ငါးပေါင်း ပြုလုပ်နည်း အမျိုးမျိုး ( အပိုင်း - ၁)
ငါးအုံတုံငါးပေါင်း ပြုလုပ်နည်း
Hello , all steemitmember
အစားတစ်လိုင်းတို့ရဲ့ ထုံးစံအတိုင်း စာရေးဖို့ရာ အကြောင်းအရာ စဉ်းစားမရရင် အစားအစာ ချက်ပြုပ်နည်း အား စာရေး post တင် ပါသည်
အစားအစာ အကြောင်း ဆိုတော့ စာဖတ်စရာလည်းမလို ဦးနှောက်ခြောက်စရာလည်းမလို ချီတက်မိ စရာလည်းအကြောင်းမရှိ ကိုယ်စားတာ ကိုရေး အဆင်ကို ပြေလို့
စားရင်းနဲ့ စာရေး post တင်လို့လည်းရ postတင်ရင်း ဗိုက်ဆာလာပါက ထစား လို့လည်းရ ပါသည်
ဒါ့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ကထိန်အလှူ တွင် ကြွေးမွေးဧည့်ခံခဲ့ သည့်
ငါးပေါင်း ပြုလုပ်နည်း နှင့် အတူ ငါးပေါင်းပြုလုပ်နည်း အမျိုးမျိုး အကြောင်းတို့အား ရေးသားလိုက်ပါသည်
ငါးအုံတုံ ငါးပေါင်းသည် အရိုးပါအိနေအောင် ပေါင်းထားသည့် အတွက်
အရိုးစူးမှာ ပူစရာ မလိုတော့သည့် အပြင် အရသာလည်း ရှိလှပါသည်
ငါးပေါင်း ဟင်းလျာသည် ငါးကို ကြိုက်နှစ်သက်သော်လည်း ငါးရိုးဆူး မှာ ကြေက်သဖြင့် မစားရဲသောသူများအတွက် အထူးသင့်လျော်ပါသည်
ယနေ့ ရေသားမည့် ငါးပေါင်း ကတော့ ငါးအုံတုံ ငါးပေါင်း ဖြစ်ပါသည်
ငါးကြင်း အားလည်းပေါင်းလို့ရပါသည်
ငါးအုံတုံ ငါးပေါင်း
ပါဝင်ပစ္စည်းများ
- ငါးအုံတုံ / ငါးကြင်း( ခေါင်းလွတ်) - ၁ ပိဿာ
- ကြက်သွန်နီ ဥကြီး - ၇ လုံး
- ကြက်သွန်ဖြူ ဥကြီး - ၃ လုံး
- ခရမ်းချဉ်သီး - ၁၀ လုံး
- ဂျင်း ၁ မွှာ
- နန္နင်းမှုန့် - အနည်းငယ်
- ငရုတ်သီး အနုမှုန့် - အနည်းငယ်
- ဆား အနည်းငယ်
- အရသာမှုန့် အနည်းငယ်
- ဆီ - ၁၀ ကျပ်သား
- စပါးလင် - ၃ ပင်
- မန်ကျည်းမှည့် - ၁၀ ကျပ်သား
ပြုလုပ်ပုံ
ငါးကို အကြေးခွံ ချွတ်ပြီး အတုံး ကြီးကြီး တုံး ၍ ရေဆေး သန့်စင်ထားပါ ဆား နနွင်း အရသာမှုန့်၊ ငံပြာရည်တို့ နှင့် နယ်ပြီး ၁၅မိနစ် ခန့်နှပ်ထားပါ
စပါးလင်ကို ရေဆေး ထုပြီး လက်တစ်ထွာခန့် အရှည်ဖြတ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ခရမ်းချဉ်သီး များကို လှီး ဖြတ် ထောင်းထားပါ
မန်ကျည်းမှည့် ကို ပြစ်ပြစ်ဖျော်ထားပါ
ချက်မည့်အိုး တွင် ကြက်သွန်နီ ကြက်သွန်ဖြူ၊ ဂျင်း စပါးလင်တို့ကို
နနွင်းမှုန့် အရောင်တင်မှုန့် ထည့်၍ ဆီသတ်ပါ
ကြက်သွန် များလိပ်လာပါ ခရမ်းချဉ်သီးကိုထည့်ပါ ငါးအတစ်များထည့်၍ အသာအယာ မွှေချက်ပါ ဆီပြန်လာပါက မန်ကျည်းမှည့် ရေ လောင်းထည့်ပါ
့ငါး အရိုးနူး ရန်အတွက် လိုသလောက်ရေထည့်ပြီး မီးမျှင်းမျှင်း ဖြင့် မမွှေတော့ဘဲ အရိုးနူးသည်အထိ ချက်ပေးပါ
အရိုးနူးပြီး ဆီပြန်လာပါရင် အရသာ အပေါ့အငံမြည်း ၍ နံနံပင်လေးအုပ် ပါ
အရိုးပါစားလို့ရ ပြီး အရသာရှိသည့် ငါးအုံတုံ ငါးပေါင်း ဟင်းတစ်ခွက် ဖြစ်ပါသည်
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks , your supported. I am ever used esteem app.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငါးပေါင်းကြိုက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စားနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငါ အရိုးနူးအောင်က နည်းရှိသေးလား ဟင် ငါးအရိုးနူးအောင် ရေထည့်ရင် အမွေမခံ ငါးတွေ ကျေကုန်တယ် ..ငါးပေါင်းလုပ်ကြည့်တိုင်း အဆင်မပြေဘူး😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗင်နီဂါ နဲ့ မပေါင်းဘဲ မန်ကျည်းနှစ် နဲ့ ပေါင်းပါ အရိုးနူးလွယ်ပါတယ်
ဆေီသတ်ငါးထညိ့ပြီးတာနဲ့ မမွှေပါနဲ့ ပေါင်းနေတဲ့ အချိန်အတွင်း ဇွန်နဲ့ နွှေမယ်ဆိုရင် ကြေလွယ်ပါတယ် ဟင်းပေါင်းအိုးနဲ့လည်း ပေါင်းလို့ရပါတယ်
အိုးကြီးချက် ဆိုရင်တော့ ဒန်အိုးအောက်ခြေ မှာ စပါးလင်ခင်းထည့် အပေါ်ကမှ ငါးတုံးဆီထည့် နောက် ဆီသတ်ထားတဲ့ အနှစ်တွေ တစ်ဆင့်ခြင်းထည့် ပြီး ရေကို ငါးအထက် လက် လေးလုံးခန့်ထည့် ပြီး လိုမှ ရေထပ်ထည့်ပြီး မီးသွေး မီးဖိုနဲ့ မျှင်းမျှင်းပေါင်း ရင် အရိုးပါ နူအိ ပြီး စားလို့ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မလွယ်ဘူးနော်😊စမ်ကြည့်ပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit