သာသနာဘောင်သို့တစ်ခေါက်(ဒုတိယပိုင်း)

in myanmar •  7 years ago  (edited)

https://steemit.com/myanmar/@mgmglattt/thathnaebaangthotsekhak-8163395398ea3
ပထမပိုင်းကိုတော့ အပေါ်ကlinkမှာ ဖတ်ရှု့နိုင်ပါ
တယ်။
image
ပထမပိုင်းမှာ ရဟန်းဘောင်ဝင်တဲ့အခါ ဆောင်ရမဲ့အ
ချက်(၄)ကို ဖေါ်ပြပေးခဲ့ပြီးပါပြီ။ ဆက်လက်ဖေါ်ပြသွား
မှာကတော့ ရှောင်ရမဲ့ အချက်(၄)ချက်ပဲဖြစ်ပါတယ်။
၁။မေထုန်မှီဝဲခြင်း
၂။သူတစ်ပါးပစ္စည်းခိုးယူခြင်း
၃။သူအသတ် သတ်ခြင်း(လူ)
၎။မဂ်ဥာဏ် ဖိုလ်ဥဏ်မရပဲ ရသည်ဟု ကြွားဝါခြင်း
တို့ပဲဖြစ်ပါတယ်။
၁။မေထုန်မှီဝဲခြင်း
သိမ်ဝင်ပြီးလို့ ရဟန်းဘဝကိုရပြီဆိုတာနဲ့ မေထုန်မှီဝဲ
ခြင်းကို လုံးဝရှောင်ကျဉ်ရပါမယ်။ မေထုန်မှီဝဲတယ်ဆို
တာကိုတော့အားလုံးသိကြမှာပါ။ အကျယ်တဝင့်ရေးဖို့
တော့မလိုလောက်ဘူးထင်ပါတယ်။
၂။သူတစ်ပါးပစ္စည်းခိုးယူခြင်း
တချို့ တွေက လူဘဝတုန်းက ဒီပစ္စည်းလေးကတန်ဖိုးမ
ရှိပါဘူးဆိုပြီး ပိုင်ရှင်မသိအောင်အမှတ်တမဲ့ယူတတ်
ကြပါတယ်။ ရဟန်းဘဝမှာ အဲ့လိုမရပါဘူး။ တန်ဖိုး
နည်းသည်ဖြစ်စေ တန်ဖိုးများသည်ဖြစ်စေ ပိုင်ရှင်မသိ
ပဲ ရဟန်းဘဝမှာဘာပစ္စည်းကိုမှ ယူလို့မရပါဘူး။ ယူခဲ့
မယ်ဆိုရင်တော့ ပါရာဇိကံထိုက်သွားပါပြီ။ အဲဒီကံ
ထိုက်ပြီဆိုရင်တော့ ရဟန်းသိက္ခာကျပြီးလူဖြစ်သွားပါ
ပြီ။ နောင်လည်းရဟန်းဘဝကို ဘယ်တော့မှ မရနိုင်တော့ပါဘူး။
နောင်ရဟန်းဝတ်ရင်လည်း ရဟန်းမဖြစ်တော့ပဲ ကိုရင်ကြီး
အနေဖြင့်သာဝတ်လို့ရ
ပါတော့တယ်။
၃။သူ့အသတ်ခြင်း
ရဟန်းဘဝနဲ့ လူသတ်မိမယ်ဆိုရင်လည်း ပါရာဇိကံ
ထိုက်ပါတယ်။
၎။မဂ်ဥာဏ် ဖိုလ်ဥာဏ်မရပဲ ရသည်ဟု ကြွားဝါပြောခြင်း
ဤအချက်ဟာလည်း ပါရာဇိကံထိုက်စေတဲ့အချက်
တစ်ချက်ပါပဲ။ ကိုယ်ကတရားကျင့်ကျန်အားထုတ်ချင်
လို့ မသိတဲ့တရားတွေကိုမေးမြန်းနိုင်ပါတယ်။ တရား
ထိုင်ရင်းဖြစ်လာတဲ့ထူးခြားတဲ့နမိတ်တွေကို ကိုယ်က
ဥာဏ်မမှီလို့ဆရာတော်တွေကို မေးမြန်းလို့လည်း
ရပါတယ်။ ကိုယ်မမြင်တဲ့အရာတွေကို မြင်သလိုလိုနဲ့
ကြွားဝါပြောခြင်းကိုတော့ လုံးဝရှောင်ကျဉ်ရပါမယ်။ဒါ
တွေဟာ အမှတ်တမဲ့နဲ့ ကံဆိုးသွားတတ်ပါတယ်။
အထက်ပါ(၄)ချက်ထဲက တစ်ချက်ချက်နဲ့ငြိမယ်ဆိုရင်
ဒီတစ်သက် ရဟန်းဘဝကို လုံးဝမရနိုင်တော့ပါဘူး။
image
ရဟန်းဝတ်ပြီးဆိုရင်ရဟန်းတာဝန်တွေကို ကျေဖို့လိုပါ
တယ်။ တာဝန်(၃)ရပ်ရှိပါ။
၁။ပရိယတ္တိ
၂။ပဋိပတ္တိ
၃။ပဋိဝေဓ တို့ပဲဖြစ်ပါတယ်။
တစ်ပတ်ဆယ်ရက်ဝတ်တဲ့သူတွေကတော့ တရားစာ
ပေတွေကို လေ့လာသင်ယူဖို့မလွယ်ပါဘူး။ ဘုရားရှစ်
ခိုးကျက်ချင်ရင်တော့ဖြစ်နိုင်ပါတယ်။ ပုတီးစိတ် တရားထိုင် ဒါတွေကတော့ကောင်းကောင်း လုပ်နိုင်
်ပါတယ်။ ရဟန်းဝတ်စဉ်အတောအတွင်းကတော့ တာဝန်၃ရပ်ကတစ်ခုခုကိုတော့ မဖြစ်မနေလုပ်သင့်ပိါတယ်။ အဲ့ဒါမှ ရဟန်းဝတ်ရကြိုးနပ်ပါလိမ့်မယ်။ ဒီလိုမှ
မဟုတ်ပဲ နေချင်သလိုနေပြီး ဘုရားဝတ်ပြုတာလည်းမ
ရှိ တာဝန်၃ရပ်က တစ်ခုမှထမ်းဆောင်တာလည်းမရှိဘူးဆိုရင် သ
ဃ်န်းဝတ်မဲ့အစား ပူလောင်လွန်းတဲ့ သံ
ပြားရဲရဲကြီးကို ကိုယ်မှာကပ်ထားတာကမှ သက်သာဦး
မယ်လို့ မြတ်စွာဘုရားဟောကြားသတိပေးခဲ့ပါတယ်။
image
ရဟန်းတစ်ပါးဖြစ်လာပြီဆိုရင် သိက္ခာအနေနဲ့အကျင်း
၂၂၀ခုနှစ်သွယ် အကျယ်ကုဋေကိုးထောင်ကျော်ရှိပါ
တယ်။ သိက္ခာပုဒ်အားလုံးကို မသိနိုင်ပေမဲ့ကုသိုလ်ဖြစ်
မဲ့အလုပ် (သို့)ကုသိုလ်ဖြစ်မဲ့စိတ်နဲ့နေမယ်ဆိုရင်
တော့ ရဟန်းဝတ်ရတာ အကြိုးကြိမ်သေရပါလိမ့်မယ်။
ဆရာတော်တစ်ပါးဟောတဲ့ စကားတစ်ခွန်ဆို အရမ်း
မှတ်သားဖို့ကောင်းပါတယ်"ကုသိုလ်လိုလို့ ရဟန်းခံ
အရင်းကြံကငါဟဲ့ယောက်ျား" သိပ်ကိုအဓိပ္ပါယ်ရှိတဲ့
စာချိုးလေးပါပဲ။ ရဟန်းဝတ်တော့မယ်ဆိုရင် သိသင့်သိ
ထိုက်တာတွေသိပြီးမှဝတ်တာဟာ အကောင်းဆုံးပါ။
အဲ့လိုမှမဟုတ်ရင် အရင်းတောင်မကျန်ပဲ ကိုယ့်ထဲက
ပါသွားနိုင်ပါတယ်။ ဒုံလပတ်ဝတ်မဲ့ဦးဇင်းတွေ ညစာ
မစားကြဖို့ တိုက်တွန်းချင်ပါတယ်။ လူတော်တော်များ
များက တစ်နှစ်တစ်ခ့ါတောင်ဦးဇင်းမဝတ်ဖြစ်ကြပါဘူး
ကိုယ်ဝတ်တဲ့အချိန်မှာ ကုသိုလ်ရအောင်နေမယ်ဆိုရင်
အချိန်ကုန်ရကြိုးလည်းနပ်မယ်။ ရဟန်ဘောင်တင်ပေး
တဲ့ရဟန်းဒကာတွေအတွက် ပိုပြီးကုသိုလ်ရတာပေါ့။
image
နောက်ပြီးအရေးကြီးတာလေးတစ်ခုပြောချင်ပါတယ်။
သကြန်တွင်းတရားပတ်ရှိတဲ့ဘုန်ကြီးကျောင်းတွေမှာ
ဦးဇင်းပဲဝတ်ဝတ်! ယောကီအဖြစ်နဲ့ တရားပတ်ပဲဝင်
ဝင် မဝင်ခင်မှာ အခြေခံဝိပသနာတရားတွေကို နားလည်အောင်ကြိုတင်လေ့လာသင့်ပါတယ်။ အဲဒါမှ
တရားပြဘုန်ကြီးများရဲ့ ဟောကြားချက်တွေကို နားလည်ပြီး ဝိပသနာတရားတွေကို ထိထိမိမိကျင့်ကြံ
အားထုတ်နိုင်ကြှမှာပါ။ ကျွန်တော်တို့မှာ အချိန်သိပ်မရှိ
ပါဘူး။ ရတဲ့အချိန်လေးမှာ အားထုတ်ခွင့်ရတဲ့အချိန်
လေး အကြိုးများများရနိုင်ဖို့လိုပါတယ်။အားလုံးပဲ သက်ြန်တွင်းမှာ ကုသိုလ်များများရပြီး အန္တရာယ်ကင်း
နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
MSC 251
author @mgmglattt
proto credit facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်ကဲ့ သင်္ကြန်တွင်း ကုသိုလ်လဲ လုပ်မယ် လည်လဲ လည်မယ် 😁ပီးတော့ နက်ဖန် ပရိုဒေး စနေကျရင် pro ရမာ ညနေထိ မရရင် ပြောပါနော် ခုက ကိုယ့်ပိုစ့်ကို စစ်ရမာဆိုတော့ အဆင်ပြေမှာပါ

thanks ma kyi

သာဓု သာဓု သာဓုပါ အစ်ကိုရေ

အသိ‌တွေ တိုး‌စေပါတယ်‌အစ်‌ကို။ အကျိုးများ‌စေ‌သော Post ပါ။

ကျေးဇူးပါ

အင်း ​တော​တောင်​ထွက်​ခြင်​ပြီ ခ်​ခ်
စတာ​နော်

ဘာစတာလဲ

ခုလိုဘာသာ​ရေး လမ်းညွန့်​ခွင့်​ခံရတာ ဝမ်းသာပါတယ်​ အစ်​ကို။

သေချာဖတ်ပေးလို့ကျေးဇူးပါ

ဆရာ့ အရေးအသားတွေက လေ့လာမှတ်သားထိုက်ပါတယ်

thanks

ဗဟုသုတ ရ​စေပါတယ်

တင်ရကြိုးနပ်တာပေါ့

သာဓု၃ကြိမ်ခေါ်ဆိုပါ၏

ဟုတ်ကဲ့ပါ

ဝတ်​နိုင်​ကြရင်​​တော့ ​ကောင်းတယ်​ဗျ

ဟုတ်ပါတယ်ငါ့ညီ

သာဓုပါ

ဟုတ်ကဲ့

အပီး ဝတ်လိုက်တော့

ok

ဗဟုသုတရလိုက်ပါတယ်ခင်ဗျ

မှန်ပါတယ်အစ်ကို ။ရဟန်းဖြစ်ပြီ သိမ်တက်ပြီးပြီဆိုတာနဲ့ ကျင့်ကြံ နေထိုင်ရမဲ့ တရားတွေကို သတိထားနေထိုင်ရမှာပါ။အဲဒီလိုမှမနေထိုင်ရင်တော့ ရဟန်းဘဝမဟုတ်တော့ပါ။အားလုံးအတွက် ဗဟုသုတဖြစ်စေပါတယ်။

သေသေချာချာဖတ်ပေးတဲ့အတွက်ကျေးဇူးပါ

အင်း ကိုယ်ကတော့ ဒီလောကီအာရှံမှာ ပျော်ေ့နေပါပီလေ😆😆

WARNING - The message you received from @mujib is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!
For more information, read this post: https://steemit.com/steemit/@arcange/phishing-site-reported-upvoteme-dot-ml
Please consider to upvote this warning if you find my work to protect you and the platform valuable. Your support is welcome!

ပါရာဇိကံက တော်တော်ပြင်းထန်မယ်နော် အစ်ကို ရဟန်းတွေကိုတောင် အပြစ်သင့်ရင် နောက်ထပ်ရဟန်းမဖြစ်နိုင်ဘူးဆိုတော့

ဟုတ်ပါတယ်
ဦးဇင်းဝတ်သူတိုင်းသိထားသင့်ပါတယ်

တစ်​​နေ့​တော့တရားရိပ်​မှာ​နေနိုင်​မှာပါ

တရားဘာဝနာပွားများသင့်ပါတယ်။ ခုခေတ်နဲ့ပိုပြီး ဆင်ခြင်သင့်ပါတယ်။ ကျွန်တော် တို့ လုပ်ဖို့ လိုအပ်ပါတယ်

Thank you for your sharing

သာဓု သာဓု သာဓုပါ အစ်ကို

ဗဟုသုတရပါတယ်​...thank for share

me too

Congratulations @mgmglattt! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!