ဆင်ခြင်စရာ R သုံး R

in myanmar •  7 years ago  (edited)

45D4A684-AEC4-423F-BC84-A1E41368CC6F.jpeg

R သုံး R ဟုညွှန်းလိုက်သည်နှင့် ဘာကိုလားဟု မေးစရာရှိသွားနိုင်ပါသည်။ စာရေးသူတို့ ပတ်ဝန်းကျင်တွင် အမှိုက်များပေါများလှသည်မှာ အမှန်ပင်ဖြစ်ပါသည်။ထိုသို့ပေါများလာရခြင်းမှာ ကျွန်တော်တို့ ပစ္စည်းပစ္စယများဝယ်သည့်အခါ အလှအပအတွက်သော်လည်းကောင်း၊သယ်ဆောင်ရလွယ်ကူစေရန်အတွက်သော်လည်းကောင်း အလွယ်တကူထုပ်ပိုး၊အလွယ်တကူထည့်ကာ ပလတ်စတစ်ကျွတ်ကျွတ်အိတ်များသုံးခြင်း၊ တစ်ခါသုံးရေသန့်ဗူးများ စည်းကမ်းမဲ့စွန့်ပစ်ခြင်း နှင့် အခြား ပလတ်စတစ် လူ့အသုံးအဆောင်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ထို အမှိုက်သရိုက်ထုများကို လိုက်လံရှင်းလင်းရန်မှာလည်း လက်တွေ့တွင်မလွယ်ကူပါ။ ရှင်းလင်းရန် စရိတ်စကကြီးမားလှသလို လူအင်အားသုံးရသဖြင့် ကုသမှုထက် ကာကွယ်မှုကသာ ပိုထိရောက်လိမ့်မည်ဟု ပြောဆိုနိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်မောင်တိုးတက် မိမိတို့ပတ်ဝန်းကျင် အမှိုက်ရှင်းလင်းစေရန်အတွက် ညွှန်းဆိုလိုသည့် R ၃ခုမှာ Reduce,Reuse နှင့် Recycle တို့ကို ညွှန်းဆိုခြင်းဖြစ်ပါသည်။

7FC6F435-14C6-4242-AF57-B262D520D773.jpeg
Reduce

Reduce ဆိုသည်မှာ မိမိတို့ အမှိုက်ဖြစ်စေသည့် ပမာဏကိုလျှော့ချပစ်ရန်ကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် အမှိုက်နှင့်ပက်သက်သည့် ပလတ်စတစ်တခါသုံးများ၊ကျွတ်ကျွတ်အိတ်အိတ်များ သုံးစွဲခြင်းကိုလျှော့ချပစ်ရန်လိုအပ်သလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကိုလည်း လျော့ချခြင်း၊ရှောင်ကြဉ်ခြင်းများပြုလုပ်ရမည်ဖြစ်သည်။

43AEEB66-261B-4B9D-9EC1-D7744E5CEA3E.jpeg

Reuse
Reuse ကိုပြန်လည်အသုံးပြုခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မည်။ မိမိတို့သုံးလိုက်သော ကြောင့်ဖြစ်လာသောအမှိုက်များကို မစွန့်ပစ်ဘဲပြန်လည်အသုံးပြုခြင်းဖြစ်သည်။ ဥပမာ-ဆိုင်က ပစ္စည်းထည့်ပေးလိုက်သော အိတ်ကို ချက်ချင်းမစွန့်ပစ်ဘဲ နောက်တကြိမ်ထပ်ပစ္စည်းထည့်ခြင်း၊ရေသန့်ဗူးကို အမှိုက်ပုံးထဲ တခါသုံးပြီးတန်းမထည့်ဘဲ နောက်တကြိမ်ရေထည့်၍ အသုံးပြုခြင်းစသည်တို့ကဲ့သို့ ပြန်လည်အသုံးပြုခြင်းဖြစ်သည်။

Recycle

Recycle ဆိုသည်မှာ အားလုံးသိကြသည့်အတိုင်းပင် 'ပြန်လည်အသုံးပြုနိုင်ရန် အသစ်တဖန်ပြုလုပ်ခြင်း'ဟု အဓိပ္ပာယ်ရပါသည်။အထက်ကရေးခဲ့သလို အမှိုက်များဖြစ်စေမည့် အရာများအသုံးပြုခြင်းကို လျှော့ချရန်လိုအပ်သလို မိမိတို့သုံးလိုက်သောကြောင့် ဖြစ်လာသည့် အမှိုက်များကို စွန့်ပစ်ရန်မလိုဘဲ အသစ်ပြန်လည်အသုံးပြုရန်၊အခြားသူများအား ပြန်လည်ရောင်းချနိုင်ရန် အသုံးဝင်သောပစ္စည်းအသစ်များပြန်လုပ်ပြုလုပ်ခြင်း၊ ထိုသို့အသုံးပြုရန် နည်းလမ်းများရှာဖွေခြင်း စသည်တို့ကိုပြုလုပ်ရမည်ဖြစ်ပေသည်။ဥပမာ-စွန့်ပစ်ပစ္စည်းများသုံး၍ ဖန်စီ(fancy)များပြုလုပ်ခြင်း၊ နေအိမ်ဆိုင်ခန်းများတွင် အလှဆင်ခြင်း။

ထို့ကြောင့် R သုံး R ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် MSC members များ အမှိုက်ကင်းစင်သော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြပါစေကြောင်း။

written by @mgtoetat
photos by @mgtoetat
MSC-073

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လူတိုင်းလိုက်နာသင့်တယ်

သူများတွေကိုလည်း sharing လုပ်ရမှာပါ

လူတိုင်းလိုက်​နာရင်​​ကောင်းတာ​ပေါ့ရှင်​။

ဟုတ်ပါတယ်ဗျာ...

လိုက်နာကျင့်သုံးသင့်တယ်

ထိရောက်စွာပညာပေးရမှာပါ

ပစ်ထားတဲ့ steemit အကောင်းဟောင်းလေးတွေရှိရင်လည်းပြန်သုံးကြ၊အမှိုက်ဖြစ်သွားမှာစိုးလို့

steemit ကြီး အမှိုက်ရှုပ်မည်စိုးရ

R သုံးလုံးကို လူတိုင်း အလေ့ကျင့်တစ်ခု ဖြစ်အောင် လုပ်သင့်ပါတယ်ဗျာ

မှန်ပါတယ်ဗျာ

ဒီလိုလုပ်​လို့၇တယ်​ဆိုတာပညာ​ပေးနိုင်​မှပိုထိေ၇ာက်​မယ်​လို့ထင်​ပါတယ်

မှန်ပါတယ်

မှတ်သားလိုက်နာရမဲ့ အချက်အလက်တွေပါ။

ဟုတ်ပါတယ်ဗျာ

လူတိုင်းလိုက်နာသင့်တယ်နော်

အမှန်ပါပဲဗျာ...

ကြွတ်​ကြွတ်​အိပ်​ သုံးရင်​ ရုပ်​မ​ပေါက်​​တော့မှ စည်​ပင်​ အမှိုက်​ပုံးထဲမျာ ဂိတ်​ဆုံးတာပဲ

အကောင်းဆုံးပေါ့ဗျာ...

မျှ​ဝေ​ပေးတာ ​ကျေးဇူးပါ။

ဟုတ်ကဲ့ပါဗျာ ကျေနပ်မိပါတယိ

You got a 16.67% upvote from @nado.bot courtesy of @mgtoetat!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.