မင်္ဂလာပါ မိတ်ဆွေတို့ ။
မိမိကိုယ်ကိုယုံကြည်မှုရှိသော လူများဟာ ကြည့်လို့ ကောင်းကြပါတယ်။ နယ်ပယ်တိုင်းမှာ ယုံကြည်မှုရှိသောသူများဟာ သူများထက်ခေါင်းတစ်လုံးသာကြပါတယ်။ ကျွန်တော်တို့ ဆက်လက်စဉ်းစားကြည့်ရအောင်။ ယုံကြည်မှုဆိုတာ ဘာလဲ။ ဘယ်လိုတည်ဆောက်ကြတာလဲ။ ဘယ်လိုရအောင်ယူမလဲ။ ယုံကြည်မှုကို ဖန်တီးလို့ ရ မရ။ သေချာတာကတော့ မိမိကိုယ်ကိုယုံကြည်မှုရှိသောလူတွေသည် အောင်မြင်သောသူတွေပါဘဲ။ အောင်မြင်တယ်ဆိုတာထက် သူများထက်ရှေ့ တန်းရောက်တဲ့သူတွေဆို ပိုမှန် မယ်ထင်ပါတယ်။
လူတွေဟာ သူတို့ ယုံကြည်မှုရှိတဲ့နယ်ပယ်မှာ စကားပြောတာ ပိုကောင်းကြတယ်။ ယုံကြည်မှုဆိုတဲ့ စကားလုံးနောက်ကွယ်မှာ ကျွမ်းကျင်မှု ထိတွေ့ မှု စိတ်ချမှု လေ့ကျင့်မှု ကျင့်သုံးမှု စတဲ့ အကြောင်းအရာတွေဟာ ဆက်စပ်လျက်ရှိပါတယ်။ ပညာရပ်တစ်ခုကို ကျွမ်းကျင်လို့ ထူးချွန်လို့  မိမိကိုယ်ကို ယုံကြည်တဲ့သူတွေ အများကြီးပါ။ ထိုနည်းတူဘဲ အလေ့အကျင့် ကောင်းကောင်းလုပ်ထားတဲ့ သူတိုင်းဟာ သူတို့ ကိုယ်သူတို့  ယုံကြည်မှုရှိကြပါတယ်။ ပြောရမယ်ဆိုရင် ယုံကြည်မှုဖြစ်စေတဲ့အကြောင်းအရာတွေ များစွာရှိပေမယ့် မဖြစ်မနေပါရမယ့်အရာကတော့ ထိတွေ့ မှုပါဘဲ။ဘယ်လိုထိတွေ့ တာဘဲ။ ကျွမ်းကျင်ဘို့ ထိတွေ့ မှု လိုပါတယ်။ ထူးချွန်ဘို့ ထိတွေ့ မှု လိုပါတယ်။လေ့လာလေ့ကျင့်ဘို့  ထိတွေမှုလိုအပ်ပါတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့အပိုင်းမှာ ယုံကြည်မှုစိတ်ဖြစ်ပေါ်တတ်ကြတယ်။ ဆိုပါစို့  ချမ်းသာသောသူဟာ ငွေကြေးကြောင့် မိမိကိုယ်ကိုယုံကြည်စိတ်ဖြစ်သလို သီလရှိသူဟာလည်း သီလကြောင့် ယုံကြည်မှုဖြစ်ကြပါတယ်။
ဒီနေ့ ကျွန်တော်တင်ပြချင်တာက အချိန်တွေမဖြုန်းဘဲ မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားသင့်ကြောင်း ပြောချင်တာပါ။ကိုယ်က မိမိကိုယ်ကိုယုံကြည်မှုအတွက် ဘယ်နည်းလမ်းရွေးမလဲ ဘယ်လိုင်းသွားမလဲ ကိုယ့်ဘာသာရွေးချယ်ရမှာပါ။ ရွေးချယ်ပြီးရင် ယုံကြည်မှုဖြစ်ဖို့ အတွက် ထိတွေ့ မှုလိုအပ်ပါတယ်။ ထိတွေ့ တယ်ဆိုတာ ထိုစိတ်လေးကို သတိထားပေးတာပါ။ စာတော်ချင်ရင် စာကျက်ချင်စိတ်ဖြစ်အောင်သတိထားပေးနေသလိုပေါ့။ အချိန်ရတိုင်း ဂုဏ်တော်ပွားနေတယ် နှလုံးသွင်းနေတယ်ဆိုပါစို့ ။ ထိုလုပ်ရပ်ကလည်း မိမိကိုယ်ကိုယုံကြည်စိတ်တည်ဆောက်နေတာပါဘဲ။ ထိုဂုဏ်တော်ပွားနေတဲ့စိတ်ကလေးကို အမြဲသတိရအောင် ထိတွေ့ ပေးတဲ့သတိလေးကြောင့် ဂုဏ်တော်ကိုမပြတ်ပွားစေနိုင်ပါတယ်။အလုပ်တစ်ခုကို တစ်စိုက်မက်မက်လုပ်နေခြင်းဟာလည်း ယုံကြည်မှုတည်ဆောက်ရာရောက်ပါတယ်။ မိမိကိုယ်ကို upgrade လုပ်ခြင်းဟာ ယုံကြည်မှုတည်ဆောက်နည်းတစ်မျိုးပါဘဲ။ ကိုယ်အားသန်းရာ ကိုယ်ဝါသနာပါတဲ့အပိုင်းမှာ upgrade လုပ်ခြင်းဖြင့် အကျိုးများစွာဖြစ်ထွန်းစေပါတယ်။ အကြောင်းအတစ်ခုဟာ မတွေးမိရင် ဘာမှမဟုတ်သလိုနဲ့ လုပ်မယ်လို့ စဉ်းစားလိုက်တာနဲ့  လုပ်စရာတွေတန်းစီထွက်ပေါ်လာပါတယ်။ အစောကတည်းက မလုပ်ခဲ့လေခြင်းလို့ နောင်တရတတ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့အပိုင်းတွေ နယ်ပယ်တွေကို တွေးပေးပါ။ ထိတွေ့ ပေးပါ။ ဥပမာ ငွေရှာတဲ့ အပိုင်းဆိုပါစို့ ။ သတိမထားတော့ လွယ်လွယ်နဲ့စီးပွားရှာလို့ ရတာတွေကို မလုပ်ဖြစ်ဘူး မမြင်မိဘူး။ သတိထားမိတော့ ထလုပ်တယ်။ ပြီးမှ ငါ အစောကတည်းကလုပ်ရင် ဘယ်လိုဖြစ်နေပြီလို့ ပြောတတ်ကြတာတွေ ကြားဖူးမှာပါ။ ဘယ်အရာမဆို သတိမမူရင် ဂူမမြင်သလိုပါဘဲ။ ရပေါက်ရလမ်းကို အမြဲတွေးနေမှ ငွေရနည်းတွေငွေဝင်နည်းတွေ တွေ့ ရတတ်တာပါ။ ဒီလိုပါဘဲ စရဏပိုင်း ဘာဝနာပိုင်းမှာလည်း ထိတွေ့ မှုများလေ upgrade လုပ်နိုင်လေ မိမိကိုယ်ကိုယုံကြည်လေပါဘဲ။ ကျွန်တော်ပေးချင်တဲ့ massage လေးကို သတိထားမိပါစေလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
ယုံကြည်မှု သည် ကျွမ်းကျင်မှု မှ လာသည်
ကျွမ်းကျင်မှု သည် အလေ့အကျင့် မှ လာသည်
အလေ့အကျင့်သည် လုပ်ဆောင်မှု မှ လာသည်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ် ကိုဟိန်း။ ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့....အမြဲထိတွေ့လေ့ကျင့်နေမှ၊ပိုကျွမ်းကျင်လာပြီး၊ထိုအရာမှာယုံကြည်မှုပိုရှိလာမဲ့သဘောပေါ့နော့....မှတ်သားစရာများနှင့်အသိတိုးပါတယ်....

ကျေးဇူးပါညီမ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိမိကိုယ်ကိုယ် အမြဲတမ်းလေ့ကျင့်နေရင် မိမိကိုယ်ကိုယ်မိမိယုံကြည်မူပြည့်ဝလာမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဦးယု။လေ့ကျင့်မှုသည် ယုံကြည်မှုတိုးစေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရည်မှန်းချက် ပျက်ပြားရတဲ့ အဓိက အကြောင်းအရင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းလို့ပါဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်ပါတယ် ညီမ။ ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိမိကိုယ်ကို ယုံကြည်မှုအားကောင်းသောသူများသာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်တဲ့အတွက် ယုံကြည်မှုအားကောင်းစေရန် ထိတွေ့မှု ကြိုးစားမှု ကျွမ်းကျင်မှု စသည်ဖြင့် တစ်ဆင့်ချင်းစီ ပြောပြပေးထားတာ ပြည့်စုံကောင်းမွန်လှပါတယ်။ဥပမာလေးတွေနဲ့ပါ ရေးပြပေးထားတဲ့အတွက် မိမိပေးချင်တဲ့ messageကို ပိုပြီး ထိမိပေါ်လွင်စေတယ်လို့ ခံစားမိပါတယ်။တန်ဖိုးရှိပြီး မှတ်သားစရာကောင်းသော post လေးပါအစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုသန့် က ပိုရေးတတ်တာပါ။ ကျေးဇူးအထူးတင်ပါတယ်။ ကျိုက်ထီးရိုး ဘုရားဖူးသွားဖို့  ပြင်ဆင်နေပြီပေါ့။ လေးစားလျက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit