ပုဂ္ဂိုလ်၎မျိုး

in myanmar •  7 years ago 

image
crd-org-source
ဘုရားသာသနာတွင်း၌ ပုဂ္ဂို လ်၎မျိုးရှိပါသည်။
၁။ ဥဂ္ဃါဋိတညူ ပုဂ္ဂို လ်
၂။ ဝိပဉ္စတညူ ပုဂ္ဂို လ်
၃။ နေယျေ ပုဂ္ဂို လ်
၎။ ပဒပရမပုဂ္ဂို လ် တို့ဖြစ်ပါတယ်။

၁။ ဥဂ္ဃါဋိတညူ ပုဂ္ဂို လ်
ဘုရားရှင်ဟောကြားသောဝိပသနာတရားအား အကျဉ်းနာယူရုံမျှ ဖြင့် မဂ်ဖိုလ်ကို ရနိုင်သောပုဂ္ဂို လ်အားခေါ်ဆိုပါသည်။ ဥပမာအားဖြင့် ရှင်သာတိပုတ္တရာ ရင်မောက္ကလန်ကိုယ်တော်ကြီးများတို့သည် ဥဂ္ဃါတညူ
ပုဂ္ဂိုလ်တို့ဖြစ်ပါသည်။ ထိုသို့ဘုရားရှင်၏တရားကို အကျဉ်း နာရုံ့ဖြင့် မဂ်ဖိုလ်ရရန် တစ်အသချေ်နဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ကြရပါတယ်။ သချေ် ဆိုတာ ရေတွက်၍ရခြင်းလို့အဓိပ္ပါယ်ရပါတယ်။ အသချေ်ဆိုတော့ ရေတွက်၍မရနိုင်ခြင်းလို့ မှတ်ယူရပါမယ်။
၂။ဝိပဉ္စတညူ ပုဂ္ဂို လ်
ဤပုဂ္ဂိုလ်များကတော့ မြတ်စွားဘုရားဟောကြားသောဝိပသနာတရားအား အကျယ်နားကြားခြင်းအားဖြင့် မဂ်ဖိုလ်ရနိုင်သူများပါ။ မြတ်စွာဘုရားရှင်လက်ထက်ရာဇဂြိုလ်ပြည်မှာ လူဦးရေ၁၂ကုဍေရှိရာမှာုလောက်က သောတပန်တည်ကြပါတယ်။ အဲဒီလူမျိုးတွေက ဝိပဉ္စတညူ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ထိုသို့ဘုရားရှင်တရားကို အကျယ်နားကြားပြီး မဂ်ဖိုလ်ရရန် ကမ္ဘာတစ်သိန်းပါရမီဖြည့်ကြရပါတယ်။ ဤအထက်ပါပုဂ္ဂိုလ်နှစ်မျိုးဟာ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါ၌
သာ ပေါ်ထွန်းပါသည်။
image
crd-org-source
၎။ နေယျပုဂ္ဂို လ်
မြတ်စွာဘုရားရှင်၏တရားတော်များအားအကြိမ်ကြိမ်နာယူပြီး ပြင်းထန်စွာကျင့်ကြံအားထုတ်မှသာ မဂ်ဖိုလ်အားရနိုင်သည့်ပဂ္ဂို လ်အား နေယျ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ယနေ့ခေတ်ကာလလူပုဂ္ဂိုလ်အားလုံးတို့ဟာနေယျ ပုဂ္ဂို လ်များဖြစ်ကြပါတယ်။ ဒီခေတ်မှာ လူလာဖြစ်ပြီး မြတ်စွာဘုရားသာသနာနဲ့ လာကြုံတယ်ဆိုတာဟာ ရှေးဘဝအဆက်ဆက်က ပါရမီဖြည့်ဆည်းခံကြလိုပါ။ ဒွာရခြောက်ပေါက်ကို အပြည့်အဝခံစားနိုင်သူများအားလုံးဟာ ပါရမီဖြည့်ထားခဲ့ကြသူများပါ။ ဝိပသနာတရားကို တကယ်လုပ်ချင်စိတ်နဲ့ ပြင်းပြင်ပြပြလုပ်ဖို့ပဲလိုပါတယ်။ တချို့ က အပေါ်ရံလုပ်ပြီး ဖြစ်ပျက်မမြင်တော့ ငါဒီဘဝတရားမရနိုင်ဘူး ပါရမီဖြည်ဖို့လိုသေးတယ်နဲ့တူတယ်ဆိုပြီးလက်လျော့သွားတတ်ကြပါတယ်။ အဲဒီလိုဖြစ်မှာစိုးလို့ နာကြားဖူးတဲ့တရားတော်များထဲက တချို့ ကိုကောက်နုတ်တင်ပြတိုက်တွန်းရခြင်းဖြစ်ပါတယ်။
၎။ ပဒပရမပုဂ္ဂို လ်
မြတ်စွာဘုရားရဲ့ သာသနာနဲ့တွေကြုံပေမဲ့ မဂ်ဖိုလ်မရနိုင်တဲ့ပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုပါတယ်။ တရားသံကြားပေမယ် စိတ်မဝင်စားဘူး။ပြောလည်းနားမလည်ဘူး။ ဘယ်လိုပဲ တိုက်တွန်းတိုက်တွန်း စိတ်မဝင်စားဘူး။ဒီလိုလူမျိုး တွေနဲ့ ဒွာရခြောက်ပေါက်ထဲက တစ်ခုခုချို့ ယွင်းနေတဲ့သူမျိုး တွေကတော့ ဒီဘဝမှာ ဘယ်လိုမတရားမရနိုင်ပါဘူး။
image
crd-org-source
ကျွန်တော်တို့steemitအဖွဲ့သားတွေ အားလုံးဟာ နေယျ ပုဂ္ဂိုလ်တွေထဲမှာပါကြသူများပါ။ တရားထူးတရားမြတ်ကိုရနိုင်သူတွေကြီးပါပဲ။ အဲဒါကြောင့် အသေမဦးခင် ဥာဏ်ဦးပြီး အပယ်လွတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။
MSC-251
writer @mgmglattt

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သာဓု သာဓု သာဓုပါ သားလေး
ရွှင်လန်းချမ်းမြေ့ပါစေ

ဟုတ်ကဲ့ကျေးဇူးပါဗျာ

ကောင်းမွန်သောစာပါ

ကျေးဇူးပါ

ကောင်မှု ကုသိုလ်တစ်ခု န့စဉ် ပြု က လူစင်စစ်မည်၏တဲ့😃😃😃

နေစဉ်ကုသိုလ်ကောင်းမှုလုပ်နိုင်ရင်အကောသ်းဆုံးပေါ့ဗျာ

ပုဂ္ဂိုလ်လေးမျိုး ရှိတယ်ဆိုတာလေး မှတ်သားရပါသည်။ပုဂ္ဂိုလ် တစ်ဦးချင်းစီ အတွက် ဘယ်လိုတွေရှိတယ်ဆိုတာ သေသေချာချာ ရှင်းပြထားတာ နားလည်လွယ်ပြီး ဗဟုသုတဖြစ်စေပါတယ်။မိမိဘယ်အဆင့်လည်းဆိုတာ အတိအကျသိနိုင်ပါတယ်။အဲဒါထူးခြားချက်ပဲ ဖြစ်ပါတယ်။ကောင်းသော post လေးပဲဖြစ်ပါတော့တယ်ခင်ဗျာ

ကိုသန့်ဇင်က တိုးတက်မဲ့သူတစ်ယောက်ပါ
ကြိုးစားပါ အားပေးနေပါတယ်

နေယျပုဂ္ဂို လ်ဖြစ်အောင် မနည်း ကြိုးစားရဦးမယ်ဆရာရေ

အရေးကြီးဆုံးအရာကို သိလိုက်တဲ့အချိန်မှာ ကျန်တာဘာမှအရေးမကြီးတော့ပါဘူး
ဘုန်းကြီးဝတ်ဖို့ပြောတာမဟုတ်ပါ
ကိုလုပ်တဲ့အလုပ်တိုင်းမှာ သတိကပ် လောဘ ဒေါသ မောဟနည်းအောင်ကြိုးစားရင်လည်း အပယ်လွတ်ပါတယ်

မေးခွန်းလေးခု ဖြေနိုင်ဖို့ ကျင့်ကြံအားထုတ်ခွင့် အပြည့်ရနေတဲ့ နေယျပုဂ္ဂိုလ်တွေဖြစ်ကြတာမို့ ခွင့်သာခိုက်မှ မလိုက်လိုလျှင် အမိုက်နင့်ပြင် ရှိသေးလိမ့်လား ဆိုသလို မဖြစ်ရအောင် ကြိုးစားအားထုတ်မှ တော်ကာကြမှာပါ။

ရှေ့postနဲ့နောက်postနှစ်ခုအတွက် commetရေးထားတာ ကောင်းမွန်ပါတယ်

ဟုတ်အစ်ကို ဆက်စပ်တွေးမိလိုက်လို့ပါ။

ပေးတဲ့ဆုနင့်ပြည့်ပါရစေ ခင်ဗျာ 😊😊

ပြည့်ရမှာပေါ့ဗျာ

ဘုရားတရားတကယ်​လိုက်​စားတာပဲ ​လေးစားပါတယ်​ရှင်

ကြိုးစားဆဲပါ
ပြင်းပြင်းထန်ထန်တော့မလုပ်ဖြစ်သေးပါဘူး
အားလုံးပါလာစေချင်ပါတယ်

ဗဟုသုတရပါတယ်​....​ကောင်း​သောပိုစ့်​ပါ....

thanks

ကောင်းတာလုပ်​ ​ကောင်းတာဖြစ်​မယ်
မ​ကောင်းတာလုပ်​ မ​ကောင်းတာဖြစ်​မယ်

အကြောင်းအကျိုးတွေပေါ့ဗျာ

ဗဟုသုတ ရလိုက်တာရှင်
လောလောဆယ် တရားပဲထိုင်နိုင်သေးတယ်

သာဓုပါဗျာ

ကောင်းလိုက်​တာဗျာ

ကျေးဇူးပါဗျ

အ‌ရေးကြီးတာကို ဦးစား‌ပေး လုပ်‌ဖြစ်‌‌အောင်‌ လုပ်‌ရမှာပါ။

ဟုတ်ပါတယ်မဟော်ရေ

ကြိုးစားရပေအုံးမည်

ပေါ့ပေါ့လေးမတွေးနဲ့နော်
အရမ်းအရေးကြီးတယ်

ခုလိုတရားအသိလေးတွေတင်ပေးတာ အရမ်းကောင်းတယ်။နောက်လည်းများများတင်ပေးပါ

ဟုတ်ကဲ့ပါ
ကျွန်တော်လည်း တရားအကြောင်းပဲတင်ရတာအားသန်တယ်တယ်။ တရားဆိုတာ မှီငြမ်းပြီးရေးရတာပါ။ဘုရားဟောတွေကိုကိုယ့်သဘောနဲ့ လိုက်ရေးလို့မရပါဘူး။

Pro link မှာ msc နံပတ်ပဲရေးထားတယ် link ချမထားဘူးနော်

ဟုတ်ကဲ့ပြင်လိုက်ပါပြီ
ကျေးဇူးပါ