🦋လေးဘက်နာ / ဂေါက်ရောဂါ /အဆစ်အမြစ်ရောင်
ရောဂါ တို့အကြောင်း သိကောင်းစရာများ ( အပိုင်း-၄ )
Hello , all my steemit member.
ကျမ ရဲ့ steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး
မင်္ဂလာ ပါ ရှင့်
ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ရေးသားမယ့် အကြောင်းအရာ
ကတော့ " လေးဘက်နာရောဂါ " အကြောင်း ကို
ကျမ လေ့လာသိရှိထားသမျှ ရေးသားမှာ ဖြစ်ပါတယ်
ကျမသည်ဆေးဘက်ဆိုင်ရာ ပညာရှင် တစ်ယောက်
မဟုတ်ပါ
ညီမဝမ်းကွဲ တစ်ယောက်တွင် လေးဘက်နာ
ရောဂါ ရှိနေသည်ဟု သိရှိလိုက်ရသည့် အချိန်မှ စတင် ၍
လေးဘက်နာရောဂါ ဆိုတာ ဘယ်လို ဝေဒနာ ခံစားရလဲ
ဘယ်လိုကြောင့် ရောဂါဖြစ်ပွားရသလဲ စသည်ဖြင့်
ညီမ အားအကူအညီပေးနိုင်ရန်အတွက်
ကျမ လေ့လာ သိရှိ မှတ်သား ထားသမျှ အကြောင်း အရာ
များအား ရေးသားမျှဝေပေးခြင်း ဖြစ်သောကြောင့်
လိုအပ်သည်များ ကွဲလွဲမှု့ များရှိပါက ဝေဖန်အကြံပြု
နားလည်ပေးကြပါရန် မေတ္တာ ရပ်ခံ ပါတယ်
ဘာကြောင့် လေးဘက်နာ လို့ ခေါ်သလဲ
လက်နှစ်ချောင်း နှင့် ခြေ နှစ်ချောင်း မျာူ က အဆစ်
အမြစ်တွေ အားလုံးနာ လို့ လေးဘက်နာ လို့ လွယ်လွယ်
ကူကူ ခေါ် ပေ မယ့် English လို ဆေး ခေါ် အနောက်တိုင်း
ဆေး အခေါ်အဝေါ်မှာ တော့ အခေါ်အဝေါ် ကွဲပြားမှုများ
ရှိ ကြပါတယ်
လေးဘက်နာရောဂါ အမျိုးအစားများ
၁-Rheumatic arthritis -ပိုးလေးဘက်နာ
အသက်ရှူ လမ်းကြောင်း သို့မဟုတ် အရေပြား ကနေ ပိုးဝင်ရာ ကနေ အဆစ်တွေ ရောင်လာတာပါ
ကလေးတွေမှာ အဖြစ်များပြီး ပင်နယ်ဆလင် ထိုးရင်
သက်သာ ပျောက်ကင်းစေပါတယ်
၂- Gouty arthritis ( ဂေါက် ခေါ် ယူရစ်အက်ဆစ် များပြီး
အဆစ်ရောင်တဲ့ ရောဂါ )
အမျိုးသားတွေမှာ အဖြစ်များပါတယ်
၃-Rheumatoid arthritis ( သွေးလေးဘက်နာ ) -
အမျိုးသမီးတွေမှာ အဖြစ်များပါတယ် အကြောင်းရင်း မရှိဘဲ သူ့အလိုလို ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်
၎-SLE -အရေပြား လေးဘက်နာ -
သူ့ အလို အလျောက်ဖြစ်တဲ့ရောဂါ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်
၅-Osteo arthritis (ဒူး ဆစ်တွေ နာကျင် ရောင်ရမ်းခြင်း) -
ဝ တဲ့ အမျိုးသမီးတွေ မှာ ဖြစ်တတ်ပါတယ်
ပြီးခဲ့သည့် Post များတွင် ပိုးလေးဘက်နာ နှင့် gout ခေါ်
အဆစ်အမြစ်ရောင်လေဘက်နာ အကြောင်း အား ရေသား
ခဲ့ သည်မို့ အခု သွေးလေဘက်နာ အကြောင်းကိုရေးသား
post တင်ပေးမှာ ဖြစ်ပါတယ်ရှင့်
၃-Rheumatoid arthritis ( သွေးလေးဘက်နာ ) -
အမျိုးသမီးတွေမှာ အဖြစ်များပါတယ် အကြောင်းရင်း မရှိဘဲ သူ့အလိုလို ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်
သွေးလေးဘက်နာ ခေါ် RA (rheumatoid arthritis)
အကြောင်း ကို ကျမ သိသလောက် ရေသားမှာဖြစ်ပါတယ်
- သွေးလေးဘက်နာရောဂါ ဘယ်လို လူများမှာ အဖြစ်များလဲ
သွေးလေးဘက်နာ က အမျိုးသမီး တွေမှာ အဖြစ်များပါတယ်
- သွေးလေးဘက်နာ ရောဂါဘယ်လိုကြောင့်
စတင်ဖြစ်ပေါ်သလဲ
ကိုယ်ခံ အားစနစ် သူ့အလိုလို ပျက်စီးတဲ့ ရောဂါ (autoimmune) ဖြစ်ပါတယ်
ကိုယ်ခံအား စနစ်က မိမိ အဆစ်တွေ ကို မိမိ ပြန်လည်
တိုက်ခိုက်တဲ့ရောဂါလို့ လည့်းဆိုပါတယ်
့ အစား အသောက်အနေ အထိုင်တွေ ပုံစံ ပြောင်းလဲ လာတာနဲ့ ဒီရောဂါ ဖြစ်တဲ့ သူတွေ လည်း ပိုများလာပါတယ်
- သွေးလေးဘက်နာ ရာဂါလက္ခဏာများ
ရောဂါ လက္ခဏာကတော့ ခြေချောင်း ၊ လက်ချောင်း အသေးလေးတွေ က စသိသာလာပါတယ်။ မနက် အိပ်ရာ ထရင်
လက်ချောင်း လေးတွေ ကွေးရ ခက်ပြီး တင်းနေတတ်ပါတယ်
သွေးကို စစ်တဲ့ အခါမှာ RA ရှိမရှိ စစ်ရုံ နဲ့ မမှန် နိုင်ပါဘူး
Anti CCP သို့မဟုတ် ENA Penal ကို စစ်ဆေးမှ RA ဟုတ်/ မဟုတ် သေချာပါမယ် သေချာအောင် စစ်သင့်ပါတယ်
သွေးအဖြေသာမက ဆီး စစ်တဲ့ အဖြေ ကိုလည်း
သေချာစွာစစ် ဖို့လိုပါတယ်
သွေးလေးဘက်နာရောဂါဖြစ်ပွားပြီ ဆိုရင်
မပျောက်ပါဘူး ရောဂါ အနည်းငယ် သက်သာ အောင်သာ
ကုသ လို့ ရမယ်လို့ ဆိုပါတယ်
မကြာခဏ အဆစ် ပြန်နာ နိုင်တဲ့ အပြင် လက်ချောင်း လေးတွေ ကွေး ကုန်တဲ့ အထိလည်း အရုပ် ဆိုးသွားတတ်ပါတယ်
- သွေးလေးဘက်နာ သက်သာအောင် ဘယ်လို ကုမလဲ
စတီးရိုက်ခေါ် အရောင် ကျဆေးများ အကိုက်
အခဲ ပျောက်ဆေးများ နဲ့ လက်ချောင်း ခြေ ချောင်းလေးတွေ ကွေး ကောက် မသွားအောင် သောက်ရတဲ့ ဆေးများဟာ
ဆိုရင် လူကို ဥပါဒ် ဖြစ်စေတဲ့ ဆေးတွေ မို့ တတ်ကျွမ်း
နားလည်သော ဆရာဝန်နဲ့ လစဉ် ပြသ ပြီး ကုသဖို့
လိုအပ်ပါတယ်
တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ရဲ့ ညွှန်ကြားတဲ့ အတိုင်းဘဲ
ဆေးတွေကိုသောက်သင့်ပါတယ် side effect များတဲ့ အတွက်
ဆေး များကို အရမ်း သောက်လို့ မရပါဘူး
အန္တရာယ် ကင်းပေမယ့် အင်္ဂ လိပ်ဆေးလောက် သက်သာတာ မမြန်တဲ့ မြန်မာ ဆေးက တော့ နနွင်း ဖြစ်ပါတယ်
နနွင်း ဟာ အဆစ်ရောင် ခြင်းရောဂါ မျိုးစုံ ကို သက်သာ
ပျောက် ကင်းစေကြောင်း အမေရိက မှာ ရော တရုတ် နိုင်ငံ
မှာပါ ပြု လုပ်တဲ့ သုတေသန တွေ က သက်သေ ပြသွား
ခဲ့တယ်လို့ဆိုပါတယ်
သွေးလေးဘက်နာ ဖြစ်တဲ့ သူ ဘာတွေ စားရင် ပို ဆိုး မလဲ
ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အစားအစာတွေ စားရင်
ရောဂါ ပိုဆိုးလာပါတယ်
- ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အစားအစာတွေကတော့
-သကြား ပါသော အစားအစာများ - ကော်ဖီ၊ လက္ဘက်ရည် ၊ ချိုချဉ်၊ ချောကလက် Donuts မုန့်များ ချိုလွန်းသော
အစားအစာများ
-ဟင်းသီးဟင်းရွက်ဆီ စားအုန်းဆီ နေကြာဆီ ပဲပုပ်စေ့ဆီ
မာဂျရင်း စသည်တို့သည်
ရောင်ရမ်းခြင်းကို ဖြစ်စေသော အိုမီဂါ 6 ပါဝင်ပြီး အရောင်ကျစေသော အိုမီဂါ 3 fatty acid မပါဝင်သောကြောင့် မစားသင့်ပါ
-ဆီနှင့်ကြော်ထားသော အစားအစာများ ဖြစ်သည့်
အာလူးကြော် ကြက်သားကြော် ငါး အချောင်းကြော်
ဘယာကြော် တို့ဟူးကြော် စသည့် ဆီကြော် မုန့်များ
-ဂျုံကို နူးညံ့အောင် ပြု ပြင်ထားသော အစာများ ဖြစ်သည့်
ပီဇာ နူးညံ့သည့် ပေါင်မုန့်
- နို့ ၊ထောပတ် ဒိန်ချဉ် ဒိန်ခဲ နို့ဆီ များ
ဒိန် ချဉ်ကို အသင့်အတင့် စားသင့်သော်လည်း ကျန်သည့်
နို့ထွက်ပစ္စည်း များ ကတော့ ရောင်ရမ်းခြင်းကို ပို ဖြစ်စေလို
့ ရှောင်ရမှာဖြစ်ပါတယ်
-သကြားအတု ကဲ့သို့အစားအသောက် ကို ပိုမိုစွဲ ဆောင်မှု
ရှိအောင် ထည့်သော အရောင် နှင့် အနံ့များ
- ပြည့်ဝဆီပါသော မုန့်များ ဖြစ်သည့် ဟန်ဘာဂါ ပီဇာ
-အနီရောင် အသားများ ကလီစာများ ဝက်အူချောင်းများ
- စည်သွပ်ထားသော အသားများ
-အရက် ဝိုင် ဘီယာ
သေးလေးဘက်နာ ရောဂါ ဖြစ်နေသူများ စားသောက်
သင့်သော အစားအစာများကတော့
အောက်ပါ အစားအသောက်တွေ ကို စားခြင်းဖြင့် အဆစ်နာ
ခြင်းမှ ကင်းဝေးပါ လိမ့်မယ်
- ဗိုက်တာမင် ဒီ ကြွယ်ဝသောာအစား အစာများ
ဖြစ်သည့် ငါး ငါးအဆီ ဖရုံစေ့ နေကြာစေ့ သစ်ကြားသီး ဗာဒံ စေ့
- ကြက်သွန်ဖြူ ဂျင်း နနွင်း သစ်ကြံပိုး နံနံပင် များ
-စတော်ဘယ်ရီ ဘလူးဘယ်ရီ ချယ်ရီ လိမော် သံပရာ
သရက်သီး ကီဝီသီး စပျစ်သီး သင်္ဘောသီး ထောပတ်သီး
-အစိမ်းရောင် ရှိသော အရွက်များ ဖြစ်သည့်
ဟင်းနုနယ်ရွက် ကန်စွန်းရွက် မုန်ညင်းရွက ကိုက်လန်ရွက်
ပန်းမုံလာ ဂေါ်ရခါးညွန့်ဗူးညွန့် ဖရုံညွန့်
-ခရမ်းသီး အာလူး ကန်စွန်းဥ ခါကျက်ဥ ခေါ် မုံလာဥနီ
-ဗီတာမင်-စီ ဒီ အီး ဘီစစ် မဂ္ဂနီဆီယမ် ကယ်လ် စီယမ် ဇင့်
စီလီ နီယမ် ပါဝင်သော စားစရာများ
-မပြုပြင်ထားသောဂျုံ (ဂျုံကြမ်း ) စားပါ။ကွေကာ စားရပါမယ်
-ပန်းသီးရှာလကာ ရည် နှင့် ပျားရည်
-ကညွတ် - ဂေါက် အဆစ်ရောင် ရောဂါ အတွက် မတည့်ပေမယ့် RA အဆစ်ရောင်သူ များ စားသင့်ပါတယ်
- သံလွင်ဆီကို စားသုံးသင့်ပါ တယ် ဟင်းချက်ရာမှာ သုံးသုံး
နနွင်းနဲ့ ဖျော်သောက်သောက် သူ့ချည်း သောက်သောက်
အဆစ်ရောင် ကျစေပါတယ်
-fish oil ခေါ် အိုမီဂါ 3 ငါးကြီးဆီကို နေ့စဉ်စားပေးရပါမယ်
-ခရု ဂဏန်း ယောက်သွား များစားပေးပါ
-ပရိုဘိုင်အိုးတစ်စားပါ
( မှတ်ချက်- ကျမရဲ့သူငယ်ချင်းဖြစ်သူ၏ မောင်လေးတွင်
လွန်ခဲ့သော ၆လ ခန့် တွင် သွေးလေးဘက်နာဖြစ်ပွားနေသည်
ကို သိရှိရပြီး အထူးကု ဆေးရုံဆေးခန်းများ၌ ပြသနေခဲ့ ရာမှ
မြန်မာဆေးနည်ဖြင့် ကုသရာမှ အခုဆိုသက်သာပျောက်ကင်း
နေပြီလို့ ဆိုပါတယ်
မြန်မာဆေးနည်မှာ လက်ပံခါး အသား ကို အမှုန့်ကြိတ် ၍
ပျားရည် နှင့်ဖျော်ြီပီး နံနက် ၁ခါ ည ၁ခါ သောက်သုံးခဲ့ ရာ
မှ ရောဂါသက်သာပျောက်ကင်းသွးသည်ဟု သိရှိရပါတယ် )
ထို့ကြောင့် သွေးလေးဘက်နာ ဖြစ်နေသာများ အနေဖြင့်
မြန်မာဆေးမြီးတို များကိုလည်း အန္တရယ်လည်းမရှိနိုင်တာ
ကြောင့် ဝေဒနာသက်သာပျေိာက် ကင်းနိုင်စေ ရန် သောက်
သုံးသင့်တဲ့ ဆေးနည်း ကို လည်းမျှဝေပေးလိုက်ပါတယ်
သွေးလေးဘက်နာ ရောဂါ ဖြစ်ပွားနေသူများ အနေဖြင့်
အစားအသောက် အနေအထိုင် ဆင်ခြင်ကြ ပြီး တတ်ကျွမ်း
နားလည်သော ဆရာဝန်များ ၏ ညွန်ကြားချက်အတိုင်း
လိုက်နာ နေထိုင် စားသောက်မည် ဆိုပါက
အသက်ညာဉ်စောင့်ဆိုသလို ရောဂါဝေဒနာများ တိုးပွားမလာ
စေရန် သက်သာပျောက်ကင်း ကျန်းမာစေရန် ရည်ရွယ်၍
ရေးသား မျှဝေပေးလိုက်ပါတယ်
အားလုံးသော steemit မှ မိတ်ဆွေ များလည်း
လေးဘက်နာရောဂါကို ကာကွယ်နိုင်ကြပါစေ
ဖြစ်ပြီးတဲ့သူများလည်း နည်းစနစ်တကျကုသမှုခံယူပြီး အလျင်အမြန်သက်သာ ပျောက်ကင်းနိုင်ကြပါစေ လို့ post တင်ရေးသားရင်း
နောက်လာမည့် post များတွင် လေးဘက်နာရောဂါ
အကြောင်း သိရှိသမျှ အကြောင်းအရာတို့အား မျှဝေ
ပေးသွားမည် ဖြစ်ပါသည်
Author-
MSC-070
မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်၍ အခြားသော copy များ credit များ ဖြင့် post မတင်ရန် သတိပေးလိုက်ပါသည်။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://myanmaroknews.blogspot.com/2017/07/blog-post_74.html တွင် တွေ့မိပါသည် ။ @mamamyanmar အနေဖြင့် MSC 070 ကိုယ်ပိုင် နံပါတ်ဖြင့် post တင်ခြင်းသည် သူတစ်ပါးစာများအားတိုက်ရိုက်ကူးယူခွင့်မပြုလုပ်ရန်သတိပေးအပ်ပါသည်။ အခြားသူ ရေးသားထားသော ဆောင်းပါး အား မှီငြမ်းခွင့်ရှိပါသည်။ သို့သော် အလုံးစုံးကူးယူခြင်းအား ခွင့်မြ့ပုပါ။ ယခု post တွင် ကိုယ်ပိုင်အရေးအသားများပါသော်လည်း အလယ်စာသားများအား တိုက်ရိုက်ကူးယူခြင်းဖြစ်နေပါသည်။ နောက်နောင်ထိုကဲ့သို့မပြုလုပ်ရန်လည်းသတိပေးလိုက်ပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://myanmaroknews.blogspot.com/2017/07/blog-post_74.html
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good health knowledge
Thank you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မမမြန်မာရေ original cheetah လာသွားတယ်ရှေ့နဲ့နောက်မှာ အမဖာသာရေးပီး အလယ်က အချက်အလက်တွေ အကုန် ယူထားတာ ဖြစ်နေတော့ cheetah လာရောပေါ့ promotion 2 ပတ်ပိတ်လိုက်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit