ဤလူ့ဘဝအသက် ၈၀

in myanmar •  7 years ago  (edited)

ဤလူ့ဘဝအသက် ၈၀
image
လူ့ဘဝကတိုတိုလေးပါ။ မနေ့တစ်နေ့ကလိုလို ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များသည် လွန်ခဲ့သော ၁၀ နှစ်က ဖြစ်ပေါ်ခဲ့ပါသည်။ သူငယ်တန်းကျောင်းသားလေးဘဝကိုလည်းမှတ်မိသည်။ အလယ်တန်း၊အထက်တန်းတွေတက် လာခဲ့သော ဘဝတွေကိုလည်းမှတ်မိသည်။နောက်တော့ ဆယ်တန်းအောင်၊ တက္ကသိုလ်အထိမတက်ပဲ စာပေးစာ ယူဖြေခဲ့ပုံ။ နောက်တော့ အလုပ်ခွင်ဝင်ခဲ့ပုံတွေ၊ပြီးတော့ ၊အလုပ်ခွင်မှာ ဘွဲ့မရခင် အနှိမ်ခံရလွန်းသဖြင့်GTI ပြန်တက်ခဲ့ပုံ၊ စက်ရုံတစ်ခုမှာအလုပ်ရပုံ ။မိန်းမယူခဲ့ပုံစသည့်ပုံရိပ်များသည် မျက်လုံးထဲတွင် ခပ်မြန်မြန်ရစ်လိုက် သည့် DVD ခွေတစ်ခုလိုမြန်ဆန်လွန်းလေသည်။
အသက် ၂၀ ဝန်းကျင်လူ့ဘဝသည် မျှော်လင့်ချက်များ၊ယုံကြည်ချက်များ၊ အင်အားများဖြင့်ဘဝကို ဒူပေ ဒဏ်ပေခံကာ ဘာကိုမှကြောက်စိတ်မရှိ ဖြတ်သန်းခဲ့ရဖူးသည်။အသက် ၂၀ မှ အသက် ၄၀ ဘဝဖြတ်သန်းမှုတွင် မူ အခက်အခဲပြဿနာများ၊ဆင်းရဲဒုက္ခများ၊ မပြေလည်မှုများ၊ အကြွေးများ၊ အမှားအယွင်းအချွတ်အချော်များဖြင့် ရင်ဆိုင်ခဲ့ရသည်။အသက် ၄၀ မှ ၆၀ အတွင်းသည်အမှန်တော့ ခက်ခဲစွာရုန်းကန်ခဲ့ရသည့် အကျိုးရလဒ်များကို ခံစားစံစားရမည့်အချိန်ဟုထင်ခဲ့မိသည်။အကြွေးကင်းသည့်ဘဝကိုထူထောင်နိုင်ခဲ့ပါသည်။ ငွေကြေးမပူပင်ရ၊ ဆေး ကုသမှုအဆင်ပြေပြေ၊ အဝတ်အထည်ခပ်ပေါပေါ၊နေထိုင်စရာတစ်ခု ၊ဇိမ်ခံပစ္စည်းအချို့ ပိုင်ဆိုင်ထားသည့်လူတစ် ယောက် သည် အရာရာပြည့်စုံချမ်းမြေ့သွားပြီထင်ခဲ့မိသည်။
လက်တွေ့ဘဝတွင်မူ အသက်ကြီးရင်သွားပြီဖြစ်သည့်မိဘများအတွက် ငွေကြေးမှတစ်ပါး မပြုစု၊ မကူညီ နိုင်ခြင်းဒုက္ခ၊မပြေလည်သောညီအကိုမောင်နှမများအတွက်ပူပင်ရခြင်းဒုက္ခ၊ မိမိမိသားစုကျန်းမာရေးကိစ္စ စသည် ဖြင့် အေးငြိမ်းသယောင်ရှိသော ဘဝထဲတွင်အပူတွေရှိမြဲရှိနေပါလေသည်။ထို့အပြင်စိတ်အနေအထားမတတ်သဖြင့် ပူစရာမရှိပူ၊ စိတ်ဆိုးစရာမရှိစိတ်ဆိုး၊ အလိုမပြည့်သဖြင့် ဒေါသထွက်နေကြသည့် မိမိအသိုင်းအဝိုင်းများ၏ အသံ ဗလံများကိုနေစဉ်ကြားရသိရမြင်ရပြန်ရာ ဘဝဟူသည် ဆင်းရဲခြင်းသာရှိသည်ကို ပိုလို့နားလည်လာမိလေသည်။ ဤအသက်အရွယ်တွင် လောဘများအတောမသတ်နိုင်ပဲ၊ အောင်မြင်မှုများတစ်ပါးသူတို့ထက် ပိုမိုရရှိနေသည့်တိုင် သီလကိုကျိုးပေါက်စေသည့်။ လိမ်ခြင်း၊ခိုးခြင်း၊အသက်သတ်ခြင်းအစရှိသော ငါးပါးသောသီလများအကျိုးအပေါက် ခံ၍ အသက်ရှင်သန်ရပ်တည်နေသူများကိုမူ အံ့သြခြင်းဖြင့်သာ ငေးကြည့်နေမိပါသည်။
အက် ၆၀ မှ အသက် ၈၀ အတွင်းဘဝကိုမည်သို့ဖြတ်သန်းရပါမည်လဲ။သတိကြီးစွာ ဘဝကိုဖြတ်သန်းခဲ့ သည့် အတွက် တည်ငြိမ်သောဘဝတစ်ခုကို ဖြေးနှေးလွန်းစွာရရှိခဲ့ပါသည်။ ပင်စင်ယူပြီး ပင်စင်လစာလေးဖြင့် ဘဝကိုဖြတ်သန်းကြရမည့်သူများအတွက် မည်မျှခက်ခဲလိုက်မည်နည်း။ မိမိအတွက်မူ ဝန်ထမ်းဘဝတွင် မိမိအိမ် ထောင်ဘက်၏ အကူအညီဖြင့် ငွေကြေးကိုမပူပင်ရသည့် အနေအထားရောက်အောင်တော့ လျှောက်လှမ်း နိုင်ခဲ့ပါသည်။သို့သော် သားထောက်သမီးခံမရှိသဖြင့် ကိုယ့်အရိုးကိုယ်မသယ်နိုင်သည့်အခြေအနေမျိုးကို မည်သို့ ဖြတ်သန်းရမည်လည်း မမှန်းဆတတ်သေးပါ။အသက် ၄၀ ကျော်သည်နှင့် ရောဂါကင်းလှပါသည်ဆိုသော မိမိခန္ဓာကိုယ်တွင် သွေးတိုးကနေရယူသည်။ အရိုးအဆစ်ကိုက်ခဲခြင်းများကနေရာယူသည်။ မျက်လုံးမှုံခြင်းက နေရာယူသည်။ဆံပင်ဖြူတွေကနေရာယူသည်။ မောပန်းလွယ်ခြင်းကနေရာယူသည်။ ဇရာ၊မရဏ၏ ယာဉ်ရထား အသီးသီးဖြစ်လေမလား။
ဒီကြားထဲ အယ်ဇိုင်းမားလို ငယ်မူပြန်ရောဂါများရလျှင် နောင်ဘဝအတွက် တရားအားထုတ်ရန်ပင် မဖြစ် နိုင်တော့ပဲ အသိမဲ့၊အမှတ်မဲ့ဖြင့် သက်တမ်းကုန်ဆုံးသွားရပေလိမ့်မည်။ဤ လူ့ဘဝအသက် ၈၀ ကားဆင်း ရဲခြင်းသာလျှင် အတိအပြည့်ပါတကား။

မင်းစိုးနိုင်
MSC -010
Photo –Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သံသရာက လွတ်မှငြိမ်းချမ်းတော့မယ်

ဤသံသရာဝဲဂရက်မှ လွဲမထွက်နိုင်ပါ ဆိုလိုပါပဲ

အသက်ရှစ်ဆယ် လေးပိုင်းခွဲ ရေးပြသွားရာတွင်
ကျွန်တော့်သည့် လေးပိုင်းလုံး ကောင်းစွာ နေချင်ပါ၏

လူတိုင်းပေါ့လေ။ သို့သော်လည်းလောကဒဏ်ရှစ်ပါးနဲ့ ကံစိတ်ဥတုအာဟာရဆိုတာတွေလည်းရှိသေးတော့

မတည်မြဲခြင်းရဲ့လောကကို ဖြစ် ပျက်ကလွှမ်းခြုံထားသိနေတော့
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းဆိုတာ အတိုင်းအတာတစ်ခုအထိအေး
ချမ်းစေပါတယ်ဆရာ

ဘာဝနာသိတော့မသိသေးဘူး။ သညာသိလောက်ပဲသိသေးတာ။

ကျေးဇူးတင်ပါတယ် ခင်ဗျား အခုလို မျှဝပေးတဲ့အတွက်

ခံစားမှုတွေပါလေ

အခုမှစ၍အသက်ရှစ်ဆယ်မရောက်ခင်ကြိုးစားတရားဘာဝနာယူထားပါ

ပင်စင်ယူပြီးမှ တရားကိုအားထုတ်နိုင်မလားမသိပါဘူး။ ခုတော့ ဝန်ထမ်းဆိုတော့ စိတ်မပြတ်ဘူး

ပင်စင်ယူမှဆိုရင်နောက်ကျပါမည်အချိန်လုပြီးယူတတ်ပါစေ

ကုသိုလ်​ကံ​ပေါ့ရှင်​။ကျွန်​မအဘွားကျ​တော့လည်းအသက်​၈၀ဖြစ်​​ပေမယ့်​သွက်​လက်​ဖျတ်​လတ်​​နေဆဲပါ။

သီလရှိရင်အသက်ရှည်တယ်လို့တော့ပြောကြတာပဲ

ကြို​တွေးရင်​စိတ်​ခုတယ်​ဗျ present ကာလကိုပဲ အ​ကောင်းဆုံးဖြတ်​သန်းမယ်

ကောင်းပါတယ်။ပစ္စုပ္ပန်မှာနေတာလေ

ဖြစ်ချင်တိုင်းလဲ မဖြစ်သလို မဖြစ်ချင်တာတွေလည်း ဖြစ်တတ်တာကိုက လူ့လောက သဘာဝပဲကို ဆရာရယ်။

လောကဓမ္မတာပေါ့

အသက် ၈၀ထိတောင် နေ၇ပါ့မလားမသိဘူး ဦးရေ

ဟုတ်ပ ခုခေတ် အသက်ရှစ်ဆယ်ဆိုတာ ကျန်းမာရေးအကောင်းဆုံးသူတွေမှ

ဆရာရယ် တကယ့်ကို သံဝေဂ ရဖွယ်ပါပဲခင်ဗျာ။

ယူတတ်ရင်ရတာပေါ့လေ

လေးစားပါတယ်ဗျာ

သံဝေဂတွေပါဗျာ

တစ်ချို့အသက်ကြီးသူတွေ က ကလေးတွေလိုပြန်ဖြစ်သွားတယ်ဗျ

အယ်ဇိုင်းမားရောဂါပေါ့ အထီးကျန်တဲ့သူတွေဖြစ်တတ်တယ်

ကားအိုကြီးကို စီးနေရတဲ့အရွယ်ရောက်ပြီဆိုရင် စိုးရိမ်နေရပါတယ်

ကျန်းမာအောင်တော့နေရတာပေါ့ steemit ကလူတွေငါ့ကြောင့် ဘုန်းကြီးဝတ်ကုန်ရင် vote သူမရှိဖြစ်နေမလား

ဇရာကို ဘယ်သူမှ မလွန်ဆန်နိုင်ကြပါဘူး။

အန်တုမရ ဗန္ဓုလ

လောကဓမ္မတာ ဖြစ်စဉ်တွေပါလားဗျာ

ဖြစ်ပျက်တွေ

အသက် ခြောက်ဆယ်တောင် သိပ်မမှန်းရဲသေးဘူး သုံးဆယ် မဖြည့်သေးဘူး အတော်ဖောက်နေပြီဗျာ လူ့သက်တမ်း တိုတိုလေးတွေက ဆုတ်ယုတ်တာ မြန်လွန်းနေသလားဘဲ

ငယ်ပေမယ့် ဒိုမီက ဘုန်းကြီးကျောင်းသား တရားနဲ့အနီးဆုံး

ကျွန်တော်တို့တော့ပြန်ရစ်စရာအခွေမရှိသေးဘူး

ပြန်မရစ်တာပဲကောင်းတယ် ၊ဆက်သာသွား

ကိုကြီးစိုး ပိုစ်ကို ဖတ်လိုက်မိမှ ကိုယ့်ကိုကို ပြန်ကြည့်ပီးလန့်လာတယ်။

မလန့်ပါနဲ့မိုးပေါ်ထောင်ကစ်တာပါ

🙄🙄🙄

ကိုမင်းရွဲ့နေတာလား၊ ကျုပ်တို့လည်း သားသမီးရှိပေမယ့် အခုတော့ အဖိုးကြီးအဖွားကြီးပါပဲဗျာ၊ နှစ်ယောက်လုံး Steem ကိုသားသမီးအစား ပြုစုနေရတာပဲ။

ဒီသားသမီးတွေကမှ တကယ်ပြန်ပြုစုလိမ့်မယ်ထင်တယ်နော်