ချစ်ခင်တွယ်ငြိမှု သံယောဇဉ် . . . . .
သံယောဇဉ် . . .သံယောဇဉ် . . . ဟူး တကယ် မလွယ်ပ့လား. . . သံယောဇဉ် . . .။
မိဘ ညီအစ်ကို မောင်နှမ ချစ်သူရည်းစား မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းရောင်းရင်း . . . စသည် စသည် တို့အပေါ် ချစ်ခင်မှုမေတ္တာတွေ နှောင်ဖွဲ့မှု သံယောဇဉ်တွေနဲ့ ဘဝမှာ နေပျော်ကြ၊ ပူပန်ကြ။ စိတ်ညစ်ကြ၊ ပျော်ရွှင်ကြရ သြော် သတ္တလောက လူ့ဘဝ . . . ။
တွယ်ငြိမှုသံယောဇဉ်တွေကြောင့် အချစ်တွေ ပွားကြ ၊ စိတ်ချမ်းသာကြရသလို တွယ်ငြိမှုသံယောဇဉ်တွေကြောင့်ပဲ စိတ်တွေဆင်းရဲရ သောကပင်လယ်ဝေရနဲ့ . . သံသရာ ဝဲဂယက်ထဲမှာ သက်ရှိတွေ မျောချင်တိုင်း မျောနေကြရလေသည်။
ယခုလည်း ကြည့်လေ. . . မိဘဆွေမျိုး ညီကိုမောင်နှမ ချစ်သူရည်းစားစသူတို့အပေါ်ထားသော လူအချင်းချင်း သံယောဉ်ဇဉ် အသာထား. . . . ၂လသားကနေ မွေးလာတာ ခွေးပေါက်စလေး တစ်ကောင်အတွက် ကိုယ့်မှာ တိုင်တွေပတ်လို့။
စပြီးမွေးစားမယ် ကြံလိုက်တာနဲ့ သူ့အတွက် နာမည်ကြို စဉ်းစားရ ။ သူ့အတွက် ကြိုပြင်ဆင်ရနဲ့ အလုပ်တွေ စတင် ရှုပ်ခဲ့တဲ့ အရှုပ်က ခုထိ မဆုံးနိုင်။ Luckyလို့ အမည်ပေးပြီး လှောင်အိမ်ထဲကနေ ကိုယ့်ဆီ ခေါ်ခဲ့ရသည့်နေ့မှစ၍ သံယောဇဉ်တွယ်ငြိပြီး တစ်နေ့ထက် တစ်နေ့ ချစ်ခင်တွယ်တာ လာခဲ့ရပုံများကတော့. . .
ကြက်သားနဲ့အသဲအမြစ်ကိုပဲ အဓိကထား ထမင်းနဲ့စားတဲ့ သူ့အတွက် ကြက်သားဆိုလည်း အရိုးလေး မပါအောင် သေချာကျွေးရ ၊ အသည်းအမြစ်ဆိုလည်း တကူးတက မှာယူ ချက်ပြုတ်ကျွေးရနဲ့ ။
ဟော. . . ကိုယ်တော်ချောလေးရဲ့ကိုယ်သင်းရနံ့ သင်းပျံ့ဖို့အတွက် ရက်ခြား ပုံမှန်ရေချိုးပေးရ . . . ရေချိုးပေးပြီး ပြန်ရင်လည်း မပြီးသေး။ သူ့ရဲ့အမွှေးထူထူလေးတွေကြောင့် ရေ မခြောက် အအေးပတ်မှာစိုးလို့ အဝတ်န့သောချာသုတ် လေမှုတ်စက်နဲ့ သေချာ ရေခြောက်အောင် မှုတ်ပေးရ။ပြီးရင် အနံ့လေးမွှေး သန်းကပ်ပါး ဝေးအောင် တစ်ကုယ်လုံး အနှံ့ ပေါင်ဒါမှုန့်လေး ဖြူးပေးရ။
ညဆိုလည်း ကုတင်ပေါ်မှ တက်အိပ်ချင်တဲ့သူ့အတွက် ကိုယ့်ရဲ့တစ်ယောက်အိပ်ကုတင်ပေါ်မှာ သူ့အတွက် နေရာပေးရပြန်။ ကိုယ်တော်ချောက အိပ်နေရင်းများ ရေဆာရင် ထမသောက်ဘူး . . . လျှာလေးပဲ ပလပ် ပလပ်နဲ့ သလပ်ပြတာရယ်။ ဒီတော့ ကိုယ်က အလိုက်တသိ လက်ခုပ်ထဲ ရေထည့်ကာ တိုက်ပေးရ အမယ်လေးး သံယောဇဉ်တွေ. . .သံယောဇဉ်တွေများလို့ တိုင်ပတ်ရပုံများ . အာ့သလိုပါဆို ။
ကာကွယ်ဆေးဆိုလည်း ပြေးထိုးရ ။ တစ်ယောက်ယောက်ကိုများ လိုက်ဆွဲရင်လည်း ကိုယ့်မှာ တောင်းပန်ရ မျက်နှာအောက်ကျို့ရနဲ့ သံယောဇဉ်အကျိုး အလုပ်တွေ တိုးခဲ့ရတယ်။ သူကလည်း ချစ်မွှေးပါချက်က ကိုယ် ရုံးဆင်ရင် ကိုယ့်အိတ်လေးကို သူ မနိုင်တာတောင် ကြိုးစကနေ ဆွဲပြီး အပြေးကြိုပေးရှာပြန်တော့ အမောပြေရပြန်။
ဒီနေ့လည်း မနေ့ညက သူ့အကြောင်းပြောရင်း အိပ်ယာဝင်ခဲ့။ မနက်ကျတော့ ၆နာရီကျော်မှာ ကျေးဇူးရှင်က ဇွတ်အတင်းနှိုး အိပ်ချင်မူးတူးနဲ့ ဘာလဲပေါ့ ဘယ့်နှယ့် နှိုးနေတာလဲပေါ့ ။ " သား . . .ဘာဖြစ်လို့လဲ"လို့ မေးပြီးကာ မှ သတိရ . . . သြော် . . ညက . . ညက
"မနက်ဖြန် သားလေး မွေးနေ့ ၁ နှစ်ပြည့် . . ရုံးက လူတွေကို ချက်ပြုတ်ကျွေးမယ် . . .မနက်အစောထ ဈေးသွားဝယ်ရမှာ. . .ငါ့သားလေး သိလား ? မင်း တစ်နှစ်ပြည့်ပြီကွ . " လို့ ပြောထားမိတာ . . အာ့ကို ဈေးသွားဖို့ ၆နာရီထဲက ကိုယ်တော်ချောက ဇွတ်နေတာလေ။သူ့ကို လတိုင်း မွေးနေ့ လုပ်ပေးထားတော့ ဒင်းက မွေးနေ့လို့ ပြောလိုက်ရင် နားလည်နေတော့တာ . . . ရယ်။
အာ့နဲ့. . ခုမနက် အပြေးအလွှားဈေးသွား ရုံးကလူတွေကို ကျွေးဖို့ ကြက်တုံယမ်း ချက်ဖို့အတွက် လိုတာတွေ ဝယ်ရခြမ်းရနဲ့ ကိုယ်က အလုပ်ရှုပ် . . .သူကတော့ ပျော်ပျော်ကြီး လိုက်ရှုပ်လို့ပေါ့ . . . ။ ပုံမှန်ဆို ရုံးအလုပ်က သာသာယာယာ အားနေပါလျှက်နဲ့ ခွေးလေးတစ်ကောင် မွေးပြီးတဲ့ သံယောဇဉ်အကျိုးဆက် ယခုလို တိုင်ပတ်နေရတယ်။
တစ်ခုတော့ ကောင်းတယ် . Luckyလေးကို မွေးမိတာ။ သြော် ကိုယ်တောင်မှ ကိုယ့်သွေးရင်းသားရင်း မဟုတ် . . မျိုးနွယ်တူလည်း မဟုတ်ပဲ. . .၂လသားကနေ ၁နှစ်သားထိပဲ မွေးစားရသေးတဲ့ Luckyလေးကို ဒီလောက်ထိ သံယောဇဉ်တွယ်ပြီး ချစ်ခင်နေမိတာ . . . ကိုယ့်ကို ရင်နှင့်လွယ်၍ မွေးဖွားခဲ့ရသော မိဘနှစ်ပါးဖြစ်သော ကိုယ့်အဖေနဲ့အမေဆို ကိုယ့်ကို ဘယ်လောက်တောင် ချစ်ခင်မလဲ . .သံယောဇဉ်တွယ်တာနေမလဲ . . နှိုင်းဆတွေးကြည့်လို့တောင် မရပ့လား လို့ အသိအမြင်ရစေခဲ့တယ်။
ဒီလိုနဲ့. . . Luckyလေးကို မွေးစားပြီးနောက်ပိုင်း ကိုယ့်မှာ သံယောဇဉ်တွေ များလာ အလုပ်တွေများလာရသလို . . မိဘမေတ္တာကိုလည်း ပိုနားလည်လာ . . မိဘအပေါ်လည်း ပိုသိတတ်လာခဲ့ရတယ် . . .။ သူဟာ ကိုယ့်ကို သံယောဇဉ်နှောင်ကြိုး တိုးစေခဲ့သလို မိဘမေတ္တာတရားကို နားလည်သိတတ်စေခဲ့သူ ဖြစ်နေခဲ့တော့ သူ့အပေါ်လည်း ကျေးဇူးသိတတ်သောအားဖြင့် ပိုဂရုစိုက်လာခဲ့ရပြန်တယ်။
ဒီလိုနဲ့ တွယ်ငြိမှု သံယောဇဉ်တွေ ဖြတ်နိုင်မှ သံသရာမှ လွတ်မြောက်နိုင်မယ်ဆိုတာ တရားသဘောအရ သိပေမယ့် နားလည်ပေမယ့် . . . ပုထုဇဉ်လူသားတစ်ယောက်ပီပီ သံသရာမှ လွတ်မြောက်ရေးထက် တွယ်ငြိမှုသံယောဇဉ် မေတ္တာတရားတွေနဲ့ ပျော်ပျော်ကြီး နေသွားချင်နေသေးတယ်။ သြော် လောကုတ္တရာဘက်က ကြည့်ရင် တွယ်ငြိမှုသံယောဇဉ်တွေဟာ အမှောင် ဆိုရင်တောင် လောကီလူသား တစ်ယောက်ဖြစ်တဲ့ ကိုယ့်အတွက် သံယောဇဉ်တွယ်ငြိချစ်ခင်မှုတရားတွေကိုပဲ အလင်းအဖြစ်နဲ့ ဇွတ်မှိတ်ငြိတွယ် . . ချစ်ခင်စွဲလန်းရသူတွေနဲ့ . .အနာဂတ်နေ့ရက် နဲ့ သံသရာမှာ ဆက်လက် မျောချင်မိသေးတော့တယ် . . . ။ ခက်တယ်ကွယ် . . . ။
MSC - 253
@masterinnwa
ကံတော်တော်ကောင်းတဲ့ခွေး။ကောင်းတဲ့သူဆီရောက်တော့ကံကောင်းတာပေါ့နော်။ကံကံ၏အကျိုးပဲ။ခွေးချင်းတောင်မတူဘူးဗျာ။အကောင်လေးတွေချစ်တဲ့သူချင်းဆိုတော့နားလည်တယ်ဦးအင်းရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ့ဗျာ သူက သာယာ ကိုယ်က ပင်ပန်း ဟီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်စရာလေးပါလားဗျို့ .. ချစ်မွှေးပါတယ်နေမှာ ဦးအင်းရေ .. ဒီကောင်လေး ကံကောင်းတာပေါ့ဗျာ .. တကယ်ဂရုစိုက်တဲ့သူနဲ့ နေရတာ ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုန်းကြီးဝတ်လိုက်တော့ lucky လေး သမီးဆီပေးခဲ့လေ ဟီးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောကီဘုံမှာ သံယောဇဉ်တွေနဲ့ပဲ ပျော်ပါတယ်ဆို ဟင့် . . .ပေးဘူးအေ့ ပေးဘူးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုန်းကြီးလည်း ဆတ်တွေ သမင်တွေနဲ့ တောထဲမှာ တရားမရဘဲ သားသမီးရနေတော့တာအေ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Lucky လေး.....
နာမည်နဲ့ကို လိုက်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခွေးချင်းတူတူ အော် ဒီခွေးလေးကံကောင်းပါလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ့ဗျာ သူက ကံကောင်း ကိုယ်က ပင်ပနိးဟ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘမေတ္တာပိုနားလည်လာပြီလား ဦးအင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားလည်လပြီ တကယ့်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောကလူ့ရွာမှာ သံယောဇဉ်တွေဖြတ်ပြီး ဘုန်းကြီး ဝတ်ပါတော့အူးအင်း အသက်လည်းငယ်တော့ဘူးလေ😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စကီလေးတွေ သနားစရာကွယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကံကောင်းတယ်နော်ခွေးလေးက
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူလည်ကံကောင်းလေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
lucky ချစ်စရာလေး..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ့. . . ချစ်မဝလေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သံယောဇဉ်ကြိုးက ချည်နှောင်ပီးရင် ဖြတ်ဖို့ခဲယဉ်းလှတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခရီးသွားတော့ ကလေးကို ဘလိုထားခဲ့တုန်း...
တျောက်ထဲလား.. :(
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း တရားသံလေးနှောပီး ပြောရင်တော့ သမုဒယ ပေါ့ကွယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ့ဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit