အားလုံးဘဲ မင်္ဂလာပါ။အတွေးဆိုသောအကြောင်းအရာလေး ဆွေးနွေးတင်ပြပါရစေ။မကောင်းသောအတွေး ကိုယ့်ကို စိတ်သောကတွေဖြစ်စေသောအတွေး ၊ ဒေါသတွေ ကြီးထွားလာစေသော အတွေး ၊လုပ်ငန်းကို ဆက်မလုပ်ချင်လာက်အောင် စိတ်ပျက်စေသော အတွေးစသဖြင့် Negative ဖြစ်စေတဲ့ အတွေးကို ပထမဦးစွာ တင်ပြပါ့မယ်။
လက်တွေ့ဆန်ဆန် ပြောချင်ပါတယ်။ ပေါ့ပါ့ပါးပါးနဲ့နားလည်လွယ်မယ့် ပုံစံဖြစ်စေချင်တယ် ၊ဒဿနလည်း မဆန်ချင်သလို ဘာသာရေးလည်းမနွယ်စေချင်ပါဘူး။အရာဝတ္ထုတစ်ခုကို ကိုယ်ကိုင်လို့ နာကျင်စေတဲ့ ဝေဒနာဖြစ်ရင် လွှတ်ချလိုက်မှာဘဲ။ဒါကို ခလေးကအစ လုပ်တတ်တယ်။ ကိုင်လိုက်လို့ ပူရင် လွှတ်ချလိုက်မှာဘဲ။ပူမှန်းသိရဲ့နဲ့တော့ ကိုင်မထားပါဘူး။ခလေးတောင်သိတဲ့ အရာတစ်ခုကို ကျွန်တော်တို့ လူကြီးတွေ မသိကြတော့ဘူး။ ထူးတော့ထူးဆန်းနေသလိုဘဲ။ကိုယ့်ကို ပူမှန်းသိပေမယ့်လည်း ဆက်လက်ဆုပ်ကိုင်ထားနေကြတယ်။ပူရင်လွှတ်ချလိုက်ဆိုတဲ့ ရိုးရှင်းသော ဥပဒေသကိုတောင် မသိကြတော့ဘူးလား။ကျွန်တော်တို့ သက်ရှိလူသားတွေမှာ ခံစားမှုဝေဒနာပိုင်းမှာ မှီရာတည်ရာဖြစ်တာ နှစ်ခုဘဲရှိတယ်။ကိုယ်ခန္ဓာအပိုင်းနဲ့ စိတ်ပိုင်းဆိုပြီးရှိတယ်။နောက်ပြီး ခံစားရတဲ့အချိန်ကာလကို ပြောရမယ်ဆိုရင် ရုပ်ခံစားမှုက ပိုကြာပါတယ်။စိတ်မှာဖြစ်ပေါ်စေတဲ့ ခံစားမှုဟာ ခဏလေးပါဘဲ။ တကယ်တမ်းပြောရရင် ခဏဆိုတဲ့စကားလုံးတောင် ဘောင်မဝင်ပါဘူး။ ပြောလို့ သူ့စကားတောင်မဆုံးခင် သူမရှိတော့တာမို့ ခဏတောင် မကြာပါဘူး။
crd.org.source
စိတ်ကို အပူအပေးဆုံးက အတွေးပါ။ ဒါပေမယ့် လူတော်တော်များများကစိတ်အပူကို လွှတ်ချရမှန်း မသိကြဘူး။ အပူကို ဆက်လက်ကိုင်ထားကြတယ်။ နောက်ပြီး စိတ်အပူကို ကိုင်ထားတာကို ဂုဏ်ယူစရာလို လိုက်ပြောကြတယ်။ စိတ်ဆိုတာ အာရုံဆိုတဲ့ မှီရာတည်ရာလိုပါတယ်။ ဒါဟာသဘာဝပါ။စိတ်ကိုပြောင်းစေချင်ရင် အာရုံကို ပြောင်းလိုက်ရင်ရပါတယ်။ သင့်အတွေးကို သင် ကြိုက်သလိုထားနိုင်ပါတယ်။ ဒါပေမယ့် အပူကို အပူမှန်းတော့ သိဘို့လိုသလို လွှတ်ချလို့ ရတယ်ဆိုတာလည်းသိဘို့လိုပါတယ်။ ငါ့ကို စော်ကားလိုက်လေခြင်းဆိုတဲ့ အတွေးဟာဒေါသကို ဖြစ်စေပါတယ်။ ဒေါသ ဖြစ်လိုက်တာနဲ့ ကိုယ့်မှာ ပူလောင်နေပါတယ်။ဒီအကြောင်းတွေးလေ ဒေါသပိုထွက်လေ၊ဒေါသထွက်လေ ပူလောင်လေ။တစ်ချို့က ဒေါသ ကြီးတာတောင် ဂုဏ်ယူစရာတစ်ခုလို ပြောနေကြသေးတယ်။
နောက်တစ်ခုက မနာလိုစိတ်။ မိန်းခလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်ရှိတဲ့နေရာမှာ သူတို့ရဲ့မနာလိုစိတ်ဟာ သူတို့ကို ဘယ်လောက်ပူလောင်စေတယ်ဆိုတာ သူတို့ သတိမထားမိကြဘူး။ အချိန်တိုင်းနီးပါး ပြိုင်ဘက်ရဲ့အကြောင်းဘဲသူတို့ တွေးပြီး စိတ်ပူလောင်မှု ပေးတာခံနေရတယ်။ အဲ့ဒီမှာကတည်းက ကိုယ်ကရှုံးနေပြီဆိုတာ သူတို့ သတိမထားမိကြဘူး။ စိတ်ကိုချမ်းသာအောင်နေတတ်ဘို့ အရေးကြီးပါတယ်။ နေတတ်ရင်ကျေနပ်စရာပါဆိုတာ ရောင့်ရဲတင်းတိမ်ခြင်းတစ်ခုထဲဆိုလိုတာမဟုတ်ပါဘူး။ စိတ်အပူကို ဖယ်ရှားတတ်ရင် လက်ခံမထားရင် စိတ်ချမ်းသာနည်းတစ်မျိုးပါဘဲ။သောက ဆိုတာ စိတ်မှာအနေကြာရင် ဖယ်ရှားရခက်ပါတယ်။
အထက်မှာပြောခဲ့သလို စိတ်တစ်ခုဖြစ်ဘို့ သူမှီတွယ်ရာ အာရုံတစ်ခုလိုပါတယ်။ ဒါကြောင့် စိတ်ပြောင်းလဲစေချင်ရင် အာရုံတစ်ခုခုနဲ့ ချက်ချင်းအစားထိုးလိုက်ပါ။ဒါဟာ ဘာပညာမှမလိုတဲ့ အခြေခံစိတ်အစားထိုးနည်းပါ။ ဒါကို ကောင်းကောင်းလုပ်နိုင်ရင်ကို တော်တော်ဟုတ်နေပါပြီ။ သာမန်အားဖြင့် စိတ်ဟာ မကောင်းတဲ့ အာရုံဘက်မှာ ညွှတ်တာများတယ်။ ထိုအာရုံတိုင်းလွှတ်ထားရင်တော့ စိတ်ဟာ မကောင်းတာဘဲ လုပ်နေမှာဘဲ။ မဟုတ်တာ မကောင်းတာဘဲ တွေးနေမှာဘဲ။ မကောင်းဘူးဆိုတာ ကိုယ်သိတာနဲ့ စိတ်ကိုပြောင်းဘို့လိုပါတယ်။ စိတ်ကိုပြောင်းဘို့ ပထမအာရုံပြောင်းရမယ်။ အာရုံဆိုရာမှာ အတွေးတစ်ခုတည်းအာရုံမဟုတ်ပါဘူး။ စပ်လွန်းတဲ့အစားအစာစားတာတွေ၊ ကိုယ်ကြိုက်တဲ့ သီချင်းနားထောင်လိုက်တာတွေ၊ရုပ်ရှင်ကြည့်လိုက်တာတွေ၊အားကစားလုပ်ခြင်းတွေစသဖြင့် အာရုံခြောက်ပါးရှိရာမှာ တစ်ခုခုကို ပြောင်းလဲလိုက်ရမှာပါ။
အရေးကြီးဆုံးအချက်က ကိုယ့်ကို အပူပေးနေပြီဆိုတာ သိဘို့ ပါ။ချစ်သူတွေမှာ လွမ်းတာ သတိရနေတာကို ကောင်းမွန်တဲ့ စိတ်ခံစားချက်သဘောမျိုးပြောနေကြတယ်။တကယ်တမ်း အပူဆိုတာ သိသာပါတယ်။ ဒါပေမယ့် ချိုမြိန်တဲ့အရာတစ်ခုလို လက်ခံထားတော့ပူတဲ့အချိန် ကြာတာပေါ့ဗျာ။တစ်ခုခုကိုမကျေနပ်ရင် အတွေးက အဲ့ဒါကိုဘဲ တွေးနေမိတယ်။ တစ်စိမ့်စိမ့်တွေးလေ တစ်စိမ့်စိမ့် ပူလောင်လေဘဲ။ ဒါပေမယ့် ကိုယ်ကစိတ်ပူလောင်တာကို သတိမထားမိဘဲ မကျေနပ်တဲ့အတွေးဘဲ ဆက်တွေးနေမိတယ်။စိတ်ပူလောင်လေ မကျေနပ်တဲ့ အကြောင်းအရာကို ပိုကြီးအောင် တွေးလေဘဲ။ တကယ်တမ်းက စိတ်ပူလောင်တာကတစ်ခြား၊မကျေနပ်တဲ့အကြောင်းအရာက တစ်ခြားပါ။ တစ်ယောက်တည်းတွေး တစ်ယောက်တည်း ပြဿနာကို ကြီးထွားအောင် လုပ် အကြီးအကျယ်ဒေါသတွေဖြစ် သူ့အရှိန်ကို သူမထိန်းနိုင်တော့ဘဲ မပြောသင့်တာတွေ ပြောဖြစ်ကြကော။ တကယ်တမ်းက ပြဿနာမဟုတ်ဘဲကိုယ့်တစ်ဖက်သတ်တွေးချင်ရာတွေးပြီး ကိုယ်ထင်ချင်သလိုထင်လိုက်တာလေးက ဒုက္ခတွေသောကတွေ ပေးလိုက်တာဘဲ။
စိတ်ခံစားမှု positive အပိုင်းပြောရရင် မေတ္တာစိတ်လေးကိန်းအောင်းနေတာတို့ ၊သူတစ်ပါးကို အကောင်းမြင်တာတို့ ၊သည်းခံနိုင်တာတို့ ၊စိတ်နှလုံးအေးချမ်းနေတာတို့ စသဖြင့် ကောင်းတဲ့စိတ်ဖြစ်အောင် ကောင်းတဲ့အာရုံတွေကို အမြဲတည်ရှိနေအောင် သတိထားရမှာပါ။စိတ်ဆိုတာ ကောင်းတဲ့အာရုံမှာအနေများရင် ထိုအာရုံတွေမှာဘဲ ကျက်စားတာများပါတယ်။ကောင်းတဲ့အာရုံဖြစ်တာများတော့ မကောင်းတဲ့အာရုံလည်း ဝင်ဘို့ ခက်တာပေါ့။ ကျွန်တော်တို့မှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အဓိက က ကောင်း မကောင်း ပူ မပူ သိဘို့အရေးကြီးပါတယ်။ နောက်ပြီး ပူမှန်းသိတာနဲ့ လွှတ်ချလိုက်ပါမိတ်ဆွေ။နောက် ကောင်းသောအာရုံနဲ့ အစားထိုးနိုင်ပါစေလို့ ဆုတောင်းရင်းနိဂုံးချုပ်လိုက်ပါတယ်။
အာလုံးကျန်းမာချမ်းသာကြပါစေ။
MSC-228
@mahaw
မကောင်းမှန်းသိတယ် ဒါပေမယ့် စိတ်ကမတွေးလဲ တွေးမိနေတာ ကြိုးစားရအုံးမယ်ဗျာ လွတ်ချတတ်ဖို့ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောလောဆယ်တော့ တစ်ခြားအာရုံနဲ့ အစားထိုးတတ်အောင် လုပ်လို့ရပါတယ်အစ်ကို။ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်အပူတွေကို လွှတ်ချပြီး မေတ္တာဓာတ်လေးတည်ရှိနေအောင်
ကျင့်ကြံမွေးမြူပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ကောင်းတဲ့ အကြံလေးပါညီ။ကျေးဇူးပါညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ကောင်းတဲ့ အချက်အလက်တွေပါ
ကြိုးစားရအုံးမယ် သားရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အန်တီရေ သားလည်းကြိုးစားနေပါတယ်။ကျေးဇူးပါ အန်တီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ကောင်းတဲ့အကြောင်းအရာလေးများ။ဆက်လက်ရေးသားပေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ဆက်လက်ကြိုးစားရေးသားပါ့မယ်။အားပေးတာ ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မလွှတ်ချနိုင်တော့လည်း ခက်သား ကိုမဟော်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုပ်ကိုင်ထားနေသရွေ့ ကိုယ့်ကို ပူလောင်စေနေမှာပါညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်နော်
မကောင်းမှန်းသိပေမယ့် လွှတ်မချနိုင်ဘူး
ဒိထက်ကြိုးစားရမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လုပ်ရင် ဖြစ်ပါတယ်။သတိလေးထားရင် လုပ် ဖြစ်သွားပါတယ်။ကျေးဇူးပါအစ်မ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတွေးကကြောက်စရာတော်တော်ကောင်းတာဘဲနော့...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူလုပ်နေတာ မသိသာဘူး။အဓိက ကတရားခံက သူဘဲ။ကျေးဇူးပါညီမ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ အခုလိုသတိပေး ပိုစ်လေးဖတ်ရတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါကိုယု။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားရအုံးမယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ။ကျေးဇူးပါဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပူတာကို ပူမှန်းတော့ ကလေးတွေတောင်သိပြီး လွှတ်ချနိုင်တယ်။ဒါပေမဲ့ လူကြီးတွေက လွှတ်မချနိုင်ဘူးဖြစ်နေတယ်လို့ပြောတော့ နဲနဲကြောက်သွားတယ်ဗျ။ဟုတ်ပါတယ် တစ်ကယ်မှန်တဲ့စကားပါ။
စိတ်ကိုပြောင်းဖို့ အာရုံပြောင်းရမှာပါ။ကောင်းတဲ့အာရုံလေးတွေနဲ့ အစားထိုးပြီး အပူတွေကို လျော့ချနိုင်အောင် ရေးသားတိုက်တွန်းပေးထားတာ ထိမိပေါ်လွင်ပြီး မှတ်သားစရာကောင်းလှပါတယ်ခင်ဗျာ။လေးစားလျက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မီးများ မီးနိုင် ရေများရေနိုင် ဆိုသလိုပူပန် ခြင်း များကို ရေများများလောင်းပေးမှရမယ်။အာရုံကို အစားထိုးနိုင်ရင်ကို ကောင်းလှပါပြီ။အဓိက ကကိုယ်ဒေါသထွက်နေရင် ထွက်နေမှန်း သိဘို့ အရေးကြီးတယ်။ဒီအတွေး ဒီစိတ်ဟာ ငါ့ကိုပူလောင်စေတယ်ဆိုတာသိတာနဲ့ ဖယ်ရှားပြီး အာရုံတစ်ခုခုနဲ့ အစားထိုးလိုက်ပါ။ဒါဟာ ပညာမပါသေးပါဘူး။ကျေးဇူးဘဲ ကိုသန့်ရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ရဲ့ပဲ့ကိုင်ရှင်ကောင်းဖြစ်အောင် ကြိုးစားပါ့မယ် အစ်ကိုရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good idea.ကျေးဇူးပါညီမ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit