Bitcoin Investment & Trading Tips Part-1: Introducing (Bitcoin ရင်းနှီးမြုပ်နှံခြင်း နှင့် ကုန်သွယ်ခြင်း အခြေခံများမိတ်ဆက်-၁)

in myanmar •  8 years ago 

သင်သည် Bitcoin နှင့် အခြားသော Stock Market & Trading များအကြောင်းစိတ်ပါဝင်စားပါသလား ? စိတ်ပါဝင်စားပါ က Steemit Social Media ပေါ်တွင် ကျွန်တော့အကောင့်အား Follow လုပ်ထားပေးပါ !
bitcoin-coin.png
Bitcoin ကိုစိတ်ဝင်စားသူများ နှင့် Steemit Social Media အသုံးပြုသူများအားလုံး မင်္ဂလာပါ။ အခုနောက်ပိုင်းမြန်မာနိုင်ငံကနေ Bitcoin အစရှိတဲ့ Cryptocurrency များအား စတင်စိတ်ဝင်စားလေ့လာ နေကြတာတွေ့လို့ အားတက်မိပါတယ်။ ယခင်က ဆိုလျှင် နိုင်ငံခြားအရေးယူပိတ်ဆို့ မူ့ (Sanction) တွေရှိခဲ့တာ နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံ အင်တာနက်မရရှိခဲ့ခြင်းကြောင့် လူတချို့မှ လွှဲပြီး တော်တော်များများသည် Cryptocurrency, Stock Market စတာတွေနဲ့ထိတွေ့မူ့ ကင်းမဲ့ကာ အစိမ်းသတ်သတ် ဖြစ်နေခဲ့ရာမှ ယခုနောက်ပိုင်းတွင် အားတက်ဖွယ်ကောင်းလောက်အောင် ပါဝင်လေ့လာပြီး ရင်းနှီးမြုပ်နှံနေကြသည်ကိုလည်းတွေ့ရပါသည်။
bitcoin-connect-up-graphic.png
ယခု Bitcoin လုပ်ငန်းများအကြောင်း စတင်မရေးခင် အားလုံးနဲ့အရင်မိတ်ဆက်ချင်ပါတယ်။ Steemit မှာ မိတ်ဆက် Post တင်တုန်းကတော့ သုံးစွဲသူနှင့် Follower များနည်းနေတာကြောင့် အားလုံးသိအောင် မိတ်မဆက်လိုက်ရပါ။ကျွန်တော်နာမည်ရင်းကတော့ သက်ပိုင်အောင်လို့ခေါ်ပါတယ်။ Cryptocurrency လုပ်သူများနှင့် နဲ့အားလုံးကတော့ ကျွန်တော့ကို Michael လို့ပဲ သိကြတာများပါတယ်။ အောက်ပါ အကောင့်ကတော့ လက်ရှိ ကျွန်တော်သုံးစွဲနေတဲ့ Facebook အကောင့်ပါ (https://www.facebook.com/michael.jones.blacksnow) ။ ကျွန်တော်ယခုလက်ရှိမှာတော့ Bitcoin အစရှိတဲ့ Cryptocurrency Exchange Trading လုပ်ငန်းနဲ့ အခြားသော Cryptocurrency Investing လုပ်ငန်းများမှာ လည်း ဦးဆောင်လုပ်ကိုင်ပြီး ရင်းနှီးမြုပ်နှံသူများနှင့် အခြားသူများအားသိရန် လိုအပ်သည်များကိုမျှဝေပေးနေပါတယ်။ Trade Coin Club (TCC) - https://www.facebook.com/myanmartradecoinclub/ နဲ့ Future Net - https://www.facebook.com/myanmarfuturenetclub/ စသည့်လုပ်ငန်းများ အပြင်အခြားသောရင်းနှီးမြုပ်နှံမူ့ လုပ်ငန်းများစွာကိုလည်း ဦးဆောင်လုပ်ကိုင်နေပါတယ်။ ယခု Steemit မှ မိတ်ဆွေများလည်း Cryptocurrency လုပ်ငန်းများနှင့် ပတ်သတ်ပြီး သိချင်တာရှိရင်မေးမြန်း နိုင်ပါတယ်။ ယခုလက်ရှိတွင် အတတ်နိုင်ဆုံးတော့ မိမိတတ်သလောက်တော့ မိတ်ဆွေများအား Knowledge Sharing လုပ်ပေးနေပါတယ်။ကျွန်တော့ Facebook အကောင့်ပေါ်မှာတော့ English လိုပဲ အဓိက Sharing လုပ်ဖြစ်တာများတော့ တချို့ သောသူများ အတွက် ဖတ်ရာမှာ အခက်အခဲရှိပြီး လေ့လာလို့ အဆင်မပြေဖြစ်လို့ လာပြောကြတဲ့ လူတချို့ ရှိပါတယ်။ ထို့ကြောင့် ယခုအချိန်မှစပြီး Bitcoin နဲ့ အခြားသော Cryptocurrency များအကြောင်းသိသင့်သည်များအား ဘာသာပြန်ဆိုပြီး အားလုံးလေ့လာနိုင်အောင် ယခု Steemit Social Media ပေါ်မှာမျှဝေရေးသားပေးပါမယ်။ ကျွန်တော်လဲ Sharing လုပ်ပေးဖို့ ပေးရတဲ့အချိန်နဲ့ ထိုက်တန်အောင် အားလုံးကလဲ ကျွန်တော့ Post များအား နောက်နောင်တွင် Upvote, Share & Followလုပ်ပေးဖို့မျှော်လင့်ပါတယ်။ အဲ့ဒါမှကျွန်တော်လဲ အားလုံးသိအောင် ကျွန်တော်သိသမျှအား Steemit Media ပေါ်တွင် ရေရှည် Sharing လုပ်ပေးနိုင်မှာပါ။

1.Bitcoin Wallet
bitcoin-pocket-or-wallet.png
အပြင်လောကတွင် မိမိတို့ ပိုက်ဆံများထည့် ရန် Giordano, Charles & Keith, Gucci အစရှိသဖြင့် ပိုက်ဆံအိတ်များသုံးသကဲ့ သို့ Online ငွေကြေးလောကတွင်လည်း Bitcoin ထည့်သွင်းသိမ်းဆည်းနိုင်ရန် လည်း ပိုက်ဆံအိတ်တစ်အိတ်ရှိရန်လိုအပ်ပါသည်။ တကယ့်ပိုက်ဆံအိတ် တစ်ခုတော့ မဟုတ်ပဲ Online ပိုက်ဆံအိတ် အကောင့်ပါ။ Wallet အမျိုးအစားအမျိုးမျိုးရှိသော်လည်း လက်ရှိ Online Investing လုပ်သူများကတော့ Coinbase & Blockchain အစရှိသည်တို့ကိုသုံးပါသည်။ ယခု Steemit သုံးစွဲနေသူများလည်း မိမိရရှိလာသော အမြတ်များကိုထုတ်လိုလျှင်လည်း Steem Wallet သို့ Bitcoin Wallet အကောင့်တစ်ခုမဖြစ်မနေလိုအပ်ပါမည်။ နောက်လာမည့် Post များတွင် Bitcoin စတင်အသုံးပြုရန် မဖြစ်မနေလိုအပ်သော Bitcoin Wallet အကောင့် ဖွင့်သည့် အခြေခံမှစပြီး ရှုပ်ထွေးသည့်လုပ်ဆောင်မူ့များကိုပါ ဖြည်းဖြည်းခြင်းတစ်ဆင့်ချင်း လိုအပ်သောပုံများဖြင့် Sharing လုပ်ပေးသွားပါမည် ဖြစ်ပါ သဖြင့် ကျွန်တော့ အကောင့်အား Follow လုပ်ထားပေးကြပါ။ အားလပ်ချိန်များတွင် တစ်ဖက်တစ်လမ်းမှ အားလုံးသိအောင် မိမိ သိသမျှကို နည်းနည်းချင်း Sharing လုပ်ပေးသွားမည် ဖြစ်ပါသည်။ အချိန်ပိုင်း Knowledge Sharing လုပ်ပေးမည်ဖြစ်သောကြောင့် Post အများအပြား မတင်ပေးနိုင်သည်ကို နားလည်ပေးကြပါရန် နှင့် နောက်ရက်များတွင်ရေးသားပေးမည့် Articles များကိုလည်း အချိန်ပေးဖတ်ရှု့ ပေးကြမည်ဟုမျှော်လင့်ပါသည်။ ယနေ့တော့ အလုပ်ရှိသေးသဖြင့်နားပါဦးမည်။ Cryptocurrency ချစ်သူများနှင့် Steemit သုံးစွဲသူများအားလုံး ကောင်းသောညပါ။

Presented & Written By : Michael@That Paing Aung
(Cryptocurrency Trader & Investor)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

so this is your national language?