Coconut Jelly

in myanmar •  7 years ago 

အုန်းသီး ကျောက်ကျော

Hello , all steemit member .

Steemit မှ မိတ်ဆွေသူငယ်ချင်းများအားလုံး မင်္ဂလာပါ

image

ဒီနေ့ steemit မှ မိတ်ဆွေများအတွက် ပြုလုပ်ရတာလည်း
လွယ်ကူ ပြီး အရသာလည်း ရှိလှတဲ့ အုန်းသီး ကျောက်ကျော
ဂျယ်လီ ပြုလုပ်နည်း လေးအား ပြုလုပ်စားသောက် ရင်း
post တင်ရေးသား မျှဝေ လိုက်ပါတယ်

image

ကျောက်ကျောကို အုန်းသီးနုနု အလုံးအတွင်းထည့် ထားသည့်
အုန်းသီး ကျောက်ကျော ဂျယ်လီ ဟာ ဆိုရင်အခုတစ်လော
onlineshopping တွင် ခေတ်စားနေသော လူကြိုက် များလှသည့် အစားအစာ ဖြစ်ပါသည်

onlineshop တွင်လ မှာယူစားသောက်မည် ဆိုပါက ဈေးနှုံး
မြင့်မား ပြီး ဝန်ဆောင်ခ များထပ်တက်လာပီး လတ်ဆတ်မှု့
မရှိနိုင်ပါ

ကိုယ်တိုင် ပြုလုပ်စားသောက်ပါက အရသာလည်း ရှိဈေနှုံးလည်းသက်သာ လတ်ဆတ်မှုလည်း ရှိတာကြောင့်ုပုလုပ်ရာတွင်လည်း လွယ်ကူ မြန်ဆန်သည့် အတွက်
သင်္ကြန်အားလပ်ရက် ရုံးပိတ်ရက်များတွင် ကိုယ်တိုင်ကိုယ်ကျ
လုပ်ကိုင်စားသောက်ရင်း မိမိ ချစ်ခင် နှစ်သက်သူများအား
ကြွေးမွေး ဧည့်ခံ တာဘဲ ဖြစ်ဖြစ် လူကြီးသူမများအား ရေကန်
တော့ တာဘဲ ဖြစ်စေ ပြုလုပ်စားသောက်ကြစေရန် ရည်ရွယ်
လျက် ရေးသား ခြင်း ဖြစ်ပါသည်

image

အုန်းသီးကျောက်ကျော ဂျယ်လီ

ပါဝင်ပစ္စည်း

အုန်းသီးနုနု ( ဇွန်းဖြင့် ခြစ်လျင်ရသည့် အနေထား )- ၁လုံး
အာဂါး ကျောက်ကျော -၁ထုပ်
သကြား -၂၅ကျပ်သား

အရင်ဆုံး အုံန်းသီး၏ ထိပ်ပိုင်း သုံးပုံ တစ်ပုံးခန့်အား ပိုင်းဖြတ်
ထားပါ
ပိုင်းဖြတ်ထားသော အုန်းသီးတစ်ပိုင်းတွင်ရှိသော အုနါးသီး အသားများအား ခြစ် ထြင်ခြစ်ထားပါ
အုန်ရည် များအားခွက်တစ်ခုတွင်ထည့်ထားပါ

ရေနွေ ပွက်ပွက်ဆူတွင်သကြား ကျောက်ကျောများထည့် ကြို
အုန်းရည်များပါ ထည့်ပါ
၁၅မိနစ်မှ၃၀ မိနစ်ခန့်ကြိုပေးပြီး ကျောက်ကျေားများ ရှိပါက
အုန်းသီး အလုံးအတွင်း လောင်ထဘ့် အပေါ်မှ ခြစ်ထားသော
အုန်းသီးဆံဖတ်များထည့် အအေးခံ ပြီး လျင် သုံးဆောင်လို့ရပြီ
ဖြစ်ပါသည်

အုန်သီး အလုံးအတွင်းမထည့် ဘဲ လင်ဘန်းတွင် ထည်၍ လည်း အုန်းသီးကျောက်ကျော ပြုလုပ်လျှင်လည်းရပါသည်

image

သင်္ကြန်ကာလ ပိတ်ရက်တွင် အရသာလည်း ရှိ လှလည်းလှ
ပြုလုပ်ရလည်း လွယ်ကူသည့် အုန်းသီး ကျောက်ကျော ဂျယ်လီ
လေးအား ပြုလုပ်စားသောက် ကြည့်ကြပါဟု
တိုက်တွန်းရင်း

Steemit မှ မိတ်ဆွေ သူငယ်ချင်း များအားလုံး ကျန်းမာ ရွှင်လန်း ကြပါစေ

written & made

@mamamyanmar

MSC-070

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အုန်းသီးလဲကြိုက်တယ်
ကျောက်ကျောလဲကြိုက်တယ်။
အုန်းသီးကျောက်ကျောဆိုတော့ 😋😋😋

အကြိုက်တေ တူနေတာ

အုန်းသီး ​ကျောက်​​ကျောရမယ်
အုန်းသီး ​ကျောက်​​ကျောရမယ်​ဗျို့

အဲ့အုန်းသီးထဲ ကိုကျောက်ကျော ထည့်ပလိုက်တာဘဲ

ပုံမြင်တာနဲ့သွားရည်ယိုနေတာ

လုပ်စားပြိုက်

စားချင်​မိတယ်​ 😢

စားပါ

အမျိုးမျိုးလုပ်​​ကျွေးတတ်​တဲ့ အစ်​မ​ရေ .. စား​ကောင်းတယ်​ဗျာ .. ​ကျေးဇူးဗျ .. 😀😀

အချို နဲနဲ ပေါ့သလား လို့ ဟိဟိ

သင်္ကြန်ပိတ်ရက် လုပ်စားအုံးမယ်ကွယ်

လုပ်စားကြည့်နော် ရမ်းကောင်းတယ်

စားချင်တာကျောက်ကျောတုံးလေးတွေ အုန်းရွက်သုပ်စားလို့ ရလား မရလား သိချင်ပါတယ်

ဦးဇင်းပြောမှစဥိါ်စားကြည့်တာ အုန်းသီး အတွင်းထဲမှာပါတဲ စကျီသွေး ကို သုပ်တာ post တင်ဦးမှ ဘာ ကုန်ကြမ်းတစ်ခု
ရတွားဘီ ငိငိ

စားချင်​လာပြီ။ လုပ်​စားကြည့်​ဦးမယ်​ရှင့်​။

လွယ်လွယ်လေး လုပ်စားကြည့် လိုက်နော်

like it

အစ်မ ရေ ဒီလုပ်နည်းလေးကို Copy ယူချင်တယ် ကျွန် တော့် page မှာတင်ချင်လို့ 

ဘာမှဖြစ်ဘူး လုပ်သာလုပ်

ဗိုက္ဆာေ

စားလေ

လုပ်ကြည့်ဦးမယ်ဗျာ

လုပ်ကျိကျိ

ကြိုက်တယ် လုပ်ကျွေးဘာ

ခု လုပ်စားနာဘဲဟာ လာမစားဘဲနက်

စားချင်စရာလေး... :(

ဟုတ်ပ

စားချင်စရာကြီးဗျာ။

စာပလိုက်ဗျာ