Banana Pudding( producing ) ငှက်ပျော ဆန္နင်းမကင်း

in myanmar •  8 years ago 

ပြုလုပ်ပုံ
…………… image imagebold

ငှက်ပျောဆနွင်းမကင်း
ဘန်းဆိုဒ် ၉+ ၁၁ လက်မ
ဌက်ပျောသီး....၁၇ လုံး (အရွယ်တော်)
ဂျုံမှုန့်.. ..၁၀ ကျပ်သား(160g)
အုန်းသီး.. ..၁လုံး (အမှုန့်ခြစ်ထားပါ)
သကြား...၂၀ ကျပ်သား( အချိုမကြိုက်ရင်
လျှော့ပါ) (320 g)
ထောပတ်.....၁၀ ကျပ်သား (160g)
နို့မှုန့် (pep)....၂ထုပ် (30 g)
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်
Food colour(နီ).....အနည်းငယ်
ရွှေကြည်မှုန့်.. ၅ဇွန်းမောက်(ထမင်းစားဇွန်း)
(ငှက်ပျောဆနွင်းမကင်းကိုအရင်လုပ်တုန်း
ကရွှေကြည်မထည့်ပါဘူး
အစ်မ Khine Chaw Suနည်းကိုကြည့်ပြီး
ရွှေကြည်ထည့်ကြည့်တာ ပိုကောင်းပါတယ် ရှင့်
အစ်မရေ ကျေးဇူးပါနော်
ငှက်ပျောသီး ကိုကြေအောင်ချေထားပါ
ဂျုံ +ထောပတ် +သကြား+ အုန်းသီးမှုန့်
နို့မှုန့် + ဆား+ ရွှေကြည် ထည့်ပြီးအားလုံးသမသွားအောင် ရောနယ်ပါ
အရောင်လိုသလောက်ထည့်ပြီး နှံ့အောင်
နယ်ပါ (food colour မထည့်လဲရပါတယ်)
ဖုတ်မယ့်ဘန်းကို ထောပတ်သုတ်ပြီး
မုန့်နှစ်လောင်းထည့် အပေါ်ယံညီအောင်
ထောပတ် ၂ဇွန်းလောက် ဆမ်းပြီး
ညှိပေးပါ
ပြီးရင် ဘိန်းစေ့ဖြူးပြီး အပူချိန်
၂၀၀ံ စင်တီဂရိတ်နဲ့ အပေါ်မီး များများ
အောက်မီးနဲနဲ နဲ့ မိနစ် ၄၀လောက် ဖုတ်ပေးပါ
(အောက်မီး ကို ၁၀မိနစ်လောက်ပဲ
ပေးပါတယ်)
မိနစ် ၃၀ လောက်နေရင် ဓားချွန်
လေးနဲ့ ထိုးကြည့်ပြီး မုန့်နှစ်ကပ်မပါလာ
တော့ရင် ကျက်ပါပြီ အပေါ်ယံ နီလာအောင်
၁၀ မိနစ်လောက် ထပ်ထားပြီးရင်
ရပါပြီရှင်
အအေးခံပြီးမှ ကြိုက်ရာပုံဖြတ်လို့ရပါပြီ

@mamamyanmar

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

nice to meet you.
Please follow me @patricksanlin and upvote. Thanks

Thank bro

thanks for sharing....

ြုကိုက်တယ် စာချင်းထှာ

ဗိုက်ဆာနာနော် ဟင်းဟင်း

Nice post @mamamyanmar

နောက်ထပ်များများတင်ပေးပါ

I like it,it's myanmar traditional food.