My account was stolen

in myanmar •  6 years ago  (edited)

image

ကျွန်တော်နဲ့ Steemit account အကောင့်သူခိုး

ငယ်ငယ်ကတည်းက ဆရာကြီးမင်းသိင်္ခဝတ္တုတွေနဲ့ကြီးလာတာဆိုတော့ အလိမ်မခံရအောင်

၁။ ဇစ်မြစ်မသိသူကိုမယုံနဲ့

၂။ လောဘမကြီးနဲ့

ဆိုတဲ့စကားလေး အမြဲစွဲမြဲမှတ်သားထားခဲ့သူပါ။ ဒါကြောင့်ဘဝမှာ ကြီးကြီးမားမားအလိမ်အညာခံခဲ့ရတယ်လို့မ ရှိခဲ့ပါဘူး။ဒါပေမယ့်ဒီနေ့တော့ ခံလိုက်ရပါပြီ။ ဇစ်မြစ်မသိသူကိုမယုံနဲ့ ဆိုတဲ့စကားကိုကျော်ပြီး Steemconnect ကလေးတွေ့တာနဲ့ Steembottracker လေးတွေ့တာနဲ့ ယုံမိသွားပါတယ်။ နောက် လောဘမကြီးနဲ့ ဆိုတဲ့စကားကိုလည်းကျော်လွန်ခဲ့ပါတယ်။ ဟိုတခါ ပေးတဲ့ Byteball လိုမျိုးထင်ပြီး လိုချင်မိတဲ့စိတ်ကြောင့်ခံ လိုက်ရတာပါ။

အရင်ဆုံး @photobomber ဆိုတဲ့အကောင့်က ကျွန်တော့ကို follow လုပ်လိုက်ပါတယ်။ နောက်ပြီး မန်းရှင်းခေါ်ပြီး It is real @minsoenaing တဲ့။ အောက်က မန့်လေးပို့ပါတယ်။

image

ကျွန်တော်လည်း တကယ်ထင်ပြီးသူ့လင့်ကိုနှိပ်လိုက်မိပါတယ်။ ဒီမှာသူက Steemconnect ပုံနဲ့တူတဲ့ပုံလေးနဲ့ Login ဝင်ခိုင်းပါတယ်။ သိတဲ့အတိုင်း ဘာလာလာ Steemconnect နဲ့ဝင်နေကြဆိုတော့သိပ်စဉ်းစား မနေတော့ပါဘူး။ တန်းဝင်ပါတယ်။ ထူးခြားတာက အရင်လို Steemconnect ကတန်းဝင်မရပဲ ။ Password နေရာမှာ Autofill မရပါဘူး။ ဒါကို ကျွန်တော်က Password ထည့်ပေးလိုက်မိပါတယ်။ ပြီးတော့ သူက ၂၄ နာရီစောင့်ပါတဲ့။
image
ခဏအကြာမှာ @lwanwai က ဆရာမင်းဒါက ဘယ်လိုလုပ်ရမှာလည်းမေးလာပါတယ်။
image
ကြည့်လိုက်တော့ ကျွန်တော်မ မန့်ပဲ ရောက်နေတာပါ။ ဒီမှာပဲသတိထားမိသွားလို့ ကိုယ့် Profile ကြည့်လိုက်တော့ 4.4 SBD နဲ့ 0.79 Steem ကိုမတွေ့တော့ပါဘူး။ ဒါနဲ့ လန့်ဖျတ်ပြီးSP ကိုကြည့်လိုက်တော့ Power dowm နေပါပြီ cancel လုပ်လိုက်ပေမယ့် တကယ်ကမရခဲ့ပါဘူး။ ဒီအချိန်မှာ Chat Group မှာ ချက်ခြင်းပြောပြခဲ့တဲ့အတွက် အားလုံးဝိုင်းဝန်းကူညီကြလို့ Stolen account recovery လုပ်ဖို့သတိယသွားတာပါ။

ဒီအချိန်မှာ တကယ့်ပြဿနာက Password မဟုတ်တော့ပဲ ကိုယ့်ရဲ့ Gmail ပါ။ Gmaill က ၅ ခုလောက်ရှိတဲ့အတွက် ဘယ် Gmail နဲ့ဖွင့်ခဲ့တယ်ဆိုတာ မသေချာတော့ပါဘူး။ ကိုယ်အထင်ဆုံးအမြဲသုံးတဲ့ Gmail နဲ့ Stolen account recovery လုပ်လိုက်ပါတယ်။ ဒါပေမယ့်မှားသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်က ရင်ကိုထိတ်လာစေပါတယ်။ ဒါနဲ့နောက်ထပ် ထင်တဲ့ Gmail နဲ့ တစ်ခုနဲ့ထပ်ပြီး Stolen account recovery ထပ်လုပ်ပါတယ်။ အဲဒီနေ့က စနေနေ့ (၃.၁၁.၂၀၁၈)နေ့ပါ။ (၅.၁၁.၂၀၁၈)ရက်နေ့မှာ ပိုပြီး လန့်လာပါတယ်။ နောက်ထပ် Gmail တစ်ခုနဲ့ Stolen account recovery ထပ်လုပ်ပြန်ပါတယ
ကြည့်စမ်း တကယ်တော့ SP 500 ကျော်ဆိုတာ အလွန်ဆုံး ၆ သိန်းပေါ့နော်။ ကျွန်တော်ဘာကြောင့် နှမြောနေတာလည်း။ သေသေချာချာစဉ်းစားတော့ တစ်နှစ်ကျော်ကြိုးစားထားရတဲ့ ရလာဘ်တွေမို့နှမြော နေ တာပါ။

ဆရာတင်လည်း အကောင့် Lock ကျသွားတယ်ပြောလို့သတိယမိသွားပါတယ်။ သူလည်း ကြိမ်းသေ နှမြောမှာပါ။ (၆.၁၁.၂၀၁၈)ရက်နေ့ အင်္ဂါနေ့မှာတော့ (၃)ရက်ကြာသွားတာမို့ စိတ်ပူတာအဆုံးထိရောက် သွားပါပြီ။ ဒါနဲ့ Computer မျာ Gmail တွေတစ်ခုပြီးတစ်ခုဖွင့်ကြည့်လိုက
ရောက်နေပါပြီ။ ဒုတိယထင်မိခဲ့တဲ့ Gmail မှာပါ။ ၅.၁၁.၂၀၁၈ မနေ့က Date နဲ့ဖြစ်နေပါတယ်။ မနေ့ကအဲ့ဒီ Gmail ကိုမထင်မိလို့ဖွင့်မကြည့်ခဲ့မိပါဘူး။ ဒါနဲ့အမြန်ဆုံး အကောင့်ထဲဝင် Power down နေတာကို cancel လုပ်လိုက်ပါတယ်။ နေ့လည် ၁၂ နာရီခွဲမှာပါ။ အဲဒီအချိန်အထိ ကျွန်တော့ဆီက Steem တွေကို သူများတွေဆီပို့ပြီး သူ့လင့်ကိုနှိပ်ပြီး login ဝင်ခိုင်းနေတုန်းပါပဲ။ အဓိပ္ပါယ်ကတော့ Stolen account recovery လုပ်ထားရုံနဲ့ သူဘာမှမဖြစ်ပဲ ဆ
ကျွန်တော့မှာ Steemcleaner နဲ့ပေးထားခဲ့တဲ့ဂတိတစ်ခုရှိပါတယ်။ အဲတာက အကောင့်ပြန်ရလာရင် သူခိုးမန့်သွားတဲ့ comment တွေအားလုံးပြန်ဖျက်ပေးဖို့ပါ။ ဒါကြောင့် ကျွန်တော့ အကောင့်နဲ့ သူမန့်ထားသမျှအကုန်လိုက်ဖျက်ခဲ့ရပါတယ်။ နေ့လည် ၁၂ နာရီခွဲ အကောင့်ပြန်ရချိန်ကနေ ညနေ ၄ နာရီထိုးတဲ့အထိ ရာနဲ့ချီတဲ့ Comment တွေကိုဖျက်ခဲ့ရပါတယ်။

ပြီးတော့ actifit နဲ့ ပို့စ်တစ်ခုအစမ်းတင်ကြည့်လိုက်ပါတယ်။ ပထမတော့ Hide ဖြစ်နေပါတယ်။ နောက်တော့ပေါ်လာပြီး Upvote အချို့ပြန်ရလာပါပြီ။

အာလုံးကိုကျေးဇူးတင်ပါတယ်။

မင်းစိုးနိုင်

MCS-010

Posted using Partiko Android

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပြန်ရလာလို့တော်သေးတာပေါ့

ဒေါ်အေးသာကြော့တော်သေးတာပေါ့၊နှမို့ steemit နဲု့ပတ်ရတော့မှာ

Posted using Partiko Android

အ‌ရေးကြီး ရင်‌ ‌သွေးစည်းတဲ့ မြင်‌ကွင်း‌လေး မြင်‌ရတာ ချစ်‌ဘို့‌ကောင်းတယ်‌ဦးမင်း‌ရေ။

ဒါအမှန်ပဲလေ မြန်မာတွေကိုး

Posted using Partiko Android

ကျွန်​​တော်​တိုဆို ဘာမလုပ်​တပ်​တာနဲ့ ကဲ့ကွာဆိုစတီးကို​ကျောခိုင်းပြီး
ပြစ်​ထားမိမှာအ​သေအခြာပါဘဲဖြစ်​ခဲရင်​​တော့ ဆရာမင်းအားကိုးရမှာဘဲ ဒါ​ပေမဲ့ သူများလုပ်​လို့ ရပြီ ဆိုမှ ​သေ ခြာပြီဆိုမှလုပ်​တာများပါတယ်​ ​​ကြောက်​တယ်​​လေ

အဖွဲ့တွေကျေးဇူးပါ၊ ကိုယ်လည်းရုတ်တရက် ဘာလုပ်ရမှန်းမသိဘူး၊ စိုးရိမ်စိတ်ဝင်လာတာ

Posted using Partiko Android

ဖတ်​ရင်းနဲ့ကို​ကြောက်​မိပါတယ်​....အချိန်​မီပြန်​ရလို့​တော်​​သေးတယ်​...​​တော်​​တော်​လည်းစိတ်​​ပင်​ပန်းသွားမှာပါ...

Posted using Partiko Android

စိတ်ပင်ပမ်းဆို ပင်ပမ်းသလားမမေးနဲ့လို့ပြောရတော့မှာပဲ

Posted using Partiko Android

ဟူး … မော လိုက်တာ bro ရာ
တော်ပါ သေးရဲ့ ပြန်ရလို့ ညီမဆီလည်း ပြီးခဲ့တဲ့ ၂ရက်က transfer နေရာမှာ bro acciunt ကနေ 0.001 sbd ပို့ထားပီး link ၁ခု ချုပးထာူတာတွေ့တယ် တော်သေး မဝင်မိလို့ wanwai ရဲ့ post မှာလည်း bro lock ကျသွားကြောင်းရေးထားတာကို ဖတ်လိုက် မိလို့သာ ပေါ့

အတွေ့အကြုံသစ်ပေါ့လေ။ ကိုယ့်အကောင့်ကနေသူများတွေထပ်ပြီး ကိုယ်ဒုက္ခရောက်မှာပဲစိုးရိမ်တာပါ

Posted using Partiko Android

ကျ​နော်​​မေးလို့ သိတာဆို​တော့ မုန့်​ဝယ်​​ကြွေး​တော့ မဟုတ်​ရင်​ အကုန်​ပလုံသွားမှာ 😁😁

Posted using Partiko Android

မုန်စားမယ်ပါးစပ်ဟထား

Posted using Partiko Android

ဟူး ရင်မောရပါလား ဘဒိုကြီးရာ။ ကံကြီးပေလို့သာပေါ့။ ဟူးး

Posted using Partiko Android

ဒါကိုကြည့်တော့ stolen account recovery ရဲ့တန်ဘိုးကိုသိလာတယ်၊ အမျှော်အမြင်ကြီးကြပါပေတယ်၊

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.09% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

  ·  6 years ago (edited)

ဟူး ဖတ်ရတာကို မောမိပ ကိုယ်တွေဆို ဘာမှလုပ်တတ်ဘူး အကုန်ပါသွားမှာ
Account recovery လေး သေချာရေးတင်ပြပေးပါ
လင့်ရှိရင်လဲပေးပါဗျာ

ကိုယ့်ထက်တောင်မောသွားလားမသိဘူး

Posted using Partiko Android

ကိုယ့် profile ဘေးက မျဉ်းသုံးကြောင်းကိုနှိပ် အဲ့မှာ stolen account recovery ကိုတွေ့မယ်။ ထပ်နှိပ်လိုက်ရင် ကိုယ့် အကောင့်အမည်ရယ် နောင်ဆုံးကိုယ်သုံးနေတဲ့ Key (password) ကိုထည့် Next ကိုနှိပ်လိုက်ရင် gmail တောင်းတဲ့အကွက်လေးပေါ်လာမယ်။ အဲဒီအကွက်ထဲ gmail ထည့် submit လုပ်လိုက်ရင် ပြီးပြီ၊သူတို့ပြန်လာတဲ့ စာကိုစောင့်ရုံပဲ၊ပြန်လာတဲ့အခါ အကောင့်စဖွင့်တုန်းကလို generate password နှိပ်ပြီး ရတဲ့password ကိုကူးပြီးအောက်ကအကွက်မှာဖြည့် Password ကိုတစ်နေရာမှာသေသေခိာချာမှတ်ပြီးရင် sumit လုပ်လ်ုက်ကိုယ်အကောင့်ထဲကိုယ်ပြန်ရောက်ပါပြီ

Posted using Partiko Android

ကျေးဇူးပါ ဦးမင်းရေ

ဝမ်းမြောက် ၀မ်းသာ ဖြစ်မိပါတယ် ဆာမင်းစိုးရေ အတွေ့အကြုံလေးတွေမျှဝေပေးလို့ နောက်လူများလည်း အမှားမလုပ်မိအောင် သင်ခန်းစာရကြပါလိမ့်မယ်

ဟုတ်ပါတယ်၊ ဘယ်လိုခံစားရလည်းပါသိသွားအောင်ရေးလိုက်တယ်၊မောလိုက်တာ။

Posted using Partiko Android

ဟုတ်ပါတယ်၊ ဘယ်လိုခံစားရလည်းပါသိသွားအောင်ရေးလိုက်တယ်၊မောလိုက်တာ။ဟူး။

Posted using Partiko Android

နောက်ဆို ကျော်တို့တွေလည်း သတိထားရတော့မယ်

Posted using Partiko Android

သတိဆိုပိုတ်ာမရှိပေါ့လေ၊သို့သော်လည်း လောဘကြီးမိလို့ပါ

Posted using Partiko Android

တော်သေးတာပေါ့ ကျမဆို ဘာမှ မလုပ်တက်ဘူး

Posted using Partiko Android

Congratulations @minsoenaing ! You received a 1.23% upvote from @kryptoniabot & @kryptonia for your task of 200 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

  ·  6 years ago (edited)

ကံကောင်းပေလို့ပေါ့ ဦးမင်းရယ် ...
အသိမြန်လို့

ဟုတ်တယ် အသိမြန်လို့ ဒါပေမယ် gmail တွေမေ့နေတာခက်သွားတာ

Posted using Partiko Android

  ·  6 years ago 

Damn thief die to hell.
(kryptonia.io@CEARrtou66)

Dont worry he will be caught

အကောင့်ပြန်ရတာ ဝမ်းသာစရာပါဘဒို
မဟုတ်ရင် ကြိုးစားထားခဲ့တာ နှမျော်စရာကြီးရယ်

နှမြောလို့အသည်းအသန်ပြန်ရဖို့လုပ်ခဲ့ရတာပဲ ငွေထက်အချိန်ပေးခဲ့ရတာတွေအတွက်လေ

Posted using Partiko Android