Gathering အတွေ့အကြုံများ-3

in myanmar •  6 years ago 

C536DD69-6C14-4202-B5D3-C679462AA0D5.jpeg

တည်းခိုရာ ဝါးကျောင်းသို့ပြန်ရောက်ပြီးနောက် ခြေခင်းလက်ခင်းဆန့်ခြင်းပြုလုပ်သူကပြုကြ မျက်နှာသစ် ခြေဆေးလက်ဆေးပြုကြသူကပြုကြ၊ရေချိုးသူက ရေချိုးကြတော့သည်။ ထို့နောက် MSC မှ တည်ခင်းဧည့်ခံသည့် MSC gathering ညစာစားရန် MSC gathering လာ ဘော်ဒါအပေါင်းရောင်ရင်းများနှင့် တည်းခိုရာဝါးကျောင်းအတွင်းထဲပင်ရှိသည့် စားဖိုဆောင်သို့ ချီတက်ခဲ့ကြသည်။

စားဖိုဆောင်သို့ရောက်သော် ကိုယ်တိုင်ယူစနစ်ဖြစ်သောကြောင့် မိမိနှစ်သက်သည်များကို ကိုယ်တိုင်ယူကာ စားသုံးနှစ်ခြိုက်ရသည်။ ဘုန်းကြီးကျောင်းမှ စားဖိုဆောင်ဖြစ်သောကြောင့် သားကြီးငါးကြီးတော့ချက်မကျွေးပါ။ကြက်ဥ၊ဘဲဥနှင့် ကျန်သည့်ဆွမ်းဟင်းများကို ပေါင်းထားသည့်ဟင်းပေါင်းကိုသာ စားသုံးရနိုင်သည်။

61D257B9-1480-420B-A21D-B85BCC2D03BA.jpeg

ဤသည်မှာလည်း မြို့ကြီးပြကြီးပေါ်တွင်မရနိုင်သည့် ပုဂံ gathering ၏ နှစ်ခြိုက်စရာတစ်ခုပင်ဖြစ်သည်။ညစာစားပြီးနောက် မိမိတို့စားကြသောက်ကြသည်များကို အတူတကွ သေချာစွာသန့်ရှင်းရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကာ ညအိပ်ရန် တည်းခိုရာသို့ပြန်ခဲ့ပါတော့သည်။တည်းခိုရာသို့ရောက်သော gathering လာ ဘော်ဒါအချင်းချင်း အလာပ၊သလာပများပြောဆိုကာ ထိုတစ်ညကို ကုန်ဆုံး၍ အိပ်ရာဝင်ခဲ့ကြတော့သည်။

ယောကျာင်္းလေးတွေချည်းမို့ အကုန်လုံးတပျော်တပါးစု၍သာ အိပ်လိုက်ကြခြင်းဖြစ်သည်။ နောက်နေ့မနက်(August 4 ရက်နေ့မနက်)ရောက်သော် အစောကြီးနိုးနေမိသည်။ ထို့ကြောင့်အချိန်ရှိခိုက် ဘော်ဒါကြီးများအိပ်ကောင်းတုန်း မျက်နှာသစ်ခြေလက်သန့်စင်ကာ မနက်စာစားရန် group 3 SL (@) နှင့်အတူ ယွန်းကောလိပ်အနီးထိ လမ်းလျှောက်ထွက်လာခဲ့ကြသည်။

46DCFF9F-1E99-41A9-BFFA-A635E33AD2B4.jpeg

ထို့နောက် ယွန်းကောလိပ်ကန်တင်းမှာ မနက်စာစားသောက်ပြီး တည်းခိုရာသို့ပြန်ခဲ့ကြကာ ပုဂံတွင် လျှောက်လည်ဘုရားပတ်ဖူးကြမည်တွင် လာခေါ်မည့်ကားကို စောင့်နေမိတော့သည်။ ကားလာရန်အတွက်မှာ စောလွန်းနေပါသေးသည်။ထို့ကြောင့် မြစ်ဆိပ်အထိဆင်းကာ ဧရာဝတီမြစ်နှင့်တိုးသဘောင်္ကြီး၏ မိုးသောက်ရောင်နီအလှကိုခံစားနေလိုက်ပါသည်။ မနက်(၈)နာရီလောက်တွင်မှ ဘော်ဒါရောင်ရင်းများ အားလုံးအဆင့်သင့်ဖြစ်ကြကာ ဘုရားပတ်ဖူးရန် လာရောက်ခေါ်ဆောင်မည့်ကားများလည်းရောက်ရှိလာပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အကိုရေ gathering ကနောက်နှစ်ထိကူးမယ်ထင်တယ်

😂 လခွမ်းး

မလာနိုင်လို့စိတ်မကောင်းဘူး

နောက်ကြုံမှာပါ

ပျော်ရွှင်ဖွယ် ခရီးစဉ်လေးပါ ဆက်ရေးပါအုံး အားပေးနေပါ့မယ်

ဟုတ်ကဲ့ပါ အစ်မရေ

Gathering ကပြီးသွားပြီမှတ်ပါတယ် မပြီးသေးပဲကိုး ဆက်ဆက်

  ·  6 years ago (edited)

အမှတ်တရတွေမျှဝေနေတာပါ 😄

ဆက်​ရန်​ရှိ​သေးသည်​​ပေါ့

ဇာတ်သိမ်းမျှော် 😁😁

gathering က‌တော့ ‌တွေးမိတိုင်း ‌ပျော်‌တယ်‌ဗျာ။

အပျော်တွေ အပျော်တွေ 😄

အေးပါ ရေးစမ်းပါ့ကွယ်။

ဟုတ္ကဲ့ပါ ဆရာခမ်

ရေးလက်စနဲ့ တွေ့ခဲ့တဲ့သူတွေအားလုံ့းရဲ့ချစ်ဖို့ကောင်းတဲ့စတိုင်လေးတွေရေးပါဦး

ဟုတ်ကဲ့

နောက်ဆုံးတော့ ဟင်းပေါင်းစားဖူးသွားပြီပေါ့နော် ကျန်းမာရေးညီညွတ်တယ် ဦးဇင်းတို့  ဝနေ လှနေတာ ဟင်းပေါင်းတန်ခိုးပေါ့

ဟီး ဟီးး ဟုတ်ပါတယ်ဘုန်းဘုန်းဘုရား 🙏🏻🙏🏻🙏🏻

ဟင်းပေါင်း...ဟင်းပေါင်း စာတွေထဲမှာတော့ ခဏခဏတွေ့နေကျ။စားကြည့်ရင် ဘယ်လိုအရသာရှိလဲ သိချင်သား။

စားလို့ကောင်းသား

ကိုယ်လည်း gathering အတွေ့အကြုံ တင်ရမလားပဲ ပုံတွေရှိတယ်😁😁

တင်ပါဗျာ

အယ်လဲ့အယ်လဲ့

လူဒိုင်း လူဒိုင်းမှာ 👋

သတိတွေ ရနေပါတယ်ဗျာ

လွမ်းစရာတွေပါ

စာဖတ်ရင်းနဲ့ ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်

ကျေးဇူးပါဗျာ

Congratulations @mgtoetat! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

thanks!!

ပုဂံကိုသွားလည်ဦးမယ်ဗျာ

hoke