အမှန်မြင်ခြင်း

in myanmar •  7 years ago 

https://steemit.com/myanmar/@mgmglattt/tenta-80e6c03bbb322
အထက်ပါ link မှာ ဒွာရခြောက်ပေါက်ကနေ အကုသိုလ်ဖြစ်ပုံကို ဖေါ်ပြခဲ့ပါတယ်။ဆက်လက်ပြီး အဲဒီအကုသိုလ်တွေ နည်းနိုင်သမျှနည်းအောင် သတိကပ်ပုံကိုဆက်လက်ပြီးဖေါ်ပြသွားပါ့မယ်။ ကျွန်
တော်တို့ပုထုဇဉ်တွေအနေနဲ့ နည်းနိုင်သမျှနည်းအောင်ကြိုးစားရင်းနဲ့မှ အချိန်ကြာလာတာနဲ့အမျှ ပါရမီရင့်လာတာနဲ့အမျှ အကုသိုလ်တရားတွေပါးလာပြီး နောက်ဆုံးလုံးဝကင်းတဲ့ အရိယာသူတော်ဇဉ်တွေ ဖြစ်လာကြမှာပါ။
image
crd-org-source
မျက်လုံးမှာရှိတဲ့အကြည်ရုပ်နဲ့ အဆင်းရုပ်တို့တိုက်ပြီး နာမ်တရားဖြစ်တဲ့မြင်စိတ်ကိုဖြစ်စေပါတယ်။ အဆင်းဆိုတာ မျက်လုံးနဲ့မြင်နိုင်တဲ့အရာအားလုံးကို ခေါ်တာပါ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် လူ!ဆင်!မြင်း!နွား!အိမ်!ယောက်ျား!မိန်းမ အစရှိသည်ဖြင့်ပေါ့။မျက်လုံးဆိုတာ မြင်တတ်တဲ့သဘောပဲရှိပါတယ်။ သူ့အလုပ်သူလုပ်တာပါ။ မျက်လုံးက အနံ့မခံနိုင်ပါဘူး။အရသာလည်းမခံနိုင်ပါဘူး။ အကြားအာရုံကိုလည်းမခံစားနိုင်ပါဘူး။ ထိတွေ့မှုအာရုံကိုလည်း မခံစားနိုင်ပါဘူး။
မြင်တတ်တာတစ်ခုတည်းပါ။ မြင်တတ်တဲ့သဘောရှိတဲ့ကျွန်တော်တို့ရဲ့ဒီမျက်လုံးကသူ့ဖာသာသူဖြစ်လာတာမဟုတ်ပါဘူး။ အကြောင်းကြောင့်အကြိုးဖြစ်လာတာပါ။ ပြီးခဲ့တဲ့ဘဝက မျက်လုံးရလောက်တဲ့ ကုသိုလ်အကြောင်းကြောင့် လက်ရှိဘဝမှာ အကြိုးဖြစ်တဲ့မျက်လုံးကိုရနေရခြင်းဖြစ်ပါတယ်။ ကုသိုလ်အကြိုးပေးဆိုတာကလည်း အရမ်းကို ဆန်းကြယ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသန်များစွာရှိနေတဲ့အထဲက အမြင်အာရုံကို ကောင်းကောင်း ပိုင်ဆိုင်တဲ့လူများရှိကြသလို မွေးကတည်းကအမြင်အာရုံလုံးဝမရှိသူများလည်း ရှိတယ်ဆိုတာကိုအားလုံးသိကြပါတယ်။နောက်ပြီး မြင်တတ်တဲ့သဘောရှိတဲ့ ဒီမျက်လုံးတွေဟာ တစ်ဦးနဲ့တစ်ဦးတူတယ်ဆိုတာလည်း အင်မတန်ကိုရှားပါတယ်။ဒါတွေဟာကုသိုလ်ရဲ့ ဆန်းကြယ်မှုကြောင့်ပါ။ ပြုခဲ့တဲ့ကုသိုလ်တွေရဲ့နောက်မှာ် ပြောင်းလဲနေတဲ့ စိတ်အစဉ်ကြောင့် ရရှိလာတဲ့ မျက်လုံးတွေဟာလည်းမတူညီကြတာဖြစ်ပါတယ်။ဒီလောက်ထိရှင်ပြလိုက်ရင်တော့ မျက်လုံးဘယ်ကလာတာလည်းဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ငါ့မျက်လုံးငါပိုင်တယ်ဆိုတဲ့ အသိမှားတွေ နည်းနည်းလျော့ သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအသိတရားတွေမရှိခဲ့ဘူးဆိုရင်တော့ မြင်စိတ်ရဲ့နောက်မှာ စီးမျောပြီးမဖြစ်သင့်တာတွေဖြစ်လာကြတော့တာပါပဲ။ဥပမာလေးတစ်ခုပြောပြချင်ပါတယ်။"မျက်လုံးကနေလှပတဲ့မိန်ကလေးတစ်ယောက်ကို မြင်တယ်ဆိုပါစို့။ အဲဒီလှပမှုနောက်ကနေလိုချင်တက်မက်မှုတွေဖြစ်လာမယ်။ အဲဒီစိတ်ကနေတချို့ ဆို ရင်မဖြစ်သင့်မဖြစ်အပ်မကြံစည်သင့် မကြံစည်အပ် တာတွေဖြစ်သွားကြတာကိုကြားဖူးကြ မှာပါ။ ဒါတွေကျွန်တော်ရေးသားခဲ့သလို အမှန်မမြင်ရာကနေဖြစ်လာတဲ့အကြိုးဆက်တွေပါပဲ။"လူတိုင်းအခုရေးခဲ့သလိုမျိုးဖြစ်တယ်လို့မဆိုလိုပါဘူး။
ဖြစ်တတ်တဲ့ အထဲကအဆိုးရွှားဆုံးတစ်ခုကို ဖေါ်ပြတဲ့သဘောပါ။
image
crd-org-source
ဒါကဥပမာတစ်ခုအနေနဲ့ဖေါ်ပြတာပါ။ရေးမယ်ဆိုရင်ရေးလို့မကုန်နိုင်ပါဘူး။ စာဖတ်သူတို့အနေနဲ့လည်း ငြီးငွှေ့သွားပါလိမ့်မယ်။အထက်ပါနမူနာပုံစံမျိုး မြင်စိတ်ကနေအကုသိုလ်များစွာဖြစ်လာနိုင်တယ်ဆိုတာကို သိရှိစေချင်တာပါ။ ပိုမိုပြီးနားလည်သဘောပေါက်အောင်လို့ ကြားစိတ်ကနေအကုသိုလ်ခွာပုံကို ဆက်လက်ဖေါ်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ နားထဲမှာရှိတဲ့ အခံဓာတ်အကြည်ရုပ်နဲ့ အသံတို့တိုက်ဆိုင်တဲ့အခါ ကြားသိစိတ်ကိုဖြစ်စေပါတယ်။ နားဟာကြားတတ်တဲ့
သဘောလေးပဲရှိပါတယ်။ သူအလုပ်သူလုပ်တာပါ။နားဟာ မမြင်နိုင်ပါဘူး။ အရသာလည်းမခံနိုင်ပါဘူး။အနံ့လည်းမခံနိုင်ပါဘူး။ အထိအတွေ့ကိုလည်း မခံနိုင်ပါဘူး။ တွေးတောခြင်းလည်း မပြုနိုင်ပါဘူး။ ကြားတတ်တဲ့သဘောလေးပဲရှိတာပါ။ ငါပိုင်တယ်ငါဆိုင်တယ်လို့မရှိပါဘူး။ ငါ့နားငါပိုင်တယ်လို့လည်းယူလိုက်ရော နောက်ကအကုသိုလ်တွေလိုက်လာတော့တာပါပဲ။ ကိုယ်နားနဲ့အစဉ်မပြေတဲ့အသံဆို ဒေါသတွေထွက်မယ်။ မကျေမနပ်တွေဖြစ်မယ်။ မကောင်းတဲ့တုန့်ပြန်မှုတွေ ဖြစ်လာမယ်။ အကုသိုလ်တွေတန်းစီပြီးဝင်လာနိုင်ပါတယ်။ နားစည်နဲ့အသံရုပ်တိုက်ပြီး ကြားသိစိတ်ပေါ်တာပါလားလို့ သတိကပ်နိုင်ခဲ့ရင်တော့ဘာအကုသိုလ်မှ ဝင်မလာနိုင်တော့ပါဘူး။ ကျွန်တော်တို့လူရယ်လို့ဖြစ်လာလို့ နားကပါရမယ်ဆိုပြီးပါလာတာမဟုတ်ပါဘူး။ အကြားအာရုံကောင်းမွန်တဲ့နားရလောက်တဲ့ကုသိုလ်ကောင်းမှုအကြောင်းကြောင့်လက်ရှိမှာ အကြိုးနားကိုရနေတာဖြစ်ပါတယ်။အကြောင်းကြောင့် အကြိုးရလာတာပါ။ ကိုယ်ပိုင်ကိုယ်ဆိုင်တာဘာမှမရှိပါဘူး။ အကြောင်းကောင်းရင် အကြိုးကောင်းမယ်။အကြောင်းမကောင်းရင်အကြိုးမကောင်းနိုင်ပါဘူး။အကြောင်းချုပ်ရင်တော့ အကြိုးချုပ်ပါတယ်။ ရဟန်းဒါအရှင်သူမြတ်များကတော့ အကြောင်းချုပ်သွားတဲ့အတွက် အကြိုးခန္ဓာမရတော့တာပါ။ ကျွန်တော်တို့ စာဖတ်သူတို့အနေနဲ့ကတော့ အကြောင်းမချုပ်သေးတဲ့အတွက်ဒွာရခြောက်ပေါက်ကလည်းရနေဦးမှာပါ။ ဒွာရခြောက်ပေါက်ရနေသရွှေ့ အကုသိုလ်တွေဝင်မလာအောင် အသိသတိကပ်ပြီး သူ့အလုပ်သူလုပ်တာပါလား သဘောလေးပဲရှိပါလားလို့ဆင်ခြင်နေကြမယ်ဆိုရင် အကောင်းဆုံးပါဗျာ။
image
crd-org-source
ဒီသဘောအတိုင်းပဲ ကျန်တဲ့နှာခေါင်း လျာ ကိုယ် စိတ်တို့မှဖြစ်လာတဲ့ အကုသိုလ်တရားတွေကို အထက်မှာဖေါ်ပြထားတဲ့အတိုင်း သတိကပ်၍ဖယ်ခွာသွားကြမယ်ဆိုရင် အကုသိုလ်တွေတဖြည်းဖြည်းနဲလာပါလိမ့်။ ဒီအရာတွေကို အလေ့အကျင့်များလာပြီဆိုရင်တော့ စိတ်တွေငြိမ်းချမ်းလာမယ်။ ဘဝအမောတွေပြေလာမယ်။ လောဘ ဒေါသ မောဟတွေနည်းလာပါလိမ့်မယ်။ကျွန်တော်တို့ နေ့စဉ်လုပ်ရမယ့်အလုပ်တွေကို ရေးချရမယ်ဆိုရင်ဒီတရားအလုပ်က နံပါတ်(၁)နေရာမှာ ရှိကိုရှိနေရမှာပါ။နံပါတ်(၁)နေရာမှာ ရှိရမဲ့ဒီတရားအလုပ်ကို ဦးစားပေးလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။steemit မိသားစုများအားလုံး စိတ်ရွှင်လန်းချမ်းမြေ့ကြပါစေ။
MSC-251
author @mgmglattt

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရှိန်ယူပြီး လုပ်ဆောင်နိုင်အောင် ကြိုးစားမယ်ဗျာ

ကြိုးစာပါဗျာ
ကိုယ့်အတွက်ကိုယ်လုပ်တာပဲ

အ‌လေ့အကျင့်‌‌လေး ဖြစ်‌ဖို့ လိုပါတယ်‌။ အရှိန်‌ရသွားရင်‌ မှတ်‌တဲ့အကျင့်‌ ၊သတိထားတဲ့ အကျင့်‌ ပိုစိပ်‌လာပါတယ်‌။ ဘာ‌ကြောင့်‌လုပ်‌သင့်‌တယ်‌ဆိုတာ တစ်‌‌နေ့‌တော့ သိလာကြမှာပါ။အခု‌တော့ တစ်‌ချို့အတွက်‌ နားမဝင်‌‌လောက်‌ဘူး။တကယ်‌‌တော့ ကျွန်‌‌တော်‌တို့လည်း မလုပ်‌နိုင်‌‌သေးပါဘူး။ဒါ‌ပေမယ့်‌ အရှိန်‌ယူ‌နေပါပြီ အစ်‌ကို။ကိုယ်‌လုပ်‌မှ ကိုယ်‌ငြိမ်းချမ်းမှာ‌လေ။

right
carry on

နှစ်ယောက်လုံး ဘုန်းကြီးဝတ်ကြပါလားဟင်

bro ကပ္ပိယ လုပ်ပေးလိုက်
ကျု ပ် ဆွမ်းလှူ ပါ့မယ်

မမ သင်္ကန်း လှူပါ့မယ်😊

ကိုယ့်နေရာမှာမvoteပဲဘယ်မှာလာvoteတာလဲ

ဝင်လေ ထွက်လေရဲ့ရူထုတ်မူတိုင်းတောင်မမှတ်နိင်သေးပါဘူး အကိုရေ မြင်ရင် မြင်တယ် ကြားရင်ကြားတယ် နာရင်နာတယ် ဆိုတာတောင် ဖျတ်ခနဲ သတိရမိမှ ထလုတ်တတ်မိပတယ် 😊😊

အဲဒီလောက်လုပ်မိရင်ကို မဆိုးသေးပါဘူး

တရာသဘောဆန်သော postကောင်းလေးတစ်ခုပါ။

ဟုတ်ကဲ့ကျေးဇူးပါ

ဒွါရခြောက်ပေါက်…တော်တော် တော့ ထိန်းရခက်မယ်နော် ဆရာ

အခက်ဆုံးပဲ

ဟုတ်ကဲ့ ကြိုးစားပါ့မယ်လို့😊

sorryပါထပ်ခါထပ်ခါပြောမိနေလို့

အသိတရား လက်ကိုင်ထားပြီး အကုသိုလ်တွေကို ကင်းစင်အောင် ဖြုတ်ချရမှာပေါ့နော် အစ်ကို

ဟုတ်ပါတယ်ခင်ဗျာ

ကျွန်​​တော်​က ခါးနာ​ရောဂါရှိလို့
ညအိပ်ယာဝင်​တိုင်း တရားမှတ်​တာများပါတယ်

ဝေဒနာသတိပဌာမ်အောင်ရင်
သောတပန်တည်ပါတယ်

အစ်ကိုအကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုပြီး ဖြစ်တာ သတိလေးကပ်ပြီး ဆင်ခြင်နေထိုင်ရမယ်လို့ ပြောထားတာလေး မှတ်သားရပါတယ်။ဒါလေးသိပြီးသတိထားလုပ်ရင် တော်တော်လေးအေးချမ်းမှုရလာမယ်ဗျ။ကောင်းသောpost လေးပါအစ်ကို

postတိုင်းမှာသေချာဖတ်ပြီး ဆင်ခြင်သုံးသတ်ပေးတဲ့အတွက်ကျေးဇူးပါ

ကောင်းသောပို့စ်လေးပါ လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်

good reply
thanks

ဟုတ်​ကဲ့...​ကောင်း​သောပို့စ်​ပါ...မဟာ​ဗောဓိတ​ထောင်​ဆရာ​တော်​ရဲ.စာသားများလည်းသ​ဘောကျပါတယ်​.....

thanks