" Fish " For Cooking And Eating ( Part-1 )Tilapia Fish and Lime Distil

in myanmar •  7 years ago  (edited)

" ငါး " ကို အသုံးပြု ၍ စားသားဖွယ်ရာများ ပြင်ဆင်


ပြုလုပ်နည်းများ ( အပိုင်း - ၁ )


image

Hello, all my Steemit member ,

ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်

အကြောင်းအရာ ကတော့ " ငါး " ကို အသုံးပြု ၍ စားသောက်
ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း အမျိုးမျိုး ရှိသည့်
အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေးမှာကတော့
" ငါးသံပုရာပေါင်း " ပြုလုပ် နည်းအကြောင်း ကိုရေးသား
မှာဖြစ်ပတယ်

ငါးကို မြန်မာလူမျိုး အများစု နှစ်ခြိုက်စွာ စာသောက် ကြ
ရာ တွင် နည်းအမျိုး မျိုး ဖြင့် ပြင်ဆင်ချက်ပြုပ် လုပ်ကိုင်
စားသောက်ကြပါတယ်

ငါးကို ချက်ပြုပ်စားသောက်နည်း အမျိုးမျိုး တို့တွင်
ငါးပြုပ် ငါးကြော် ငါးကင် ငါးပေါင်း ငါးချက် ငါးအသားလွာ
ငါးထောင်း ငါးအချဉ်ချက် ငါးအချိုချက် ငါးအငံချက်
ငါးစဉ်းကော ငါးချို ချဉ် ငါးစပ်ခြောက်ကြော်
ငါးခေါင်းဟင်းချို ငါးခေါင်းချဉ်ရည် ငါး ဟင်းထုပ်
စသည်ဖြင့် နည်းလမ်းပေါင်းများ စွာ ပြင်ဆင်ချက်ပြုပ်နည်း
များစွာ ရှိကြပါတယ်

ငါးပေါင်းပြု လုပ် နည်းများမှာလည်း အကြိုက် အမျိုး မျိုး
ရှိသည် တွင်ပြု လုပ်နည်း များစွာ လည်း မတူကြပါ

ကျမ post တင်ရေးသား မယ့် " ငါးသံပုရာပေါင်း " ဟာ ဆိုရင်
ပြု လုပ်ရ လွယ်ကူစေပြီး အရသာလည်း အထူးကောင်းမွန်
ကာ ကျန်းမာရေးနှင့်လည်း ညီ ညွတ်စေသည့် အပြင်
ကလေး လူကြီး ကျား မ မရွေး နှစ်သက်စွာ စားသောက်
ကြပါတယ်

"ငါးသံပုရာပေါင်း" အား စားသောက်ဆိုင်များ တွင်ဝယ်ယူ
စားသောက် မည် ဆိုပါက အလွယ်တစ်ကူ ဝယ်ယူ ရရှိ
နိုင်သော်လည်း ဈေးနုံး မှာများစွာကြီးမြင့် စွာ ဝယ်ယူ စား
သောက်ရမှာဖြစပါတယ်

"ငါးးသံပု ရာပေါင်း " ကို ကိုယ်တိုင်လုပ်ကိုင် ပြင်ဆင်စား
သောက်ပါက အကုန်အကျ သသ်သာစေမည့် အပြင်
သန့်ရှင်းလတ်ဆတ်သော အရသာရှိ သော ကျန်းမာရေး
နှင့် လည်းညီညွတ်စေသောဟင်းတစ်ခွက် ရရှိစေပါတယ်

ငါးသံပုရာပေါင်း


လိုအပ်သောပစွည်းများ

1- တီလားဗီးယား ခေါ် ငါးဝက်မ - ၅၀ကျပ် သား ၁ကောင်

2- သံပုရာသီး အရွယ်တော် - ၅ လုံး

3- ငရုတ်စိမ်း - ၅တောင့်

4- ဂျင်း - ၂ကျပ်သား

5- ကြက်သွန်ဖြူ အတက်ကြီး - ၁လုံး

4- ငံပြာရည် ဟင်းစားဇွန်း -၂ဇွန်း

5-သကြား ဟင်းစားဇွန်း - ၂ဇွန်း

6-ဆား အနည်းငယ်

7-နန္နမှုန့် အနည်းငယ်

8-အရသာ မှုန့် အနည်းငယ်

9-နံနံပင် - ၁စည်း

တို့ လိုအပ်ပါတယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပတမ ဦးစွာ ငါးကို အကြေးခွံ များပြောင်စင်အောင် ချွတ်
ထားပါ

ဒါးထက်ထက်ဖြင့် ဗိုက်ကိုခွဲကာ အထဲ မှငါးဝမ်းတွင်းသားများ
နှင့် ငါးချေးများအားထုပ်ယူပါ

ငါး၏ဝမ်းဗိုက် အတွင်းမှ ငါးချေးများကို ထုပ်ယူရာတွင်
ငါးသည်းခြေ မပေါက်သွားအောင် သေချာစွာ ထုပ်ယူပါ

ငါးသည်းခြေေပြေါက်သွားပါက ငါးသည်းခြေနှင့်
ထိမိသော ငါးအသားများဟာ ခါးသက်သွား မှာဖြစ်
ပြီး အရသာ လည်းမကောင်းနိုင်ပါ

၎င်းနောက် အကြေးခွံခွာ ဗိုက်ခွဲထားသောငါးအား
ရေစင်အောင်ဆေး ပါ အနည်းဆုံး ၃, ၄ ခါရေဆေး
ပြီး စစ်ထားပါ

ငါး၏ ဘေးနှစ်ဖက် ကို ဒါးဖြင့် ဒေါင်လိုက် ၂ချက်စီ မွှန်းပေးပါ
ဆား အရသာမှုန် နန္နင်းမှုန့် တို့ ဖြင့် ငါး အသား အတွင်း
အရသာ စိမ့် ဝင်အောင် ဆုပ်နယ်ပေးပီး တစ်နာရီ ခန့်
နှပ်ထားပါ

သံပုရာသီးကို အရည် ညှစ်၍ ပုဝံတစ်ခု အတွင်းထည့်ထားပါ

ဂျင်း ကြက်သွန်ဖြူ များကို အခွံ နွာ ညက်အောင်ထောင်းထားပါ

ငရုတ်သီး ကိုရေစင်အောင်ဆေး ညက်အောင်ထောင်းထားပါ

နံနံပင် ရေစင်အောင်ဆေး သုံးပိုင် ပိုင်းထားပါ

ထို့နောက် သံပုရာရည် ဆား သကြား အရသာမှုန့် ငံပြာရည်
ထောင်းထားသော ဂျင်း ကြက်သွန်ဖြူ ငရုတ် စိမ်း တို့ ကို
သကြား ပျော် ဝင်သွားသည် အထိ မွှေထားပါ

( ငါးပေါင်း အတွင်းထည့်မည့် အရသာ အရည် ဖြစ်သည် )

ငါးကို ပေါင်းမည့် ပုဂံ အတွင်း တွင်ထည့်၍ ငါးဗိုက် သား
အတွင်း နဲ့ အပေါ် မှ အရသာ ရည် အားလောင်းထည့်ပါ

ပေါင်းအိုးအတွင်း ပေါင်းခံ ခွက် ပေါ် တင် ၍ မိနစ် ၃၀ မှ
၄၅ မိနစ် ကြာသည် အထိ ပေါင်းပေးပါ

ပေါင်းအိုးအတွင်းမှ ထုတ် ကာ အပေါ် မှ နံနံပင် အုပ်ပြီး
ပါက ချို ချို ချဉ် ချဉ် မွှေးမွှေ လေး နဲ့ အရသာ ထူးကဲ
ကောင်းမွန တဲ့ ငါးသံပုရာပေါင်း သုံးဆောင်နိုင်ပြီရှင်

ငါးသံပုရာ ပေါင်းကို ဆလပ်ရွက် ဂေါ်ဖီထုပ် သခွားသီး
တို့ ဖြင့် တွဲ ဖက် စားသောက်နိုင်ပါတယ်

( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း၌ အလွယ် တစ်ကူ ရရှိစေသော ပစ္စည်းများကိုသာ
အသုံးပြု ရေးသား သွားခြင်း ဖြစ်ပါ သည် )

ဇီးချို သီး တရုတ်ဟင်းခတ် အမွှေး အကြိုင် များ
ရှမ်းနံနံ စသည့် ပါဝင်ပစ္စည်း များ ထပ် မံထည့်သွင်း ပါက
အရသာ ပို ၍ ထူးကဲ ကောင်းမွန်စေပါတယ်

Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့

image

Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသားကြပါစေ

written and made -

@mamamyanmar

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

thanks for sharing

ကျေးဇူးဘဲဗျို့ ချက်ကြည့်မယ် ဟီးးးး စားချင်နေတာကြာပီ နည်းလမ်းမသိသေးတာကြေ.င့်မစားဖြစ်သေးတာ

ငါးပေါင်း ကြိုက်တယ်

စားချင်စိတ်တွေပေါက်လာဘီလို့

ဗိုက်ဆာတယ် ဗျိုး

i will never miss another post from you

ကျွန်တော်လဲအချက်အပြုတ် ဝါသနာပါပါတယ် လိုက်လုပ်ကြည့်