eSteem မှာ ဘာတွေရနိုင်သေးသလဲ

in myanmar •  6 years ago  (edited)

image
image sourse

ကျွန်တော်အနေဖြင့် eSteem နှင့်ပတ်သက်လို့ eSteem FAQ ကိုနားလည်သမျှ ဘာသာပြန်ပေးခဲ့ပြီးပါပြီ။ ကျွန်တော်ရဲ့ English စကေးက ဒီလောက်ပဲမို့ ဒီထက်မစွမ်းဆောင်နိုင်တော့ပါဘူး။ သို့သော်လည်း @mmunited တို့ Promo-Steemit Myanmar အဖွဲ့ကတော့ eSteem မှာ ဒီထက်မက ပူးပေါင်းဆောင်ရွက် လို့ရတာတွေအများကြီးရှိပါသေးကြောင်း။ ဒီအကြောင်းကို အားလုံးသိအောင်မျှဝေပေးစေလိုကြောင်း ကျွန်တော့ကိုတောင်းဆိုထားပါတယ်။

သူတို့အနေနဲ့ကတော့ MSC တွေ၊ MSU တွေ တစ်သီးပုဂ္ဂလတွေ ခွဲခြားမနေတော့ပဲ myanmar tag အသုံးပြုတဲ့ မြန်မာမှန်ရင် ပူးပေါင်းဆောင်ရွက်သွားချင်ကြသူတွေဖြစ်ပါတယ်။ သူတို့နဲ့ပူးပေါင်းပြီး eSteem ကိုထိုး ဖောက်ဖို့က ထူးထူးခြားခြားစည်းကမ်းတွေ ကန့်သတ်ထားတာမျိုးဘာတစ်ခုမှမရှိပါဘူး။ MSC စည်းကမ်း တွေထဲမှာလည်း ဘယ်အဖွဲ့နဲ့ပေါင်းသူမဖြစ်ရ၊ ဆိုတာမျိုးတွေမရှိတဲ့အတွက် Steemit အသုံးပြုသူ မြန်မာ Steemain များ ပူးပေါင်းလာကြစေချင်ပါတယ်။

ထူးထူးခြားခြား စည်းကမ်းကန့်သတ်မထားဘူးဆိုပေမယ့် ထူးမခြားနားတဲ့ စည်းကမ်းတွေတော့ရှိပါတယ်။ ဦးဆောင်လုပ်ကိုင်ပေးမယ်သူ @mmunited ကတော့ ဒီလိုပြောပါတယ်။

ကျွန်တော်တို့အနေနဲ့ ရွေးချယ်တဲ့ပိုစ့်တွေက cheetah လွတ်တဲ့ ပိုစ့်တွေဖြစ်ဖို့လိုနေသလို ရေးတဲ့သူကလဲ ပိုစ့်တွေအများကြီးတင်တဲ့သူ ဖြစ်လို့မရပါဘူး။ ပိုက်ဆံရဖို့ကိုပဲကြည့်ပြီး ပိုစ့်တင်တဲ့သူ မဟုတ်ပဲနဲ့ တကယ့်ကို ကောင်းမွန်တဲ့ပိုစ့်တွေကို တင်တဲ့သူဖြစ်ဖို့လိုပါတယ်။

ဒါကတော့ ထူးခြားတဲ့ စည်းကမ်းချက်မဟုတ်ပါဘူး။ Steemit မှာအလုပ်လုပ်နေကြသူတိုင်းသိနားလည်ထားပြီး ဖြစ်ရမှာပါ။ သူတို့ရဲ့ ကြိုးစားမှုကြောင့် Discord မှာ C2 channel တစ်ခုရရှိထားပြီး Myanmar tag အသုံးပြုတဲ့သူတွေထဲက ကောင်းကောင်းမွန်မွန်ပို့စ်ရေးတဲ့သူတွေကို Curate လုပ်ပေးနေတာကို အချို့ရတဲ့သူရှိနေ ကြပါပြီ။

အခုလည်း သူတို့အဖွဲ့ဟာ eSteem နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ကြိုးစားနေကြပါတယ်။ တကယ်လို့ပူးပေါင်းနိုင်ခဲ့ရင် တော့ တို့မြန်မာတွေအတွက် အခွင့်အရေးကောင်းတွေရလာလိမ့်မယ်လို့သူတို့ယုံကြည်ကြပါတယ်။ ပထမဆုံး သူတို့ရရှိမယ်လို့ပြောတာကတော့ ကျပမ်း Upvote ပေးနေတဲ့ eSteem ဆီကနေ တင်တဲ့ ပို့မှန်သမျှ Upvote လာပေးဖို့အခွင့်အရေးကိုတောင်းဆိုထားတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ eSteem University အထိသွားဖို့ရည်ရွယ်ထားတယ်လို့ပြောပါတယ်။
eSteem university အကြောင်းလေ့လာလာသူအတွက်ပါ။
http://www.open.ac.uk/about/teaching-and-learning/esteem/?fbclid=IwAR0E5r56ehq8NykSp5VrjsFxblVxNn4xWQXhAYh5tjkZFbp3m5CSJOE3DYw

ဒီနေရာမှာ eSteem က Vote ပေးပုံလေးတစ်ချက်ပြောပြချင်ပါတယ်။ သူတို့ပေးတာရဲ့အနည်းအများကွာခြားချက်က မိမိရဲ့ follower အနည်းအများရယ်၊ မိမိရဲ့ SP ရယ်အပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။ ထားပါတော့ ပြောချင်တာကတော့ eSteem ရဲ့ ပုံမှန် Vote ရနိုင်ဖို့အတွက် သူတို့တောင်းဆိုထားတာကတော့ ဘယ်သူတွေ eSteem ကိုသုံးပြီးပုံမှန်ပို့စ်တင်သလဲဆိုတဲ့ အချက်အလက်လိုအပ်နေပါတယ်။ ဒါလေးပါပဲ။ ဒီအတွက်တော့ ကျွန်တော့ပို့စ်ရဲ့ Comment မှာ eSteem အသုံးပြုသူဖြစ်ပါတယ်လို့မန့်ပေးသွားယုံပါပဲ။ အားလုံးကို ကျေးဖူးတင်ပါတယ်။ Steemit Member များ Steemit မှာအောင်မြင်မှုဆွတ်ခူးနိုင်သူ များဖြစ်လာကြပါစေ။
မှတ်ချက်၊ ၊ esteem အသုံးပြုပါကသူ့ဆီမှာတင်တဲ့ ပို့စ်တစ်ခုနဲ့တစ်ခု ၂၄ နာရီခြားပေး ဖို့လိုပါတယ်။

မင်းစိုးနိုင်

MSC-010

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရင်က သုံးတယ် နောက်တော့ မသုံးဖြစ်တော့ဘူး အခုလို ဒီအဖွဲ့လေးက အားကြိုးမာန်တက်ရှင်းပြ လုပ်နေတော့ ပြန်သုံးဖြစ်သွားတယ် ရည်ရွယ်ချက်ကောင်းတဲ့အတွက် အောင်မြင်ပါစေ

Posted using Partiko Android

ဒါကလေ အဖွဲ့ဝင်မှမဟုတ်ပဲ မြန်မာအားလုံးအတွက်ဆိုတော့ ကောင်းတာပေါ့နော

Posted using Partiko Android

nice post

ကိုဒေ ဖြင့် ever esteem ဘဲသုံးတာ သူက ၂ရက်ခြား ၁ခါ လာဘတ်တယ်

နေ့တိုင်းလာတယ် မမရေ။လာအောင်လုပ်နည်းရှိပါတယ်။မိမိpostကို esteem upvotပေးတဲ့အချိန်ဟာ 24hrမဖြစ်သေးဘဲ နောက်postတစ်ခု ဆက်မတင်ပါနဲ့။သူပေးထားတဲ့upvote 24hrပြည့်မှသာလျင် postအသစ်ထပ်တင်ပါ။ဒါဆို နေ့တိုင်း esteemapp upvoteရပါလိမ့်မည်

Posted using Partiko Android

ကျေးဇူးပါ မောင်လေးရေ နေ့တိုင်းesteem နဲ့တင်တယ် ဒါပေမယ့် ၁ရက်က်ု၁postတင်ပေမယ့် အချိန်တော့ မတွက်မိဘူး အာ့ဒါကြောင့်နေမယ် သူက၂ရက် ၁ခါ လာတာဆိုတော့

အဲတာကြောင့်သူက နောက်တစ်နေ့postကိုပေးတာပါ

Posted using Partiko Android

Steemit စ သုံးတဲ့အခါတုန်းကတော့ esteem ကို အတော်အသင့် အသုံးပြုခဲ့ပါတယ်...
Upvote ရအောင်လည်း ကြံဆောင်ခဲ့ကြပါတယ်။

Posted using Partiko Android

ဟုတ်ပါ့ ကျွန်တော်လည်းမျိုးစုံသုံးနေတာပဲ၊ အကျိုးရှိမယ်ထင်တာလေးတွေမျှဝေရတာပေါ့ဗျာ တကယ်အကျိုးရှိမရှိကတော့ ကာယကံရှင်တွေရဲ့အတွေ့အကြုံနဲ့ပေါင်းစပ်ရွေးချယ်ရမှာပေါ့

Posted using Partiko Android

ဗဟုသုတ မျှဝေပေးလို့ ကျေးဇူး ပါ ဦးမင်း😁

Posted using Partiko Android

eSteem သုံးလားပြောပေးပါဦး

Posted using Partiko Android

ခုလို ပြောပြတာ လူသစ်တွေအတွက် အားရှိစေပါတယ်

Posted using Partiko Android

ကြိုးစားကြည့်ကြတာပေါ့ဗျာနော

Posted using Partiko Android

မကောင်းတာတွေပဲတင်တတ်လေတော့ မမျှော်လင့်ပါဘူး ဆာမင်းစိုးရေ ☺

ဘာမလျှော့လေနဲ့ လာတော့ကွဲ့ရွှေဗဟိုရ်။ ဆိုတာလိုပဲ၊ မစွတ်ခင်ကညွှတ်ပြီးသားပါ ကိုကြီးတင်ရဲ့ဆိုတာလိုပဲ၊ ပို့စ်လေးကောင်း ဖို့လိုရေးရင်ရာဇဝတ်မှုသင့်ပြီဆိုတါလိုပဲ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဟုတ်ကဲ့ အခုလိုရေးပေးလို့ကျေးဇူးတင်ပါတယ် ကိုစိုးရေ။ ကိုစိုးရဲ့ ပိုစ့်က တစ်တပ်တစ်အားဖြစ်စေပါတယ်။

အာလုံအတွက်ကောင်းဖို့ပဲလေ လုပ်ပေးရမှာပါ

Posted using Partiko Android

နည်းပညာ​တွေ သိရလို့​ကျေးဇူးပါ ဆရာမင်း

Esteem သုံးမသုံးပြောပေးသွားပါဦး

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

Esteem သုံးတယ်ဗျာ
ကျွန်တော်က ၂ရက်တစ်ခါပိုစ့်တင်တယ်
Esteem က ၂ပိုစ့် ၃ ပိုစ့်ခြားမှ လာဗုတ်ပေးပါတယ်

အမြဲတမ်းရအောင်ကြိုးစားနေပါတယ်၊ တစ်ခုတင်ပြီးရင်တော့ ၂၄ ခြားပြီးမှတင်ပေးပါ

Posted using Partiko Android

Congratulations @minsoenaing ! You received a 1.21% upvote from @kryptoniabot & @kryptonia for your task of 200 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

Kryptonia @mrlopez. I this its a great post just that i couldnt understand the writeup

Though I don't understand but seems a nice post

About of daily esteem upvote

Posted using Partiko Android

Nice post

စာပြန်ရေးမှနဲ့တူတယ်

ရေးပါဗျာ ။အချိန်အားလေးရှာပြီး ၊

Posted using Partiko Android