crd.org.source
မင်္ဂလာပါ ပရိတ်သတ်ကြီး။ စိတ်နှလုံးအေးချမ်းခြင်းရဲ့ အဓိက အချက်တွေကို ဆက်လက်တင်ပြပါ့မယ်။ ဘဝမှာ အောင်မြင်ခြင်း ၊ ဘဝမှာ ချမ်းသာခြင်းကို လူတွေအမျိုးမျိုး သတ်မှတ်ကြပေမယ့် အဓိက အချက်ကတစ်ခုတည်းပါ။ စိတ်ချမ်းသာမှ ဘဝချမ်းသာနိုင်သလို စိတ်ချမ်းသာမှုရမှ ဘဝဟာ အောင်မြင်တယ်လို့ သတ်မှတ်လို့ ရမှာပါ။ ဒါကြောင့်စိတ်ရဲ့အခြေခံအချက်တွေတော့ သိထားသင့်ပါတယ်။ သတ္တဝါတွေရဲ့ ဘဝကို စိတ်ကဘဲဦးစီးဦးဆောင် ပို့ဆောင်ပေးနေတာပါ။ ကျွန်တော်တို့ လူသားတွေလည်း စိတ်တစ်ခုကိုကောင်းကောင်းအသုံးချနိုင်ရင် ဒီစင်္ကြာဝဠာကြီးကို ခါးစောင်းတင်လို့ရပြီ။ ရှင်းရှင်းပြောရရင် လူ့ဘဝကို လာရကျိုးနပ်ပါပြီ။ လူတွေအများကြီးတွေ့မြင်နေလို့ လူဘဝကို ရောက်တာ အလွယ်လေးတော့ မထင်လိုက်ပါနဲ့။ ဒီနေရာမှာ တစ်ခုတင်ပြချင်တယ်ဗျ။ အသိလို့ခေါ်ခေါ်ပညာလို့ပြောပြော သိသင့်သိထိုက်တာတွေ သိထားဘို့ လိုတယ်။လူ့ဘဝရောက်ဘို့ဆိုတာအရမ်းခက်ခဲတယ်ဆိုတာဘဲ အကြမ်းဖျဉ်း သိထားပေးပါ။ အများကြီးရှင်းနေရင် စာလမ်းကြောင်း ပြောင်းမှာဆိုးလို့ပါ။ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ၊မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတာ ကို လူတော်တော်များများလက်ခံကြပါတယ်။စိတ်ဆိုတတာ မကောင်းမှုမှာ မွေ့လျော်သည်တဲ့။ စိတ်ကိုသူ့အတိုင်းလွှတ်ပေးလို့ကတော့ မကောင်းဘက်ကိုဘဲ ဦးတည်သွားနေမှာပါ။
crd.org.source
စိတ်ကိုနိုင်ချင်ရင် သူ့သဘာဝကို သိဘို့လိုတယ် ၊ သူ့ကိုစောင့်ကြည့်တတ်ဘို့လိုတယ်။ သူ့အကြောင်းသိချင်ရင် သူ့ကို follow လုပ်ရမှာပေါ့။ သူ့မှာအားနည်းချက်တစ်ခုရှိတယ်။ သူ့ကို တည့်တည့် အကြည့်မခံနိုင်ဘူး။ မဟုတ်တာလုပ်တာများလို့လားမသိပါဘူး သူု့ကို့သေခြာကြည့်ရင် ပုဆိုးစလွယ်သိုင်းပြီး ပြေးတော့တာဘဲ။ အိမ်ရှင်မရှိရင်တော့ သတိမထားရင်တော့ မွှေချက်ကကမ်းကုန်ဘဲ။ သူက အဖော် အရမ်းမင်တာ။ တွေ့တဲ့သူနဲ့ အကုန်ပေါင်းတယ် ၊ မကောင်းတာအကုန်လုပ်ချင်တယ်။ သူ့မှာ သူငယ်ချင်းအရင်း ၂ယောက်ရှိတယ် ၊မောင်တဏှာနဲ့ မောင်အဝိဇ္ဇာတဲ့။သူတို့က မြှောက်ပေးတာ။အရာရာကို စွဲလမ်းတပ်မက်တဲ့သူနဲ့ အလွဲတွေသိတဲ့သူတွေနဲ့ပေါင်းရင် သွားပြီပေါ့ဗျာ။ ကိုယ့်ခလေးကို လူပေါင်းမမှားရအောင် ကိုယ်ကထိမ်းသိမ်းရမယ် စောင့်ကြည့်ရမယ်။
ဒီခလေးကတစ်ခုတော့ ကောင်းသားဗျ။ အဖော်ရှိလို့သာ ဆိုးနေတာ ၊ တစ်ယောက်တည်းအိမ်မှာနေခိုင်းရင် ဟုတ်နေတာဘဲ။ သူ့ကိုတစ်ယောက်တည်းနေခိုင်းရင် ဘာပြဿနာမှမရှိဘူး။ အဖော်အပေါင်းအသင်းတွေ ရောက်ရင်တော့ မလွယ်ဘူး။ထိန်းရတာတာခက်တယ်။ ဒါကြောင့် သူ့အပေါင်းအသင်းတွေ မလာခိုင်းဘဲ တစ်ယောက်တည်းဘဲ အိမ်မှာထားလိုက်တော့တယ်။ တစ်ယောက်တည်းနေပါများတော့ ခလေးက ဆိုးသွမ်းတာမရှိတော့ဘူး၊ မကောင်းတဲ့လုပ်ရက်တွေလည်း မလုပ်ဖြစ်တော့ဘူး။ ဒီအချိန်မှာသူ့ကိုဆုံမစကားပြောရင် နားထောင်တယ်။ ခလေးက လိမ္မာလာတာပေါ့။ဘာကြောင့်ဒါကိုမလုပ်သင့်ဘူး ၊ဘာကြောင့်ဘယ်သူတွေနဲ့ မပေါင်းသင့်ဘူး ၊ သူတို့နဲ့ပေါင်းရင် ဆိုးကျိုးဘဲ ဖြစ်စေတဲ့အကြောင်း ၊အလကားမနေဘဲ ပညာရပ်တစ်ခုခုကို လေ့လာ သင့်ကြောင်းစသဖြင့် လိုအပ်တံ့ ဆိုဆုံးမမှုလေး ပြောပြတော့ လိုက်နာရှာပါတယ်။ သူ့အပေါင်းအသင်းတွေကို ကိုယ်ကတောင် မတားရတော့ဘူး ၊သူကိုယ်တိုင် ဖယ်ခွာသွားတယ်။ ဒါဟာဘာလဲဆိုတော့ သူသိသွားပြီလေ။ ယခင်တုန်းက ပေါင်းတယ်ဆိုတာ မသိလို့ စိတ်မထိန်းနိုင်လို့ ကောင်းမယ်ထင်လို့ ပေါင်းခဲ့တာပါ။ အသိတစ်ခုခေါင်းထဲရောက်ဘို့ အရေးကြီးပါတယ်။ သူသိသွားရင် သူ့အတွက် စိတ်ပူစရာမရှိတော့ပါဘူး။
စိတ်ရဲ့သဘာဝက အထက်မှာ ဥပမာပေးတဲ့အတိုင်းပါဘဲ။ ဒေါသထွက်နေရင် ဘယ်ကောင်လဲ ဒေါသဆိုပြီး တည့်တည့်ကြည့်လိုက်ပါ။ ဒေါသဆိုတာဘယ်လိုအရာလည်းဆိုပြီးရှာဖွေကြည့်လိုက်ပါ ပြေးတာ တန်းနေတာဘဲ။ ထိုနည်းလည်းကောင်းပါဘဲ စိုးရိမ်ပူပန် သောကဖြစ်နေရင် သူ့ကိုသေချာကြည့်လိုက်ပါ ။ရှာတာနဲ့ပြေးတော့တာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဆိုတာ တစ်ချိန်မှာ တစ်စိတ်ဘဲ ဖြစ်ခွင့်ရပါတယ်။ သင် ကြည့်တဲ့စိတ် ရှာဖွေတဲ့စိတ်ဖြစ်တာနဲ့ ပထမဖြစ်နေတဲ့စိတ်က မရှိတော့ဘူးလေ။ ဒါကြောင့် ပြောတာပေါ့။လက်ခံခြင်း ၊လက်မခံခြင်းဟာ သင့်ပေါ်မှာဘဲ မူတည်ပါတယ်။
စိတ်တည်ငြိမ်အောင် လေ့ကျင့်ရပါမယ်။ ဒါမှ နီဝရဏလို့ခေါ်တဲ့ စိတ်အညစ်အကြေးတွေအနည်ထိုင်မှာပါ။ အနည်ထိုင်မှ ကြည်လင်ပြတ်သားပြီး အရာရာအမှန်ကိုအမှန်အတိုင်း မြင်ရမှာပါ။ အမှန်ကို မြင်ဖူးရင် အမှားကို သိတာပေါ့ဗျာ။ အရာဝတ္ထုတစ်ခု ၊ အကြောင်းအရာတစ်ခုကို လေ့လာမယ်ဆိုရင် သူ့ကို ကြည်လင်ပြတ်သားစွာမြင်ရဘို့ ဟာ အရေးအကြီးဆုံးအချက်ပါ။ ဒါမှသူ့ရဲ့ အလုပ်လုပ်ပုံ ၊သူ့ရဲ့အသေးစိတ်အချက်အလက်တွေ ၊ကိုယ်တိုင်မြင်ပြီး မှတ်တမ်းတင်နိုင်မှာပါ။ဒါကြောင့် ပထမဦးစွာ စိတ်တည်ငြိမ်အောင် သမထလေ့ကျင့်ခန်းတွေ လုပ်ရမှာပါ။ သမထဆိုတာ အာရုံတစ်ခုတည်းမှာဘဲ စိတ်ကို ငြိမ်အောင်ထားခြင်းပါ။ သမထကမ္မဌာန်း ၄၀ ရှိပါတယ်။ ကိုယ်နဲ့သင့်တော်တာ ရွေးလုပ်ပေါ့။ ကျွန်တော်ကတော့ အာနာပါ ကမ္မဌာန်းကို ပိုအားသန်တယ်။ သမထရဲ့ အဓိကအကျိုးတရားက နိဝရဏလို့ခေါ်တဲ့ ကိလေသာအညစ်အကြေးတွေကို အနည်ထိုင်စေပါတယ်။ စိတ်ကို ကြည်လင်အေးချမ်းစေတယ် ၊ပီတိတို့ သောမနဿတို့လို့ခေါ်ဆိုတဲ့ စိတ်ချမ်းသာမှုတွေဖြစ်စေတယ်။ ပညာရအောင် အထောက်အပံ့ဖြစ်စေတယ်။ ဒါပေမယ့်သမထဟာ ကိလေသာတွေကို အမြစ်ပျက်အောင် မသုတ်သင်မဖယ်ရှားနိုင်ဘူး။ ပညာလို့ခေါ်တဲ့ ဝိပဿနာဉာဏ်ဖြင့်သာ ပယ်သတ်နိုင်တယ်။ တကယ်တမ်းဝိပဿနာဆိုတာ ထူးထူးခြားခြားကြီးမဟုတ်ပါဘူး။ အရှိကို အရှိတိုင်းမြင်အောင် အဖန်ဖန် အထပ်ထပ် ကြည့်ရှူခြင်းပါဘဲ။ဝိဆိုတာ အထူး ပဿဆိုတာ ကြည့်ရှူခြင်း အထူးကြည့်ရှူခြင်းပေါ့။ဘာကို ကြည့်ရှူရမှာလည်းဆိုတော့ နာမ်ဒါမှမဟုတ် ရုပ်ကို စောင့်ကြည့်ရပါမယ်။ ဒီနေရာမှာ အရေးကြီးတာက ကိုယ်စောင့်ကြည့်မယ်အရာကို သဲသဲကွဲကွဲ သိဘို့လိုတယ်။ နာမ်ဆိုတာ ဘာမှန်းမသိ ၊ ရုပ်ဆိုတာ ဘာမှန်းမသိရင်တော့ လုပ်သာလုပပနေရတယ် ခရီးမရောက်ဘူးပေါ့။ နောက်ပြီး ဝိပဿနာနဲ့ ပက်သက်တဲ့ အခြေခံအချက်လေးတွေ သိထားဘို့လိုတယ်။ ဆိုလိုတာက အင်ဂျင်နီယာတွေလို စာတွေ့လေးသိထားတော့ လက်တွေ့ပိုင်းပိုမြန်တာပေါ့ဗျာ။ ခန္ဓာက ပြလာတာကို ကိုယ်တိုင်မြင် ကိုယ်တိုင်သိလာတော့ အသိဉာဏ်ထူးတွေ ပိုင်ဆိုင်လာပါတယ်။ သညာသိနဲ့ ခန္ဓာသိဟာမတူပါဘူး။ အခြေခံနိယာမဖြစ်တဲ့ အနိစ္စ ဒုက္ခ အနတ္တ တော့ သိထားရပါမယ်။ အကြမ်းအားဖျဉ် လောကမှာ ဘယ်အရာမှ မတည်မြဲခြင်း ဆင်းရဲခြင်း သူ့သဘောသူဖြစ်ခြင်းကိုယ်မပိုင်ခြင်းကို သိထားရမယ်။ဒါက သညာသိဘဲရှိသေးတယ်။ ခန္ဓာသိဖြစ်အောင် ထိုအရာတွေမှန် မမှန်ကိုယ့်ခန္ဓာကို အဖန်ဖန်အထပ်ထပ်စောင့်ကြည့်တာကို ဝိပဿနာလို့ ခေါ်ဆိုတာပါ။
နိဂုံးချုပ်ရရင် ကိလေသာခေါ် စိတ်အညစ်အကြေးတွေ နည်းလေ စိတ်အေးချမ်းလေပါ။ ပထမ အနည်ထိုင်အောင် အရင်လုပ်ရမှာပါ။ထိုအဆင့်ရောက်ရင်ဘဲ ပြောပြလို့မရတဲ့ စိတ်နှလုံးချမ်းမြေ့မှုကို ပိုင်ဆိုင်ရမှာပါ။ဝိပဿနာအပိုင်းက အရမ်းကျယ်ပြန့်ပါတယ်။ဒါပေမယ့်နည်းသိရင် လွယ်ပါတယ်။ ဝေဘူဆရာတော်ကြီးကတော့ ဝင်သိ ထွက်သိနဲ့ဘဲ ရဟန်းကိစ္စ ပြီးသွားတာပါ။အာနာပါနဟာ သမထလည်းရတယ် ဝိပဿနာလည်းရတဲ့ အလွန်တန်ဘိုးရှိသော နည်းပါ။အဓိက လိုရင်းအချုပ်က သတိ ပါ။သတိအားကောင်းလာရင် ခန္ဓာကပြတာကို တဖြည်းဖြည်းမြင်လာပါတယ်။ မိတ်ဆွေတို့ သတိအားတွေ တိုးပါစေလို့ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးစိတ်နှလုံးအေးချမ်းပါစေ။
MSC- 228
@mahaw
အစ်ကိုလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ကျေးဇူးပါ အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တရားသံကြားရင် စိတ်ချမ်းသာတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ချမ်းသာမှဘ၀ချမ်းသာမယ်ဆိုတဲ့စကားကအမှန်ပါဘဲလေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးကြီးဆုံး အချက်ကို ရအောင် ယူရမှာဘဲ။စိတ်ချမ်းသာရင် ဘဝမှာနေတတ်သွားပါပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မောင်တဏှာနဲ့ မောင်အဝိဇ္ဇာကို မပေါင်းမိအောင်ရှောင်ပေမယ့် တွေ့ နေ
မြင်နေရသေးတယ် ဗျာ ဒါပေမယ့် မကြည့်မိအောင်နေလိုက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တို့လိုပုထုဇဉ်ကတော့ ရှိနေဦးမှာပါ။သူတို့ကို သတိထားရင် ရပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှတ်သားလိုက်နာစရာတွေပါဗျာ..အသိရရပါတယ်..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့အတွက်တော့ အစ်ကိုရှင်းပြတာလေးက အရမ်းကိုတန်ဖိုးရှိလှပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြားရတာ ဝမ်းသာတယ်ဗျာ။ကျေးဇူးပါညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးအသားတွေ..အရမ်းကောင်းတယ်..မြင်သာတဲ့ဥပမာလေးပေးပီး..ရှင်းပြထားတာ..အရမ်းကောင်းတယ်။စိတ်ချမ်းသာပါစေ..ကိုယ်ကျန်းမာပါစေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါအန်တီ။လာအားပေးလို့ ဝမ်းသာမိပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားလည်လွယ်တယ် အကြောင်းအကြိုးဆက်စပ်မှုရှိတယ်
postကောင်းတစ်ခုပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆြာ ရှင်းပြသွားတာ မြင်လွယ်တယ် ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ကတော့ ဝင်လေ သိ ထွက်လေ သိနဲ့ အိပ်ငိုက်ငိုက်သွားတာများတယ်ဗျာ 😆😆
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ကိုကောင်းကောင်းအသုံးချနိုင်ဖို့ စိတ်ရဲ့သဘောလေးသိအောင်ပြောပြထားတာ နှစ်သက်စရာပါ။သမထ နဲ့ ဝိပဿနာ အကြောင်းလေးကိုပြောပြီး နောက်ဆုံး သတိတရားလက်ကိုင်ထားဖို့ တိုက်တွန်းပေးထားတဲ့ အစ်ကို့ရဲ့စေတနာကို လေးစားနေပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တို့အစ်ကိုလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။ညီမတို့ မိသားစုလည်း စိတ်နှလုံး အမြဲအေးချမ်းပါစေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit