ဆင်‌ခြင်‌‌ပေးပါ သားတို့ သမီးတို့

in myanmar •  7 years ago  (edited)


ဟိုး‌ရှေးရှးတုန်းက တိုင်းပြည်‌တစ်‌ပြည်‌မှာ ပညာထူးချွန်‌တဲ့ ‌မှော်‌ဆရာကြီး တစ်‌ဦးရှိတယ်‌။ ဆရာကြီးက ‌လောကီအစီအရင်‌ပိုင်းမှာ တစ်‌ဖက်‌ကမ်းခပ်‌‌လောက်‌‌အောင်‌ ‌တော်‌တယ်‌။အခြားတိုင်းပြည်‌‌တွေမှာ လည်း အစွမ်းရှိတဲ့ ‌မှော်‌ဆရာ‌တွေရှိတယ်‌။ အဒီ‌ခေတ်‌တုန်းဘုရင်‌များဟာ စစ်‌တိုက်‌‌တော့မယ်‌ဆိုရင်‌ ‌မှော်‌ဆရာကြီး‌တွေ အရင်‌ပင့်‌ပြီး အစီအရင်‌လုပ်‌ခိုင်းတယ်‌။ ယစ်‌ပူ‌ဇော်‌တယ်‌။ ‌မှော်‌ဆရာက တိုက်‌ဆှိုမှတိုက်‌တာ။ ‌မှော်‌ဆရာက စစ်‌သူကြီးထက်‌ ပါဝါမြင့်‌တယ်‌။
FB_IMG_1517450117902.jpg

တစ်‌‌နေ့‌တော့ဘုရင်‌က ‌မှော်‌ဆရာကြီးကို‌ခေါ်‌တွေ့တယ်‌။ ဆရာကြီး "ကျွုန်ုပ်‌သည်‌အခြားတိုင်းပြည်‌‌တွေကို သိမ်းပိုက်‌ချင်‌တယ်‌။ကျွန်ုပ်‌တိုင်းပြည်‌ရဲ့နယ်‌‌မြေ‌တွေကို ချဲ့ထွင်းချင်‌တယ်‌။စစ်‌‌အောင်‌ဖို့ ဆရာကြီးတာဝန်‌ဘဲ"ဆိုပြီးတာဝန်‌‌ပေးလိုက်‌တယ်‌။လုပ်‌စရာရှိတာ ကြိုလုပ်‌ထား‌ပေ‌တော့။ဆရာကြီးကတိုက်‌ဆိုတဲ့‌နေ့ ကျွန်ုပ်‌စ တို‌က်‌မယ်‌။ ဒီလိုနဲ့‌မှော်‌ဆရာကြီးကို ဘုရင်‌က တာဝန်ေ‌ပးလိုက်‌တယ်‌။ အိမ်‌ပြန်‌‌ရောက်‌‌တော့ ဆရာကြီးစဉ်းစားရပြီ။ အားလုံးက သူမသာ၊ကိုယ်‌မသာ မှားတဲ့သူခံဘဲ။ကိုယ်‌ကလက်‌ဦးဖို့လိုတယ်‌။ တစ်‌‌နေ့စဉ်းစားလည်းမရ၊ ‌နောက်‌‌နေ့စဉ်းစားလည်း အကြံမထွက်‌ဖြစ်‌‌နေတယ်‌။ဘယ်‌အစီအရင်‌ကို သုံးမလဲ‌ပေါ့။ တိုင်းပြည်‌အများကြီးဆို‌တော့ ‌မှော်‌ဆရာ‌တွေ အများကြီး။သူတို့ရဲအားနည်းချက်‌ကို‌တွေ့မှ နိုင်‌မယ်‌။အားနည်းချက်‌ကဘာလဲ။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဒိုင်းဆို အကြံတစ်‌ချက်‌ ထပွင့်‌တယ်‌။ အဲ့ဒီတုန်းက ‌မှော်‌ဆရာ‌တွေအားလုံးဟာ ‌ယောက်ျား‌တွေချည်‌ဘဲ။‌ယောက်ျားဆိုရင်‌ ‌ယောက်ျား‌တွေရဲ့ အားနည်းချက်‌ ။ ‌တွေ့ပြီဒါဘဲဆိုပြီး အစီအရင်‌ စလုပ်‌‌တော့တယ်‌။ အင်‌မတန်‌‌ချော‌ပေ့ ၊လှ‌ပေ့တဲ့မိန်းမပျို‌လေးကို သူ့ရဲ့‌မှော်‌ပညာအစွမ်းနဲ့ ဖန်‌တီးလိုက်‌တယ်‌။ လှချက်‌၊‌ချောချက်‌က‌တော့ နတ်‌သမီးရှုံး‌လောက်‌တယ်‌။ အဆိပ်‌သီးကိုမိန်းမပျို ပုံစံ‌ဖော်‌ထားတာ။အဲ့ဒီမိန်းမပျိုဟာ သူနဲ့အတူတူအိပ်‌တဲ့ ‌ယောက်ျားတိုင်းကို ‌သေ‌စေတယ်‌။အမြင်‌မှာ‌တော့ ရင်‌ဖိုစရာ၊စွဲလမ်းစရာဖြစ်‌‌အောင်‌ ဖန်‌တီးထာတာ။ သူ့ရဲ့ ပညာရပ်‌‌တွေကိုလည်း သင်‌‌ပေးတယ်‌။ဆရာကြီးရဲ့ တစ်‌ပည့်‌မ ဖြစ်‌လာတာ‌ပေါ့။
စိတ်‌ကြိုက်‌ဖြစ်‌ပြီ ဆိုတာနဲ့ ဘုရင်‌ကို အ‌ကြောင်းပြန်‌လိုက်‌တယ်‌။ ဘုရင်‌ကြီး ဘယ်‌တိုင်‌ပြည်‌ကို စ သိမ်းပိုက်‌ချင်‌ပါသလဲ‌လျှောက်‌‌တော့ ဘုရင်‌က အိမ်‌နီးချင်း တိုင်းပြည်‌တစ်‌ခု ကို‌သိမ်းပိုက်‌ခိုင်းတယ်‌။ ‌မှော်‌ဆရာကြီးက သူ့တစ်‌ပည့်‌မ‌လေးကို ထိုတိုင်းပြည်‌မှာရှိတဲ့ ‌မှော်‌ဆရာထံ ချဉ်းကပ်‌ခိုင်းလိုက်‌တယ်‌။ မိန်းမ‌ချော‌လေးက လှုပ်‌ရှားတယ်‌။ ‌မှော်‌ဆရာနဲ့ ငြိတယ်‌။ ‌နောက်‌ဆုံး‌မှော်‌ဆရာ‌သေတယ်‌‌ပေါ့ဗျာ။ ထို‌ခေတ်‌တုန်းက ‌မှော်‌ဆရာမရှိ‌တော့ရင်‌ စစ်‌ရှုံးသလိုပါဘဲ။ အဲ့ဒီလိုနဲ့ တိုင်းပြည်‌တစ်‌ခုပြီးတစ်‌ခု၊‌မှော်‌ဆရာ တစ်‌‌ယောက်‌ပြီးတစ်‌‌ယောက်‌ ကျရှုံကျတာ‌ပေါ့။ FB_IMG_1517450061755.jpg

တစ်‌‌နေ့စစ်‌ပွဲ‌တွေနိုင်‌‌နေတဲ့ ‌မှော်‌ဆရာကြီး အိမ်‌မှာ ‌အေး‌အေး‌ဆေး‌ဆေး အနားယူ‌နေတယ်‌။ ဆရာကြီးရဲ့အိမ်‌က ခြံဝန်း‌တော်‌‌တော်‌ကျယ်‌တယ်‌။ အိမ်‌ရဲ့‌ဘေးမှာ ‌ရေကန်‌‌လေးလဲ ရှိတယ်‌။ လသာတဲ့ညတစ်‌ညမှာ အိမ်‌ရဲ့‌ဘေးမှာရှိတဲ့ ‌ကေန်‌နား‌လေး စာဖတ်‌‌နေတယ်‌။ ပတ်‌ဝန်းကျင်‌ဟာအရမ်းသာယာပြီး တိ‌တ်‌ဆိတ်‌‌နေတယ်‌။ကျေးငှက်‌တိရစ္ဆာန်‌ ‌တွေနဲ့ဖား‌အော်‌သံ‌လေး‌တွေဘဲ ကြားရတ9ယ်‌။ ထိုအချိန်‌မှာ တစ်‌ပည့်‌မိန်းမ‌ချော‌လေးက ဆရာကြီးအတွက်‌ ‌ရေ‌နွေးကြမ်း လာပို့တယ်‌။ဝတ်‌ ထားတာက ညဝတ်‌အင်္ကျီ ဇာပါးပါး။လကသာသာ၊ တိတ်‌တိ‌တ်‌ဆိတ်‌ဆိတ်‌။ ဆရာကြီးလည်း ‌ယောက်ျားဘဲ‌လေ။ အဲ့ဒီနည်းနဲ့ တစ်‌ခြား‌မှော်‌ဆရာ‌တွေကို သတ်‌ခဲ့တာ။သူ‌ဖော်‌တဲ့‌ဆေး သူမိပြီ။သူ ရုန်းမထွက်းနိုင်‌‌တောဘူး။ ‌သေမှာသိသိကြီးနဲ့ ဇွတ်‌တိုးတာ။ ဒီလိုနဲ့ ‌မှော်‌ဆရာကြီး ‌သေပါ‌လေ‌ရော။

ကျွန်‌‌တော်‌‌ပေးချင်‌တဲ့ messageက တို့‌ယောက်ျား‌တွေ ကာမကိုဖြစ်‌‌စေတက်‌တဲ့ ဣက္ထိရ ‌များကို သွားမ‌ဆော့နဲ့။အကဲမစမ်းနဲ့။‌သွေတိုးမစမ်းပါနဲ့။အထူးသဖြင့်‌ အိမ်‌‌ထောင်‌သည်‌‌တွေကို ‌ပြောတာပါ။ဘာဖြစ်‌လို့ဒီ‌ဆောင်းပါးကို ‌ရေးရသလဲဆို‌တော့ အခု‌ခေတ်‌ လူငယ်‌မိန်းခ‌လေး၊‌ယောက်ျား‌လေးဟာရင်း
‌နှီးလွန်းအားကြီးတယ်‌။ဖင်‌ပုတ်‌၊‌ခေါင်းပုတ်‌။ ‌ပြောလိုက်‌ရင်‌(ကန်‌‌တော့ပါရဲ့) ‌အောက်‌ပိုင်းကမတက်‌ဘူး။ အင်‌တာနက်‌ရဲ့စွမ်းအား‌ကြောင့်‌ ‌နေရာတိုင်း‌ဒေသတိုင်းမှာ ဖြစ်‌‌နေတာ။မ‌ပြောသင့်‌တဲ့ စကားလုံး‌တွေ ကိုထမင်းစား‌ရေ‌သောက်‌ ‌ပြော‌နေကြတယ်‌။ ကျွန်‌‌တော့်‌မှာ မူလတန်းအရွယ်‌သမီး‌လေး တစ်‌‌ယောက်‌ရှိတယ်‌။ သမီး‌လေးကို ဘယ်‌လိုပြုစုရမလဲ၊ ဘယ်‌လိုအသိ‌တွေ‌ပေးသင့်‌လဲ၊ဆိုတာ‌တွေကို အမြဲ‌တွေး‌နေမိတယ်‌။ စကားကိုပြန်‌‌ကောက်‌ရရင်‌ လိုတာထက်‌ရင်းနှီးလွန်းအားကြီး‌တော့ ပျိုပျိုအိုအိုအို အ‌ပြောအဆို‌တွေ မထိမ်းသိမ်း‌တော့ဘူး၊အ‌နေအထိုင်‌‌တွေ မဆင်‌ခြင်‌‌တော့ဘူး။စ ပြဿနာတက်‌ပြီ။ ‌သွေးတိုးစမ်းစကား အကဲစမ်းစကား‌ပြောပြီး မဖြစ်‌သင့်‌တာ‌တွေ ဖြစ်‌လာကြတာ။သားတို့၊သမီးတို့ အ‌ပြောအဆို အ‌နေအထိုင်‌ သတိထားပါ။ခင်‌တာနဲ့ ‌ရောတာခွဲခြားတက်‌ပါ‌စေ။သား တို့ အကဲမစမ်းနဲ့ လက်‌တည့်‌စမ်းရင်‌‌တော့ ‌မှော်‌ဆရာကြီးလို ကိုယ်‌‌ဖော်‌တဲ့‌ဆေး ကိုယ့်‌ပြန်‌သတ်‌လိမ့်‌မယ်‌။အားလုံးကို ‌ကျေဇူးတင်‌ပါတယ်‌။သတ္တဝါအားလုံး ကျန်းမာ‌ပျော်‌ရွှင်‌ကြပါ‌စေ။
photo-facebook
MSC-228
@mahaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

V100% $0.110 V n C done . @thihakoko

Thank you very much.

မှန်ပါ့ဗျာ
ကိုယ့်စည်းကိုကိုယ်စောင့်သင့်ပါတယ်

ဟုတ်‌ကဲ့ ။ခ‌လေး‌တွေ အတွက်‌ ‌ပြောတာပါ။‌ကျေးဇူးပါ။

အရေးအသားတင်ပြပုံကောင်းသားပဲ အိုကေပါတယ်၊

‌ကျေးဇူးပါ ဦး‌ရေ။အ‌ရေးအသားပိုင်း လမ်ွးှန်‌ ‌ပေးပါ။

Good Article
I like it

Thank you very much.

အျု ဘာတဲ့ ဆင်ခြင်ကြပါ သားတို့ သမီးတို့ ဆိုတဲ့ ခေါင်းစဉ်လေး ကောင်းတယ်

လူငယ်‌‌တွေကို အသိ‌လေးတစ်‌ခု ဝင်‌‌စေချင်‌တာပါ။

ဖတ်လို့ အရသာရှိပါပေတယ်ဗျာ

‌ကျေးဇူးပါ အစ်‌ကို ကြိုးစားပါ့မယ်‌။

အရေးအသား good တယ်

အစ်‌ကိုတို့ကို မမှီပါဘူး။လမ်း ပြ‌ပေးပါ‌ကျေး ဇူးပါ။

အရမ်းကောင်းပါတယ်ဗျာ။ဆုံးမစာလေးပါ။

‌ကျေးဇူးပါညီ။ကို့ညီ Post အရမ်း‌ကောင်းတယ်‌။

ထိ​ရောက်​ပါတယ်​အကို။

‌ကျေဇူးပါ ညီ လက်‌တွဲ‌ခေါ်ပါဦး။

Welcome ပါ။

ဆင်ခြင်ပါပီ

အစ်‌ကိုတို့ ဆင်‌ခြင်‌ပြီး သားပါ။

ဆင်ခြင်နိုင်မှ တော်ရာကျမည်

‌ကျေးဇူးပါ အစ်‌ကို

တန်ဖိုးရှိလိုက်တာဗျာ

ဖတ်‌‌ပေးတာ ‌ကျေးဇူးပါ အစ်‌ကို

ရည်ရွယ်ချက်လေးကောင်းတယ်😁😁

ဟုတ်‌ကဲ့ပါ ။ကြိုး စား ပါ့ မယ်‌။

good post

ညီ့ မှတ်‌ချက်‌‌တွေ တိုလွန်းတယ်‌။Thank

ဆုံးမစကားလေးပါအရမ်းကောင်းပါတယ်

Thank you very much for your comment.

ဆုံးမစာ​လေး ​ကောင်းပါတယ်

တစ်‌ခုခု သိသွားရင်‌ ‌ရေး ရ ကြိုးနပ်‌ပါတယ်‌။Thank sister.

ဟုတ်တယ်အကို အမှန်တွေကြည့်ပဲ

လူငယ်‌‌တွေ သိသွားရင်‌ ‌ကျေနပ်‌ပါပြီ ။‌ကျေးဇူး ညီမ ‌ရေ

ဖတ်ခဲ့ပြီး ကောင်းပါတယ်

‌ကျေးဇူးပါ။ဆက်‌လက်‌ကြိုးစား ပါ့မယ်‌။

Thanks your post

For your comment ; Thank.

အမှန်ပင်ဆင်ခြင်ရမည့်အကြောင်းတရားတစ်ခုပါပဲ ကြိုးစားပါဗျာ ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အကြောင်းတရားတစ်ခုက သေချာပေါက်အကျိုးတရားခံစားရပါလိမ့်မယ် ကောင်းတဲ့အကြောင်းလုပ်ရင် ကောင်းတဲ့အကျိုးရပါမယ်

ကြိုးစား ပါ့ မယ်‌ ဆရာ။ လို အပ်‌တာ ‌ပြော ပြ‌ပေးပါ။ဆရာ ရဲ့ comment ဖတ်‌ ရ‌တော့ ဝမ်းသာမိ တယ်‌။ ‌ကျေးဇူးပါဆရာ

တကယ်ပဲဆင်ခြင်တက်ဖို့ပေးစွမ်းလာသောmessageလေးပါပဲဗျာ…တန်ဖိုးရှိတဲ့အရေးသားတွေပါပဲဗျာ………သူရ

ဖတ်‌ ‌ပေးတဲ့ အတွက်‌ ‌ကျေးဇူးပါဗျာ။လက်‌တွဲ‌ခေါ် ပါဦး‌နော်‌။

မထင်ရှားသော ကျွန်နော်လက်ကလေးနဲ့…လက်တွဲခေါ်ယူကာ ကူညီနေပါ့မယ်ဗျာ…သူရ

မိုက်တယ်ဗျာ

‌ကျေးဇူးပါ ဗျာကြိုး စား ပါ့မယ်‌။

အရမ်းကြိုက်တယ်ဗျာ@mahaw

‌ကျေးဇူးပါ ညီ

ဆင်ခြင်တရားဟာ အရှိသင့်ဆုံးပါ

ဟုတ်‌ကဲ့ပါ။‌ကျေးဇူး

ဆင်ခြင်ပါ့မယ်

ညီ က ဆင်‌ ခြင်‌ပြီး သားပါ။

ဟုတ်ဘူး
ဆင်ခြင်ဘူး
အခုမှဆင်ခြင်တော့မှာ

Nice bro

Thank you.

မစမ်းဘူးကျတော်တော့

‌ကောင်းတာ‌ပေါ့ ညီ။

nice post

Thank you.

ရောရင်ပေါတာကတော့ထုံးစံဘဲ အသိရှိရှိနဲ့ သတိထားကြဖို့ဘဲလိုတာပါ

မှန်‌ပါ့ဗျာ။

ဆင်ခြင်တုံတရားလက်ကိုင်ထားတတ်အောင်သာသင်ပေးလိုက်ညီရေ။

‌ကျေးဇူးပါ ဆရာ။ ဆရာ့commentဖတ်‌ရတာနဲ့တင်‌ ဝမ်းသာလှပါ ပြီ။ ကြိုးစားပါမယ်‌ဆရာ။