စိတ်ရှည်သည်းခံလမ်းကြောင်းမှန်

in myanmar •  6 years ago 

75BA700F-79C2-4B30-AC5C-97772C4EA7A4.jpeg

လူတိုင်း စာဖတ်သူတိုင်း ဤဆုံးမမှုလေးကို လူကြီးသူမများဆုံးမရာမှ၊တရားဓမ္မများနာယူရာမှ၊စာပေဗဟုသုတများရှာမှီးရာမှ ကြားဖူး၊တွေ့ဖူး၊ဖတ်ဖူးကြလိမ့်မည်ထင်ပါသည်။သို့သော်ငြားလဲ အားလုံးသိကြသည့်အတိုင်းပင် ဤစကားပုံ(proverb)အတိုင်း နာခံလိုက်နာရန်မလွယ်ပါ။လူတိုင်း လူတိုင်းသည် စိတ်ရှည်သည်းခံကြသည်ဆိုစေဦးတော့ မိမိသည်းခံနိုင်သည့်အတိုင်းအတာထက်ကျော်လွန်လာလျှင် သည်းမခံနိုင်တော့ဘဲ ဒေါသအလျောက်ပြုမှုမိကြသည်။

မိမိဒေါသကို မထိန်းချုပ်နိုင်ပဲရှိကြသည်ချည်းပင်ဖြစ်ပါသည်။သို့သော် လိုက်နာဆောင်ရွက်ရန် မလွယ်ကူသော်လည်း လိုက်နာနိုင်လျှင်လည်း အကျိုးကျေးဇူးကားလွန်စွာကြီးမားပါသည်။စိတ်ရှည်မှုကြောင့် အမြတ်အစွန်းရသွားသည့်စီးပွားရေးလုပ်ငန်းများ၊ရှောင်လွှဲနိုင်ခဲ့သည့် ဆုံးရှုံးများ စသည်ဖြင့်အကျိုးများစွာရှိခဲ့သည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

သည်းခံနိုင်မှုတို့ကြောင့် ရှောင်တိမ်းနိုင်ခဲ့သည့် ခိုက်ရန်ဖြစ်ပွားနိုင်ခြေများ၊လူမှုရေးနယ်ပယ်တွင် အောင်မြင်မှုများစသည့်ထက်ပို၍ အကျိုးကျေးဇူးများစွာရှိပါသည်။စိတ်ရှည်ခြင်း၊သည်းခံခြင်း(tolerance)သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်သွေး(personal skills)၊အရည်အချင်းများတွင် သာမကဘဲ ဘာသာရေးအရလည်း အဆုံးအမများဖြင့်ပြဋ္ဌာန်းထားပါသည်။

ဗုဒ္ဓဘာသာတွင်လည်း ဂေါတမမြတ်စွာဘုရားရှင်မှ စိတ်ရှည်ခြင်း၊သည်းခံခြင်းနှင့် ပက်သက်၍ တရားဓမ္မများတွင်ဟောပြောပြသဆုံးမထားပြီးသားဖြစ်သည်။စိတ်ရှည်သည်းခံနိုင်မှုမရှိလျှင် မောဟနှင့်ဒေါသဖြစ်လာမည်။မောဟ၊ဒေါသဖြစ်လာခြင်းသည် ဗုဒ္ဓဘာသာအဆုံးအမများနှင့်ပါဆန့်ကျင်သောကြောင့် ဘာသာရေးအရပါမကောင်းပေ။

ထို့ပြင် လူတစ်ယောက်ချင်းဆီ လူတစ်ယောက်ချင်းဆီတိုင်းကိုလိုက်၍ စိတ်ရှည်တတ်ရန် သည်းခံတတ်ရန် ခန္ဓာပါရမီကြီးရန် လိုက်ဟောပြောရန်လည်း မလိုအပ်သကဲ့သို လွယ်လည်းမလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် စိတ်ရှည်တတ်ခြင်း သည်းခံတတ်ခြင်းသည် လူတစ်ဦးချင်းဆီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းကိုလိုက်၍ လူတစ်ဦးနှင့်တစ်ဦးတစ်ယောက် နှင့်တစ်ယောက် ကွဲပြားနေကြဦးမည်ဖြစ်သည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

မည်သို့ပင်ဆိုစေ ပို၍စိတ်ရှည်တတ်ခြင်း၊ပို၍သည်းခံနိုင်ခြင်းသည် ပို၍ရင့်ကျက်ကောင်းမွန်သော လူမှုရေးဆိုင်ရာပတ်ဝန်းကျင်(better community)ကိုသာဖန်တီးသွားမည်ဖြစ်သောကြောင့် ၎င်း၏လမ်းကြောင်းမှန်ပေါ်ရှိကောင်းကျိုးများအသီးအပွင့်များကိုခံစားနိုင်မည်ဖြစ်သည်။MSC မှ members များလည်း စိတ်ရှည်သည်းခံခြင်းဖြင့် လမ်းကြောင်းမှန်ပေါ်တွင်လျှောက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

"စိတ်​ရှည်​သည်းခံလမ်း​ကြောင်းမှန်​"​ကောင်း​သောပိုစ့်​ပါ...သည်းခံလိုက်​လို့ဆက်​မဖြစ်​လာတဲ့ဆိုးကျိုး​တွေအများကြီးပါ...

အတွေးတူတယ်ဗျာ

စိတ်ရှည်ဇွဲသန် အောင်ပွဲခံ

နောက် ခေါင်းစဉ်တစ်ခုဘဲ ကိုဟိန်းရေ

စိတ်ရှည်ရှည်နဲ့ Steemit က ဈေးတက်တာကိုစောင့်နေရတာ

စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် 😁

စိတ်ရှည်သည်းခံမှပဲ့အဆင်ပြေမှာလေ

ဒါပေါ့ဗျာ

စိတ်​တိုရင်​ အသက်​ပါ တိုတပ်​တယ်

အမှန်ပါဘဲဗျာ

သည်းခံ ခြင်းကို များများ ပြုလုပ်‌နိုင်‌‌လေ ‌ကောင်း‌လေပါ။

အမှန်ပါဘဲ ကိုရီးမဟော်ရေ့

စိတ်ရှည်တဲ့လူဟာ စိတ်ဆက်တဲ့လူထက် လူမှုရေးကောင်းမွန်သလို ဘဝတိုးတက်ရေးတွေမှာလည်း အခွင့်အလမ်းသာတယ်

အမှန်ပါဘဲ အစ်မစုလှိုင်ရေ စိတ်ရှည်တဲ့သူက ပိုအောင်မြင်ကြပါတယ်

သည်းညည်းခံပြောရတာလွယ်သလောက်
ခံရတာမလွယ်ဘူးနော်

အမှန်ဘာဘဲကိုထွေး လက်တွေ့မှာမလွယ်ဘာဘူးဗျ

ဒီစာသားလေးက ယာဉ်မောင်းသူတွေအတွက်လို့ပဲ တစ်ချို့က ထင်မှတ်မှားနေကြတာ ဘယ်နေရာမဆို အသုံးတည့်တဲ့ ဆောင်ပုဒ်လေးဆိုတာ လူတိုင်းသိစေချင်တယ်ဗျာနော်-

ကွီးရွှေတွေးသလိုပါဘဲဗျာ တထပ်တည်းကျနေတယ်

အမှန်​ပါပဲဗျာ တတ်​နိင်​သ​လောက်​ သည်းခံတတ်​ဖို့ ​လေ့ကျင့်​လျှက်​ပါ

ဟုတ်ပါတယ်ကိုလွမ်းဝေရေ

ဘယ်အရာမှ အလွန်အကျွံဆို မကောင်းတတ်ပါဘူး အလယ်အလတ်လမ်းစဉ်ကျင့်ဆောင်သင့်တယ်

အမှန်ပါဘဲကိုစိုးရေ

ဟုတ်ကဲ့ စိတ်ရှည် သည်းခံပါ့မယ်ခင်ဗျာ

စိတ်ရှည်သည်းခံလမ်းကြောင်းမှန်ပါပဲဗျာ

Personal Skillsကောင်းမွန်အောင်
ကြိုးစားနေရတယ်ဗျ

ဟုတ်ကဲ့ဗျ