လူငယ်နှင့်ဝါသနာ

in myanmar •  6 years ago 

B4D97596-EDA2-4CF5-8CE9-BE54C191ED61.jpeg

လူတိုင်းတွင် ကိုယ်စီကိုယ်စီ မိမိကြိုက်ရာဝါသနာများရှိလေ့ရှိကြချည်းသည်သာဖြစ်သည်။ အချို့မှာ စာဖတ်ဝါသနာပါကြသည်။ အချို့က ပန်းချီဆွဲဝါသနာပါသည်။ အချို့က သီချင်းဆိုရသည်ကို ဝါသနာပါ၍ အချို့မှာ ကရသည်ကို ဝါသနာပါသည် စသည်ဖြင့် တွေ့ဖူးကြမည်ထင်ပါသည်။သို့သော် တချို့သည် မိမိ၏ ဝါသနာ၊မိမိကြိုက်ရာကို လုပ်ဆောင်နိုင်စွမ်း၊အကောင်အထည်ဖော်နိုင်စွမ်းရှိကြသော်လည်း အချို့မှာ မိမိ၏ ဝါသနာကို အိမ်မက်ပင်မက်ခွင့်မရှိကြပါ။

ဝါသနာ(hobby or interest)ဟူသည်ကို ချမ်းသာသော၊ပြည့်စုံသော မိသားစုအသိုင်းအဝိုင်းမှ လူများသာ များသောအားဖြင့် အကောင်းအထည်ဖော်ခွင့်ရှိကြပြီး ဆင်းရဲသော၊မပြည့်စုံသော အသိုင်းအဝိုင်းမှ ကလေးငယ်များ၊လူငယ်များသည် မိမိ၏ ဝါသနာကို အကောင်အထည်ဖော်ရန်ဝေးစွ မိသားစု စားဝတ်နေရေး မိမိစားဝတ်နေရေး အတွက် ရှေ့တန်းတင်နေကြရသည်မဟုတ်ပါလား။

062127F8-CE43-4AE4-9D3A-F73E490178ED.jpeg

မည်မျှ မိမိ၏ ဝါသနာနှင့် ဝေးရာတွင် နေရသည်ဆိုလျှင် မိမိဘာဝါသနာပါသည်ကို မေ့ပျောက်ဖြစ်ရသည်အထိ၊ မိမိဘာဝါသနာပါသည်ကို မသိဖြစ်ရသည်အထိ ကိုပင် ဝါသနာနှင့် ဝေးရာအရပ်တွင်နေထိုင်ကြရသည်။ ထို့အပြင် မြန်မာပြည်ရှိ လူငယ်(youth)များသည် အခြေခံလူတန်းစား၊လူလတ်တန်းစား များသာ အများစုဖြစ်၍ မြန်မာလူငယ်များ၏ ဝါသနာထက် ပျော်ရာမှာ မနေနဲ့၊တော်ရာမှာ နေဟူသည့် ဘဝကိုရောက်ကြရပါသည်။

စာရေးသူ ကိုယ်တိုင်သည်လဲ အချို့ဝါသနာများကို စွန့်လွှတ်ထားရပါသည်။ ဥပမာ ဆိုရလျှင် ဆိုင်ကယ်ဖြင့် ခရီးတိုထွက်ခြင်း၊တောင်တက်ခြင်း၊ရေကူးခြင်း၊ ပန်းချီဆွဲခြင်း နှင့် စားပွဲတင်တင်းနစ်ပြိုင်ခြင်း စသည်တို့ကို အခြေအနေတစ်ခုအရ စွန့်လွှတ်ထားရသည်။ စာရေးသူ၏ မိသားစုအသိုင်းအဝိုင်းသည်လည်း အချမ်းသာကြီးထဲမှမဟုတ်သောကြောင်ထို့ဝါသနာတွေထက် ဖြစ်သင့်တဲ့ နေထိုင်မှုစားသောက်ပုံစံကို လက်ခံရပါသည်။

EF73630D-BCA8-4742-81F0-3A0252CB5FE2.jpeg

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရခြင်းသည် ဝါသနာနှင့်ဝေးရာသို့ ရောက်ရှိသွားရခြင်းပင်ဖြစ်သည် မဟုတ်ပါလား။ယခုကဲ့သို့ ဝါသနာပါသော စာရေးခြင်းကို လုပ်ကိုင်ခွင့်ရရှိသည်ကိုပင် အလွန်ကံထူးပါပေသည်။ အစဉ်အမြဲလုပ်ခွင့်ရခြင်မိသည်။ထို့ကြောင့် MSC မှ member များလည်း မိမိဝါသနာပါရာကို အစဉ်အမြဲလုပ်ကိုင်နေနိုင်ခြင်းဖြင့် ချမ်းသာခြင်းဟူသည်ကို ရရှိပိုင်ဆိုင်ကြပါစေ။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဖြစ်သင့်တာများတော့ ဖြစ်ချင်တာ ပြန်ရွေးရပြန်ရော

အဲ့တာပဲ အဓိကက

ဝါသနာပါရာ လုပ်နေရရင် ပျော်နေတာပဲ

ဟုတ်ပါတယ်ဗျာ

အလုပ်​နဲ့ဝါသနာတစ်​ထပ်​တည်းကျရင်​​တော့​ကောင်းတာ​ပေါ့ရှင်​။

မှန်ပါတယ်

ဝါသနာနှင့်ထပ်တူကျသောအလုပ် ပျော်စရာကောင်း
ပါပေတယ်

အမှန်ပါပဲဗျာ

ဝါသနာပါတာ လုပ်နေရတဲ့အချိန်မှာတော့ စိတ်ကပျော်နေတာပဲ။

ဟုတ်ပါတယ်

ဝါသနာပါတဲ့အလုပ်လုပ်ရလို့ ပျော်ရတယ်။ အဲ့လိုဝါသနာပါတဲ့အလုပ်မှပဲ အောင်မြင်မှာပါ

အမှန်ပါပဲ

ကျန်တော်တော့ translator လုပ်ရတာကို ပိုပိုပြီး စိတ်ဝင်စားနေပြီ

အသက်မွေးဝမ်းကျောင်းမဖြစ်နိုင်ပေမယ့် ဝါသနာပါတဲ့စာလေးရေးရတာတော့ စိတ်ချမ်းသာမိတယ်

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလုပ်နေရသော်လည်း ၀ါသနာနှင့်ထပ်တူကျရင်တော့ ပိုပျော်မွေ့မှာပါ

သာလွန်​တဲ့အ​တွေး တစိဖက်​မှာ ဝါသနာကိုအလုပ်​မဖြစ်​မလုပ်​ကိုင်​မိတာကပို​ကောင်းမယ်​ဗျ ဒီအ​ကြောင်း​တောင်​စာ​လေး​ရေးချင်​တယ်

🙄🙄🙄🙄