲကျော်စွာတပ်က စစ်ပန်းနေပြီ၊ အညာသားတွေ မိုးတွင်းမှာ စစ်တိုက်ရတော့ ပိုပင်ပန်းတာပေါ့။ ထိုအချိန်မှာ ရာဇာဓိရာဇ်က မုတ္တမမှာ အနားယူပြီး လူသူစုဆောင်းပြီး စစ်အင်အားဖြည့်နေတယ်။ နောက်ဆုံး မိုးကုန်တော့ မင်းရဲကျော်စွာတပ်ကို ရာဇာဓိရာဇ်နဲ့ သူ့သား ဗညားကျန်းတို့ညှပ်တိုက်ဘို့စီစဉ်တယ်။ မုတ္တမကနေ ရေကြောင်းနဲ့ မုတ္တမကွေ့ကိုဖြတ်ပြီး သန်လျင်ကိုတပ်စွဲတယ်။
လာပါပြီ အံ့သြစရာတွေ လာပါပြီ။ ရာဇာဓိရာဇ်ကစစ်တိုက်မယ်ဆိုတော့ သူ့ရဲ့ထုံစံအတိုင်း ဟူးရာပုဏ္ဏားတွေကို ဗေဒင်မေးတာပေါ့ဗျာ။ ပုဏ္ဏားသုံးဦးဟောချက်ကကြောက်စရာ။ မင်းရဲကျော်စွာ တန်ခူးလဆန်း၎ ရက်မှာ ကံတော်ကုန်မယ်တဲ့။ ရာဇာဓိရာဇ်လည်း သူ့သားကို တန်ခူးလဆန်း ၃ရက်နေ့ ညှပ်တိုက်ဘို့ အကြောင်းကြားလိုက်ပါတယ်။ မင်းရဲကျော်စွာတပ်လည်း စစ်ပန်းတာကတစ်ကြောင်း ၊ညှပ်တိုက်ခံရတာကတစ်ကြောင်း အခြေအနေမလှဘူးပေါ့။ ဗေဒင်ယုံတဲ့ ရာဇဓိရာဇ်က လဆန်း၎ရက်နေ့ မင်းရဲကျော်စွာကို စီးချင်းထိုးဘို့ စိန်ခေါ်ပါလေရော။ ဟိုကလည်း သူအမုန်းဆုံးသူကို တိုက်ရမှာဆိုတော့လာထားပေါ့။ ထို့အတူဘဲ အင်းဝဘက်ကပုဏ္ဏားတွေကလည်း ကံနိမ့်တာကိုသိတော့ မင်းရဲကျော်စွာကို မတိုက်ဘို့တားတယ်။ မရ ၊ သေနာပတိတွေ မှူးကြီးမတ်ကြီးတွေပြောလည်းမရ။ အသက်ကလည်းငယ်တယ်၊ မင်းသားဆိုတော့ ငါလုပ်မယ်ဘယ်သူမှမတားနဲ့ပုံစံမျိုး ဖြစ်မှာပေါဗျာ။ ရာဇာဓိရာဇ်က စီးချင်းထိုးရင် သူကြောက်တာတစ်ခုရှိတယ်။ သမိန်ဗရမ်းအဖမ်းခံရတုန်းက ပါသွားတဲ့ ဗဂမက်ဆင်ကို စီးချင်းတိုက်ပွဲမှာ တွေ့မှာစိုးရိမ်နေတယ်။ သူကိုယ်တိုင် စီးပြီး တိုက်ခဲတဲ့ ဆင်ဆိုတော့ သူလန့်နေတယ်။ နောက်ဆုံး ထိုဆင်ကိုထိန်းခဲ့တဲ့ ဆင်ဦးစီးခေါ်ပြီး တာဝန်ပေးတယ်။ ရန်သူတပ်ထဲဝင်ပြီး ထိုဆင်ရဲ့ခြေထောက်ကို သံမှိုရိုက်ခိုင်းသတဲ့ဗျာ။ သြော် ကျွတ် ကျွတ်...။ ခိုင်းရက်ပါပေ့ သခင်ရယ်။ တစ်ချိန်တုန်းက ဖေ့သားကြီးဆို။ ဆင်ဦးစီးလည်း ခိုးဝင်ပြီး ဆင်နားကပ်တော့ ဆင်က သူ့သခင်ကိုမှတ်မိပြီး ငိုရောတဲ့ဗျာ။ ကျွန်တော့်ရင်ထဲမှာတော့ တစ်စို့စို့ ကြီးဖြစ်နေပြီ မိတ်ဆွေတို့ရေ။ လူနဲ့ တိရစ္ဆာန်ရဲ့ လွမ်းခန်း မြင်ကွင်းပေါ့။ နှစ်ဦးသား ဖက်ငိုကြသတဲ့။ ဆင်ဦးစီးလည်း ရာဇာဓိရာဇ်ခိုင်းတဲ့အတိုင်း မလုပ်ရက်တော့ ပါးစပ်နဲ့ဘဲ ဆင်ကိုမှာသတဲ့။ မနက်ဖြန်တိုက်ပွဲမှာ ဟံသာဝတီဘက် မင်းတိုက်ရင် ငါတို့ တစ်ဆွေမျိုလုံး အသတ်ခံရမှာ လို့ပြောပြီး ဒီအတိုင်း ပြန်လာခဲ့တယ်။ ရာဇာဓိရာဇ် ပြန်သံတော်ဦးတင်တော့ ဟိုကဘယ်လက်ခံမလဲ။ သူ့ဘို့ပဲ ကြည့်တဲ့သူဆိုတော့ ဆင်ဦးစီးနဲ့ တစ်ဆွေးမျိုးလုံးဖမ်းထားတယ်။ မနက်ဖြန် ဗကမတ်ဆင်က သူတို့ကိုတိုက်တာနဲ့ အားလုံးသတ်စေတဲ့ဗျာ။
စီးချင်းထိုးမယ့်နေ့ရောက်တော့ ရာဇာဓိရာဇ်တို့ဘက်က တပ်ပြင်ပြီးတောင် အင်းဝဘက်မှ ဘာမှလှုပ်ရှားမှုမရှိဘူး။ မင်းရဲကျော်စွာ ကံနိမ့်နေတာသိတော့ တပ်မပြင်ဘူးပေါ့။ ရာဇာဓိရာဇ်ကလည်း ဒီနေ့ဆိုမှဒီနေ့ စီးချင်းထိုးချင်နေတာလေ။ ဟိုကမလှုပ်တော့ မရိုးမရွဖြစ်နေတာပေါ့။ သူ့တပည့်အမတ်တိန်ကို စစ်သည်၅၀၀၀နဲ့ မင်းရဲကျော်စွာကို သွားဆွခိုင်းတယ်။ ပြောရမယ်ဆိုရင် မင်းရဲကျော်စွာကလည်း ဇမ္ဗူတစ်ခွင်မှာ ဗိုလ်မထားချင်တဲ့ စစ်သူရဲကောင်းလေ။ နောက်ဆုံးဘယ်သူတားတားဂရုမစိုက်ဘဲ ထွက်တိုက်ပါလေရော။ သူထွက်တော့ နောက်ကလိုက်ထွက်ရတာပေါ့ဗျာ။ မင်းရဲကျော်စွာကသူ့ရဲလက်စွဲတော် ငချစ်ခိုင်ဆင်ကိုစီးပြီး သူတိုက်ချင်လွန်းတဲ့ သူသိပ်မုန်းတဲ့ ရာဇာဓိရာဇ်ဆီကို ဦးတည်တိုက်ပါလေရော။ သူ့နောက်က အနီးဆုံးပါသွားတာက မြေဒူးစားမင်းနန္ဒသူ။ သူစီးလာတာက ဗကမတ်ဆင်။ ရာဇာဓိရာဇ်က သူ့သားနှစ်ယောက်ကို ဝဲယာထားပြီး တပ်သုံးတပ်နဲ့စောင့်နေတယ်။ ထိုအချိန်မှာ ဘာဖြစ်လဲဆိုတော့ ဗကမက်ဆင် ဗွေဖောက်တော့တာဘဲ။ တကယ့်အချိန်မှ ဖြစ်ရတယ်လို့ကွာလို့ဘဲ မြည်တွန်တောက်တီးမိတယ်မိတ်ဆွေတို့ရေ။ ဗကမက်ကြီးက အင်းဝတပ်တွေကို လိုက်ဗြင်းသတဲ့ဗျာ။ သူ့ပေါ်မှာရှိတဲ့သူတွေကို ခါချပြီး အင်းဝဘက်ကိုပြန်တိုက်နေတာ။ အင်းဝတပ်ဖရိုဖရဲဖြစ်ပြီး ထိုဆင်ကိုဝိုင်းချတော့ တောထဲဝင်ပြေးသွားတယ်။ ထိုအခြေအနေကို မင်းရဲကျော်စွာမသိဘူးလေ၊သူကစထွက်ကတည်းက ချွန်းကုန်ဖွင့်ပြီး ရာဇာဓိရာဇ်ဆီ တဟုန်ထိုးသွားနေတာကို။ နောက်ကတပ်တွေနဲ့ အဆက်ပြတ်သွားပြီ။ မိတ်ဆွေတို့သာ မြင်ကြည့်လိုက်တော့ဗျာ။ ကွင်းပြင်ကြီးမှာ တပ်သုံးတပ်ရှေ့သူ့ဆင်ကြီးကထီးထီးကြီး။ သူ့ရဲ့ကိုယ်ရံတော်တပ်တော့ပါတာပေါ့။ မင်းရဲကျော်စွာက ရာဇာဓိရာဇ်ကိုတိုက်တော့ ရာဇာဓိရာဇ်က သူ့ဆင်နဲ့ဆီးခံပြီး သားနှစ်ယောက်ကို ညှပ်တိုက်ဘို့ အမိန့်ပေးလိုက်တော့တယ်။ ပွဲကတော့ကြမ်းနေပြီ။ အင်အားကတော့ မမျှဘူး။ မင်းရဲကျော်စွာကိုယ်ရံတော်တပ်ကလည်း သူတို့သခင်အတွက် အသေခံကာကွယ်တော့ ရာဇာဓိရာဇ်တို့ ပွဲမသိမ်းနိုင်ဖြစ်နေတယ်။ ထိုအချိန်မှာဘဲ လက်စွဲတော် ငချစ်ခိုင်က သူ့သခင်ကိုခါချပြီး တွေ့တာမှန်သမျှ လိုက်တိုက်သတဲ့ဗျာ။ အံ့သြဘို့မကောင်းလွန်းဘူးလား။ သမိုင်းကတော့ အရက်အလွန်အကျွံတိုက်လို့တဲ့။ စစ်ထွက်ရင် အရက်တိုက်တာ ထူးဆန်းတာမှမဟုတ်တာ။ ကံနိမ့်တယ်ဆိုတာ ဒီလိုလားလို့တောင် တွေးမိတယ်။ မင်းရဲကျော်စွာဟာဆင်ပေါ်ကကျပြီး ခါးကျိုးသွားတယ်။ နောက်ဆုံး အရှင်ဖမ်းမိသွားတယ်ဆိုပါတော့ဗျာ။
သူတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံခန်းလေးက ရင်နင့်စရာဗျ။ ထိုအခန်းလေးကို ကျွန်တော်မရေးရက်တော့လို့ ရပ်နားပါရစေ ။ မိတ်ဆွေတို့ဖတ်ချင်ရင် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကိုဘဲ ရှာဖတ်လိုက်ပါနော်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
ကျမ်းကိုး- ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း(နိုင်ပန်းလှ)
MSC - 228
@mahaw
အရမ်းကြိုက်တဲ့postလေးပါအကို။ကြိုးစားပါအမြဲအားပေးလျက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါကိုအေး။ ကြိုးစားပါမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါကြောင့် မင်းရဲကျော်စွာ ပမာပုံနှယ် ဆိုပြီး သတ္တိအရာမှာ ချီးမွန်းခန်း ဖွင့်ခဲ့ကြတာကိုး..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုဟိန်းက စာပေနှံ့စပ်ပါပေတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great post!
Thanks for tasting the eden!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်ဦးညို ဝတ္ထုဖတ်နေရတဲ့အတိုင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငင့် ဝမ်းသာရမှာလား ငိုရမှာလား ဦးရယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဝင်စားစရာ အရမ်းကောင်းတယ် ဆက်လက်ဖတ်ရှု့အားပေးနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီသမိုင်းကို နားလိုက်ပြီညီမ။ကျေးဇူးပါဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာအုပ်က ဘယ်နားရှာဖတ်ရမှန်းမသိဘူး တွေ့ဆုံခန်းလေး ဖတ်ချင်မိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
downloadလုပ်ဘို့ လွယ်ပါတယ်ဘုရား။စာဖတ်သူတွေ ထိုစာအုပ် ဖတ် ဖြစ်အောင် တွေ့ဆုံခန်းလေးကို တမင်တကာ ချန်ခဲ့တာပါဘုရား။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မင်းရဲကျော်စွာနဲ့ပက်သက်ရင် ခဲပေါင်တိုက်ပွဲကိုသဘောကျဆုံးပဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးစားမိပါတယ်ညီ။ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်မရေးတော့ဘူးလား...နောက်ဆုံးတွေ့တဲ့အခန်းလေ....ဖတ်ချင်လို့ပါ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဓိက ရည်ရွယ်ချက်က လူငယ်တွေ သမိုင်းစာအုပ်ကို ဖတ်စေချင်လို့ မိတ်ဆက်သဘောမျိုးရေးလိုက်တာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You got a 4.28% upvote from @emperorofnaps courtesy of @mahaw!
Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိရိစ္ဆာန်ကလူထက်သခင်ကိုသစ္စာရှိတတ်တယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထင်ရှားတဲ့ ဥပမာက ခွေးတွေကိုကြည့်ရုံနဲ့တင် မြင်သာပါတယ်။ လူက သူ့အတ္တကို ဦးစားပေးတာများပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဂွပ်ဂွပ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေလား ဘီယာလား ကိုဒို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာဖတ်သူဘက်က အမြင်အနေ နဲ့ ဒီအပိုင်းမှာ တွေ့  ရတယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ကိုစော။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မူးယစ်မှုနဲ့ အဲ့ဘုရင်တွေကို အမှုဖွင့်ပလိုက်ရမှာ ကိုမဟော်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟားးး မလုပ်ရက်ပါဘူးဦးစိုးရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့ဒီလို သမိုင်းတွေက ဘယ်တော့မှမေ့ဖျောက်လို့
မရတဲ့ အရာတွေပေါ့ဗျာ ကျေးဇူးဗျာ အရမ်းကြိုက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးအနန္တပါညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ဖိုးကျော့ရေးတဲ့ ဆင်အကြောင်းစာအုပ်တွေဖတ်ဖူးတယ်
ဆင်ကလူတွေနဲ့အတော်နီးစပ်တာ
အဆင့်မြင့်တဲ့ဉာဏ်ရှိတယ်တဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ညီ။ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးဗျာ မရေးရက်တော့လဲ ရှာ ဖတ်ရမှညပဲဗျို့😀
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit