![](
ချွေတာရမှာလားသုံးရမှာလား
ပြည်ထောင်စုအစိုးရသည် နိုင်ငံတော် ဘတ်ဂျက်များကို အလေအလွင့်အနည်းဆုံးဖြစ်အောင်သုံးစွဲစေရန် ကြပ်မတ် ပေးရန်တာဝန်ရှိသည်။ ဦးဆောင်ညွှန်ကြားရေးမှူးများကလည်း သူလက်အောက်စက်ရုံမှူးများကို အရှုံး ပေါ်တာ မမြင်ချင် အမြတ်ထွက်တာပဲလိုချင်ဆိုပြီးခေါ်ယူပြောကြားထားသည်။ သိတဲ့အတိုင်းပြီးခဲ့သောအစိုးရများ အဆက်ဆက် နိုင်ငံတော်ပိုက်ဆံ ကိုယ်ပိုက်ဆံလို ချွေတာရမည့်အစား ကိုယ့်ပိုက်ဆံလိုသုံးခဲ့ကြသဖြင့်တိုင်းပြည်လည်း ဖွတ်မွဲပြာကျ၊ ခရုဆံကျွတ်အဖြစ်ရောက်နေခဲ့ပါပြီ။ ဤလိုမျိုး မကြီးကြပ်ပဲထား၍တော့လုံးဝမဖြစ် တော့ ။
သို့ဖြစ်၍ စက်ရုံမှူးများကလည်း အထူးသဖြင့်စက်ပြင်ဆင်သုံးစွဲစရိတ်များကို အရင်လိုထင်သလိုမတောင်း ခံရဲတော့ပါ။ အရင်က စက်ကလေးနည်းနည်းပျက်လျှင် အသစ်ဝယ်ယူရန်တင်ပြပြီးအသစ်သာဝယ်ယူလိုက် သော် လည်း။ ယခုတော့မူ အသစ်ဝယ်ယူလိုလျှင် အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ရန်လိုအပ်သည်။ မဖြစ် မနေ ဝယ်ယူရ မည့်ပစ္စည်းဖြစ်ပါကြောင်း ဤပစ္စည်းမှမရလျှင် ကုန်ထုတ်လုပ်မှုအားလုံးရပ်ဆိုင်းသွားမည် (သို့မဟုတ်) သူနှင့် ပတ်သက်သည့် စက်အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးသွားနိုင်ကြောင်း ခိုင်ခိုင်မာမာ အကြောင်းပြချက်ပေး ရန်လို အပ်ပါသည်။ ထိုခိုင်ခိုင်မာမာပေးသည့် အချက်အလက်များကိုလည်း လုပ်ငန်းရုံးချုပ်များမှ သေသေချာချာ ထပ်မံ စိစစ်ပေးရန်လိုသည်။
ဤနေရာတွင် တာဝန်ယူမှုတာဝန်ခံမှုသည် အရေးပါလာသည်။ ပေါ့ပေါ့ဆဆ တာဝန်ယူယူတာဝန်ခံ နေ၍မရ အမှန်တကယ်တိတိကျကျ တာဝန်ယူယူတာဝန်ခံရပါတော့မည်။
CO2 Compressor မှာ အသံဗလံများထွက်နေသည်။ Operator များက အဆင့်ဆင့်တာဝန်ခံများအား သတင်းပို့ထား၏။ စက်ရုံမှူးအထိလည်းသိပါသည်။ စက်ရုံမှူးသည်မကြာမီရက်များအတွင်းကမှ ရုံးချုပ်စက်ရုံမှူး များအစည်းအဝေးမှပြန်လာသည်။ MD ပြောသည့် ခြိုးခြံချွေတာရေးတရားကိုသာကြားရောင်နေမိသည်။ ဆင်ခြေ တွေ မပြောပါနဲ့ဗျာ ဘယ်လိုမြတ်အောင်လုပ်ကြမလဲသာတွေးပါ။ ဆိုတော့ ဦးဆောင်ညွှန်ကြားရေးလည်း တင်ပြမ နေချင်တော့ပါ။ အောက်ခြေမှတော့ အထပ်ထပ်တင်ပြလာကြပါသည်။ Heat အရမ်းတက်နေပါပြီ။ အသံတွေပိုပို ဆူညံလာပါပြီ။ဟူ၏။
နောက်ဆုံး စက်ရုံမှူး၏ ဆုံးဖြတ်ချက်အကြံဥာဏ်ကထွက်မလာတော့ ရပ်လိုက်ပါ။ရပ်ထားပါတော့လည်း အမိန့်က ထွက်မလာတော့ မီးခိုးအူထွက်လာသည့် Compressor ကြီးကို ရေလောင်းပေးထားရသည်။ နောက် ဆုံးမရတော့ပါ။ တဒိုင်းဒိုင်း တဂျွိုင်းဂျွိုင်း အသံတွေ မြည်သံတွေအဆုံးအထိဆူညံစွာထွက်ပေါ်လာပြီး စက်ကြီး လည်းထိုးရပ်သွားလေတော့သည်။ စက်ကြီးပျက်သွားပါပြီ။
နောက်တစ်နေ့ Maintenance ဆရာများလာရောက်စစ်ဆေးရန်ဖွင့်လှစ်ကြည့်သည့်အခါ Bearing များတွင် ချောဆီ( Lube Oil ) မရောက် Crank Shaft ကြီးမှာ အလွန်သေးသွားပြီး အစင်းရာများထင်နေသည်။ Key Nut လည်း ကျွတ်ထွက်သွား၏။ Bearing များလည်း ကြွေကုန်ပြီ။ CO2 Compressor ကြီး ဆိုးဆိုးရွားရွား ပျက်စီးသွားပါသည်။
ဤပြဿနာကို ဘယ်လိုရှင်းပါမည်နည်း။ ဘယ်သူ့တွင်တာဝန်ရှိပါသနည်း။ ခြိုးခြံချွေတာခိုင်းသည့် ပြည် တောင်စုအစိုးရမှာတာဝန်ရှိပါသလား။ အစိုးရ၏ပေါ်လစီကို သေသေချာချာနားမလည်ပဲ ဆင်ခြေ တွေ မပြောပါနဲ့ဗျာ ဘယ်လိုမြတ်အောင်လုပ်ကြမလဲသာတွေးပါ ဟုပြောခဲ့သော MD တွင်သာတာဝန်ရှိပါသလော။ တာဝန်ယူတာဝန်ခံပြီး စက်ကိုရပ်နားသင့်ချိန်တွင်ရပ်နားစေကာ စက်ရပ်နားလိုက်ရခြင်းကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ အတွက် အစိုးရိမ်လွန်းသည့် စက်ရုံမှူးတွင်တာဝန်ရှိပါသလော။
စက်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံမှ ထုတ်လုပ်သူ Manufacture များတွင်တာဝန်ရှိပါမည်လော. ဝိုင်းဝန်းစဉ်းစား အကြံပြုပေးကြပါကုန်။
မင်းစိုးနိုင်
MSC – 010
Photo -Google
Posted using Partiko Android
အရင်လို အရမ်းကာရောလုပ်လို့မရတော့ဘူး ပြန်ပြန်ကြည့်နေရတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချွေတာသုံးနေရတယ်ပြောပါ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချွေတာသင့်လား သုံးစွဲသင့်လား ပိုင်းခြားနိုင်ပြီး
ပိုကောင်းတာကို ရွေးချယ်ရမှာပါပဲ။
ခုဆို Steemit မှာလည်း RCs and VP ကို မှန်မှန်ကန်ကန်
အသုံးပြုတတ်ဖို့ လိုလာပါမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
RCs နဲ့ vote mana ကိုပို ပြီးတောင် မှန်မှန်ကန်ကန်သုံးတတ်အောင်လုပ်ရမလားပဲ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်လိုအပ်လာရင်သုံးရမှာပါ...လိုအပ်နေပါလျက်ချွေတာလိုက်လို့နောက်ပိုင်းဆိုးကျိုးက...
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုအပ်ပြီဆိုရင်သုံးရဲရမယ်၊တာဝန်ခံရဲရမယ်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချွေတာတဲ့နေရာချွေတာမှဖြစ်ပါမယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်တော်ကြာသုံးစရာမရှိဘိုလိုလုပ်မလဲ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စက်မောင်းသည့်သူသာ တာဝန်အရှိဆုံးပါ ။အင်ဂျင်ဝိုင်တော့ မ ပြတ်သင့်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်ကသူက အနီးကပ်ကြည့်နေရတာ ဟုတ်တယ် သူ့ကိုဘာဖြစ်ဖြစ်မောင်းသာမောင်း ဖြစ်လာသမျှတာဝန်ယူတယ်လို့ပြောထားတဲ့သူရှိရင်တော့တစ်မျိုးပေါ့
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank for your support
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်က ဌာနဆိုင်ရာ ဟစ်တိုင် ရှိသင်လပါတယ် မည်သူ့မှာ တာဝန်ရှိသလဲ မေးဖို့😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါဒါ ဒါအသစ်ပဲ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချွေတာသင့်တာ ချွေတာ ရမှာဘဲလေ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကုန်မသုံးနဲ့ ချွေချွေတာတာလုပ် ဘေကုန်နေမယ်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူဒိုင်း လူဒိုင်းမှာ တာဝန် ရှိဘာဒယ် ဆာမင်းစိုးရယ် ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူဒိုင်း ဆိုတော့တာဝန်တော့ယူမှာမဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် ကာထားမှာ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသုံးနဲ့ အဖြုန်းကို နားလည်ရင်တော့ ချှေတာခြင်းလား သုံးစွဲခြင်းလား ပြောနိုင်မှာပါ။ ရင်းနှီးမြုပ်နှံမှုအပိုင်းမှာ မြန်ချင်ရင်၊ ကောင်းစေချင်ရင် ခွေတာလို့မရပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စီးပွားရေးလုပ်ချင်တာလား သုံးဖြုန်းချင်တာလား မသိကြပါဘူးဗျာ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit