" Potato " For Cooking And Eating ( Part -4 )

in myanmar •  7 years ago 

အားလူးသီး ကိုအသုံးပြု၍ စားသောက်ဖွယ်ရာ များ


ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း-၄ )


image

"အာလူးပူရီ "


Hello , all my steemit member

Steemit မှ မိတ်ဆွေ သူငယ်ချင်း များအားလုံး မင်္ဂလာပါ

ကျမ ရဲ့ steemit တွင်ရေးသား post တင်မယ့် အကြောင်းအရာ ကတော့ " အာလူးသီး ကို အသုံးပြု၍ စားသောက်
ဖွယ်ရာများ ပြင်ဆင်ပြုလုပ် ချက်ပြုပ်နည်း အကြောင်းအရာ
များ " ထဲမှ

" အာလူးပူရီ " ပြင်ဆင်ချက်
ပြုလုပ်နည်း အကြောင်း ရေသားမျှဝေ ပေးမှာ ဖြစ်ပါတယ်

" အာလူး " ကို ဟင်းလျာ အနေနဲ့ အမျိုးမျိုး ချက်ပြုပ်
စားသောက်ကြ သလို မုန့် ပဲ သရေစာ အနေနဲ့ နည်းမျိုးစုံ
ပြုလုပ် စားသောက်ကြပါတယ်

" အာလူးသီး " ကို အသုံးပြု ၍ စားသောက်ဖွယ်ရာများ
ပြင်ဆင် ပြုလုပ်ကြရာတွင်

အားလူးပြုပ် အားလူးကြော် အာလူးထောင်း အာလူးဟင်းရည်
အာလူးထောင်းကြော် အာလူးအကြွတ်ကြော် အားလူးခပတ်
အာလူးချက် အာလူးမဆလာနှပ်

စသည်ဖြင့် " အာလူးသီး " ကို ပင် သီးသန့် ချက်ပြုပ်ကြော်
လှော် စားသောက်ကြသလို

အသားငါး များဖြင့် ရောနှော၍ အာလူးနှင့်ကြက်သား အာလူး
နှင့်ဝက်သား အာလူးနှင့်ဆိတ်သား အာလူးနှင့်ငါး အာလူးနှင့်
ကြက်ဥ အာလူးနှင့်ပုဇွန် အာလူးနှင့် အသီးအရွက်စုံ

စသည်ဖြင့် ချက်ပြုပ်စားသောက်ကြသလို

မုန့်ပဲ သရေစာ အဖြစ်ဖြင့်

အာလူးဆန္နင်းမကင်း အာလူးကိတ် အာလူးပူရီ အာလူစမူဆာ
အာလူးကော်ပြန့် အာလူးသုပ် အာလူးအစာသွပ်
အာလူးကပ်သလိပ် အာလူကုလားပဲသုပ် အာလူးဟင်းထုပ်

စသည်ဖြင့် ပြုလုပ်စားသောက်ကြပါတယ်

" အာလူးပူရီ " သည် ပြုလုပ်ရ
လွယ်ကူစေသလို အရသာမှာလည်း အထူးကောင်းမွန်ပါတယ်

image

"အာလူးပူရီ " ( ၅ ယောက်စာ )


ပါဝင်သော ပစ္စည်းများ

1- အာလူးအနေတော် -၅လုံး

2- ဂျူံ မှုန့် - ၂၅ ကျပ်သား

5-ခရမ်းချဉ်သီး -၁လုံး

4-ကြက်သွန်နီ -၂လုံး

5-ကြက်သွန်ဖြူ - ၃မွာ

6-ဂျင်း - လက်တစ်ဆစ်

7-ဆီ- ၁၀ကျပ်သား

8-ဆား - အနည်းငယ်

9-နန္နင်းမှုန့် -အနည်းငယ်

10- သကြား ဟင်းစားဇွန် - ၁ဇွန်း

11-အရသာမှုန့် -အနည်းငယ်

12-ငရုတ်ကြမ်းမှုန့် ဟင်းစားဇွန်း -၂ဇွန်း

13- ပျဉ်းတော်သိမ်ရွက် -၃ညွန့်

14- ကရဝေးရွက် - ၃ရွက်

15-ဇီယာစေ့ - အနည်းငယ်

16-မဆလာ - အနည်းငယ်

တို့လိုအပ်ပါတယ်

ပြုလုပ်နည်းအဆင့်ဆင့်

image

ပူရီကြော်ပြုလုပ်နည်း

ပူရီ ပြုလုပ်ရန်အတွက် ဂျုံကို ဆားသကြား ဆီအနည်းငယ်တို့နဲ့ေ ရာပြီး ရေနွေးနွေးကို ဖြေးဖြေးချင်း လောင်းထည့်ပါ
နယ်ပေးပါ

နယ်ထားသောဂျုံလုံးများကို အ၀တ်ရေစွတ်ပြီး ၁၀မိနစ်ခန့်
အုပ်ထားပါ

နယ်ထားဂျူံများကို အလုံးလေးတွေ လုပ်ထားပြီး

နောက်ထပ်ရေစိုဝတ်နဲ့ ၁၅ မိနစ်ခန့် ထပ်အုပ်ပြီးရင်

ဂျုံလှိမ့်တဲ့ ဒလိမ့်တုံးနဲ့ ပါးနေအောင် လှိမ့်ပေးပါ

ပူရီကြော်လို့ရ ပြီ ဖြစ်ပါတယ်

ဆီများများထည့်ထားတဲ့ အိုးထဲ ထည့်ကြော်ပါ

မုန့် က ပွလာရင် နောက်တစ်ဖက်သို့လှန်ပေးပါ

၂ဖက်လုံး ဖောင်းလာရင် ဆယ်ယူပြီး အအေးခံထားပါ

image

ပူရီဟင်းအနှစ် ပြုလုပ်နည်း

ဂျင်း ကြက်သွန်နီ / ဖြူ အခွံသင် ကျေညက်စွာထောင်းထားပါ

ခရမ်းချဉ်သီး ရေဆေး အစေ့များဖယ် ထုပ်ပြီး ရေစင်အောင်
ဆေးကြော ပြီး နုပ်နုပ်စင်ထာပါ

ကရဝေးရွက် ပျဉ်းတော်သိမ်ရွက် များအားရေစင်အောင်ဆေး
ကြော လှီးဖြတ်ထားပါ

ဇီယာစေ့ အားညက်အောင်ထောင်းထားပါ

အားလူး ကိုရေစင်အောင်ဆေး အခွံခွာ ၍ အတုံးသေးလေး
များတုံးထားပါ

ဆီသတ်ဖို့ အတွက် အိုးဇောက်နက်နက် ထဲကို ဆီထည့်
ဆနွင်းမှုန့်ကုလားဝေးရွက်များထည့် ပြီးဆီသတ်ပါ

ထို့နောက် ကြက်သွန်နီ ထည့် ကြက်သွန်နွမ်းပါက ဇီယာနှင်
့ပျဉ်းတော်သိမ်ရွက် ငရုတ်ကြမ်းမှုန့်တို့ကိုပါ ထည့်၍
ဆီသတ်ပါ

ကြက်သွန် အရောင်နဲနဲ ညိုလာရင် ဂျင်းကြက်သွန်ဖြူ
ထည့်ပါ

ဆီသတ်ပြီး မွှေးလာရင် ခရမ်းချဉ်သီး အာလူးတို့ကို ရောပြီး
ထည့်ပါ

အာလူးနူးအိလာသည်အထိ ရေထည့်ပြီး မီးအေးအေးနှင့်
့တည်ထားပါ

ဆား အရသာမှုန့် မဆလာ တို့ထည့်ပြီး စိတ်ကြိုက်
ပြင်ဆင်ပါ

ပူရီနဲ့ စားဖို့ မဆလာနံ့သင်းတဲ့ အာလူးဟင်းရပြီ ဖြစ်ပါတယ်

မှတ်ချက် - အာလူးသီး ကိုအသုံးပြု၍ စားသောက်ဖွယ်ရာများ
ပြင်ဆင်ပြုလုပ်ရာတွင် ကျမ ကိုယ်တိုင် ပြုလုပ်စားသောက်ဖူး
သောနည်းလမ်းများ အတိုင်းရေးသား ထားသောကြောင့်
လိုအပ်ချက်များ မတူကွဲပြားမှုများ ရှိပါကလည်း နားလည်
ဖြည့်စွက် အကျန်ဥာဏ် များပေးကြပါ လို့ မေတ္တာ ရပ်ခံ အပ်
ပါတယ်

Steemit member များအားလုံးလည်း ကျန်းမာရေး နှင့်
ညီညွတ်သည့် စားသောက်ဖွယ်ရာ များ စားသောက်သုံးဆောင်
ခြင်း ဖြင့် အဟာရပြည့်ဝပြီး ကျန်းမာ ရွှင်လန်း အေးချမ်းသာယာ
ရှိကြပါစေ လို့ တောင်းဆုပြုရင်းဖြင့်

နောက် post တင်ရေးသားမည့် " အာလူး " ဟင်းလျာ နှင့်
မုန့်များ ကိုလည်းအားပေးကြပါ ရန် လေးစားစွာ post တင်
ရေးသားရင်း

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

written and made -

@mamamyanmar

MSC-070

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မမမြန်မာကတော့ အာလူးဆိုလည်း အာလူးပဲဖြစ်နေတော့တာဗျိုး
အာလူးက ချက်စားလို့ကုန်သေးဘူးလားဗျာ😁😁
တစ်ခြားဟင်းလေးပြောင်းပြီးစားချင်ပီဗျိုး😁😁😄

ဟင့်အင်း အာလူးဘဲ အမုန်းကြွေး အုံးမှာ
ဂျီးမများနဲ့နော် ကောင်းကောင်းစား

😁😁😄😄

ကျေးဇူးပါ..ဗျ

me

ကျွန်နော် အကြိုက်ဘဲ မ

စား

စားပါဆို

လုပျိေးပါလ။

အဲ့မှာကြွေး ထားတယ်

Goodတယ်

This post has received a 0.61 % upvote from @buildawhale thanks to: @mamamyanmar. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

This post has received a 3.71 % upvote from @boomerang thanks to: @mamamyanmar

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

This post has received gratitude of 0.65 % from @appreciator thanks to: @mamamyanmar.