စည်းကမ်းများရဲ့ ပဋိပက္ခ
ညွှန်ကြားရေးမှူးဆိုသူက စည်းကမ်းတွေတစ်ခုပြီးတစ်ခုထုတ်သည် ဦးဆောင်ညွှန်ကြားရေးမှူးဆိုသူက လူတွေမလိုက်နာနိုင်တဲ့စည်းကမ်းတွေ မထုတ်ဖို့တားသည်။ လူသည် တစ်ဦးတစ်ယောက်တည်း မနေနိုင်သဖြင့် အဖွဲ့အစည်းဖြင့်နေရ၏။ အဖွဲ့အစည်းဖြင့်နေရသဖြင့် စည်းကမ်းတွေထုတ်ရသည်။ အမှန်တော့စည်းကမ်းဟူသည် စည်းကမ်းရှိသူတွေ၊ အများနှင့်အဆင်ပြေပြေနေတတ်သူတွေအတွက်မလိုအပ်၊ သို့သော် မလိုအပ်ဟုဆိုသဖြင့် သူ့တစ်ယောက်တည်းကွက်၍ စည်းကမ်းမထားလို့မဖြစ်ပြန်တော့ အများနည်းတူစည်းကမ်းထုတ်ပေးရသည်။
ယင်းစည်းကမ်းများကြောင့် အားလုံးအတွက် အဆင်ပြေပြေချောချောမွေ့မွေ့ ရှိသော်လည်း တစ်ခါတစ်ရံ ယင်းစည်းကမ်းများကြောင့်ပင် စိတ်အနှောက်အယှက်ဖြစ်ရသည်လည်း ရှိတတ်သည်။ MSC တွင် Power Up ရန် ၊Power မ down ရန်စည်းကမ်းတစ်ခုထားရှိသည်။ ရည်ရွယ်ချက်မှာ နောင်တွင် Steem Power များ MSC အားလုံးတွင်မြင့်တက်လာစေရန်ဖြစ်သည်။ SP မြင့်တက်လာတော့ ဘာဖြစ်မည်နည်း။ မေးရမည်။ ဤမြင့်တက် သော SP ဖြင့် အပြန်အလှန် Vote ပေးပြီး မြန်မာလူငယ်များ နိုင်ငံခြားငွေအလွယ်တကူ ရရှိနိုင်စေရန်ဖြစ်သည်။ သို့သော် သူ့ Steem Power မြင့်တက်လာပြီး ဘယ်သူ့မှ Vote မပေးပဲ Vote ရောင်းစားနေလျှင်ရော ဘာတတ် နိုင်ပါမည်နည်း။ထိုအချိန်ကျမှ MSC မှထွက်ပြီး Power Down သွားလျှင်ရော ဘာတတ်နိုင်ပါမည်နည်း။
မိမိဆိုလျှင် ယခုအချိန်အထိ ရသမျှ SBD များအား Power Up နေပြီး ရောင်းမစားယုံမျှမက 10SBD ပင်လျှင်ဝယ်ထည့်ဖူးသည်။ ဖတ်သူမရှိသော ဇာတ်လမ်းတွဲတစ်ခုအတွက် ဖုန်းဘေပေး၍ ဖတ်ခိုင်းခဲ့ဖူးသည်။ ထို့သို့ အမြဲ Power Up နေသောသူအတွက် စည်းကမ်းထုတ်ပြန်ထားသောနေ့ရက်တွင် Power Up နေရခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နေသည်။ Admin ကိုညီညီဝင်းတစ်ယောက် အမြဲ Power Up နေသော်လည်း Power Up ရန်ကိစ္စကိုပေါ့ပေါ့ထား၍ ပို့စ်တင်လိုက်သောအခါ ၊ Admin ပြည့်စုံခင်ခင်တစ်ယောက် သတ်မှတ် စာလုံးရေမပြည့်ပဲ ပို့စ်တင်လိုက်သောအခါတို့တွင် Member တို့၏ ထောက်ပြပြောဆိုမှုကိုခံရသည်။Admin တို့သည် Admin ဖြစ်၍ ဘာလစာဘာတစ်ခုမျှပိုမရသော်လည်း စည်းကမ်းကိုတော့ စံပြလိုက်နာပေးရန်လိုအပ် သည်။ယဉ်ယဉ်ကျေးကျေးအမှားကိုဝန်ခံလိုက်ရန်လိုသည်။ အဓိကမှာ လူ၏သိက္ခာမဟုတ်ပဲ လူကြီးလူကောင်း ဆန်ခြင်း၊ Leader ပီသခြင်းကသာ သိက္ခာဖြစ်သည်။
မိမိအား @thetkozaw , @ansoe တို့မှ Admin လုပ်ပေးပါရန်ကမ်းလှမ်းခဲ့ဖူးသည်။ မိမိလုပ်မပေး နိုင်ခဲ့ခြင်းမှာ တာဝန်ယူ၊တာဝန်ခံစိတ်မရှိ၍မဟုတ် ဝန်ထမ်းအလုပ်များတစ်ဘက်နှင့်မို့ တာဝန်မကျေနိုင်မှာစိုးရိမ်၍ ဖြစ်သည်။ စည်းကမ်းမရှိလျှင်အဖွဲ့အစည်းပြိုကွဲတတ်သကဲသို့ စည်းကမ်းကြောင့်ပင်လျှင် အဖွဲ့အစည်း ပြိုကွဲတတ် ပါသေးသည်။အဖွဲ့၏ ခေါင်းဆောင်သည် ကြောသားရင်သားမခွဲခြားခြင်းခြင့်ထိန်းကြောင်းရသည်။ တရားမျှတခြင်း ဖြင့် ထိန်းကြောင်းရသည်။ဥပက္ခာတရားဖြင့်ထိန်းကြောင်းရသည်။ စည်းလုံးညီညွတ်မှုကိုလည်း စည်းကမ်းထိန်းခြင်း မှသာရနိုင်သည်။
သို့သော် စည်းကမ်းများကို ပြောင်းလွယ်ပြင်ရန်လည်းလိုသည်။ ၂၀၀၈ အခြေခံဥပဒေလို ပြင်မရအောင် လုပ်ထားလို့တော့မရ ။ ဤအခြေအနေတစ်ရပ်အရ ထုတ်ပြန်ခဲ့သော စည်းကမ်းတစ်ခုသည် ထိုအခြေအနေ တစ် ရပ်တွင် မလိုအပ်၊ မကိုက်ညီ၊မသင့်လျော်တော့လျှင် ပြုပြင်ပေးရန်လည်းလိုအပ်သည်။ ဥပမာ Cheetah မိသူ Pro မတင်ရဆိုသော်လည်း Cheetah က copy ပို့စ်မဟုတ်ပဲ ပေါက်ကရလင့်ဖြင့် Cheetah comment လာပေး နေသည့် ပို့စ်မျိုးအား Pro ပေးပါသည်ဟု ပြောင်းလည်းပြုပြင် စည်းကမ်းသတ်မှတ်ပေါ်ရန်လိုအပ်ပါသည်။ ထို့အ ပြင် Curation Reward ခွဲဝေသည့်အခါ ယခင်က Steem Power အတွက်မပါဝင်ပါချေ။ ထို့အတွက်လည်း Power Up ရမည်ဆိုသည့် စည်းကမ်းထည့်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါတွင်မူ Curation Reward ခွဲဝေသည့် နှုန်း တွင် SP ကရာခိုင်နှုန်းအများဆုံးဖြစ်နေသည့်အတွက် Power Up ရန်ကိစ္စသည် မလိုအပ်တော့သည့် အခြေ အနေ မျိုးသို့ရောက်နေပါသည်။ ထို့အတွက်လည်း ယခင်သတ်မှတ်ချက်များကို အခြေအရ အချိန်မဆိုင်းပဲ ( Update ဖြစ်စွာ)ပြောင်းလည်း သတ်မှတ် သင့်ပါသည်။ အကျိုးစီးပွားပဋိပက္ခ( conflict of interest) ဖြစ်ပေါ်လာလျှင် ပြဿနာများပေါ်ပေါက်လာတတ်သည်။ ပြဿနာဟူသည် မပေါ်ပေါက်မီက ကြိုတင်ပြင်ဆင်ထားမှသာ နည်းပါး တတ်သည်။ ဖြစ်လာမှ လိုက်ဖြေရှင်းနေလျှင်မူ အဆုံးနိုင်အောင်းရှင်းရတတ်ပါသည်။
လူ့သဘာဝအရ လူများလာလျှင် စိတ်ရှည်သီးခံတတ်သူများရှိသလို စိတ်မရှည်သီးမခံတတ်သူများလည်း ပါဝင်လာမည်သာဖြစ်သည်။ထိုအခါ မျိုးတွင် “မင်းဘာကောင်လည်းငါဘာကောင်လည်း မင်းထက်စိတ်တိုတတ် တယ်ကွ” ဆိုသူမျိုးဖြင့် ပြဿနာပြေလည်နိုင်မည်မဟုတ်။ “ထွက်သွားအေးတာပဲ” ဆိုသော မှတ်ချက်မျိုးဖြင့်လည်း အဆင်ပြေနိုင်မည်မဟုတ်ပါ။စိတ်အေးအေးထားတတ်သူ သူတပါးခံစားချက်များကို နားလည်စာနာပေးတတ်သူများ မှသာလျှင် အဖွဲ့ကိုအေးငြိမ်းတည်တန့်စေနိုင်ပါသည်။
မိမိဆိုလျှင် ဆရာတင်၊ မညို၊ ကိုဟင်၊ ကိုသက်၊ ကိုစိုး၊ ကိုညီ၊ ဒိုမီလေး၊ကိုမိုးဇော်၊ဖြီုးဝေအောင်၊ကြည်၊ မမမြန်မာ၊မျိုးသူဇာ၊လိဆန်း၊ပက်ထရစ်ဆန်းလင်း၊ကိုဒွန်၊ကိုထွေး၊မိုးဝေ၊မြင့်လွင်စိုး၊စောအယ်ဒို၊ စသည်တို့ကို ညီအကို မောင်နှမများသဖွယ် လေးစားချစ်ခင်မိသည်။ ထိုသို့ ကျွန်တော်လေး စားချစ်ခင်မိသောသူများကို ဘာမဟုတ်သည့် အသေး အဖွဲ့အကြောင်းအရာမျှဖြင့် အမုန်းပွားရမည့်အဖြစ်မျိုးကို လုံးဝမလိုလားပါ။သို့အတွက် မိမိအတ္တအကျိုး စီးပွားနှင့် တိုက်ရိုက်ပတ်သက်ပြီး ပဋိပက္ခကိစ္စဖြစ်ရပါက ထိုသူများကို အတတ်နိုင်ဆုံး သည်းခံ ခွင့်လွှတ်နေမိမည် သာဖြစ်သည်။
မြန်မာစတီးမစ်ညီအကိုမောင်နှမများပျော်ရွှင်ချမ်းမြေ့ကြပါစေ။
မင်းစိုးနိုင်
MSC -010
Photo –Google
ကိုမင်းရေ ကျွန်တော်လည်းစဉ်းစားနတာ power up ဖို့က ကျွန်တော်ဆိုရင် power up ဖို့မဖြစ်ဘူး၊ ရှိသမျှBoot လုပ်နေတော့ Auto up ဖြစ်နေတာ၊ ကျွန်တော်နဲ့ အတူတွေထက် power ကပိုပြီးသာနေတာလေ၊ နောက်ပြီးတော့ တစ်နှစ်အတွင်း SP 1000 မှန်းခဲ့မေမယ့် ဈေးအခြေအနေတွေကြောင့် မဖြစ်ခဲ့ဘူး၊ (၃)နှစ်ကို Sp 5000 ရည်မှန်းပြီးလုပ်နေတာ။ ကျွန်တော်တို့ လူတိုင်း 1 sbd upvote လုပ်နိုင်သည်အထိသွားကြရင် လူ(၃၀)တစ်ဖွဲ့ ပတ်လည် ဘုတ်ကြရင်ကို တစ်ရက် SBD 30 ပုံမှန်ရတဲ့အထိသွားစေချင်ကြတာ၊ အဲတာဆိုရင် လူတိုင်းဝင်ငွေဖြောင့်ပြီလေ ထုတ်ချင်သပဆို တစ်ရက် ၃၀ဒေါ်လာထုတ်စား ပါဝါကတော့ တက်မြဲတက်နေမှာ။ လူတိုင်း အဲဒီလိုရည်မှန်းစေချင်တာ၊ ဒါကစည်းကမ်းနဲ့မဆိုင်ဘူး ခံယူချက်နဲ့ပဲဆိုင်တယ်လို့ ထင်ပါတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရည်မှန်းချက်မရှိတော့ ခံယူချက်လည်းမရှိတော့ဘူး။ စည်းကမ်းဆိုတာ အဖွဲ့အစည်းအတွက်ပြောရတာပါ။တစ်ဦးချင်းဆို သည်းကမ်းလည်းမလိုတော့ဘူးပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားမလည်သေ့းသင်ပေကြပါအုံးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားမလည်သေး သင်ပေးကြပါအုံးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်းးးးးးးးးးးးးးးးလို့ တစ်လုံးတည်းပဲ မန့်ခဲ့ပါရစေဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငြင်းခုန်ကြရင်းနဲ့အချို့က အမုန်းပွားတတ်တယ်၊အယူအဆမတူရင် ငြင်းသာငြင်း စိတ်ဆိုးတတ်တဲ့အထဲမှာ ကျွန်တော်မပါဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်တိုင် ဘဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဓိပ္ပါယ်က သူများကိုဝေဖန်မနေချင်တော့ဘူး။ စကားနည်း ရန်စဲ နေမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ …အဲ့ဒီအတိုင်း ပြောချင်တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားမလည်သေ့းဝိုင်းကူပါအုံးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခြေအနေနှင့် အချိန်အခါနှင့် အညီ စည်းကမ်းများကို ပြောင်းလဲသင့်ပါသည်။စကားမစပ် နာမည်ပါတာတွေ့တော့ ပျော်သွားပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သတ္တိရှိတယ်။ မှန်ရင်မှန်တယ်။မှားရင်မှားတယ်ပြောသာပြော အားမနာနဲ့ ဆွေးနွေးငြင်းခုန်တာကောင်းတဲ့ဓလေ့ပါ ရန်ဖြစ်တာမဟုတ်ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကွီးရွှေတို့ B Pyae တို့တော့ ပါဘူးနော် လေးစားချစ်ခင်ထဲ😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကွီးရွှေက ကိုညီညီဝင်းပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်တော့ အမြဲတွေ့နေရတဲ့ခင်ဗျားကိုလည်းခင်ပါတယ် ၊နာမည်းကို မြန်မာလိုမရေးတတ်လို့ကျန်သွားတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
sbd,sp နဲ့ ခုဆို steem ပါခွဲပေးနေတယ် sbd ရနှုန်းနဲသွားတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Bot သမားတွေ ကိုယ့် SBD ကိုယ်ပြန်မရတော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျန်တော်တော့ နိုင်ငံရေးနဲ့ လူမျိုးရေး မပါရင်ပဲ ငြိမ်းချမ်းပြီမှတ်တာ ဟီး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ခါတစ်လေဘာမှမဟုတ်တဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖွဲ့စည်းတစ်ခုမှာ စုန်းပြူးလေးတွေတော့ပါတက်စမြဲပါလေ။
စုန်းပြူးတွေကိုမရှင်းပဲထားသင့်လား၊ မထားသင့်လား
ကျနော့်ဦးနှောက်နဲ့မဆုံးဖြတ်နိုင်ဘူး ။ လူသားချင်းစာနာထောက်ထားမှုကြီးက နေရာတကာ ကြားနေရတော့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားလုံးသင့်မြတ်အောင်နေကြတာအကောင်ဆုံးပါနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းအောင်နေပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မဆိုးတော့ဘူးပေါ့၊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အွင်း လေ လူတွေကအများကြီး ကိုယ်တစ်ယောက်ထဲနေတာမှ မဟုတ်တာ အတွေးအခေါ် အယူအဆတွေကလည်း ဘယ်တူနိုင်မလဲကိုကြီိးစိုးရ။ ကျွန်တော်တော့ အမုန်းခံပြောခဲ့တာများတော့ ကျွန်တော့ကို ဘယ်သူမှ ချစ်ခင်ကြမယ်လို့ မထင်ပါဗျာ။ လွပ်လပ်စွာပဲ ကွဲလွဲကြပေါ့ဗျာ။ ပါဝါအပ်သည် မအပ်သည်ကတော့ လီဒါ ချမှတ်ထားတဲ့ စည်းကမ်းဖြစ်နေလေတော့ ဘာမှမပြောလို။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘူးဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုညီရေ အမှန်တော့ admin တွေကို နားလည်ပါတယ်၊အချို့အချက်ကလေးတွေ ခေါင်းဆောင်ကိုအချိန်မီတင်ပြပေးစေချင်ယုံပါ၊ ကိုဟင်က ခုထိကျွန်တော့်ကို friend add ထားတာတောင်လက်ခံမထားတော့ တိုက်ရိုက်မပြောချင်လို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာလုံးတိုင်းဟာ ..အနစ်သာရ တွေပါပဲ။
ခေါင်းဆောင်တစ်ယောက်မလုပ်သော်လည်း
ခေါင်းဆောင်တစ်ယောက်ကဲ့သို့
ပြည့်ဝတဲ့စိတ်ထားအတွက်
အမှန်တကယ် လေးစားမိပါတယ်။:-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချို့ကတော့ စိတ်ထဲခုသွားနိုင်တာပေါ့လေ၊ အဖွဲ့အစည်းတစ်ခု အားကောင်းမောင်းသန်ဖြစ်ဖို့ရာမှာ ဒီလိုအားမနာလျာမကျိုးပြောတဲ့ review တွေ လိုအပ်လို့ပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြည့်ဝတဲ့လူတွေကတော့....ကိုယ့်ကိုကိုယ်အရင်ဆုံး
ပြန်စမ်းစစ်ကြည့်တတ်ကြတယ်။အထပ်ထပ်စဉ်းစားတယ်။
အမှားကိုတွေ့ရင်လက်ခံပြီပြင်ကြတယ်။
ဒါဟာ သတ္တိရှိတာ.။
...ထောက်ပြတာတွေရှိနေတာကိုလဲလက်မခံ...
ဆီလျှော်အောင်လဲ
ပြန်ဖြေစရာအဖြေမရှိ ... ငါ့ကိုထိသူငါ့ရန်သူဆိုတာမျိုးကတော့..
အရမ်းကို ခက်တဲ့လူဖြစ်သွားပြီ။....
......ဒီလိုမျိုးတွေက ပတ်ဝန်ကျင်မှာ အတော်များများကိုရှိနေတတ်ကြပါတယ်ဗျာ။ .....။
#ဒါက သဘေားသဘာဝလေးတွေကို ကိုယ့်ဝါသနားအတိုင်းဆွေးနွေးတာပါနော်။ bro တို့လို လူမျိုးနဲ့တွေ့ရတော့ ဝမ်းသာမိပါတယ်ဗျာ။စကားပြေားလို့ကောင်းတယ်။နားလည်နိင်စွမ်းပြည့်ဝတယ်:-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit