ဝါဆို ဝါခေါင် ရေဖောင်ဖောင်-Final

in myanmar •  7 years ago 

116B0037-E823-4295-A0EB-2A14CFD86882.jpeg

ဝါဆို ဝါခေါင်ရောက်ပြီဆိုလျှင် ရေဖောင်ဖောင်ဖြစ်သည်ကတော့ ပြောစရာပင်မလိုပါ။တစ်ခါတစ်လေ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းရှိသည်ဖြစ်စေ၊မုတ်သုန်ဝင်သည်ဖြစ်စေ မြန်မာအနှံ့တွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းတတ်သည်။ထို့ကြောင့် ဝါဆို ဝါခေါင်ရောက်ပြီဆိုလျှင် မိုးများ၍ ရေကြီးတတ်သည်။

ထို့သို့ရွာပြီဆိုလျှင် အခန့်မသင့်လျှင် မြန်မာပြည်နေရာတော်တော်များများ ရေလွမ်းလေ့ရှိသည်။ ထို့ကြောင့် ဝါဆို ဝါခေါင်လ များသည် မိုးရာသီ(raining season)ဖြစ်၍ မိုးရာသီဖြစ်သောကြောင့် စိတ်ပျက်ဖွယ်ကောင်းလှတတ်သည်။ မြန်မာပြည်၏ လမ်းအချို့အခြေအနေများကြောင့် မိုးရာသီရောက်ပြီဆိုလျှင် ချိုင့်ခွက်များဖြင့် သွားရေးလာရေးတွက် အဆင်မပြေမှုများကြုံတွေ့ရလေ့ရှိသည်။

F7BFC52C-D19F-4103-8E40-69CDDF293738.jpeg

ထို့ပြင် မိုးများပြီဆိုလျှင် အဝေးပြေးလမ်းမများသည် တောင်ကျချောင်းရေများမှာ ရေကျော်ကာ ပို့ဆောင်ဆက်သွယ်ရေးပြတ်တောက်မှုများကြုံရလေ့ရှိသည်။ဤသည်မှာ ဝါဆို ဝါခေါင် ရေဖောင်ဖောင်၏ ဂယက်ပင်ဖြစ်သည်။ထို့အပြင် ဝါဆို ဝါခေါင်လတွင် မိုးရာသီဖြစ်သောကြောင့် ခြင်များလွန်စွာပေါက်ဖွားကာ ရာသီတုပ်ကွေး၊သွေးလွန်တုပ်ကွေး၊ငှက်ဖျား စသော ခြင်နှင့်ပက်သက်သည့်ရောဂါများကို သတိထားသင့်သည်။

မိမိတို့ရပ်ကွက်အလိုက် ခြုံနွယ်များရှင်းခြင်း၊ရေဝပ်နေရာများကို မြေဖို့ခြင်း၊ခြင်ဆေးဖြန်းခြင်းများကို ပြုလုပ်ရန် လိုအပ်ပေသည်။ဝါဆို ဝါခေါင်လတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ဝါဆိုသင်္ကန်းကပ်လှူခြင်းအမှုတို့ကို ဤဝါဆို ဝါခေါင်လတွင် ပြုလုပ်လေ့ရှိကြပါသည်။ဝါဆို ဝါခေါင်တွင် ဘုရားသားတော်ရဟန်း သံဃာတို့သည် ဝိနည်းတော်အရ ခရီးထွက်ခြင်းအမှုတို့ကို ပြုလုပ်လေ့မရှိကြပါ။

814177F2-A14F-41FE-9563-9014F38BB73E.jpeg

အဆိုပါ ခရီးဦးမထွက်ကျဘဲ ဝါကပ်နေသည့် ရဟန်းသံဃာများကို ဝါဆိုကာလတွင် သင်္ကန်းနှင့်ပက်သက်၍ ပူပန်ရခြင်းများမရှိစေရန် ဝါဆိုသင်္ကန်းအဖြစ် ဝါဆိုကာ လ ဝါတွင်း သုံးလတွင် ကပ်လှူကြခြင်းဖြစ်သည်။ထို့ကြောင့် ဝါဆို ဝါခေါင် ရေဖောင်ဖောင်တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်း အမှုကိုပြုလုပ်၍ ကုသိုလ်များပွားများနိုင်ပါသည်။ msc member အပေါင်းလဲ ဝါဆို ဝါခေါင်တွင် ဝါဆိုသင်္ကန်းကပ်၍ ကုသိုလ်အထူးရရန် ရေးသားလိုက်ရပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မိုးများတော့စိတ်ညစ်တယ် ဘယ်မှသွားမရ

ဟုတ်တယ်ဗျာ

ဝါဆိုသင်္ဃန်းက​တော့ကပ်​ဖြစ်​ပါတယ်​။တတ်​နိုင်​သ​လောက်​​ပေါ့။

မြတ်သော ကုသိုလ်ပါဗျာ...

ခုခေတ်က ကလိုင်းမိတ်ချိန်းဝင်နေတော့ဝါဆိုဝါခေါင်မဟုတ်လည်းမိုးရွာချင်ရွာနေတာပါ။ မုန်တိုင်းရှိရင်ရွာနေတာ။ မိုးဆိုတာမိုးတွင်းမှာရွာမှအသုံးဝင်တာ မဟုတ်ရင်စိတ်ပျက်စရာကြီး

အမှန်ပါဘဲခမျာ

ဝါဆို သင်္ကန်းတော့ ကပ်ဖြစ်ပါတယ်ဗျာ

သာဓုပါဗျာ

ဝါဆိုသင်္ကန်းကပ်​ဖြစ်​တယ်

သာဓု ပါဘဲဗျာ

ေ​တော့မသိဘူး မိုး​တော့​ကောင်း ဆယ်​ဗျာ

ဟုတ်ပါတယ်ဗျာ

မျှ​ဝေ​ပေးတာ​ကျေးဇူးပါ

ဟုတ်ကဲ့ပါဗျာ

၁၇ရက်နေ့ ဝါဆိုသင်္ကန်းကပ်မယ်

သာဓုပါဗျာ...

မိုးအရမ်းရွာပြီးလမ်းမှာရေလျှံနေရင်တော့ သွားလာရမကောင်းဘူး။

ဝါဆိုသင်္ကန်း က နှစ်တိုင်းကပ်ဖြစ်တယ် ဒီနှစ်လဲ ကပ်မယ်😊ခုလို သတိပေးတာ ကျေးဇူးပါ