ကျွန်တော်နှင့်မျက်လှည့်ပြသော STEEMIT

in myanmar •  7 years ago 

background photo.jpgကျနော်လွန်ခဲ့တဲ့ (၈) လလောက်ထဲက Steemit account ဖွင့်ခဲ့ပါတယ်။အကောင့်ရပြီးသုံးလေးရက်လောက် ပဲရှိသေးတယ်။ပိုစ့်လဲသုံးပုဒ်ပဲတင်ရသေးတယ်။ကျနော်ဖုန်းပျောက်သွားပါလေရော။ ပက်စဝေါ့လဲမမှတ်မိတော့ အသစ်လဲထပ်မဖွင့်ဖြစ်တော့ပဲ အဲ့ထဲက အဆက်ပြတ်သွားတယ်ဗျာ။ ဟိုရက်ကမှ ကိုမျိုးမင်းအောင် ရဲ့ MSO Plan ကို တွေ့လို့ ပြန်စိတ်ဝင်စားလာပြီး အကောင့်အသစ်ဖွင့်တယ်။ ပထမ အရင် အကောင့်နာမည် @maythazinkyaw ပဲပြန်ပေးတော့ မရတာနဲ့ အေ ကိုဖြုတ်ပြီး @maythzinkyaw ဆိုပြီးပေးလိုက်တော့ရသွားတယ်။ လေးရက်စောင့်ပြီး အီးမေးပြန်ဝင်လာတယ်။ သူပေးတဲ့ link ကိုဖွင့်ပြီး ပက်စဝေါ့ပြန်ကူးထည့်ပြီး အကောင့်ပွင့်သွားတော့ ကျနော် အရင်အကောင့် @maythazinkyaw လို့ပေါ်ပြီးတော့ အရင်ကျနော်တင်ထားတဲ့ ပိုစ့်တွေရော ကျနော့် Profie ပုံရောအကုန် ရှိနေတယ်။ ကျနော်ကြောင်သွားတယ်။ ဘာလားပေါ့။ ငါ အကောင့်အသစ်ဖွင့်တာ ဘယ်လိုဘယ်လို အရင်အကောင့်ပြန်ရသလဲပေါ့။ အီးမေးလဲအသစ် နာမည်လဲအသစ် ဖုန်းလဲအသစ်။ အကောင့်သစ်က အကောင့်ဟောင်းဖြစ်နေတယ်။ အတော့လဲပျော်တာပေါ့နော်။ ရှည်ရှည်ဝေးဝေးသိပ်မစဉ်းစားတော့ဘူး။ အဲ့အကောင့်နဲ့ပဲ MSO မှာ form တွေဘာတွေတင်လိုက်တယ်။ ပြဿနာက ဒီနေ့မှစတာ ကျနော် ပိုစ့်တင်မယ်ဆိုပြီးတော့ ကွန်ပြူတာနဲ့ login ၀င်တယ်။ အမှာ @maythazinkyaw ဆိုပြီးကူးထားတဲ့ ပက်စဝေါ့ထည့်တယ်။ Login ၀င်တယ် မရဘူး။ အဒါနဲ့ @maythzinkyaw ဆိုပြီး နာမည်ပြောင်းလိုက်တော့ ရသွားတယ်။အကောင့်ပွင့်သွားတော့ ဟင် အရင်အကောင့်မဟုတ်တော့ဘူး။ ဘာပိုစ့်မှလဲမရှိ၊ ပုံလဲမတင်ထား အသစ်စက်စက် အကောင့်ဖြစ်နေတယ်။ တော်တော်ကြောင်သွားတာပေါ့။ အာ့နဲ့ ဖုန်းကိုပြန်ကြည့်တယ် ဖုန်းမှာက အရင် အကောင့်ပဲ ။ ဖုန်းထဲက အကောင့်ကို log out ပြန်ထွက်ပြီး ပြန်ဝင်တော့ အရင်အကောင့်အဟောင်းထဲပြန်မရောက်တော့ဘဲ ကွန်ပြူတာထဲကအတိုင်းဘာမှမရှိသေးတဲ့အကောင့် အသစ် ဖြစ်နေတယ်။ ဘယ်လိုနားလည်ရမှန်းမသိတော့ဘူး Steemit ရယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Vote done

Thanks!

V&m done

hope , Thanks!

အားလုံးfinish....

Thank you

ဝင်လို့ရတုန်းက pass change လိုက်ရမှာ

မချိန်းတက်လို့အာ့တုန်းက