မုန့်ပေါင်းပွဲတော်
Hello , all my steemit member
Steemit မြန်မာ မိသားစ ဝင်များအားလုံး မင်္ဂဟာပါ ရှင့်
ကျမ ဒီနေ့ရေား Post တင်မည့် အကြောင်းအရာကတော့
မြန်မာနိုင်ငံ အတွင်းမှ ကျေးလက်တောရွာများ တွင်ရော
မြို့ပြ များမှာပါ မတူကွဲပြားတဲ့ ဓလေ့ စရိုက်များ ရိုးရာဓလေ့
များစွာ ရှိကြသည် တွင် စစ်ကိုင်းမြို့ တွင်ပင် ဆင်နွဲ ပြုလုပ်
ကြတဲ့ မုန့်ပေါင်း ပွဲတော် အကြောင်းဖြစ်ပါတယ်
တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို
ကျမ တို့ စစ်ကိုက်းမြို့ တွင်လည်း" မုန့်ပေါင်း ပွဲတော် "
ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်မှာ ရှေးယခင် နှစ်များ
စွာ ကတည်းကပင် တည်ရှိခဲ့ တဲ့ ရိုးရာဓလေ့ ပွဲ လေးဘဲ
ဖြစ်ပါတယ်
မုန့်ပေါင်း ပွဲတော် ကို နှစ်စဉ် နတ်တော်လပြည့် နေ့ ညနေပိုင်း
မှ စတင်ကာ ညနက်ပိုင်းအထိ စစ်က်ုင်းမြို့ အနောက်ဖက်
တွင် တည်ရှိသော " ဝေဋ္ဌုဝန် ငါးထပ်ကြီးဘုရာ မျက်နှာစာ "
မှာ ကျင်းပကြပါတယ်
" မုန့်ပေါင်း "သည် မြန်မာ့ ရိုးရာ အစားအစာ တစ်ခု ဖြစ်ပြီး
အခုလို ချမ်းအေးသည့် ဆောင်းတွင်းပိုင်း အချိန် တွင် ပြုလုပ်
စားသောက်ကြသော မုန့်ပဲ သရေစာ တစ်ခု ဖြစ်ပါတယ်
မြန်မာ လူမျိုး အများစု နှစ်သက်စွာ စားသောက်ကြပြီး
ပြုလုပ်ရသည် မှလည်း လွယ်ကူစေပါတယ်
မုန့်ပေါုင်း ပြုလုပ်ရာတွင် အဓိက အသုံးပြု ရသည်ကတော့
ကောက်ညှင်းဆန် ဖြစ်ပါတယ်
ကောက်ညှင်းမှုန် ကို အဝတ်ပါးဖြင့် ထုပ်ကာ ရေးနွေးငွေ့ ဖြင့်
ပေါင်း ပြီး အလယ်မှ အစာ ကိုတော့ စတော်ပဲပြုပ်ထည့်
ငှက်ပျောဖက် တ်ု့ဖြင်းအုပ် ၍ ထားသော စားစရာ တ်စ်ခု
ဖြစ်ပါတယ်
မုန့်ပေါင်း တောရွာများ မြို့ ပြ များတွင် ပြုလုပ်စားသောက်
ကြသော်လည်း နေရာ ဒေသ ပေါ် မူတည် အခေါ် အဝေါ်
ကွဲလွဲ မှုများ ရှိနိုင်ပါတယ်
မုန့်ပေါင်း ကို မြန်မာ နိုင်ငံ အနှံ့ အပြား တွင် စားသောက်
ကြသော်လည်း " မုန့်ပေါင်းပွဲ တော် " ကတော့ စစ်ကိုင်းမြို့
တစ်မြို့ ထဲ တွင်သာ ရှိလိမ့် မည်ထင်ပါတယ်
ဟိုရှေးခေတ် ကတည်း မုန့်ပေါင်းပွဲတော် ပြုလုပ်
ကျင်းခဲ့ ကြသည် ဟု သိရှိရပြီး
ယခင်ခေတ်များကတော့ မုန့်ပေါင်းပွဲ လာသမျှ လူများအား
မုန့်ပေါင်း အဝစား ကြွေးမွေးလှူ ဒါန်းကြသည်ဟု
သိရှိရပြီး ယနေ့ခေတ် တွင် တော့ ဝယ်ယူစားသောက် ကြ
ရပါတယ် တစ်ချို့ ကုသိုလ်ရှင် များလည်း ရှိ ကြပါတယ်
ဘယ်မြို့ မှာမှမရှိသည့် စစ်ကိုင်းမြို့ရဲ့ ထူးခြားလှတဲ့
ချစ်စရာ ရိုးရာအမွေ ဓလေ့ တစ်ခုဖြစ်ပါတယ်
ဒါ့ကြောင့် steemit မှ မိတ်ဆွေများအားလုံး လည်း
နှစ်စဉ် နတ်တော် လပြည့်နေ့ ညပိုင်း တွင် ပြုလုပ် ကျင်းပ
တဲ့ မြန်မာ့ ရိုးရာ အစားအစာ တစ်ခု ဖြစ်တဲ့
" မုန်ပေါင်းပွဲတော် " ကိုပျော်ရွှင်စွာဆင်နွဲ ရန် အရောက်လှမ်း
လာခဲ့ ဖို့ ဖိတ်ခေါ် လိုက်ရပါတယ်
အားလုံးသော steemit member များ အားလုံးလည်း
ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်
author-
MSC-070
မုန့်ပေါင်းကို သိပ်မကြိုက်ဖူး။မစားတတ်တာလဲ ပါမယ်ထင်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းညှင်း မကြိုက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I like မုန့်ပေါင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာစားလှည့်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit