"မဟာ" သို့မဟုတ် ပုဂံမြေသို့ခရီးသွားခြင်း -2

in myanmar •  7 years ago 

F1C1C7A9-5523-4BF1-9C2F-21A27C0894FB.jpeg

မိုလ်တယ်သို့ရောက်သည့်အခါ ခဏတာအနားယူ၊ခြေရေလက်ရေဆေး ရေမိုးချိုးကြသည်။ပုဂံသို့ ဝင်သည့်အချိန်တွင် နေ့လည်စာစားချိန်ပင်လင့်နေပြီဖြစ်သည်။ထို့ကြောင့် သူငယ်ချင်းခြောက်ယောက် နေ့လည်စာအတွက် ထမင်းစားထွက်ရန်ပြင်ဆင်ကြသည်။နေ့လည်စာကို သရပါဟိုတယ်အနီးရှိ "မင်္ဂလာ"တွင် မြန်မာစာဘူးဖေး သုံးဆောင်လိုက်ကြသည်။ ထိုဆိုင်တွင် မြန်မာဘူဖေးဖြစ်သည့်အတွက် အစားအသောက်ပိုင်းအနေနှင့် အတော်အတန်အဆင်ပြေသည်။

Foodies များအတွက် ပုဂံတွင်မြန်မာအစားအစာနှင့်ပက်သက်၍ သွားရောက်မြည်းစမ်းသင့်သည့်နေရာတစ်ခုဖြစ်သည်။အခြား အထင်ကရမြန်မာဘူဖေးဆိုင်အဖြစ် သရပါ၃မြန်မာဘူဖေးထမင်းဆိုင်သည်လည်းထင်ရှားသည်။အခြား ဘိုစာအစားအစားများမှာလည်း ဟိုတယ်များ အများအပြားရှိသည့်အတွက် ပေါပါသည်။ထို့နောက်နေ့လည်စာစားပြီးသည်နှင့် ဟိုတယ်သို့ ခဏပြန်ပြီး အနားပြန်ယူကြသည့် ညနေသုံးနာရီမှ ဘုရားဖူးထွက်ကြရန်စီစဉ်ရန်ဖြစ်သည်။

CBA2BD95-8458-4150-90AF-2414A2A9B820.jpeg

သုံးချက်တီးသောအခါ(သုံးနာရီထိုး) ကျွန်တော်တို့သည် တည်းခိုရာမိုတယ်နဲ့ လမ်းတိုက်သည့် ဘုရားများသွားရောက်ဖူးမျှော်ရန်စီစဉ်ကြရပြန်ပါသည်။ထို့အတွက် မိုတယ်အနီးနားမှာရှိသည့် E-bike ငှားသည့်ဆိုင်မှ e-bike များငှားကြပါသည်။ e-bike ငှားရန် အဆင်မပြေဖြစ်သည့်အခါ မိမိတည်းခိုရာ ဟိုတယ်၊မိုတယ်၏ reception သို့အကူအညီတောင်းကြည့်ပါ။အကူအညီတောင်းပါက အကူညီပေးလေ့ရှိကြပါသည်။

ထို့အပြင် မိမိတို့ သွားရောက်တည်းခိုသည့် ဟိုတယ်၊မိုတယ်ကိုလည်းရွေးချယ်တတ်ရသည်။ နာမည်ကြီး ဟိုတယ်၊မိုတယ် အများစုမှာ ပုဂံရှိအထင်ကရ ဘုရားအများစုနဲ့ မနီးမဝေးတွင်တည်ရှိသော်လည်း၊အချို့ဟိုတယ်များမှာ မိမိတို့ သွားဖူးမည့် စေတီ၊ပုထိုးများနှင့်ဝေးရာတွင်တည်ရှိတတ်သော်ကြောင့် အဆင်မပြေဖြစ်တတ်ပါသည်။ထို့ကြောင့် မိမိသွားလာမည့် ပုဂံရှိစေတီပုထိုးများနှင့် လမ်းကြောင်းတိုက်သည့် ဟိုတယ်၊မိုတယ်များတွင်တည်းခိုတတ်ရန်လည်း လိုအပ်ပါသည်။

98FFCAAC-071E-4C59-96D5-73D92A4794D9.jpeg

ထို့နောက် မိမိတို့ သူငယ်ချင်း အုပ်စုသည် e-bike များဖြင့် လမ်းကြောင်းတိုက်သည့် လောကနန္ဒာဘုရားသို့ သွားရောက်ဖူးမျှော်ကြသည်။အစိုးရရုံးပိတ်ရက်ရှည်ဖြစ်သောကြောင့် ကားများပင်စီတန်း၍ ကားတန်းရှည်ကြီးပင်ဖြစ်နေပါသည်။မိမိတို့ အုပ်စုမှာ ကားဖြင့်မဟုတ်ဘဲ e-bike များဖြင့်ဖြစ်သောကြောင့်သာ သွားရလာအဆင်ပြေခြင်းဖြစ်သည်။

written by @mgtoetat
photos from google
MSC-073
post on busy

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပုဂံမြေကိုတစ်ခေါက်ရောက်ဖူးပါတယ်။ ထပ်လည်းသွားချင်မိတယ် ။

ဟုတ်ကဲ့ဗျ...

ပုဂံ ကို တခါမှ မရောက်ဘူးသေးဘူးဗျာ ။ ရောက်အောင်သွားအုံးမယ်

ဟုတ်ကဲ့ပါဗျ...

ပုဂံကို မရောက်ဖူးသေးဘူး။

ရောက်ဖူးအောင် သွားလည်ပါဗျာ..

သွားမယ်ကွာ ဒီတခေါက် ပိတ်ရက်ရရင်

သွားသင့်ပါတယ်ဗျာ...

သွားဖြစ်​​အောင်​သွားမယ်

ဟုတ္ကဲ့ခမ်..

3ခေါက်မြောက် ပဲ 😁😁😁

ကောင်းပါတယ်ဗျာ...

သုံ​ခေါက်​​ရောက်​ဖူးတယ်​ ဒ​ပေ မယ့်​ အ​တော့ ​ရောကိ

ဟုတ္ကဲ့ခမ်...

ပျော်စရာကြီးပဲ😊👍

ဟုတ်ပါတယ်ဗျာ...

ပုဂံ သွားချင်​တယ်

သွားလည်ပါဗျာ...

ပုဂံကိုအခုပဲသွားချင်​လာပြီ။

သွားလည်ပါဗျာ...ပျော်စရာအလွန်ကောင်းပါတယ်

e-bike ပုံလေးပါရင်ကောင်းမှာ

နောက်ခါ ထည့်ပေးပါမယ်ဗျာ...

ပုဂံကို ထပ်သွားချင်သေးတယ်

ထပ်သွားလည်ပါဗျာ...

ပုဂံရောက်ဖူးတယ်၊ထပ်လည်းသွားချင်သေးတယ်

ဟုတ်ကဲ့ ဘယ်တော့မှမရိုးပါ ထပ်သွားလည်ပေါ့ဗျာ

အား​ပေးခဲ့ပါတယ်​ဗျာ

ကျေးဇူးပါဗျာ...

ရေးသားမျှ​ဝေ​ပေးတဲ့အတွက်​ ​ကျေးဇူးပါ

ဟုတ်ကဲ့ပါဗျာ...