လူငယ်
အသက်ကြီးတော့တစ်နည်းသာဟု အထင်ရှိသူများက လူငယ်များကိုနေရာဖယ်ပေးရန်တွန့်ဆုတ်ကြလေ သည်။ ထိုလူကြီးများသည် ရှေးရိုးစွဲအယူအဆဟောင်းများကိုဆုပ်ကိုင်ထားကြပြီး သူတို့၏ စံသတ်မှတ်ချက်များ နှင့်အရာရာကို တိုင်းတာချင့်ချိန်လိုက်သောအခါ လူငယ်ဟူသည် စိတ်ထင်ရာလျှောက်လုပ်တတ်ပြီး အမှားများများ ကျူးလွန်တတ်ကြသူများအဖြစ်မှတ်ယူထားကြလေသည်။
သို့သော် ယနေ့ကမ္ဘာကြီးတွင် လူငယ်များ၏ တီထွင်ဆန်းသစ်မှုများ၊ အမြင်ရှုထောင့်သစ်များကြောင့် အံ့အားသင်လောက်သောအပြောင်းအလဲပေါင်းများစွာဖြစ်ပေါ်နေပေသည်။ ယနေ့မြန်မာနိုင်ငံတွင် ယခင်အစိုးရ အဆက်ဆက်နှင့်လက်ရှိပြောင်းလဲလာသော ဒီမိုကရေစီပြည်သူ့အစိုးရခေတ်တိုင်အောင် လူငယ်များအား နေရာ ပေးခြင်းထက် အတွေ့အကြုံများသောလူကြီးများက ဦးဆောင်မှသာ လုပ်ငန်းလုပ်ဆောင်နိုင်လိမ့်မည်ဟု အထင် ရောက်၍ လူငယ်များကိုမြေတောင်မြှောက်ခြင်း၊ ဦးစားပေးခြင်းဆိုသည်မှာ အပြောသက်သက်မျှသာ ရှိနေသေးပြီး လူငယ်များကိုစိတ်မချနိုင်ပဲ ကိုယ်တိုင်လုပ်မှသာအမှားကင်းနိုင်မည်ထင်နေကြဆဲဖြစ်ပါသည်။
လူငယ်များ၏ အသံကိုနားထောင်လိုစိတ်မှာ ခေါင်းဆောင်တစ်ယောက်ထဲမှာသာရှိနေသကဲ့သို့ဖြစ်ပြီး အများစုမှာ ကိုယ်ပြောချင်တာပြောပြီးသူများပြောတာနားထောင်ရတာ အချိန်ကုန်တယ်။နားညည်းတယ်ထင်နေသူ များရှိနေသေးသည်။ ပြည့်ဝသူက ငါမသိတာတွေအများကြီးပါလားဟုခံယူထားသဖြင့် လူငယ်များ၏အသံကိုနား ထောင်ရန်ကြိုးစားနေသော်လည်း၊ မပြည့်ဝသူများက ငါတို့တွေထက်ဘာတွေပိုသိမှာလည်းဟု အထင်ရောက်နေပြီး ဘယ် သူ့အသံမှနားထောင်လိုစိတ် မရှိပဲဖြစ်နေသည်။
တရုတ်ပြည်သည် တီယင်မင်အရေးအခင်းနောက်ပိုင်းတွင် ကက်ဘိနက်အဖွဲ့ကို လူငယ်များနှင့်အစားထိုး ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင်တဟုန်ထိုးတိုးတက်လာခဲ့သည်။ Facebook ထူထောင်သူ Zukerburg သည်လူ ငယ်တစ်ယောက်ဖြစ်သည်။ ထိုလူငယ်လေးတီထွင်ထားသော Facebook တစ်ကမ္ဘာလုံးကအစိုးရများကပင် လိုက် ပါသုံးစွဲနေရသည်။ဂျပန်နိုင်ငံသည် ၁၄ နှစ်သားမီဂျီဘုရင်လက်ထက်တွင်ပြောင်းလဲတိုးတက်လာခဲ့သည်။ လူငယ် များ ကြောင့်ပြောင်းလဲတိုးတက်သွားသည့်သာဓကများများစွာရှိနေပါသည်။
ထက်မြက်သောလူကြီးများလည်းမရှိဟုတော့ မဆိုလိုပါ။အထူးသဖြင့် သမားဆိုအိုမှဆိုသောစကားအတိုင်း အသက်ကြီးသည့်သမားအိုလူတော်ကြီးများ မြန်မာပြည်တွင်များစွာရှိနေပါသည်။ သို့သော်အိုတိုင်းတော်သလား ဆိုတော့လည်းမဟုတ်ပြန်ပါ။လူငယ်ဆရာဝန်တစ်ယောက်တွေ့ဖူးပါသည်။သမားတော်ပင်မဖြစ်သေးပါ။ ရောဂါအ ခြေအနေခန့်မှန်းလျှင်တိကျပြီး ဆေးပေးလျှင် သိသိသာသာသက်သာသွားအောင်ကုသပေးနိုင် သူတစ်ယောက် အနီးဆုံးတွင်ရှိပါသည်။
Myanmar Steemit Community တွင်ပိုလို့ပင်သိသာသည်။ လူငယ်များ၏စူးစမ်းလို၊စမ်းသပ်လိုစိတ်များ ကြောင့် သူတို့က ပိုသိကြတတ်ကြသည်။ ကိုယ်မသိတာတွေလူငယ်တွေဆီမှာပြန်သင်နေရသည်။ပြောရလျှင် @kachinhenry ပင်လျှင် ကိုယ်ထက်ငယ်သောလူငယ်တစ်ယောက် ဖြစ်သည်။ သူညွှန်ပြခဲ့သဖြင့် ကျွန်တော်၊ အသက် ၆၃ ရှိဆရာတင်လှိုင်ဦ၊အသက် ၆၅ ရှိတွင်းကြီးမောင်စသည့်လူကြီးများပါဝင်လာရသည်။ လူငယ်တို့၏ စိတ်ကူးစိတ်သန်းများ၊ တီထွင်ဆန်းသစ်မှုများနှင့် အိုင်ဒီယာကောင်းများကို နားထောင်ပေးရန်ပျက်ကွက်နေသမျှ မြန်မာတို့သည် ကမ္ဘာတွင်နောက်ကျဆဲ၊နောက်ကျမြဲ နေကျကျန်ရစ်နေပါဦးမည်။
ဆိုလိုသည်မှာ လူငယ်များကိုနိုင်ငံတည်ဆောက်ရေးအဆင့်များတွင် ဦးစားပေးနံပတ်ဖြင့်ပါဝင်လာခွင့် ပေးကြပါတော့ဟူ၍ဖြစ်ပါသည်။
ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo - Google
You got a 1.89% upvote from @postpromoter courtesy of @minsoenaing!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူကြီးတွေမှာ သိုလှောင်ခဲ့တဲ့ အသိပညာ ဗဟုသုတ အတွေ့အကြုံတွေကလည်း လူငယ်တွေအတွက်တော့ မသိတာရှိလျှင် အမြဲရှာဖွေဖတ်ရှုနိုင်သော dictionary လိုပဲတန်ဖိုးရှိလှပါတယ် အူမင်း ။ ဒါတွေကိုအခြေခံပြီး လူငယ်တွေလည်း ဒီထက်ပိုပြီးတိုးတက်လာအောင် ဆက်လက်ကြိုးစားသွားဖို့လိုအပ်ပါတယ်ရှင်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူငယ်ရဲ့ အားနဲ့ လူကြီးတွေရဲ့ အတွေ့ကြုံ ပေါင်ူစပ်မှ ပိုအဆင်ပြေမယ်ထင်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
MSCတွင်လူငယ်များသာမကလူကြီးများ၏အခန်းကဏ္ဌသည်များစွာအရေးပါပါတယ်ရှင်။အသက်အရွယ်ကြီးရင့်သူများသည်လူငယ်များထက်အတွေ့အကြုံပိုများပါတယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူကြီးတွေ ညံ့တယ်လို့ဆိုလိုတာမဟုတ်ပါဘူး၊ လူကြီးအတွေးဆိုတာ အဟောင်းကိုအခြေခံ ပြီးရတာ လူငယ်တွေကဆန်းသစ်မှုတာကိုပြောချင်တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်းပင်တွေလို ကြီးလေ တန်ဘိုးရှိသူတွေလည်း ရှိပါတယ်ဆရာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူကြီးတွေကလည်း လူငယ်တွေ ကိုနေရာ ပေပြီး လက်တွဲခေါ်သင့်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit