ကျွန်တော့်နာမည်ကတော့ Mickey ပါ ။ တောင်ဒဂုံမှာနေပြီး အလုပ်အကိုင်ကတော့
Machinist တစ်ယောက်ဖြစ်ပါတယ်။ Machine Tools လိုင်းမှာ ကျင်လည်နေတာကတော့
ဆယ်စုနှစ်တစ်ခုလောက်တော့ရှိပါပြီ ။ Machinist တစ်ယောက်အနေနဲ့ ဘာစက်တွေကို
ကိုင်ပြီး ဘာတွေလုပ်နေသလဲဆိုတော့ Milling Machine , Lathe Machine ကိုအထူး
ကျွမ်းကျင်ပြီး စက်ရုံမှာလိုအပ်ချက်အရ အခုတော့ Milling Machine ကိုအဓိကထား
လုပ်ကိုင်နေရပါတယ် ။
ပြီးတော့ဝါသနာအရ CNC Milling ကိုလည်းသင်ယူလေ့လာထားပါတယ် ။ Surface
Grinding Machine ကိုလည်း ဆရာအဆင့်မဟုတ်ပေမယ့် အတိုင်းအတာတစ်ခုအထိ
ကျွမ်းကျင်ပါတယ် ။ CNC Milling ကိုသင်ထားတော့ သူနဲ့ဆက်နွယ်နေတဲ့ Auto Cad နဲ့
CNC Milling ကို Program ရေးဖို့ Master Cam Software ကိုလည်းတတ်ထားပါတယ် ။
ဒီစက်တွေကိုသုံးပြီးဘာတွေလုပ်ရသလဲဆိုတော့ အခုလက်ရှိမှာအစားအစာနဲ့ပတ်သက်တဲ့
ပေါင်မုန့်ဖြတ်စက် ၊ အမှုန့်ကြိတ်စက် ၊ ဂျုံမွှေစက်တွေကိုထုတ်လုပ်နေပြီး တစ်ခြားပစ္စည်း
တွေအနေနဲ့ကတော့ စက်ရုံကိုလာအပ်တဲ့ ဂီယာခုတ်တာတို့ ရှပ်လုံးတွေကို ကီးလိုင်းထိုး
တာတို့ ၊ အရစ်ဖေါ်ရတာတို့အပြင် တစ်ခြားစက်မှု့လုပ်ငန်းနဲ့ဆိုင်တဲ့ ပစ္စည်းပေါင်းများစွာကို
လုပ်ကိုင်နေပါတယ်။
Steemit မှာရှိကြတဲ့ညီအစ်ကိုမောင်နှမတွေ စက်မှု့လက်မှု့လုပ်ငန်းအကြောင်းစိတ်ဝင်စား
တယ်ဆိုရင်တော့ ကျွန်တော့်မှာရှိတဲ့ စက်မှု့အတွေ့အကြုံတွေကိုမျှဝေပြီး မသိသေးတာတွေကို
လည်းဆက်လက်လေ့လာသင်ယူဆွေးနွေးလိုပါတယ် ။
လောလောဆယ်တော့စက်ပုံစံတွေကို Google ကနေရှာပြီးတင်ပေးလိုက်ပါတယ် ။ နောက်ကျမှ
စက်ရုံကစက်တွေကိုဓါတ်ပုံရိုက်ပြီးတင်ပေးပါ့မယ် .
Steemit မှာရှိကြတဲ့သူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ ။
Milling Machine
Lathe Machine
Surface Grinding Machine
CNC Milling Machine
All Photos are from Google.