Steemit ရဲ့ အကျိုး‌ကျေးဇူး

in myanmar •  7 years ago  (edited)

မင်္ဂလာပါ မိတ်‌‌ဆွေတို့။ Steemit လုပ်‌ကိုင်‌ခြင်းအားဖြင့်‌ စာမျိုးစုံ ဖတ်‌ခွင့်‌ရတယ်‌။ ပုံမှန်‌ဆိုရင်‌ ကိုယ်‌ ကြိုက်‌နှစ်‌သက်‌ရာဘဲ ‌ရွေးဖတ်‌ဖြစ်‌တယ်‌။ ဒါ‌တောင်‌ သိပ်‌မဖတ်‌ဖြစ်‌‌တော့ဘူး။ မအားတာ‌ရော ၊ ပျင်းတာ‌ရော။ အခု‌ရေး‌နေတာ‌တွေ ကလည်း ငယ်‌ငယ်‌ကဖတ်‌ခဲ့တဲ့ အကျိုး‌ကျေးဇူး‌ကြောင့်‌ ဟိုနည်းနည်း ဒီနည်းနည်း‌ရေးဖြစ်‌‌နေတာပါ။ ကြီးလာ‌တော့ မဖတ်‌ဖြစ်‌ဘူး။ စာအုပ်‌‌ကောင်း‌တွေကလည်း မဝယ်‌နိုင်‌။ download ဆွဲပြီးဖတ်‌‌တော့လည်း အားမရ။ ကြီးလာ‌တော့ စာအုပ်‌ကို ‌ရွေးဖတ်‌ဖြစ်‌တယ်‌။ ‌ရွေးရင်း ‌ရွေးရင်းနဲ့ ဘာမှမဖတ်‌ဖြစ်‌ဘူး‌ပေါ့ဗျာ။ အမှန်‌က ပျင်းလာတာပါ။
FB_IMG_1462586428039.jpg
steemit မှာ က ခူးခပ်‌စားရုံဘဲ။ အလှူပွဲမှာ ထမင်းသွားစားရုံဘဲ။ ဟင်း‌တွေကလည်း အများကြီး။ ‌တောအထာနဲ့ ‌ပြောရရင်‌ ဘုန်းကြီးဆွမ်းပွဲ‌ပေါ့ဗျာ။ ရှယ်‌ဘဲ၊ အကြိုက်‌စား‌ပေ‌တော့။ အရွယ်‌‌ပေါင်းစုံ‌ရေးထားတဲ့စာ‌ပေ၊ လိုင်း‌ပေါင်းစုံ‌ရေးထားတဲ့စာ‌ပေ ၊ အတတ်‌ပညာစာ‌ပေ ၊ ဗဟုသုတ စာ‌ပေ ၊ ပညာ‌ပေး စာ‌ပေ ၊ ခရီးသွားစာ‌ပေ ၊ ရသ စာ‌ပေ ၊ဒဿန စာ‌ပေ ၊ဘာသာစကား သင်‌ပြတဲ့စာ‌ပေ‌တွေ စသဖြင့်‌ အများကြီးဗျ။ ခ‌လေးကို ပြုစုပုံ ၊‌ကျွေး‌မွေးပုံ‌တောင်‌ ပါတယ်‌။ဘာလို‌သေးလဲဗျာ။ pro ‌ဆောင်းပါး‌တွေ ‌ဖတ်‌ရရုံတင်‌ အသိ‌တွေ အများကြီးတိုး‌စေပါတယ်‌။ ‌ရေးစရာ‌တွေလည်း အများကြီး ရှိလာပါတယ်‌။ ‌နောက်‌ပြီး အပြင်‌မှာ အခ‌ကြေး‌ငွေ ‌ပေးပြီးတတ်‌ရမယ့်‌ သင်‌တန်း‌ကို တတ်‌စရာမလို‌ ‌ပေးစရာမလိုဘဲ အလွယ်‌တကူ သင်‌ယူနိုင်‌တယ်‌ဗျာ။
FB_IMG_1517718901214.jpg
steemitမှာ စာ‌ပေတင်‌ မကပါဘူး။ မိတ်‌‌ဆွေ ‌တွေလည်းတိုး‌စေပါတယ်‌။ အရွယ်‌‌ပေါင်းစုံနဲ့ ခင်‌မင်‌ခွင့်‌ ရတယ်‌။ လူမျိုး‌ပေါင်းစုံနဲ့ ရင်းနှီးခွင့်‌ရတယ်‌။ ‌နေရာ‌ဒေသ‌ပေါင်းစုံ ၊ ဝါသနာ‌ပေါင်းစုံ ၊ ထိ‌တွေ့ခွင့်‌ရတယ်‌ဗျာ။ ‌နောက်‌ပြီး အ‌ခေါ် အ‌ပြော‌တွေ ယဉ်‌‌ကျေးလာတယ်‌။အစ်‌ကိုတန်‌ အစ်‌ကို ၊ညီမတန်‌ ညီမ။ ဆရာ‌ခေါ်ဖို့လည်း ဝန်‌မ‌လေးတော့ပါဘူး။ ၊ငါ ၊ နင်‌ ၊တို့ မ‌တွေ့ရ မမြင်‌ရ မ‌ပြောဖြစ်‌‌တော့ဘူး။ ‌ကျေးဇူး ဆိုတဲ့စကားက‌တော့ steemit မှာ အ‌သုံးအများဆုံး‌ပေါ့ဗျာ။ သူတစ်‌ပါးကို ‌ကျေးဇူးတင်‌ရမှာ ဝန်‌‌လေး‌နေသူ‌တွေ ၊‌ကျေးဇူးတင်‌စကား မ‌ပြောတတ်‌သူ‌တွေကို steemit က သင်‌တန်းပို့ချ‌ပေး‌နေပါတယ်‌လို့ ‌ကြော်‌ငြာ လိုက်‌ပါ ‌ဘော်‌‌ဘော်‌တို့‌ရေ။ အဖွဲ့အစည်းစိတ်‌ဓာတ်‌ ၊ရဲ‌ဘော်‌ရဲဘက်‌ စိတ်‌ဓာတ်‌ကို မြှင့်‌တင်‌‌ပေးတယ်‌။ ရှင်းရှင်း‌ပြောရရင်‌ train ‌ပေးတယ်‌‌ပေါ့ဗျာ။ စည်းကမ်း‌ကောင်းလာ‌စေတယ်‌။ အချုပ်‌‌ပြောရရင်‌ လူမှုဆက်‌ဆံ‌ရေးပိုင်း တိုးတတ်‌လာ‌စေပါတယ်‌။ပရဟိတ စိတ်‌ကိုနိုးထလာ‌စေတယ်‌။အကျိုးတရား‌တွေက အများကြီးပါဗျာ။
FB_IMG_1518615104380.jpg
‌နောက်‌တစ်‌ခု တင်‌ပြချင်‌တာက ဝင်‌‌ငွေပိုင်း။ ‌ငွေ‌ကြေးပိုင်‌ကို နည်းနည်း‌ပြောပါရ‌စေ။ ရှာ‌ဖွေခြင်းထက်‌ စု‌ဆောင်းခြင်းက ပိုပြီးအ‌ရေးကြီးပါတယ်‌။ ကျွန်‌‌တော်‌တို့မြန်‌မာလူမျိုး‌တွေက စု‌ဆောင်းခြင်းပိုင်းမှာ အားနည်းတယ်‌။ စု‌ဆောင်းရ‌ကောင်းမှန်းကို မသိတာ။ မကြီးပွားခြင်းရဲ့ အဓိက တရားခံက သူဘဲ။ အိတ်‌‌ပေါက်‌နဲ့ ဖား‌ကောက်‌‌နေသလို ဖြစ်‌ရင်‌ အလကားဘဲ‌လေ။ ထားပါ‌တော့ ၊ စု‌ဆောင်းခြင်းဆိုတာ နည်းနည်းကဘဲ စစုရတာပါ။Steemit မှာ sbd ၊ sp ၊ steem စု‌ဆောင်းရတာဟာ အရမ်းပီတိဖြစ်‌ဖို့‌ကောင်းတယ်‌။ အပြင်‌‌ငွေ‌ကြေးစု‌ဆောင်းတာနဲ့မတူဘူး။ ကိုယ့်‌ဝါသနာက ရလာတဲ့ ဆု‌ကြေးကို မြင်‌‌နေရတာကိုက ပီတိဖြစ်‌‌စေတယ်‌။ ကိုယ့်‌ကိုတွန်းအားဖြစ်‌‌စေတယ်‌။ ကိုယ့်‌‌ချွေးနည်းစာ‌လေးမသုံးရက်‌တာထက်‌ ပိုတယ်‌။ ဆိုလိုချင်‌တာက စု‌ဆောင်းဖြစ်‌တယ်‌‌ပေါ့ဗျာ။စုပါ များလာရင်‌ တစ်‌ချိန်‌မှာ များပြားလာမှာက ‌ပြောစရာမလိုပါဘူး။ အနာဂတ်‌ အတွက်‌ ‌ငွေတွင်းကြီး‌ပေါ့ဗျာ။ အရိုးရှင်းဆုံး ဥပမာ‌ပေးရရင်‌ အိမ်‌ခြံ‌မြေ ဝယ်‌ပြီးစု‌ဆောင်းထားသလို‌ပေါ့။ အချိန်‌တန်‌ ‌မြေ‌ဈေးက တတ်‌လာမှာဘဲ‌လေ။ ဆင်းရဲ‌ဖေ‌ဖေ ၊ ချမ်းသာ‌ဖေ‌ဖေ စာအုပ်‌ထဲကအတိုင်း‌ပြောရရင်‌ ကိုယ့်‌ရဲ့ရင်းနှီးမြှုပ်‌နှံတဲ့‌ငွေ‌ကြေးက ကိုယ်‌မလုပ်‌ရဘဲ ကိုယ့်‌ကို ရှာ‌ဖွေ‌ပေး‌နေတယ်‌။steemit မှာ sp စု‌ဆောင်းခြင်းဟာလည်း ရင်းနှီးမြှုပ်‌နှံ‌နေတာပါ။ တစ်‌ချိန်‌မှာ ထုတ်‌စား‌နေရုံပါဘဲ။
FB_IMG_1518615158160.jpg

ကိုယ်‌ဝါသနာပါတာလည်းလုပ်‌ရတယ်‌၊ ကိုယ့်‌‌ရေးထားတာကိုလည်း ဖတ်‌‌ပေးအား‌ပေးတဲ့ သူ‌တွေလည်းရှိ၊ စာ‌ပေ‌ပေါင်းစုံကိုလည်း ဖတ်‌ခွင့်‌ရ ၊ လူ‌ပေါင်းစုံနဲ့ မိတ်‌‌ဆွေတိုးရတယ်‌ ၊ကိုယ့်‌အရည်‌အချင်းလည်းတိုးတတ်‌တယ်‌ ၊‌ငွေ‌ကြေးလည်းစု‌ဆောင်းပြီးရင်းနှီးမြှုပ်‌နှံခွင့်‌ရတယ်‌ ။
ကိုင်း ဒီ‌လောက်‌‌ကောင်းတာ ရှိ‌သေးလားဗျာ။
‌ရောင်းရင်းတို့‌ရေ အတူတူ ကြိုးစားကြပါစို့။အားလုံးကျန်းမာချမ်းသာကြပါ‌စေ။
Photo -facebook
MSC-228
@mahaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Steemit is regarded as a big library because there are many posts which can be read.I want to say other view that steemit is a place where I can build my hobby.

Steemit is very good.Thank you.

ဖေ့ဖုတ်​ကအများသုံး​နေလိုသာသုံး​နေတာ
အရသာမရှိ​တော့ဘူး

မှန်‌ပါတယ်‌ bro. Steemit က ‌ရေရှည်‌‌ကောင်းပါတယ်‌။

လက်​တွဲညီညီကြီုးစားပါ မည်

ဟုတ်‌ကဲ့ပါ။

ပြိုင်​တူတွန်းက ​ရွေ့နိုင်​ပါတယ်​ကြိုးစားကြတာ​ပေါ့​ဗျာ

ဟုတ်‌ပါတယ်‌ bro.

အတူတူပူးပေါင်းပြီးရှေ့ဆက်ကြိုးစားကြမယ်

လက်‌တွဲ‌ခေါ်ဦး‌နော်‌။‌ကျေးဇူးပါ။

မျှော်​လင့်​ချက်​​တွေရင်​ဝယ်​ပိုက်​ကာ ကြိုးစား​နေဆဲပါ
steemit

ချစ်‌ခင်‌စွာ အတူ‌လျှောက်‌လှမ်း ကြစို့။

Fighting bro.

ဟုတ်‌ကဲ့ပါ။‌ကျေးဇူး bro.

ကောင်းတယ်ဗျာရေးသားပြထားတာလေးတွေ

‌ကျေးဇူးပါ bro.

မှန်လိုက်တဲ့အရေးအသား သေချာဖက်သွားပါတယ်ဗျ

ညီငယ်‌‌တွေကို လက်‌တွဲ ‌ခေါ်ဦး၊စိတ်‌ ချမ်း သာပြီး ‌အေး ချမ်းတဲ့ ကိုသာ‌အေး‌ရေ။

ရှောင်လင် ဆရာကြီး ကိုမဟော်အရေးအသားတွေ Heart ထိပါတယ်

အတူတူကြိုးစား ‌လျှောက်‌လှမ်း ကြတာ‌ပေါ့ ညီ။

ကောင်းမှကောင်း ...

ဟုတ်‌ပါတယ်‌။ ‌ကျေးဇူးပါအန်‌တီ။

စုဆောင်းပေဦးမယ် အစ်ကိုရယ် SP တွေများသထက်များလာအောင်

‌စောင့်‌‌မျှော်‌‌နေပါ့မယ်‌ညီ‌ရေ။‌ကျေးဇူးပါ။

ဟုတ်ပါ့ကြည်ဖြင့် steemit သုံးပီးထဲက fb မကြည့်ဖြစ်တော့ဘူး 😁😁

Sl ဆို‌တော့ ဘယ်‌အားပါ့မလဲ။‌ကျေးဇူးပါ ညီမ။

ဒါကြောင့် စုပေါင်းညီညာအောင်ကြောင်းဖြာလေ။

မှန်‌ပါတယ်‌ bro.

အတူတူကြိုးစားကျပါစို့လို့

Fighting

Right👍👍

‌ကျေးဇူးပါ ညီမ။

Good စု​ပေါင်းညီညာ ​အောင်​​ကြောင်းဖျာ..

ဟုတ်‌ပါတယ်‌ bro.‌ကျေးဇူးပါ။

ဟုတ်​ကဲ့။

Steemit့အတူ​အောင်​ မြင်​ပါ​စေ

‌ပေးတဲ့ဆု နဲ့ ပြည့်‌ပါ‌စေ။‌ကျေးဇူးညီမ။

ကိုမဟော်တို့ များတော့ တော်လိုက်တာနော်ရေးတတ်တယ်။

အချင်းချင်းေ မြှာက်‌‌နေ ပြန်‌ပြီ။‌ကျေးဇူးညီ။

ရေးတတ်​လိုက်​တာဗျာ

‌ကျေးဇူးပါ bro.

အစ်ကိုက စာရေးကောင်းပြီးသားဆိုတော့ ဖတ်လို့ကောင်းပါ၏။အတူလက်တွဲ ကြိုးစားကြတာပေါ့ဗျာ။

ကျွန်‌‌တော့်‌ကို ‌ဝေဖန်‌‌ပေးဖို့ ကြိုဆိုပါတယ်‌။လိုအပ်‌ချက်‌‌တွေေ ပြာ ပြ‌ပေးပါ။ ‌ကျေးဇူးပါ အစ်‌ကို။

v100%$0.05 v n m done. thanks

‌ကျေးဇူးပါ ညီမ။

v100%$0.04 v n m done. thanks

Thank bro.

အားရစရာပါပဲကျေးဇူးပါ

အတူတူကြိုးစားကြတာ‌ပေါ့ ဆရာ။

အမှန်ပါ
Steemit.​ရောက်မှ
ကျနော့ရဲ့ ကိုယ်ပိုင်ဥာဏ်ကို အသုံးချရေးတက်လာခဲ့တာပါ
တကယ်အကျိုးရှိတဲ့အရာတစ်ခုပါ

ဒိထက်‌ တိုးတတ်‌ဦးမှာပါ။