My Made Dessert ( Part -2 )

in myanmar •  6 years ago 

ထိုးမုန့်

Hello , all steemit member.

အစားတစ်လိုင်း တို့ ထုံးစံအတိုင်း

ယန့ အတွက် ပြုလုပ်စားသောက်ဖြစ်သော အစားအစာကတော့ ထိုးမုန့် ဖြစ်ပါသည်

ထမင်းနှင့်ဟင်း စားသောက်ပြီးပါက ချို ချို ချဉ်ချဉ် စိမ့်စိမ့် လေးစားရပါမှ
လူတွေက အာသာ ပြေပါသည်

ဘုန်းကြီး များကို ဆွမ်းကပ်ရာတွင်လည်း ဆွမ်းခဲဘွယ်များ ဆက်ကပ်ပြီးပါက အချို ပွဲများပါ ဆက်ကပ်ကြပါသည်

မြန်မာ့ ရိုးရာသရေစာ လည်းဖြစ် ရဟန်းသံဃာ များအား အမွန်အမြတ်ထား၍
ဆက်ကပ် လှူဒါန်း ကြသည့် အချို ပွဲ များစွာထဲကမှ ယနေ့ အတွက် ထိုးမုန့် ပြုလုပ်နည်း အား ရေးသား လိုက်ပါသည်

image

ထိုးမုန့် ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုံ့ ၁ ပြည်
  • သကြား ၁ ပိဿာ
  • အုန်းသီး ၁ လုံး
  • ထောပတ် ၂၀ ကျပ်သား
  • ဆီ ၅၀ ကျပ်သား
  • ဘိန်းစေ့ ၅ ကျပ်သား
  • သီဟိုစေ့ ၁၀ ကျပ်သား
  • စပျစ်စေ့ ၅ ကျပ်သား
  • ကျောက်ဖရုံယို ၂၀ ကျပ်သား

ပြုလုပ်ပုံ

ကော်ညှင်းမှုန့် များကို အဝကျယ် ဇလုံ တွင် ရေ အနည်းငယ် ထည့်ပြီ မပျော့ မမာ အနေအထား ရှိရပါမည်
မုန့်သားနယ်ပြီး ပါက ခဏနှပ်ထားပါ

အုန်းသီးဆံ အဖြူသားသက်သက် ကို ခြစ်နှင့် ခြစ် ပြီး ဆီပူပုတွင် ရွှေဝါရောင်သမ်းပြီး ကြွတ်ရွလာသည် အထိ ကြော် ပြီးနောက် အအေးခံထားပါ

ကျောက်ဖရုံယို များအား အသေးလေးမျာ့း ဖြစ်အောင် ညှပ်ထားပါ

သီဟိုစေ့များအားညက်တညက်ထောင်းထားပါ

အဝကျယ်ဒယ်အိုး အတွင်း ဆီထည့်ပါ
ဆီပူလာရင် နယ်ထားတဲ့ မုန်သားများအား အသာအယာ ထည့်ပေးပါ

ဆီနဲ့ကြော်သလို မုန့်သားတွေကို အထက်အောက်လှန်လှန်ပြီး နယ်ထိုး ထိုးပေးပေပါ
သကြား များ ထည့်မွှေပါ

မုန့်သားတွေမာတင်းလာပြီး ဆီများ ခမ်းလာပါက အဆက်မပြတ် အထက်အောက်ရော ဘေးဘက်ရောနှံအောင် မွှေပြီးထိုးပါ

မုန့်သားများ တင်းလာပါက ထောပတ်ဆီ များထည့် ထိုနောက် စပျစ်ခြောက် သီဟိုစေ့ ကျောက်ဖရုံယို များထည့်မွှေ ပေး ပြီး မီးဖိုပေါ်မှချ ၍ မုန့်ဘန်းအတွင်းတွင်ထည့် မျက်နှာပြင် ညီအောင်ညှိ အအေးခံကာ

လိုသလို လှီးဖြတ်၍ အပေါ်မှ အုန်းသီးဆံကြော် ဘိန်စေ့ များဖြူး ၍ စားသောက်နိုင်ပြီ ဖြစ်ပါသည်

@mamamyanmar

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

အို..ထိုးမုန့်​​တွေလား ခု​ခေတ်​က ထိုးမုန့်​ကိုတချို့က ​ကော်​မှူန်​ ​တွေနဲထိုး​နေကြတယ်​ ဆိုး​တော့မဆိုးဘူးစား​ကောင်းပါတယ်

Posted using Partiko Android

ကောင်းတယ်ဆို အကုန်စာူလိုက်တော့ နော်

ဘုရားပွဲဆို အိမ်​မှာလုပ်​တယ်

Posted using Partiko Android

လုပ်နည်းလေး sharing လုပ်လေ ထိုးပုံထိုးနည်း တူတာမှ မဟုတ်တာ လေ့လာရအောင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.