ဆရာတစ်ယောက်၏ ခံစားမှုများ
❇❇❇❇❇❇❇❇❇❇❇❇❇
ကိုယ်ပိုင်ဘာသာရပ်သင်ဆရာ(ပြင်ပကျူရှင်ဆရာ)တစ်ယောက်အနေနဲ့ ခံစားချက်တွေကတော့ အမျိုးမျိုးပါပဲ။ ပညာရပ်တစ်ခုကို တစ်စုံတစ်ယောက် ကျွမ်းကျင်တတ်မြောက်သွားအောင် ကူညီဆောင်ရွက်ပေးရတဲ့အလုပ်၊ တစ်နည်းပြောရရင် ဆရာတစ်ယောက်ရဲ့ အလုပ်ဟာ holiest occupations(အမွန်မြတ်ဆုံး အလုပ်တွေ)ထဲက တစ်ခုလို့ ခံယူထားပါတယ်။
Teaching methods(သင်ကြားမှုနည်းလမ်းတွေ)တွေကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားခဲ့ရတဲ့ အစိုးရကျောင်းဆရာ/ဆရာမတွေတောင်မှ ဝါသနာ၊ စိတ်ဝင်စားမှု၊ တီထွင်ဖန်တီးနိုင်မှုအပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် သင်ကြားမှုနည်းလမ်းတွေ အနည်းငယ် ကွာခြားနိုင်ပါတယ်။ ကျွန်တော်တို့လို ပြင်ပဆရာတွေကျတော့ သင်တန်းရယ်လို့ မယ်မယ်ရရလေ့ကျင့်ခဲ့ရတာ မရှိပါဘူး။ ကျောင်းသားဘဝဖြတ်သန်းလာခဲ့ရတဲ့၊ တွေ့ကြုံလာခဲ့ရတဲ့ ဆရာ/မ တွေရဲ့ သင်ကြားမှုပုံစံတွေနဲ့ပဲ ထိတွေ့လာခဲ့ရတာပါ။ ပညာရပ်ပိုင်းဆိုင်ရာသာမက လက်တွေ့ဘဝအတွက် ရင်ဆိုင်ဖြေရှင်းနိုင်အောင် လမ်းညွှန်ဆုံးမပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာသခင်တွေလည်း အများကြီးပါ။
ဒါပေမဲ့ တစ်ချို့သော ဆရာ/မတွေကျတော့ သင်ကြားပြသတဲ့နေရာမှာ အားနည်းမှုတွေ ရှိခဲ့ပါတယ်။ ကျေးဇူးကန်းခြင်းမဟုတ်ပါ။ ဆရာက ဆရာပါပဲ။ အမြဲရိုသေလေးစားပါတယ်။ သူတို့ကျတော့ ကျောင်းသား/သူတွေထက် စီးပွားရေး ဒါမှမဟုတ် မိသားစုရေးကို ပိုပြီး ဦးစားပေးတတ်ကြပါတယ်။ တွေ့ကြုံရတဲ့ ကျောင်းသား/သူပေါ် မူတည်ပြီး လိုက်လျောညီထွေရှိတဲ့ သင်ကြားမှုပုံစံ မပြောင်းလဲကြသလို မိမိကိုယ်မိမိ တိုးတက်အောင် လေ့လာခြင်းလည်း မရှိကြပါဘူး။ ဆရာဖြစ်လာပြီဆိုရင် နောက်ထပ် ဘာမှလေ့လာသင်ယူစရာ မလိုတော့ဘူးလို့ ခံယူထားကြသူတွေပါ။ တခြားသော ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဆိုတာလည်း Ever learning student ပါပဲ။ အမြဲမပြတ် လေ့လာစူးစမ်းနေမှာပါပဲ။ ဘာသာရပ် အပေါ်မှာသော်လည်းကောင်း၊ သင်ကြားမှုပုံစံပေါ်မှာလည်းကောင်း၊ သင်ကြားနေရတဲ့ တပည့်တွေပေါ်မှာလည်းကောင်း အမြဲသုံးသပ်၊ လေ့လာဆန်းစစ်နေရမှာပါ။
နောက်တစ်ခုကတော့ ကျောင်းသားတစ်ယောက်ရဲ့ တတ်မြောက်မှု ဘယ်လောက်ရှိတယ်ဆိုတာ ဆရာအပေါ်မှာချည်း လုံးဝမူတည်နေတာ မဟုတ်ပါဘူး။ ဆရာတစ်ယောက်တည်းဆီမှာ အတူတူသင်ယူကြပေမယ့် တစ်ချို့ကျောင်းသားတွေက အမှတ်ကောင်းသလောက် တစ်ချို့ကတော့ အမှတ်နည်းကျပါတယ်။ အဓိကကတော့ သင်ယူတဲ့ ကျောင်းသားတွေအပေါ်မှာ မူတည်တာပါ။ ဆရာဆိုတာ တပည့်တွေကို ဘယ်လိုလေ့လာသင်ယူရမယ်ဆိုတာ လမ်းညွှန်ပြသပေးသူပါ။ ကျောင်းသားတစ်ဦးချင်းဆီရဲ့ ဥာဏ်ရည်ပေါ်မူတည်ပြီး လိုက်ဖက်ညီတဲ့ သင်ကြားမှုပြုလုပ်ပေးနိုင်ပေမဲ့ သူတို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှုကတော့ သူတို့တွေရဲ့ လုံ့လဝီရိယနဲ့ ခံယူချက်၊ စည်းကမ်းနဲ့ ပတ်ဝန်းကျင်အပေါ် မူတည်ပါတယ်။
အချိန်ရရင်တော့ ဆက်ရေးပါမည်ခင်ဗျာ...
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးပါ။
မိုက်မိုက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှဲရှဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစိုးရဝန်ထမ်း ကျောင်းဆရာ တစ်ယောက်ထက် ပြင်ပကျူရှင်ဆရာ တစ်ယောက်ရဲ့ ဘဝရပ်တည်မှုက ပိုပြီး ခက်ခဲ ပင်ပန်းပါတယ်။
ဗဟုသုတ အတွေးအမြင်တွေ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ ဆရာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျောင်းဆရာတွေမေတ္တာပို့နေလိမ့်မယ်၊ ဘာမှပြန်မပြောတော့ဘူးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဆရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Class= Come Late And Start Sleep😜
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😱😱
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးစားလျှက်ပါ ဆရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလွန်ကောင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှိုထားတာတွေအများကြီးရှိသေးတယ်😷😷
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post bro welcome
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good post bro...proud of you that you are teacher.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit