သူငယ်ချင်းတစ်ယောက်ကမေးတယ်။ လူပြိန်းဆိုတာဘာလဲတဲ့။ ကိုယ်လည်းရုတ်တရက်တော့ကြောင် သွား တယ်။ လူပြိန်းဆိုတာလူပြိန်းပေါ့။ ဘာရှင်းနေစရာလိုလဲပေါ့။ သေသေချာချာစဉ်းစားကြည့်တော့မှ လူပြိန်း ဆိုတာ မသိနားမလည်တဲ့ လူသက်သက်မဟုတ်ဘဲ။ ဘာသာရပ်တစ်ခုခု နယ်ပယ်တစ်ခုခုမှာသာ အစိမ်းသက်သက်နားမလည်တဲ့သူသက်သက်ဖြစ်တယ်။
ဆိုလိုတာကတော့ သူကဆရာဝန်တစ်ယောက် သူ့ကို လူပြိန်းတစ်ယောက်ပါလို့ ဘယ်သူမှမပြောရဲဘူး။ ဒါပေမယ့် အင်ဂျင်နီယာဘက်မှာ သူက လူပြိန်းတစ်ယောက်ဖြစ်နေနိုင်ပါတယ်။ သူက အင်ဂျင်နီယာ တစ် ယောက် သူ့ကိုလည်း လူပြိန်းတစ်ယောက်လို့ မသုံးနှုန်းကြဘူး။ သို့သော်လည်း ဥပဒေဘက်မှာ သူက လူပြိန်းဖြစ်ချင်ဖြစ်နေနိုင်တယ်။အဓိကကတော့ သူမလေ့ထားရင် အဲဒီနယ်ပယ်မှာတော့ သူက လူပြိန်း ပဲ။ဒါကြောင့် လူပြိန်းဆိုတာ ငတုံးငအတစ်ယောက်မဟုတ်ဘူးဆိုတာကို သဘောပေါက်ထားဖို့လိုတယ်။
ဒါပေမယ့် ဘယ်နေရာမှာဘယ်လောက်ပဲလူပြိန်းဖြစ်ဖြစ် လူတစ်ယောက်ဟာ ယနေ့ IT လောကမှာတော့ လူပြိန်းမဖြစ်ဖို့လိုတယ်။အယုတ်အလတ်အမြတ်မရွေး၊ ဘယ်ပညာတွေတတ်တတ်၊ ဘာကြောင့်ဆိုတော့ ရှေ့ဆက်မယ့်ကမ္ဘာကြီးက IT နဲ့သွားတော့မှာ မိမိသဘောတူတူမတူတူကြိုက်ကြိုက်မကြိုက်ကြိုက် It နဲ့သွား တော့မှာ ။ ပေါ်လွင်အောင်ဥပမာပေးရရင်တော့ သူ့ဘာသူဆရာဝန်ဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ်၊ နောက်ဆုံး သမ္မတကြီးဖြစ်ဖြစ် ထမင်းစားတတ်ဖို့ရေသောက်တတ်ဖို့တော့ လိုသလိုမျိုး IT သိဖို့လိုတဲ့ခေတ်ကြီးက ရောက်လာတော့မှာ နင်တို့ကဒ်စနစ်တွေနဲ့ ငါဖြင့် ကားမစီးတတ်ပါဘူး။ နင်တို့ ကဒ်စနစ်တွေနဲ့ ငါဖြင့် ဈေးမ ဝယ်တတ်ပါဘူး။ ဆိုရင် ထမင်းတောင်ငတ်သွားနိုင်မယ့်အခြေအနေမျိုးရောက်လာတော့မှာပါ။
ဒီလိုပြောလို့ စိတ်ပူစရာတော့မလိုပါဘူး။ စောစောကပြောခဲ့သလို ထမင်းစားဖို့ရေသောက်ဖို့ကိုလည်း ဘယ် သူကမှ သင်ပေးတာမှမဟုတ်တာ မတတ်မဖြစ်ဆိုတော့ စာမတတ်သူတွေတောင် အလိုလို သုံးတတ် သွားမှာ၊ ဒီနေ့ Facebook သုံးနေတဲ့သူတွေပဲကြည့် တစ်ချို့က စာရေးတတ်ဖတ်တတ်ရုံရှိကြတာ ၊ဒါနဲ့ပဲ အကောင့်တောင်မဖွင့်တတ်ပေမယ့် facebook ပေါ်မှာ ပုံတွေတင်ပြီး “စမီးလှလား” လုပ်တတ်နေကြပြီ။
လူတိုင်းလိုလို Facebook ကိုလူပြိန်းအဆင့်မရှိကြတော့ဘူး။ ဒီလိုမျိုး Digital တွေ IT တွေမှာလည်း လူပြိန်း အဆင့်တွေ ကုန်သွားမှာပါ။ တစ်ခုတော့ရှိတာပေါ့။ လူပြိန်းအဆင့်ထက်အများကြီးကျော်အောင် လုပ်ထား၊ လေ့လာထားရင်တော့ အလိမ်အညာတွေလည်းမခဲရတော့ဘူး။ ဟက်ကာတွေရဲ့ ဒုက္ခပေးမှုလည်းမကြုံနိုင် တာ့ဘူးပေါ့။ ကဲမိတ်ဆွေတို့လည်း IT မှာတော့ သူ့ထက်သူလူစွမ်းကောင်းသာလုပ် ထားကြပေတော့။
မင်းစိုးနိုင်
ဦးမင်းရေးထားတော့လည်း သူ့ထက်သူ လူစွမ်းကောင်းမဟုတ်တောင် အလိမ်အညာမခံရအောင်တော့
လုပ်ထားရမှာပ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတွေးလေးပေါ့နော်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @minsoenaing ! You received upvote from @kryptoniabot & @kryptonia for your task of 300 SUP Today.
Remember to receive votes from @kryptoniabot
Run a task on Kryptonia.
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.
Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP
Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
upvoted and followed by @psychkrhoz of kryptonia
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit